ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၃)
Vol. 37 Ch. 541
လီကျယ်ခိုင်သည်လည်း အထွေထွေမန်နေဂျာ ဖြစ်ချင်ကြောင်း ထုတ်ဖော်ပြောခဲ့သေးသည်။ ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့ကလည်း သဘောတူခဲ့ပေသည်။ အမှန်တကယ်တွင် အထွေထွေမန်နေဂျာ ဖြစ်ရခြင်းမှာ အလွန် အပင်ပန်းဆုံး ရာထူး ဖြစ်ပေသည်။ သူ့တွင် လုပ်ပိုင်ခွင့်များရှိသော်လည်း ဩဇာအာဏာ မကြီးမားချေ။ ကံကောင်းသည်မှာ သူသည် ဒါရိုက်တာများထဲမှ တစ်ဦးဖြစ်ပြီး ကုမ္ပဏီတွင် ဒုတိယကွပ်ကဲမှုအဖြစ် သတ်မှတ်ခံရ နိုင်ပေသည်။
သူတို့ (၃)ယောက် နေ့လည်စာ စားပြီး ကိုယ်စီတာဝန်များ ပေးခဲ့ကြသည်။ ယခု မဟာလူသား လီနှင့် ဖူရုံပမ့် တို့သည် ဤလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လိုသည်ကို စောင့်ကြည့်ရပေလိမ့်မည်။
……
ထိုနေ့ ညနေတွင် လီမိသားစု၏ အိမ်တော်ကြီးတွင် လီကျယ်ခိုင် မဟာလူသားလီနှင့် လီကျယ်ကျွီ တို့ကို တားလိုက်သည်။
“အဖေ၊ အစ်ကို (၂)ယောက်စလုံး စာကြည့်ခန်း ခနလောက် သွားလို့ရမလား.. နှစ်ယောက်စလုံးကို ပြောစရာ ရှိလို့ပါ..”
မဟာလူသားလီ လီကျယ်ခိုင်ကို ပဟေဠိဆန်စွာ ကြည့်နေပေသည်။ နံနက်အစောပိုင်းတွင် သူ့ကို ဒေါ်လာ သန်း(၁၀၀) ပေးခဲ့ပြီးပေပြီ။ ကုမ္ပဏီတွင် အခက်အခဲ ကြုံခဲ့ရသည်လော။ မဖြစ်နိုင်ချေ။ ဖုန်းယွီနှင့် ဖူမိသားစုမှ ထိုကောင်လေး နှစ်ယောက်စလုံး ရင်းနှီးမြုပ်နှံခဲ့ကြပေသည်။ လီကျယ်ခိုင်၏ ရှေ့နေဖြစ်သူ လီမိသားစု ရှေ့နေ ဖြစ်သည့် လီကျယ်ခိုင်၏ ရှေ့နေသည် စာချုပ်ချုပ်ဆိုပြီးနောက် အကြောင်းကြားခဲ့ပြီး ဖြစ်ပေသည်။
“ညီလေး.. မင်းကုမ္ပဏီမှာ ပြဿနာ တစ်ခုခု ဖြစ်လို့လား..”
လီကျယ်ကျွီ စိုးရိမ်တကြီး မေးလိုက်သည်။
ထိုညီအစ်ကို နှစ်ယောက်သည် ရင်းရင်းနှီးနှီးမနေသော်လည်း ညီအစ်ကိုများ ဖြစ်ပေသည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးမှာ မီဒီယာများ၌ ရေးသားထားသလောက် မဆိုးဝါးချေ။ ထို့အပြင် လီကျယ်ကျွီအား ဆက်ခံရန် ခန့်အပ်ထားပြီးသား ဖြစ်ပြီး ညီအစ်ကိုနှစ်ယောက် ပဋိပက္ခဖြစ်ရန် မလိုအပ်ချေ။
“အဖေ.. အစ်ကို.. ကျုပ် ဖုန်းယွီ၊ ဖူကွမ်းကျန့် တို့နဲ့ စာချုပ်တွေ ချုပ်ခဲ့တယ်.. သူတို့တွေ ငြိမ်းချမ်းသောရာစုနှစ် အုပ်စုမှာ တစ်ယောက်ကို အမေရိကန်ဒေါ်လာ (၁၀)သန်းစီ ရင်းနှီးမြုပ်နှံခဲ့တယ်.. ပြီးတော့ နေ့လည်စာ စားရင်းနဲ့ တရုတ်ပြည်ကြီးမှာ ရင်းနှီးမြုပ်နှံဖို့ စကားစမြည်ပြောခဲ့သေးတယ်..”
