ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၁)
Vol. 36 Ch. 539
တရုတ်နိုင်ငံ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အပြီးတွင် ကုန်တိုက်များ ပေါ်လာပေသည်။ သို့ရာတွင် ထိုအချိန်က ဤသည်ကို “ကိုယ်တိုင်ယူစနစ်”ဟု အမည်ပေးထားပေသည်။ ပထမဆုံး ကုန်တိုက်သည် “တစ်နေရာတည်းအပြီး” အမည်ဖြင့် ဖိုရှန်နှင့် ကွမ်တုံတွင် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ကွမ်တုံပြည်နယ်သည် ဈေးကွက်စီးပွားရေး၏ ပထမဆုံး စမ်းသပ်ခံနေရာများထဲမှ တစ်ခုဖြစ်သောကြောင့်ပင်။ ဟင်းချက်ဆီနှင့် အစား အသောက်များမှလွဲ၍ ကုန်ပစ္စည်းအားလုံး ငွေဖြင့် ဝယ်ယူ၍ ရပေသည်။ ထုတ်ကုန်များသည် စားသောက်ကုန် လက်မှတ် သုံးသည်ထက် ပိုဈေးကြီးပေသည်။
ထိုစဉ်က ကုန်တိုက်များ ပျက်စီးသွားခဲ့သည်။ ပြခန်းနှင့် ငွေရှင်းစားပွဲများ မပါရှိချေ။ ဈေးဝယ်လှည်းများပင် တင်သွင်းခဲ့ကြရသည်။
ကံကောင်းစွာဖြင့် ဖိုရှန်သည် ဟောင်ကောင်နှင့် အလွန်နီးပေသည်။ ဤပစ္စည်းများအားလုံး ဟောင်ကောင်မှ တင်သွင်းနိုင်ပေသည်။ တင်သွင်းလာသော ပစ္စည်းများကို နမူနာအဖြစ် အသုံးပြု၍ စက်ရုံငယ်များသည် စတင် ထုတ်လုပ်ကြတော့သည်။ ဤသည်က ကုန်ကျစရိတ် သိသိသာသာ လျော့ကျစေလိမ့်မည်။ သို့မဟုတ်ပါက စင်များ၊ တွန်းလှည်းများ စသည့်ကုန်ကျစရိတ် (၃)စ ပိုများပေသည်။
သို့ရာတွင် ယခုအခါ ကုန်တိုက် အများအပြားရှိလာပြီး ကုန်တိုက်များကို “ကိုယ်တိုင်ယူစနစ်”ဟု မခေါ်ဆိုတော့ချေ။ ကုန်တိုက်များဟုသာ အမည်တွင်တော့သည်။ တရုတ်နိုင်ငံသည် ကုန်ဈေးနှုန်း အပြောင်းအလဲများ အကောင်အထည် ဖော်ဆောင်နေပြီ ဖြစ်ပြီး ပြီးခဲ့သော နှစ်များကပင် လယ်ယာထွက်ကုန်များကို တစ်စုတစ်စည်းတည်းနှင့် ပုံသေနိုင်ငံတော်ဝယ်ယူမှု မူဝါဒကို ဖျက်သိမ်းခဲ့သည်။ မြို့ကြီးများ၏ အိမ်ထောင်စုများတွင် စားသောက်ကုန်လက်မှတ် များစွာ ကျန်နေပေသေးသည်။
