← Chapters

ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၅)

Vol. 37 Ch. 543

ဘက်စုံ ပူးပေါင်းဆောင်ရွက်မှု (၅)

Vol. 37 Ch. 543

ဖူကွမ်းဝေ့ လုပ်ငန်းနှင့် ပတ်သက်၍ အသေးစိတ် သုံးသပ်ပေးနေပေသည်။ လက်ထောက်မန်နေဂျာမှ သူ့အတွက် သတိတရ ကိုယ်ပိုင် အတွေးအနည်းငယ် ပေးလိုက်သေးပေသည်။ ဖူရုံပမ့်၏ မျက်နှာတွင် ပျော်ရွှင်ခြင်းများနှင့် တောက်ပနေပေသည်။ နောက်ဆုံးတော့ သူ့သား ရင့်ကျက်လာပေပြီ။

“ဒါတွေအားလုံး မင်းကိုယ်ပိုင် အတွေးတွေလား..”

“ဒါပေါ့.. အဖေ.. ကျုပ်ကိုများ မိသားစု စီးပွားရေး စိတ်ထဲမထားဘူးလို့ တွေနေတာလား..”

ဖူကွမ်းဝေ့ အပြစ်ကင်းသည့် ပုံစံဖြင့် မေးတော့သည်။

ဖူရုံပမ့် ဖူကွမ်းကျန့်အား ကြည့်လိုက်သောအခါ သူသည်လည်း ထိတ်လန့် တုန်လှုပ်နေပုံ ပေါ်နေသည်ကို သတိပြုမိလိုက်သည်။ ဖူကွမ်းကျန့်က ဤအရာအားလုံး ပြောပေးထားသည်ဟု သူထင်ထားသည်မဟုတ်ပေလော။

“ကွမ်းဝေ့.. မင်းဒီလို အမျှော်အမြင်ရှိတာ ကျေနပ်တယ်.. ဒါပေမယ့် မင်းက ကဏ္ဍပေါင်းစုံမှာ အတွေ့အကြုံ နည်းလွန်းနေတယ်.. ဒါပေမယ့် မင်း တော်တော်များများတော့ မှန်ပါတယ်.. အဲ့အထဲက တစ်ခုက ကွမ်းကျန့် ဥက္ကဋ္ဌ ဖြစ်မယ်ဆိုတာပဲ.. ဒါအရမ်း အရေးကြီးတယ်.. အမေရိကန် ဒေါ်လာ သန်း(၃၀) ဒီလုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမယ်.. ကွမ်းဝေ့… ဒါရိုက်တာ ဘုတ်အဖွဲ့ကိုရော မင်းအမြင်မှာ ယုံကြည်မှု ရှိလား..”

ဖူရုံပမ့်သည် သူ့သား ရင့်ကျက်လာသည်ကို မြင်ရသည်မှာ အလွန်ပျော်ပေသည်။

ဖူကွမ်းဝေ့ ဝမ်းသာသွားသည်။ သူ့ဖခင် မည်သည်ကို ဆိုလိုကြောင်း သူသိပေသည်။

“စိတ်မပူပါနဲ့.. ကျုပ် ကလေးမဟုတ်တော့ဘူး.. ပြီးတော့ အစ်ကို ကွမ်းကျန့်လဲ အနားမှာ ရှိနေတာပဲ.. ကုန်တိုက် မန်နေဂျာတွေ ဆီကလဲ သေချာပေါက် သင်ယူမှာပါ.. ကုန်တိုက်တွေကိုလဲ ကျုပ်တို့ရဲ့ ကုန်တိုက် မန်နေဂျာတွေ ပို့လို့ရသေးတယ်လေ.. အလယ်တန်းအဆင့် စီမံခန့်ခွဲရေး ဝန်ထမ်းတွေကိုတော့ အုပ်ချုပ်နိုင်မှာပါ.. ဘာကြောက်စရာ ရှိလို့လဲ..”

ဖူကွမ်းကန့် သူ့ရင်ဘတ်ပုတ်၍ ပြောနေခြင်း ဖြစ်ပေသည်။

“ကွမ်းကျန့် ငါတို့ မန်နေဂျာတွေ လွှတ်ပေးလိုက်မယ်..”