လီကျယ်ခိုင်အနေဖြင့် သူ့အဖေနှင့်အစ်ကိုကို နေ့လည်စာ စားပွဲတွင် ဆွေးနွေးပွဲနှင့် ပတ်သက်၍ ငွေအလုံအလောက် မရှိကြောင်း အရိပ်အမြွက် ပြောခဲ့ပေသည်။ သူ့တွင် အမေရိကန်ဒေါ်လာ သန်း(၂၀)သာရှိပြီး ရင်းနှီးမြုပ်နှံရန် မလုံလောက်ချေ။ ဆွေးနွေးမှုအပေါ် အခြေခံ၍ ဖူကွမ်းကျန့်သည် ဖူရုံပမ့်၊ လီကျယ်ခိုင်နှင့် မဟာလူသားလီ တို့သည် အစုရှယ်ယာ (၁၅)ရာခိုင်နှုန်းအတွက် တစ်ယောက်လျှင် အမေရိကန် ဒေါ်လာ သန်း(၃၀) ရင်းနှီး မြုပ်နှံမည် ဖြစ်သည်။ ဖုန်းယွီသည် (၃၅) ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ (၇၅)သန်း ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ကျန် (၅)ရာခိုင်နှုန်းကို အဓိက ဝန်ထမ်းများကို (၅၀)ရာခိုင်နှုန်း လျော့ဈေး၊ ဒေါ်လာ(၅)သန်းဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။
ထို့ကြောင့် လီကျယ်ခိုင် သူ့မိသားစုထံမှ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁၀)သန်း ချေးလိုပြီး ဤလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ သန်း(၃၀)ရင်းနှီးမြုပ်နှံရန် သူ့အဖေနှင့် အစ်ကိုကို တောင်းဆိုခဲ့သည်။ ထို့အပြင် ကုမ္ပဏီတွင် မန်နေဂျာများအဖြစ် ၎င်းတို့၏ ကုန်တိုက်များမှ ဝန်ထမ်းအနည်းငယ် ရွေးချယ်ရန် လိုအပ်ပေသည်။ အရေးအကြီးဆုံးမှာ သူသည် ထိုင်ဟွာကုန်တိုက် လုပ်ငန်းကို ထုတ်ကုန်များ ထောက်ပံ့ရန်အတွက် သူ့မိသားစု သွင်းကုန် လမ်းကြောင်းများ သုံးလိုပေသည်။
“ရှယ်ယာ စုစုပေါင်းတန်ဘိုးက အမေရိကန်ဒေါ်လာ သန်း(၂၀၀)ပဲရှိတယ်.. ဖုန်းယွီက အမေရိကန်ဒေါ်လာ (၅)သန်း အပို ရင်းနှီးမြုပ်နှံချင်နေတာ ဘာကြောင့်လဲ..”
လီကျယ်ကျွီ စိတ်ဝင်တစား မေးလိုက်သည်။ ဒေါ်လာ(၅)သန်းဟူသည်မှာ မများပြားသော်လည်း သေးငယ်သည့် ပမာဏ မဟုတ်ချေ။
“သူက ကုန်တိုက်ကြီးနာမည် လိုချင်တာရယ် အမှုဆောင် ဒါရိုက်တာ ဖြစ်ချင်တာရယ်ကြောင့်လေ..”
“အမှုဆောင် ဒါရိုက်တာ ဖြစ်ချင်တာလား.. ဒါဆို ဘယ်သူ ဥက္ကဋ္ဌလဲ ..”
လီကျယ်ကျွီ အံ့ဩသွားမိသည်။ ဖုန်းယွီ ဥက္ကဋ္ဌ ဖြစ်ချင်သည်ဟု ထင်မိခဲ့ခြင်းဖြစ်သည်။ အမှုဆောင်ဒါရိုက်တာသည် ဥက္ကဋ္ဌ သို့တည်းမဟုတ် အထွေထွေမန်နေဂျာတာဝန် မယူနိုင်ချေ။ ဖုန်းယွီ အခွင့်အာဏာကို စွန့်လွှတ်ထားသည်လော။
“ဖူကွမ်းကျန့် ဥက္ကဋ္ဌ ဖြစ်မယ်.. ကျုပ်က အထွေထွေမန်နေဂျာပေါ့..”