ယခုနှစ် မေလအတွင်း အစားအသောက် လက်မှတ်များ မရှိတော့ဘဲ တရုတ်နိုင်ငံတွင် အစားအသောက်များ ဝယ်ယူရန် စားသောက်ကုန် လက်မှတ်များ သုံးသည့်ခေတ် ကုန်ဆုံးသွားပေပြီ။ တရုတ်လူမျိုးများသည် ၎င်းတို့၏ အစားအစာများ ဝယ်ယူရန်အတွက် ငွေသားနှင့် စားသောက်ကုန်လက်မှတ်များ သုံးရန် မလိုတော့ချေ။
ဤသည်မှာ တရုတ်နိုင်ငံ၏ စီမံချက်ဆွဲထားသည့် စီးပွားရေး အဆုံးသတ် ဖြစ်ပေသည်။ တရုတ်နိုင်ငံသည် ဈေးကွက် စီးပွားရေးခေတ်သို့ ဝင်ရောက်လာပေလိမ့်မည်။ ဤအချိန်သည် တရုတ်နိုင်ငံတွင် ကုန်တိုက်များ တည်ထောင်ရန် အကောင်းဆုံး အချိန်ဖြစ်ပေသည်။
ယခုအချိန်တွင် တရုတ်၌ ကုန်တိုက်များစွာ ရှိသော်လည်း အရွယ်အစား သေးငယ်ပြီး ကုန်တိုက်ခွဲများ မရှိသေးချေ။ ထို့အပြင် ထိုကုန်တိုက်များသည် အစားအသောက် ထုတ်ကုန်များကို အဓိကထား ရောင်းချကြပေသည်။ လက်တစ်ဆုပ်စာမျှသော နေ့စဉ်အသုံးအဆောင် ပစ္စည်းများရောင်းချ နေပေသည်။ ကုန်တိုက်များရှိ ထုတ်ကုန် မျိုးကွဲများကို နောင်အနာဂတ် ကုန်တိုက်များနှင့် မနှိုင်းယှဉ်နိုင်ချေ။
ဖုန်းယွီသည် သူ့ကုန်တိုက်များသည် ကျန်ရှိသည့် နေရာများတွင် တည်ဆောက်၍ ဖူမိသားစုနှင့် လီမိသားစုမှ တင်သွင်းသည့် နေ့စဉ်အသုံးအဆောင် ပစ္စည်းဈေးကွက် သိမ်းပိုက်နိုင်မည်ဟု ခံစားမိနေသည်။
“အစ်ကိုဖူ.. အစ်ကိုခိုင်.. ကုန်တိုက် တည်ထောင်ရင် ဘာအလိုအပ်ဆုံးဖြစ်မယ် ထင်လဲ.. ပိုက်ဆံကို ဖယ်ထားလိုက်.. ပိုက်ဆံက ငါတို့အတွက် ပြဿနာမဟုတ်ဘူး.. အတိုးနည်း ချေးငွေတောင် ချေးနိုင်သေးတယ်လေ..”
ဖုန်းယွီ အလုပ်ကိစ္စနှင့်ပတ်သက်၍ တစ်ခါတည်း ရှင်းထားသည်က ကောင်းမည်ဟု ခံစားမိနေသည်။
ဖူကွမ်းကျန့် လီကျယ်ခိုင်ကို ကြည့်လိုက်သည်။ လီမိသားစုနှင့် ဖူမိသားစု နှစ်ခုစလုံးတွင် ကုန်တိုက်များ ရှိသော်လည်း တစ်ချိန်တည်းတွင် ၎င်းတို့နှစ်ယောက်စလုံးသည် ၎င်းလုပ်ငန်းနှင့် မရင်းနှီးကြချေ။
လီမိသားစု၏ ကုန်တိုက်များကို လီကျယ်ခိုင်မှ စီမံခန့်ခွဲ၍ ဖူမိသားစု ကုန်တိုက်များကို ဖူရုံပမ့် စီမံခန့်ခွဲပါသည်။ ဖူကွမ်းကျန့် နှင့် လုံးဝ မဆက်စပ်ချေ။