“ငါတို့ ဆွေးနွေးပြီးပါပြီ.. ကုန်တိုက်တွေမှာ စီမံခန့်ခွဲရေး ဝန်ထမ်းတွေ.. မန်နေဂျာတွေ.. လက်ထောက် မန်နေဂျာတွေ.. ကြီကြပ်ရေးမှူးတွေ အဲ့လိုမျိုး စီမံခန့်ခွဲဖို့အတွက် အနည်းဆုံး ဝန်ထမ်း(၁၀)ယောက် လိုတယ်။ ကျုပ်တို့တွေ အနည်းဆုံး ကုန်တိုက်(၂၀)ဆောက်ဖို့ စီစဉ်ထားတယ်.. အငယ်တန်း ရာထူးတွေအတွက် ဒေသခံတွေထဲက ရနိုင်ပေမယ့် ကုန်တိုက် မန်နေဂျာ နေရာတွေမှာတော့ အတွေ့အကြုံ ရှိတဲ့သူတွေမှ ရမယ်.. ပထမ ကျုပ်တို့ ကုန်တိုက်က မန်နေဂျာတွေအားလုံး ထည့်ပေးချင်ပေမယ့် လီကျယ်ခိုင်က တစ်ချက် ထောက်ပြတယ်လေ.. ကျုပ်တို့ မန်နေဂျာတွေက မန်ဒရင်း စကား ဘယ်လိုပြောရမယ်မှန်း မသိဘူး.. ဝန်ထမ်းတွေကို စီမံခန့်ခွဲရတာ ခက်လိမ့်မယ်..”

“လီမိသားစုက ဝန်ထမ်းတွေ မန်ဒရင်းစကား ပြောနိုင်တယ်လား.. သူတို့တွေ အဲ့လိုပဲလား..”

ဖူရုံပမ့် မကျေမနပ်ဖြင့် ပြောလိုက်သည်။

“အဲ့ လီမိသားစုရဲ့ ဝက်စွန် က ပြီးခဲ့တဲ့ နှစ်တွေကတည်းက တရုတ်ကို ရောက်နေတာ.. သူတို့မှာ တရုတ်ဈေးကွက်နဲ့ အကျွမ်းတဝင်ရှိတဲ့အပြင် မန်ဒရင်း စကား ကောင်းကောင်း ပြောနိုင်တဲ့ ဝန်ထမ်းတွေ ရှိတာပေါ့”

ဖူကွမ်းကျန့် သေချာ ရှင်းပြလိုက်သည်။

“သူတို့ဆိုင်တွေ ဘယ်လောက်ကြီးလဲ.. သူတို့ ဆိုင်မန်နေဂျာတွေ ကုန်တိုက်ကြီးကို စီမံခန့်ခွဲနိုင်လို့လား..”

ဖူရုံပမ့် အထင်အမြင်သေးစွာ ပြောလိုက်သည်။ မန်ဒရင်းစကားပြောဖို့ အမှန်တကယ် အရေးကြီးပေသည်လော။ စီမံ ခန့်ခွဲနိုင်စွမ်းက အရေးအကြီးဆုံး ဖြစ်ပေသည်။

“ကျုပ်တို့ ကုန်တိုက်တွေအတွက် သင်တန်းတက်ဖို့ ကုန်တိုက်မန်နေဂျာ(၁၀)ယောက် ရွေးဖို့ စီစဉ်ထားတယ်.. လီမိသားစုက ဝန်ထမ်းတွေက ကျုပ်တို့လူတွေကို မန်ဒရင်းဘာသာစကားပြောနည်းနဲ့ ပြောဆိုဆက်ဆံနည်းတွေ ပြန်သင်ပေးလိမ့်မယ်.. အပြန်အလှန်အနေနဲ့ ကျုပ်တို့ကနေ ကုန်တိုက်ကြီးကို စီမံခန့်ခွဲနည်း ပြန်သင်ပေးရမယ်.. တရုတ်နိုင်ငံရဲ့ နေရာ တော်တော်များများမှာ သူတို့ ဒေသစကားတွေ ပြောနေကြတုန်းဆိုတော့ လက်ထောက် ကုန်တိုက် မန်နေဂျာနဲ့ အောက်ခြေ မန်နေဂျာတွေကို ဒေသခံတွေဆီကပဲ ငှားမှ ရမယ်”