“ဖူကွမ်းကျန့်နဲ့ ဖူရုံပမ့် မဟုတ်လား.. ကျယ်ကျွီ .. ဖူကွမ်းကျန့် အရည်အချင်းကို မင်းဘယ်လိုထင်လဲ..”
မဟာလူသားလီ မေးလိုက်သည်။ ဖူရုံပမ့်သည် ဖူမိသားစု ကုန်တိုက်လုပ်ငန်းကို ဆယ်စုနှစ်များစွာ စီမံခန့်ခွဲ ခဲ့ပေသည်။ ဥက္ကဋ္ဌဖြစ်ရန် အသင့်လျော်ဆုံး ဖြစ်ရပေမည်။
“ဖူကွမ်းကျန့်အကြောင်း ကျုပ်သိပ်မသိဘူး.. ဒါပေမယ့် ပြီးခဲ့တဲ့ (၂)နှစ်အတွင်း သူလဲ ဟောင်ကောင် ကုန်တုံ ကုန်သွယ်ရေး ကုမ္ပဏီကို စီမံခန့်ခွဲပြီး ကောင်းကောင်း လုပ်ထားတယ်.. သူ့အကြောင်း ဟာသ တစ်ခုလဲ ကြားထားသေးတယ်.. ရှေးဟောင်း လေလံပွဲတစ်ခုကို တစ်ကြိမ်တက်ရောက်ပြီး အဲ့လေလံပွဲရဲ့ အဓိက ပစ္စည်း လက်လွတ်သွားတယ်တဲ့..”
လီကျယ်ကျွီသည် ဖူကွမ်းကျန့်၏ စွမ်းဆောင်ရည်နှင့် အားနည်းချက်များကို ထောက်ပြခဲ့ပေသည်။
“အဖေ.. အစ်ကို.. နောက်တစ်ခု ထပ်ပြောအုံးမယ်.. ဖုန်းယွီက တရုတ်မှာ စီးပွားလုပ်ငန်း အများကြီး ရှိတဲ့အပြင် ဖူကွမ်းကျန့်လဲ အဲ့လုပ်ငန်းတွေထဲမှာ ရှယ်ယာတွေ ပါထားတယ်.. ဖူကွမ်းကျန့်က အဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲသူ ဆိုလဲ ဟုတ်တယ်..”
အကြောင်းပြချက် မရှိဘဲ ဖုန်းယွီသည် ဖူကွမ်းကျန့်ကို ဥက္ကဋ္ဌနေရာ ထောက်ခံမည်လော။ အဘယ့်ကြောင့်ဆိုသော် လီကျယ်ခိုင်သည် ဖူကွမ်းကျန့်၏ ဥက္ကဋ္ဌ နေရာ လက်လွှတ်၍ အထွေထွေမန်နေဂျာအဖြစ် ရွေးချယ်ခဲ့ခြင်းလည်း ဖြစ်ပေသည်။
“ဖူကွမ်းကျန့် တရုတ်က ဖုန်းယွီရဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲနေတာလား..”
လီကျယ်ကျွီ စိတ်ရှုထွေးသွားသည်။ ဖုန်းယွီသည် အဓိက ရှယ်ယာရှင်ဖြစ်ပြီး သူ့လုပ်ပိုင်ခွင့်များကို ပေးထားသည်လော။ သူသည် ဖူကွမ်းကျန့်ကို ယုံကြည်ထားသည်လော။ တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းသည်မှာ မည်မျှ ကြာနေပြီနည်း။
မဟာလူသားလီသည် ဖုန်းယွီ အဘယ့်ကြောင့် ထိုသို့သော ဆုံးဖြတ်ချက်မျိုး ချခဲ့သည်ကို နားလည်နေပြီး သူ့ သားကြီးကို ကြည့်ကာ..
“အသက်(၂၀)အရွယ် လူငယ်လေးတစ်ယောက်က ရင်းနှီးမြုပ်နှံဖို့ အာရုံစိုက်နေတဲ့အချိန် စီမံခန့်ခွဲမှုပညာရပ် သင်ယူနိုင်စွမ်းရှိမယ်လို့ မင်းထင်လား..”