နှစ်ယောက်စလုံး အုပ်ချုပ်ရေး အကူအညီပေးနိုင်ပြီး တစ်ချိန်တည်းမှာပင် ရှယ်ယာရှင်များ ဖြစ်လာနိုင်ပေသည်။ သို့ရာတွင် တရုတ်နိုင်ငံ၌ ကုန်တိုက် တည်ထောင်ရန် ဖုန်းယွီသည် အရေးအကြီးဆုံး ဖြစ်နေပေသည်။
ဖူကွမ်းကျန့် ဖုန်းယွီကို ကောင်းစွာ နားလည်ပေသည်။ ဖုန်းယွီသည် အကြံပြုသူဖြစ်ပြီး သူ့ဝေစုကိုလည်း ထူးထူးခြားခြား ရယူပေလိမ့်မည်။ အများဆုံး ရင်းနှီးမြုပ်နှံသူလည်း ဖြစ်လာပေလိမ့်မည်။ ထို့အပြင် ဖုန်းယွီသည် အစားအစာနှင့် နေ့စဉ်အသုံးအဆောင် ပစ္စည်း ပေးသွင်းသူများနှင့် အဆက်အသွယ်ရှိပေသည်။ သူ၏ ထိုင်ဟွာကုန်သွယ်ရေးသည် တင်သွင်းသူ ရာဂဏန်းနှင့် အလုပ်လုပ်နေပေသည်။ ဤသည်က သူတို့အတွက် အလုပ်များစွာ သက်သာစေလိမ့်မည်။
လီကျယ်ခိုင်သည်လည်း ဖုန်းယွီနှင့် မစ္စတာသန်း တွေ့ဆုံဖူးကြောင်း သူ့ဖခင်ပြောသည်ကို သတိရပြီး တရုတ်နိုင်ငံတွင် အလွန်ဩဇာညောင်းခဲ့ပေသည်။ ဖုန်းယွီနှင့် မိတ်ဆွေဖြစ်ခွင့်ရရန် အကောင်းဆုံး အခွင့်အရေး ဖြစ်ပေသည်။
လီကျယ်ခိုင် သူ့ဖခင်၏ ထောက်ပံ့မှု ရယူ၍ ကုန်တိုက် ထူထောင်မည် ပြောဆိုပါက သူ့ဖခင် ငွေအမြောက်အများ ထုတ်ပေးလိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေသည်။ သူ့ဖခင်သည် သူ့သွင်းကုန်သမားများ၏ အဆက်အသွယ်များ ပေး၍ ကုန်တိုက်လုပ်ငန်း အထူးပြု ဝန်ထမ်းအနည်းငယ် မျှပေးနိုင်ပေသည်။
ဖူကွမ်းကျန့် ဖုန်းယွီအား ကြည့်၍..
“အစိုးရမူဝါဒတွေ.. မြို့တော်.. တည်နေရာ.. လမ်းကြောင်းတွေနဲ့ စီမံခန့်ခွဲမှု.. အဲ့အချက်(၅)ခု အရေးအကြီးဆုံးလို့ ငါထင်တယ်.. ဘယ်အစိုးရ မူဝါဒလဲ.. ဒီကုန်တိုက်က တရုတ်နဲ့ ဟောင်ကောင်ကြား ဖက်စပ်လုပ်ငန်း တစ်ခုဆိုတော့ အစ်ကိုဖုန်း ရာထူးကြီးတွေနဲ့ အဆက်အသွယ် သုံးမယ်ဆိုရင် ငါတို့ကို အစိုးရထောက်ပံ့ကြေး နည်းနည်း ခံစားခွင့် ရနိုင်တယ်.. အဲ့ဒါ ပြဿနာ ဖြစ်မှာလား..”
“ပြဿနာ မရှိဘူး.. မူဝါဒတွေဆိုတာ ဘာလဲ.. ငါ့စကားတစ်ခွန်းနဲ့ ဖြေရှင်းပေးလို့ရတယ်..”
ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ သူတို့အတွက် လိုအပ်သည့် အစိုးရ မူဝါဒများအကြောင်း သူမသိသော်လည်း ဆရာလီ ကူညီပေးနိုင်လောက်သည်။ ဆရာလီ၏ ဦးလေးသည် စီမံကိန်း ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မကြာမှီ ကျော်မတီ၏ အကြီးအကဲအဖြစ် ခန့်အပ်ခံရပေလိမ့်မည်။
ဖုန်းယွီသည် သူ့ဖြန့်ဖြူးသူများမှတဆင့် ဒေသန္တရ အစိုးရထံ ဆက်သွယ်နိုင်ပေသည်။ ကျန်သည့်ကိစ္စများ အဆင်မပြေပါက ငွေလွှဲပို့၍ ရနိုင်ပေးသည်။ ဖုန်းယွီအနေဖြင့် အလိုအပ်ဆုံးအရာမှာ ပိုက်ဆံသာ ဖြစ်ပေသည်။
ဖူကွမ်းကျန့် ဖြည့်စွက်၍..
“စတည်ထောင်ဖို့ အရင်းအနှီးအတွက် ငါတို့(၃)ယောက်နဲ့တင် မလုံလောက်ဘူး.. အစု(၆)စု ခွဲသင့်တယ် ထင်တယ်.. ပြီးရင် ငါတို့(၃)ယောက် ငါ့ဦးလေး(၃)၊ ဆရာလီကိုလဲ သူ့မိသားစုထဲက တစ်ယောက် ခေါ်ခိုင်းလို့ရတယ်.. ကျန်တဲ့တစ်စုက စီမံခန့်ခွဲရေးဝန်ထမ်းတွေကို ဆုချဖို့ သုံးရလိမ့်မယ်..”
“ငါတို့တွေ အညီအမျှ ခွဲနေတာလား..”
ဖုန်းယွီ မျက်ခုံးပင့်လိုက်သည်။ ရှယ်ယာ အညီအမျှလော။ ဤလုပ်ငန်း၏ (၆)ပုံ (၁)ပုံသာ ပိုင်ဆိုင်ရမည်လော။
ဖူကွမ်းကျန့် သူ့လက်ယမ်းပြီး..
“အစ်ကိုဖုန်းက တရုတ်နိုင်ငံမှာ ဩဇာအကြီးဆုံးဆိုတော့ သွင်းကုန်လမ်းကြောင်း ကိုင်တွယ်ရလိမ့်မယ်.. ဒီကိစ္စ သူပဲ အဆိုပြုခဲ့တာလေ.. ဘာလို့ သူ့ကို အများဆုံး ရင်းနှီးမြုပ်နှံခွင့်နဲ့ ရှယ်ယာ အများဆုံး ပိုင်ဆိုင်ခွင့် မပေးရတာလဲ..”
ကျွတ်..ကျွတ်.. ကျွတ်.. ညိနောင်ဖုန်း၏ ပြောဆိုမှု မှန်ပေသည်။ ကျိုးကြောင်း ဆီလျောနေ၏။
လီကျယ်ခိုင် ထမေးတော့သည်..