ဖူကွမ်းကျန့် ထိုပြဿနာအတွက် အကူအညီမဲ့သလို ခံစားနေရသည်။ ဖူမိသားစုသည် ကုန်တိုက်ကြီးများကို စီမံခန့်ခွဲရာတွင် အတွေ့အကြုံများစွာ ရှိသော်လည်း လီမိသားစုသည် အစောပိုင်းကတည်းက တရုတ်ဈေးကွက်သို့ ဝင်ရောက်ခဲ့ကြပေသည်။ တရုတ်နိုင်ငံရှိ လီမိသားစု လုပ်ငန်းများသည် စမ်းသပ်မှု တစ်ခုသာဖြစ်ပြီး ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင်သာ စတိုးဆိုင်များ ထားရှိပေသည်။ သို့ရာတွင် ဖူမိသားစု၌ တရုတ်တွင် မည်သည့် ဆိုင်မှ မရှိသေးချေ။

ဖူကွမ်းကျန့် မန်ဒရင်းစကားပြော ကိစ္စအတွက် ရယ်လိုက်မိသည်။ ရှန့်တုံ မန်ဒရင်းစကားပြောကို ကြည့်ရပေမည်။ သို့ရာတွင် ဖုန်းယွီက မန်ဒရင်းစကားပြောသည် အလွန်အရေးကြီး၍ စွန့်စားရမည် ပြောနေပေသည်။

ဖူကွမ်းကျန့်သည် သူ့အခွင့်အာဏာ တစ်ချို့ စွန့်လွှတ်ခဲ့ရသဖြင့် မကျေမနပ် ဖြစ်နေပေသည်။ ကံကောင်းသည်မှာ ကုန်တိုက်များ စတင်လည်ပတ်ပြီးနောက် ဤမန်နေဂျာရာထူးများအတွက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ဖူမိသားစုမှ မန်နေဂျာများ အနိုင်ရမည်ဟု ယုံကြည်ခဲ့ပေသည်။

“လီမိသားစုရဲ့ မန်နေဂျာတွေ မလုပ်နိုင်ရင် သူတို့ကို ချက်ချင်း ထုတ်လိုက်ပေါ့.. ဆိုင်မန်နေဂျာ (၂၀)ပဲ ရ.. ငါတို့ ကုန်တိုက်တွေက အောက်ခြေမန်နေဂျာတွေတောင် အဲ့ရာထူးကို အသာလေး လုပ်နိုင်တယ်.. ငါမင်းကို ကူဖို့ ပုရီမင်ကို လွှတ်ပေးလိုက်မယ်.. သူဆို ကွမ်းတုံကဆိုတော့ အဲ့ရာထူးနဲ့ အလုပ်လုပ်ဖို့ တရုတ်ကို ပြန်ချင်နေတာ.. အရည်အချင်း ရှိတဲ့အပြင် ယုံလဲယုံရတယ်.. ဘယ်သူတွေ သင်တော်တယ်ဆိုတာ မင်းတွေ့ရင် ငါလွှတ်ပေးလိုက်မယ်..”

ပုရီမင်သည် ကြိုဆိုခြင်း ကုန်တိုက်၏ လက်ထောက် အထွေထွေ မန်နေဂျာ ဖြစ်ပေသည်။ သူ့လစာ အတော် များသော်လည်း ကုမ္ပဏီတွင် ရှယ်ယာ ပါမထားချေ။ သူသည် တရုတ်နိုင်ငံတွင် ပြန်လည် အလုပ်လုပ်ကိုင်မည် ဖြစ်ပြီး သူ့လစာနှင့်ပတ်သက်၍ ပြောင်းလဲသွားမည် မဟုတ်ချေ။ သူသည် ကုမ္ပဏီ၏ အစုရှယ်ယာများကို ပိုင်ဆိုင်ခွင့် ရရှိပေလိမ့်မည်။ ထို့အပြင် သူသည် ရှယ်ယာ (၁)ရာခိုင်နှုန်း အား အမေရိကန်ဒေါ်လာ(၁)သန်းဖြင့် ရနိုင်ပေလိမ့်မည်။ ဖူမိသားစုသည် ပုမင်အား ထိုအခွင့်အရေး ပေးခဲ့ပြီး ဖူမိသားစုအပေါ် သစ္စာစောင့်သိမည်ဟုလည်း ကတိပြုခဲ့ပေသည်။