ပါရမီရှင်များစွာသည် နယ်ပယ် တစ်ခုစီတိုင်းတွင် ထူးချွန်ကြသော်လည်း မဟာလူသားလီသည် နယ်ပယ် အားလုံးတွင် ထူးချွန်သူဟူ၍ မမြင်ခဲ့ဖူးချေ။ ဖုန်းယွီ အမှုဆောင်ဒါရိုက်တာ ဖြစ်ချင်ပြီး ကုမ္ပဏီ၏ ဘဏ္ဍာရေး စောင့်ကြည့်နိုင်ယုံသာပင်။ ကုမ္ပဏီကို မည်သူ တာဝန်ယူထားသည် ဖြစ်စေ သူတို့၏ အဓိက ရည်ရွယ်ချက်မှာ ကုမ္ပဏီ ငွေရှာဖို့သာ ဖြစ်ပေသည်။ ဖုန်းယွီသည် အဓိက ရှယ်ယာရှင်မဖြစ် ကုမ္ပဏီမှ အမြတ်အစွန်း များစွာ ရရှိသူ ဖြစ်သည်။
နောက်ဆုံးတွင် လီကျယ်ကျွီ သဘောပေါက်သွားသည်။ ဖုန်းယွီသည် စီမံခန့်ခွဲမှု မကျွမ်းကျင်ချေ။ သို့ရာတွင် သေချာ မသင်ယူခဲ့ဟု ဆိုလျှင်ပင် သူ့ကုမ္ပဏီများအား လုပ်ပိုင်ခွင့် အားလုံး ချုပ်ကိုင်ထား နိုင်ပေသည်။ သူသည် အခွင့်အာဏာ အားလုံး စွန့်လွှထားနိုင်ခြင်းအတွက် ဖုန်းယွီကို အပြည့်အဝ လေးစားနေတော့သည်။
“အဖေ.. ကျုပ်တော့ ဒီလုပ်ငန်း အလားအလာ ရှိတယ်လို့ ကျုပ်ထင်တယ်.. ဒါပေမယ့် စုစုပေါင်း ရင်းနှီး မြုပ်နှံမှုက ဘာလို့ အဲ့လောက်များနေတာလဲ.. အမေရိကန်ဒေါ်လာ သန်း(၂၀၀)တောင်.. မင်းတို့တွေ ကုန်တိုက် ဘယ်နှစ်ခုတောင် ဆောက်မလို့လဲ.. တရုတ်နိုင်ငံမှာ လက်ရှိစီးပွားရေး ပုံစံနဲ့ ငွေရှာနိုင်မှာ သေချာလား.. ရင်းနှီးမြုပ်နှံမှုတွေ ပြန်ရဖို့ ဘယ်လောက် ကြာမယ်ဆိုတာရော တွက်ပြီး ပြီလား..”
လီကျယ်ကျွီ မေးလိုက်ခြင်း ဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်း(၂၀၀)သည် ဟောင်ကောင်ဒေါ်လာ (၁)ဘီလီယံ ကျော်နှင့် ညီမျှပေသည်။ ၎င်းတို့သည် အနည်းဆုံး ကုန်တိုက်(၁၀)ခု ထူထောင် နိုင်ပေသည်။ ရှန်ဟိုင်းနှင့် ပေကျင်းမှလွှဲ၍ ကုန်တိုက်များ ဖွင့်လှစ်ရန် သင့်တော်သည့် နေရာများ ရှိနေသေးသည်လော။
“ငါတို့ ကနဦးအစီအစဉ်က အနည်းဆုံး ကုန်တိုက်ကြီး (၂၀)တပြိုင်တည်း ဆောက်မှာ.. ရန်ပုံငွေအတွက် ချေးငွေ၊ ဆက်စပ်ပစ္စည်းတွေ၊ ဈေးကွက်ရှာဖွေရေးနဲ့ အပ်ငွေတွေအတွက် အဓိက ထားသုံးကြမှာ.. ကုန်တိုက် တိုင်းအတွက် ရန်ပုံငွေ သန်း(၁၀၀)မကျော်အောင် ထိန်းချုပ်သွားမှာ.. တရုတ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို ကောင်းကောင်း မသိပေမယ့် ဖူကွမ်းကျန့်ကတော့ တရုတ်နိုင်ငံမှာ နှစ်တော်တော်ကြာအောင် နေခဲ့တာ.. ဖူမိသားစုမှာလဲ ကုန်တိုက် လုပ်ငန်း တစ်ခုရှိတယ်.. ကျုပ်တို့ ရင်းနှီးမြုပ်နှံမှုတွေ ပြန်ရဖို့ (၃)နှစ်လောက် အချိန်ယူရမယ်လို့ သူမှန်းထားတယ်..”
“ကုန်တိုက်တစ်ခုကို ရန်ပုံငွေ သန်း(၁၀၀)နှုန်းနဲ့ (၂၀)တောင် ဆောက်မယ်ပေါ့.. ဒါဆို မင်းတို့တွေ ချေးငွေ ယူရမှာပေါ့..”
လီကျယ်ကျီ မျက်မှောင်ကြုတ်လိုက်သည်။ ဘေးထွက်နေချင်တော့သည်။ အန္တရာယ်များကို ထည့်သွင်း မစဉ်းစား ကြသည်လော။
“အမှန်ပဲ.. အနည်းဆုံး ချေးငွေ (၁)ဘီလီယံ ရဖို့ရှိတယ်.. ငါတို့ ပစ်မှတ်က (၃)နှစ်အတွင်း အနည်းဆုံး ကုန်တိုက်(၅)ကနေ (၅)နှစ်အတွင်း ကုန်တိုက် (၁၀၀) ဖွင့်နိုင်ဖို့ပဲ..”
“သူ့ရင်းနှီးမြုပ်နှံမှုတွေ ဘယ်လောက်ကြာရင် ပြန်ရမယ်ထင်တယ်လို့ ဖုန်းယွီ ပြောခဲ့သေးလား..”
မဟာလူသားလီ ရုတ်တရက် ထမေးလိုက်သည်။
လီကျယ်ခိုင် အနည်းငယ် အမူအရာ ပျက်သွားသော်လည်း ..
“ကျုပ်တို့ ရင်းနှီးမြုပ်နှံမှုတွေကို ပြန်ရဖို့ အနည်းဆုံး အချိန်(၁)နှစ်ယူပြီး ကုန်တိုက်အသစ်တွေမှာ ဆက်ပြီး ရင်းနှီးမြုပ်နှံရမယ်လို့ ဖုန်းယွီ အလေးအနက် ပြောသွားတယ်..”
“တစ်နှစ်လား.. နောက်မနေနဲ့.. ကုန်တိုက်တစ်ခုကနေ တစ်နှစ်အတွင်း မင်းတို့ ရင်းနှီးမြုပ်နှံငွေတွေ ဘယ်လိုလုပ် ပြန်ရနိုင်မှာတုန်း.. ကုန်တိုက် အရေအတွက်ပေါ် မူတည်ပြီး အမြတ်ငွေ (၁၅)ရာခိုင်နှုန်းထက် မပိုဘူးဆိုတာ မင်းမသိဘူးလား.. များသောအားဖြင့် (၁၀)ရာခိုင်နှုန်းလောက်ပဲ ရှိတယ်.. တစ်နှစ်ကို သန်း(၁၀၀)ပြန်ရမယ်ဆိုရင် လစဉ်ရောင်းအား ဘယ်လောက် ရှိရမလဲ.. သန်း(၁၀၀)လား..”
လီကျယ်ကျွီ ခေါင်းခါလိုက်သည်။ ထို ဖုန်းယွီသည် အကောင်းမြင်လွန်းနေပေသည်။ သူသည် ယခင်က ကုန်တိုက်များ စီမံဖူပါသလား။ ကုန်တိုက်များမှ အမြတ်အစွန်း များသည်ဟုများ ထင်နေသည်လော။
“ကျယ်ကျွီ.. ငါတို့ ဖူမိသားစု ပထမဆုံး ကုန်တိုက်ရဲ့ အမြတ်ငွေတွေကို သုံးသပ်ခဲ့တာ မှတ်မိသေးလား..”
“(၃၀)ကနေ(၃၅)ရာခိုင်နှုန်းလောက်”
လီကျယ်ကျွီ ပြန်ဖြေခဲ့သည်။ ကိဂဏန်းများ မှတ်မိနေသေးသည် မဟုတ်ပေလော။
ဖခင်ဖြစ်သူ မည်သည်ကို ဆိုလိုသနည်း။ တရုတ်နိုင်ငံရှိ ကုန်တိုက်များမှ အမြတ်ငွေများ မြင့်မားလာနိုင်မည်လော။ ဤသည်မှာ.. ဤသည်မှာ… ဖြစ်နိုင်မည်လော။
-------*****--------
ဘာသာပြန်သူ . (NTP)