“ငါတို့ ဘယ်လောက် ရင်းနှီးမြုပ်နှံသင့်လဲ.. ငါတို့ ကုန်တိုက်လုပ်ငန်းရဲ့ အတိုင်းအတာကရောက် ဘယ်လောက်ထိ ရှိမလဲ.. ကုန်တိုက် နာမည်ကရော..”်ကုန်တိုက်ကြီး၏ နာမည်မှာ အလွန်အရေးကြီးပေသည်။ ဖုန်းယွီသည် လီရှစ်ချန်းက သူ့ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီကို လေနှင့်မိုး ပို့ဆောင်ရေးဟု မည်သည့်အတွက် အခိုင်အမာ ပြောခဲ့သနည်း။ ဖုန်းယွီသည် လေနှင့်မိုး သို့တည်းမဟုတ် အိုက်ဝါကို အဘယ့်ကြောင့် သူ့ထုတ်ကုန်အသစ်များတွင် သုံးခဲ့သနည်း။ ကုမ္ပဏီအသစ်များ ထူထောင်သည့်အခါ၌ပင် လေနှင့်မိုး လျှပ်စစ်၊ သို့တည်းမဟုတ် အိုက်ဝါ လျှပ်စစ် စသည်ဖြင့် အမည် ပေးခဲ့ပေသည်။
ဤသည်မှာ အမှတ်တံဆိပ် စီမံခန့်ခွဲမှုပင်။ အမှတ်တံဆိပ်သည် အမြတ်အစွန်း ပိုမိုရစေရန် ထုတ်ကုန်များနှင့် အရင်းအမြစ်များအားလုံးကို ချိတ်ဆက်ပေးမည်ဖြစ်သည်။ ဤသည်က အမှတ်တံဆိပ်တစ်ခု တန်ဖိုးမြှင့်တင်ရန် ဖြစ်ပေသည်။ ဖုန်းယွီသည် ဝင်ဝင်ပိုမိုရှာနိုင်ရန် သူ့အမှတ်တံဆိပ်များ သုံးနိုင်ပေသည်။
ဥပမာအားဖြင့် တူညီသော နည်းပညာဖြင့် အရည်အသွေးမြင့် ကား(၂)စီးရှိပေသည်။ သို့ရာတွင် တစ်ခုမှာ ပိုရှေး ဖြစ်၍ တစ်ခုမှာ ဟွန်ဒါ ဖြစ်သည်။ ပိုရှေးတံဆိပ်သည် ဟွန်ဒါထက် အဆများစွာ ပို၍ ကုန်ကျပေလိမ့်မည်။
အမှတ်တံဆိပ်တစ်ခု ဖန်တီးရန် လွယ်ကူသော်လည်း စီမံခန့်ခွဲရန် ခက်ခဲပေသည်။ ဤကုန်တိုက်ကြီးသည် အမြတ်အစွန်းရမည်ဖြစ်ပြီး ဩဇာရှိလိမ့်မည်ဟု သူတို့အားလုံး ယုံကြည်နေကြသည်။ ထို့ကြောင့် နာမည်က အလွန်အရေးကြီးပေသည်။
ဖြစ်နိုင်ပါက ဖူကွမ်းကျန့်သည် သူ့ဦးလေး(၃)၏ ကုန်တိုက် အမှတ်တံဆိပ်ကို သုံးလိုပေသည်။ လီကျယ်ခိုင်သည်လည်း ဤသို့သာပင်။ သူတို့နှစ်ယောက် ဖုန်းယွီကို စိုက်ကြည့်နေပေသည်။ ဖုန်းယွီသည် ဤလုပ်ငန်းကို အကြံပြုသူဖြစ်သဖြင့် ထူးခြားမည့် စကားတခွန်း ရှိပေလိမ့်မည်။
ဖုန်းယွီလည်း သူ့အမှတ်တံဆိပ်များ ပိုမိုတိုးတက်ရန် ဤကုန်တိုက်တွင် သုံးရန် စိတ်ကူးထားဖူးသည်။ သို့ရန်တွင် သူ့အမှတ်တံဆိပ်များကို သုံးရန် မဖြစ်နိုင်ချေ။ လေနှင့်မိုး ကုန်တိုက်။ ကျန်းလွေ့ချင်သည် လေနှင့်မိုး ဖြင့် အဆင်မပြေကြောင်း ကြိမ်ဖန်များစွာ ပြောခဲ့ဖူးပေသည်။
အိုက်ဝါကုန်တိုက်လော။ အိုက်ဝါသည် လျှပ်စစ်ပစ္စည်များ၏ အမှတ်တံဆိပ်ဖြစ်သဖြင့် မသင့်လျှော်ချေ။
ထိုင်ဟွာသည် ဖုန်းယွီ၏ အမှတ်တံဆိပ်များအနက် အသင့်တော်ဆုံး ဖြစ်ပေသည်။ ထိုင်ဟွာ ကုန်သွယ်ရေးမှလွဲ၍ ဟိုင်ဟွာ စိုက်ပျိုးရေး ထွက်ကုန်များလည်း ရှိပေသည်။ ကုန်တိုက်တစ်ခုတွင် စိုက်ပျိုးရေး ထွက်ကုန်များ ရှိသင့်ပေသည်။
ထို့အပြင် ထိုင်ဟွာတွင် ဟွာဟူသည့် စကားလုံး ပါရှိပေသည်။ ဟွာသည် တရုတ်ကို ဆိုလိုပြီး လူများအနေဖြင့် တရုတ်နှင့် ဆက်စပ်သိနေပေလိမ့်မည်။
“ငါတော့ ထိုင်ဟွာကုန်တိုက်လို့ ခေါ်သင့်တယ် တွေးထားတယ်။ ပိုလဲ ရင်းနှီးမြုပ်နှံလို့ရတယ်။ အခုအတိုင်းဆို ကနဦးအဆင့်မှာ အဓိကမြို့ကြီးတွေ အားလုံးမှာ ကုန်တိုက် အနည်းဆုံး (၂၀)ရှိရလိမ့်မယ်.. ငါတို့ရဲ့ ကုန်တိုက်တွေ ကြော်ငြာဖို့ CCTV သတင်းမှာ ငါထည့်ပေးလို့ရတယ်.. လက်ရှိ ဈေးဆိုင်ကြီးတွေမှာ ကုန်တိုက်အဖြစ် ဖန်တီးနိုင်ရင် ပိုကောင်းတယ်.. မဟုတ်ရင် ငါတို့တွေ အစကနေ ပြန်တည်ဆောက်နေရမှာ.. အချိန်ကို သတိထားဖို့ လိုလိမ့်မယ်..”
ဖုန်းယွီ သူ့အမြင်ကို ပြောလိုက်သည်။
“တပြိုင်နက်တည်း ကုန်တိုက်(၂၀)လား.. ပမာဏ ကြီးမနေဘူးလား..”
လီကျယ်ခိုင် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဖူကွမ်းကျန့် ရယ်မောရင်းဖြင့်..
“သူက အဲ့လိုပဲကွ.. လုပ်ငန်းကြီး လုပ်ရတာ ပိုကြိုက်တယ်.. ဒါကိုပဲ ဗျူဟာမြောက် လှုပ်ရှားမှုလို့ ခေါ်တယ်လေ.. အဆင်ပြေမယ်ထင်တယ်ကွ.. မင်း တရုတ်ကို မရောက်ဖူးသေးလို့ပါ.. တရုတ်မှာ ဖွံ့ဖြိုးမှု အရမ်းမြန်တဲ့အပြင် လက်ရှိ မြို့ကြီးတွေမှာ လူဦးရေ အရမ်းမြင့်တယ်.. ငါတို့မှာသာ ရန်ပုံငွေ အလုံအလောက်ရှိမယ်ဆို ကနဦးအဆင့် အတွက် ကုန်တိုက် (၃၀) လောက်ကို ဆောက်သင့်တာ..”
ဖုန်းယွီ ဖူကွမ်းကျန့်ကို ကြည့်လိုက်သည်။ အချစ်ဆုံး သူငယ်ချင်းကောင်း ပီသပေသည်။
လီကျယ်ခိုင် စကားတစ်ခွန်ူးမှ မပြောဘဲ ဖူကွမ်းကျန့်ကို ကြည့်လိုက်သည်။ သူတစ်ယောက်တည်း တရုတ်နှင့် ရင်းနှီးမြုပ်နှံသူဟု ထင်နေသည်လော။ တရုတ်သို့ မရောက်ဖူးသဖြင့် ခွဲခြား ဆက်ဆံနေသည်လော။
-------*****--------
ဘာသာပြန်သူ . (NTP)