“ကျေးဇူးတင်ပါတယ် ဦးလေး.. လက်ထေက် မန်နေဂျာပုသာ ကျုပ်ကို ကူညီမယ်ဆို ကုမ္ပဏီကို စီမံခန့်ခွဲရတာ ပိုလွယ်သွားလိမ့်မယ်..”

ဖူကွမ်းကျန့် ဝမ်းသာသွားတော့သည်။ ဦးလေး(၃)က သူ့ကို ကူညီနိုင်မည့်သူကို စေလွှတ်ပေးခဲ့သည် မဟုတ်ပေလော။ ဤသည်က သူ့အတွက် ပို၍ လွယ်ကူသွားပေလိမ့်မည်။

ဖူကွမ်းကျန့်သည် အသေးစိတ်ဆွေးနွေးပြီး ပြန်ထွက်သွားပေသည်။ ဖူရုံပမ့်က ဖူကွမ်းဝေ့ကို ဆက်လက်၍ သွန်သင်မှုများ ပြုလုပ်နေခဲ့သည်။ သူသည် ဖူကွမ်းဝေ့ ကျန်လုပ်ငန်းများကို လေ့လာ၍ သင်ယူစေချင်သည်။ ပြဿနာတစ်ခုခု ကြုံလာပါက ဖူကွမ်းကျန့်နှင့် ပုရီမင် တို့နှင့် တိုင်ပင်နိုင်ပေမည်။ အိမ်သို့လည်း အကြံဉာဏ်များ တောင်းခံနိုင်သေးသည်။

ဖူကွမ်းဝေ့သည်လည်း လက်ခံပေသည်။ သူ့အရည်အချင်းသူ သိပြီး လုပ်ငန်းကို အမှန်တကယ် စီမံခန့်ခွဲမည် ဆိုပါက ကောင်းကောင်း လုပ်နိုင်မည် မဟုတ်ချေ။ သူသည် အလုပ်အားလုံးကို အခြားသူနှင့် လွှဲထားပြီး လုပ်ချင်ရာ လုပ်နိုင်သည့် ဖုန်းယွီကို သဘောကျနေပေသည်။

“ကွမ်းဝေ့.. မင်းညီမနဲ့ ဖုန်းယွီ အခြေအနေ ဘယ်လိုလဲ.. မင်းညီမကို မေးဖူးလား..”

“မေးတော့ မမေးဖူးသေးဘူး.. မနက်ဖြ တွေ့ရင် ဖုန်းယွီကို မေးလိုက်မယ်လေ.. ဒါပေမယ့် သူတို့ နှစ်ယောက်စလုံးက ဒိုင်လျှိုနေကြတယ်.. မေးလဲ ဖြေမှာ မဟုတ်လောက်ဘူး..”

“သူက မင်းညီမလေ.. မင်း ဂရုစိုက်ပြရမှာပေါ့.. အရေးမကြီးဘူးထင်လို့ ဝန်မခံတာနေမှာပေါ့.. သူတို့တွေကို အမြန်ဆုံး အောင်သွယ်ပေးရမယ်.. ဖုန်းယွီ မင်းယောက္ဖဖြစ်လာရင် နောင်ဆို မင်း ကွမ်းကျန့်ထက်တောင် ပိုအောင်မြင်လိမ့်အုံးမယ်..”

ဖူကွမ်းဝေ့ ရုတ်တရက် သဘောပေါက်သွားသည်။ မှန်ပေ၏။ ဖုန်းယွီသာ ယောက္ဖဖြစ်လာပါက အနာဂတ် ရင်းနှီးမြုပ်နှံမှုများတွင် ပါဝင်နိုင်ရေး အကူအညီရပေလိမ့်မည်။

“အဖေ.. စိတ်သာချ.. ဖုန်ယွီ ညီမလေးကို ကြိုက်သွားစေရမယ်..”

……

နောက်တနေ့ နံနက် ဖုန်းယွီ နံနက်စာ စားပြီးနောက် ဖူကွမ်းကျန့်မှ ဖုန်းဆက်လာသည်။ ဖူကွမ်းကျန့်က ဟောင်ကောင် ကွမ်းဟွေ့ ကုန်သွယ်ရေး ကုမ္ပဏီကို သူတို့နှင့် အကျိုးတူလုပ်ငန်း အသေးစိတ် နောက်ဆုံး ဆွေးနွေးရန် တောင်းဆိုခဲ့ပေသည်။

ဖုန်းယွီ ရောက်သွားသည့်အခါ အားလုံးစုံနေပေပြီ။ ဖုန်းယွီ ဝေ့ကြည့်လိုက်စဉ် ဖူရုံပမ့် မရှိဘဲ ဖူကွမ်းဝေ့ ရောက်နေပေသည်။ လီကျယ်ခိုင်သည် အခြားတစ်ယောက်နှင့် ထိုင်နေပေသည်။ ဤလူသည် လီကျယ်ကျွီ ဖြစ်ပေလိမ့်မည်။ ဖုန်းယွီ အရင်က မတွေ့ဖူးသူ အနည်းငယ် ရှိနေသေးသည်။ ထိုသူတို့မှာ မိသားစု (၂)ခုမှ အဆင့်မြင့် စီမံခန့်ခွဲရေး ဝန်ထမ်းများ ဖြစ်နိုင်ပေသည်။

“အစ်ကိုဖုန်း လာ.. ငါမိတ်ဆက်ပေးမယ်.. လီကျယ်ကျွီက လီမိသားစုရဲ့ အကြီးဆုံးသားပေါ့.. ဒါက ဦးလေးလီရဲ့ လက်ထောက် မစ္စတာစုပါ.. မစ္စတာစုလဲ ဦးလေးလီရဲ့ ကုမ္ပဏီမှာ ရှယ်ယာတွေ ရှိတယ်လေ.. ဒါက ဟောင်ကောင် ဝက်စွန် ရဲ့ လက်ထောက် အထွေထွေမန်နေဂျာ လီကျန်းပေါ့.. သူကတော့ တရုတ်ဝက်စွန်ရဲ့ လက်ထောက် အထွေထွေ မန်နေဂျာ ဟွမ့်ရီရှန်တဲ့.. ဒါက ငါ့ဦးလေး(၃)ရဲ့ လက်ထောက် ဟုန်ကောပူ.. သူက ပေရီမင်ပေါ့.. ကြိုဆိုခြင်း ကုန်တိုက်ရဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဖြစ်တဲ့အပြင် ကွမ်းတုံကလေ.. သူကတော့ ငါတို့ ကြိုဆိုခြင်း ကုန်တိုက်ရဲ့ နိုင်ငံခြား ဆက်ဆံရေး မန်နေဂျာ ယန်မင်ယွမ်တဲ့.”

ဖူကွမ်းကျန့် အားလုံးနှင့် မိတ်ဆက်ပေးပေသည်။

ပထမဆုံး စ စကားပြောသူမှာ လီကျယ်ကျွီဖြစ်သည်။

“ညီနောင်ဖုန်းရဲ့ နာမည် ကြားဖူးနေတာ အတော်ကြာပြီ. ဒီနေ့မှ တွေ့ရတော့တယ်.. အဖေက သူ့အလုပ်ရှိသေးလို့ ရောက်မလာနိုင်တာ.. ဒါကြောင့် သူ့ကိုယ်စား မစ္စတာစုနဲ့ ငါ့ကို လွှတ်လိုက်တာလေ.. ငါ့အဖေလဲ ဒီလုပ်ငန်းမျာ ရင်းနှီးမြုပ်နှံသူပါပဲ..”

လီကျယ်ကျွီ ရင်းနှီးမြုပ်နှံမှု မပြုခဲ့သည်လော။ ဆိုလိုသည်မှာ မဟာလူသားလီသည် နောင်အခါတွင် ကုန်တိုက်လုပ်ငန်း ရှယ်ယာများကို လီကျယ်ခိုင်ကို လွှဲပြောင်းပေးခဲ့ရန် စိတ်ကူးထားသည်လော။ သို့တိုင်အောင် ဤသည်က အရေးမပါချေ။ မဟာလူသားလီသည် ဤလုပ်ငန်းတွင် ရင်းနှီးမြုပ်နှံထားပေသည်။ ဤသည်က ကောင်းသောလက္ခဏာပင် ဖြစ်သည်။

ဖူကွမ်းဝေ့ကလည်း ဂုဏ်ယူစွာဖြင့်..

“ငါ့အဖေ ဒီရင်းနှီးမြုပ်နှံမျုကို ငါ့ဆီအကုန်လွှဲပေးထားတယ်.. ငွေတွေကောင် ငါ့အကောင့်ထဲ ရောက်နေပြီလေ..”

“ဂုဏ်ယူပါတယ်.. ကွမ်းဝေ့.. မင်း နောက်ဆုံးတော့ လွတ်လပ်သွားပြီ..”

ဖုန်းယွီ ရယ်မောလိုက်သည်။ သူ့ဖခင်သည် သူသာ ကောင်းကောင်း လုပ်နိုင်မည်ဟု ယူဆပါက လက်ထောက် ဟွမ်ကောဖူ ကို လွှတ်လိုက်မည် မဟုတ်ချေ။ သူထိန်းချုပ်နေသည်မှာ သိသာနေပေသည်။

အဆိုပါ လူ(၄)ဦးစလုံးသည် မိသားစု(၂)ခုစလုံးမှ ရွေးချယ်ထားသော အဆင့်မြင့် စီမံခန့်ခွဲမှု ဝန်ထမ်းများ ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ထို အစုရှယ်ယာများကို ရယူမည်သူများ ဖြစ်နိုင်ပြီး အဓိကကျသော အခန်းကဏ္ဍများကို တာဝန်ယူရမည် ဖြစ်သည်။

ရှယ်ယာ၏ (၅)ရာခိုင်နှုန်းကို လူ(၅)ယောက် အညီအမျှ ခွဲဝေယူမည်ဖြစ်သည်။ မိသားစု (၂)ခုစလုံးသည် တစ်ဖက်လျှင် (၂)ဦးခန့်ထားမည် ဖြစ်ပြီး ဖုန်းယွီသည်လည်း (၁)ဦး ရွေးချယ်ရန် လိုအပ်ပေသည်။ ထိုသူမှာ ထိုင်ဟွာ စိုက်ပျိုးရေးထုတ်ကုန် ကုမ္ပဏီ၏ လက်ထောက် အထွေထွေမန်နေဂျာြစ်သည်။ သူ့နာမည်မှာ ဟွမ့်ကျစ်ကောင်း ဖြစ်သည်။ ဖုန်းယွီသည် ကျန်းမင်ကို ပြုစုစောင့်ရှောက် ပေးခဲ့သူဖြစ်သည်။ ယခုအခါ ဖုန်းယွီသည် သူ့အရည်အချင်းနှင့် လုပ်ရပ်က သက်သေပြပြီးဖြစ်သဖြင့် ကျန်းမင်ကို ကြည့်ရန် မလိုအပ်တော့ချေ။

ဟွမ့်ကျစ်ကောင်းသည် ရှယ်ယာများ ဝယ်ရန် အမေရိကန်ဒေါ်လာ (၁)သန်း မရှိချေ။ ဖုန်းယွီ စိုက်ထုတ်ပေးပြီး နောင်တွင် တဖြည်းဖြည်းချင်း ပြန်လည်ပေးဆပ်နိုင်ပေသည်။ ဤသည်က ဟွမ့်ကျစ်ကောင်း ဖုန်းယွီအပေါ် ပို၍ သစ္စာရှိစေပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters