← Chapters

မိတ်ဖွဲ့ခြင်း ပြဿနာ (၁)

Vol. 37 Ch. 545

မိတ်ဖွဲ့ခြင်း ပြဿနာ (၁)

Vol. 37 Ch. 545

လီမိသားစုသည် သူတို့၏ ရင်းနှီးမြုပ်နှံမှုများကို အတည်ပြုခဲ့ပြီး ဖူရုံပမ့်လည်း အလားတူသာပင်။ ဖူရုံပမ့်သည် ဤလုပ်ငန်းကို အလွန်စိတ်ဝင်စားခဲ့ပြီး သူ့လက်ထောက်ကို စေလွှတ်ခဲ့သည်။ ယခု လီမိသားစုမှ အတည်ပြုခဲ့သည့်အခါ ဟွမ်ကောဖူ ကလည်း ဖူကွမ်းကျန့်ကို ခေါင်းညိတ်ပြခဲ့သည်။

ရင်းနှီးမြုပ်နှံမှုများ အတည်ဖြစ်သွားကြသည်။ ယခုအခါ အဖွဲ့ဝင်အားလုံး ရင်းနှီးမြုပ်နှံမျု ပမာဏ အတည်ပြုရန် လိုအပ်ပေသည်။ မဟာလူသားလီနှင့် လီကျယ်ခိုင် ရှယ်ယာများမှလွဲ၍ ကျန်လူများတွင် အပြောင်းအလဲ အနည်းငယ် ရှိပေသည်။ လီမိသားစု၏ ရင်းနှီးမြုပ်နှံမှု ပမာဏ အပြောင်းအလဲ မရှိသော်လည်း မဟာလူသားလီသည် ရှယ်ယာ နည်း၍ လီကျယ်ခိုင်တွင် ရှယ်ယာ များပေလိမ့်မည်။ ဤသည်မှာ မိသားစုအတွင်းဖြစ်၍ အခြားသူများ ကန့်ကွက်ရန် မရှိချေ။

ကျန် ရှယ်ယာ (၅)ရာခိုင်နှုန်းကို လက်ထောက်အထွေထွေမန်နေဂျာ(၅)ဦးထံ ကမ်းလှမ်းထားသည်။ လက်ထောက်များထဲတွင် ဟွမ်ကျစ်ကောင်းမပါဘဲ ဖုန်းယွီက သူကိုယ်စားပြုထားပေသည်။ လက်ထောက် တစ်ဦးစီသည် ရှယ်ယာ(၁)ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ (၁)သန်းဖြင့် ကမ်းလှမ်းခဲ့ပြီး သူတို့သည် အစုရှယ်ယာရှင်များထဲမှ တစ်ဦး ဖြစ်လာပေလိမ့်မည်။

အစုရှယ်ယာရှင်များနှင့် ဒါရိုက်တာ ဘုတ်အဖွဲ့ တွေ့ဆုံမှုမှာ မတူညီချေ။ ရှယ်ယာရှင် အစည်းအဝေးများသည် မဲအရေအတွက် ထည့်မတွက်ချေ။ ၎င်းတို့သည် ဆုံးဖြတ်ချက်များ ချရန် အစုရှယ်ယာ ပိုင်ဆိုင်မှုအပေါ်တွင်သာ အခြေခံပေသည်။ မည်သူမဆို၏ အကြံပြုချက်သည် အစုရှယ်ယာ (၅၀)ရာခိုင်နှုန်းကျော် ထောက်ခံမှု ရပါက အတည်ပြုမည် ဖြစ်ပေသည်။

အစုရှယ်ယာရှင်များသည် ဖုန်းယွီကို အမှုဆောင် ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့ပြီး ၎င်း၏ တာဝန်မှာ ကုန်မ္ပဏီ ဘဏ္ဍာရေးနှင့် အခြားအဆင့်မင့် စီမံခန့်ခွဲမှုကို စောင့်ကြည့်ရန် ဖြစ်သည်။ ဌာနအသီးသီးကို စာရင်းစစ်ရန်အတွက် စာရင်းစစ်အဖွဲ့တစ်ခု ထူထောင်ရန်လည်း အာဏာရှိပေသည်။ ဘုတ်အဖွဲ့အတွက် တစ်ခုတည်းသော အဖြေ ဖြစ်သည်။

ဖုန်းယွီနှင့် တခြားအဓိကရှယ်ယာ(၄)ဦးတို့သည် ထိုင်ဟွာကုန်တိုက်၏ ဒါရိုက်တာ ဘုတ်အဖွဲ့ ဖွဲ့စည်းပေလိမ့်မည်။ ဖုန်းယွီသည် အမှီအခိုကင်းကင်းနှင့် ဒါရိုက်တာဖြစ်မည် ဖြစ်ပြီး ကုမ္ပဏီ စာရင်းဝင်ပါက ဘုတ်အဖွဲ့မှ နှုတ်ထွက်ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အမှုဆောင် ဒါရိုက်တာအနေဖြင့် ကုမ္ပဏီတွင် မည်သည့် ရာထူးကိုမှ ထမ်းဆောင်ရန် မသင့်သောကြောင့် ဖြစ်သည်။

အားလုံးက ဖူကွမ်းကျန့်ကို ဥက္ကဋ္ဌအဖြစ် မဲပေးခဲ့ကြပြီး ဖူကွမ်းကျန့်သည် လီကျယ်ခိုင်ကို ကုမ္ပဏီ၏ အထွေထွေမန်နေဂျာအဖြစ် စာရင်းတင်ခဲ့သည်။ အစုရှယ်ယာရှင်ငယ်(၅)ယောက်ကိုလည်း ဒုတိယ အထွေထွေမန်နေဂျာများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပြီး ဌာနအသီးသီးကို တာဝန်ယူစေခဲ့သည်။ ၎င်းတို့အနက်မှ ဟွမ်ကျစ်ကောင်းသည် ဘဏ္ဍာရေးဌာန တာဝန်ခံဖြစ်သည်။

၎င်းတို့သည် ကုမ္ပဏီကို တရားဝင်တည်ထောင်ပြီးနောက် ၎င်းတို့ရာထူးအစီအစဉ် အနည်းငယ်သာ ဖြစ်ပေသည်။ လက်ထောက်အထွေထွေမန်နေဂျာများသည် ဖုန်းယွီအား ဘုတ်အဖွဲ့တွင် လွတ်လွတ်လပ်လပ် ဖြစ်နေသော ဖုန်းယွီကို မနာလို ဖြစ်ခဲ့ကြသည်။ ဒါရိုက်တာ ဘုတ်အဖွဲ့သည်ကုမ္ပဏီ၏ စီမံခန့်ခွဲရေး အဓိကဒေါက်တိုင် အာဏာပိုင်များ ဖြစ်ပေသည်။

ဤကိစ္စများအားလုံး ပြေလည်အောင် ဖြေရှင်းပေးခြင်းဖြင့် ဖူကွမ်းကျန့်သည် ၎င်း၏ရှေ့နေအား စာချုပ်များ ပြင်ဆင်ခိုင်းလိုက်သည်။

နောက်တစ်နေ့တွင် ဖူကွမ်းကျန့် ပေကျင်းသွား သွားရောက်ခဲ့သည်။ ပေကျင်းတွင် ထိုင်ဟွာကုန်တိုက်လုပ်ငန်း မှတ်ပုံတင်ခဲ့ပြီး ကုမ္ပဏီ၏ တရားဝင် ကိုယ်စားလှယ် ဖြစ်လာပေလိမ့်မည်။ ဖုန်းယွီသည် ကုမ္ပဏီကို တရုတ်တွင် မှတ်ပုံတင်စေခဲ့ခြင်းဖြစ်သည်။ ပေကျင်းတွင် ကုမ္ပဏီ မှတ်ပုံတင်ချင်ခဲ့သော်လည်း ကျန်တွဲဖက်များက ကန့်ကွက်ခဲ့ကြသည်။

တစ်ပတ်အကြာတွင် သူတို့အားလုံးသည် ပိုင်ဆိုင်မှု ရှယ်ယာဖော်ပြထားသည့် စာရွက်စာတမ်းများ လက်ခံရရှိခဲ့သည်။ ဤကုမ္ပဏီကို တရားဝင် တည်ထောင်ထားခြင်း ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ အစုရှယ်ယာရှင် အားလုံးသည် သူတို့ ရင်းနှီးမြုပ်နှံမှု၏ (၁၀)ရာခိုင်နှုန်းကို ကုမ္ပဏီသို့ လွှဲအပ်ခဲ့ပေသည်။ နောက်ဆုံး၌ ကုန်တိုက်များ တည်နေရာ အပြီးမသတ်နိုင်သေးဘဲ ကုမ္ပဏီအနေဖြင့် ရန်ပုံငွေများစွာ ကိုင်ဆောင်ထားပြီး အသုံးမချနိုင်သေးချေ။ တည်နေရာများကို အတည်ပြုပြီးသောအခါတွင်မှ အစုရှယ်ယာရှင်များ ငွေလွှဲပေးမည်ဖြစ်သည်။

ကုမ္ပဏီသည် မြို့အသီးသီးရှိ သူတို့ပိုင် ကုန်တိုက်များအတွက် သင့်လျော်သော နေရာများ ရှာဖွေရန် အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။ ဖူကွမ်းကျန့်သည် တည်နေရာနှင့် ပတ်သက်၍ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်သူဖြစ်သည်။

တစ်ချိန်တည်းမှာပင် လီမိသားစုသည် သူတို့ ကုန်တိုက်ဝန်ထမ်းအချို့ကို ဖူမိသားစု ကုမ္ပဏီသို့ လေ့ကျင့်ရေး စေလွှတ်ခဲ့သည်။ သို့ရာတွင် လေ့ကျင့်ရေး၌ ပြဿနာများ ပေါ်လာခဲ့သည်။ ဖူရုံပမ့်သည် လီမိသားစုအား သူ၏ အဓိကစီးပွားရေး စီမံခန့်ခွဲမှု လျှို့ဝှက်ချက်များ ထုတ်ဖော် ပြောဆိုရန် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

လီမိသားစုနှင့် ဖူမိသားစု နှစ်ခုစလုံးသည် လက်လီရောင်းချသော လုပ်ငန်းတွင် ပါဝင်ခဲ့ကြပေသည်။ ဖူမိသားစုသည် ပြိုင်ဖက်များအား ၎င်းတို့၏ လျှို့ဝှက်ချက်များ မည်သည့်အခါတွင်မှ အသိပေးမည် မဟုတ်ချေ။ မိသားစု (၂)ခုစလုံးသည် ယခုအချိန်တွင် တွဲဖက်များဖြစ်သော်လည်း မိသားစု(၂)ခုစလုံးတွင် အားသာချက် ကိုယ်စီ ရှိကြပေသည်။ အကယ်၍ မိသားစု တစ်ခုသည် အခြားမိသားစု၏ လျှို့ဝှက်ချက်များ သိပါက များမကြာမှီ ကစားပွဲမှ ထွက်ခွာရပေလိမ့်မည်။

အစပိုင်းတွင် လီမိသားစု ဝန်ထမ်းများသည် ကြိုဆိုခြင်းကုန်တိုက်များတွင် သင်တန်းတက်နိုင်မည် မှတ်ယူခဲ့ကြပြီး ကုန်တိုက်ကြီးတစ်ခုကို စီမံခန့်ခွဲနည်းကို လေ့လာနိုင်ရန် စတိုးဆိုင် မန်နေဂျာများ၏ လက်ထောက်များအဖြစ် ခန့်အပ်ခံရမည်ဟု ထင်မြင်ခဲ့ကြပေသည်။

သို့ရာတွင် ဖူမိသားစုမှ ၎င်းတို့အား ငွေရှင်းစားပွဲနှင့် ထုပ်ပိုးမှု နေရာများတွင်သာ စီစဉ်ပေးခဲ့ပေသည်။ ဤသည်မှာ လီမိသားစု မျှော်မှန်းထားသလို မဟုတ်ချေ။

ဤနေရာများမှာ ဝန်ထမ်းများ မည်သည့်အတွက် သင်ယူရန်လိုအပ်မည်နည်း။ လီမိသားစု၏ ဝန်ထမ်းများသည် နှုတ်ထွက်လုနီးနီး ဖြစ်ကုန်သည်။ သူတို့ အစွမ်းအစ သူတို့ သိပေသည်။ သူတို့သည် ပိုမိုကြီးမာသည့် ကုန်တိုက်များတွင်ပင် အနည်းဆုံး အောက်ခြေမန်နေဂျာရာထူး ပြန်ရနိုင်ကြပေသည်။ ငွေရှင်းစားပွဲ သို့တည်းမဟုတ် ထုပ်ပိုးသူ အလုပ်များကို အချိန်ကုန်ခံ သူယူစရာလိုအပ်မည်လော။

ဖူမိသားစုသည်လည်း ၎င်းတို့၏ ဝန်ထမ်းများကို လီမိသားစု ကုန်တိုက်များသို့ စေလွှတ်ခဲ့သည်။ လီမိသားစု၏ စီမံခန့်ခွဲမှုပုံစံကိုလည်း လေ့လာလိုပြီး ၎င်းတို့၏ လျှို့ဝှက်ချက်များ လေ့လာလိုပေသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် မန်ဒရင်း ဘာသာစကား သင်ယူလိုခြင်းဖြစ်သည်။

သို့ရာတွင် ဖူမိသားစု၏ ဝန်ထမ်းများသည် လီမိသားစု ဝန်ထမ်းကို ဖိနှိပ်ခဲ့သဖြင့် လီမိသားစု ဝန်ထမ်းများကလည်း ၎င်းတို့အား မည်သည်ကိုမှ သင်မပေးဘဲ ငြင်းဆန်ခဲ့ကြသည်။

ဖူကွမ်းကျန့်သည် တရုတ်နိုင်ငံတွင် အလုပ်များနေပြီး ဤပြဿနာကို ဖြေရှင်းရန် ဖုန်းယွီကိုသာ ခေါ်လိုက် တော့သည်။ လီကျယ်ကျွီ သို့တည်းမဟုတ် ဖူကွမ်းဝေ့သည် ဤပြဿနာ ဖြေရှင်းရန် ရောက်လာနိုင် သော်လည်း ဘက်လိုက်မှုများ ရှိနေပေလိမ့်ဦးမည်။ ဖုန်းယွီသည်သာ အသင့်တော်ဆုံး ဖြစ်ပေသည်။

ဖုန်းယွီလည်း ဤကိစ္စကြားသည့်အခါ စိတ်တိုသွားမိသည်။ အဘယ့်ကြောင့်ဟူမူ မည်သည့်အတွက် ပူးပေါင်း မလုပ်ဆောင်နိုင်ကြသနည်း။ ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုမှ ပိုက်ဆံရှာသည့်အခါ အားလုံး ရှယ်ယာ တစ်စု ပိုင်ဆိုင် ရပေလိမ့်မည်။ တစ်ယောက်နှင့် တစ်ယောက် ရန်လိုစရာ လိုမည်လော။

သို့တိုင်အောင် အားလုံးသည် ဖုန်းယွီနှင့် အလားတူတွေး၍ အခွင့်အာဏာများကို အခြားသူများထံ အပ်နှင်းလိုစိတ် မရှိကြချေ။ ၎င်းတို့သည် အာဏာရရန်နှင့် ဤသည်ကို အကောင်းဆုံး အသုံးချရန် အသုံးချခဲ့ကြသည်။

အထူးသဖြင့် ဆိုင်မန်နေဂျာများပင်။ ကုန်တိုက်များ ထပ်မံဖွင့်လှစ်ပြီးပါက နယ်မြေသတ်မှတ်မည် ဖြစ်သည်။ ဆိုင်မန်နေဂျာအားလုံးသည် အပိုင်နယ်မြေ မန်နေဂျာရာထူးအတွက် အချင်းချင်း ယှဉ်ပြိုင်ရပေလိမ့်မည်။

ရာထူးမြင့်လေ လစာများလေလေ ဖြစ်သဖြင့် မည်သူမှ မစွန့်လွှတ်နိုင်ကြချေ။ ရာထူးပိုကြီးလေလေ လူများကို အမိန့်ပိုပေးနိုင်လေလေ ဖြစ်လိမ့်မည်။ အကယ်၍ သူတို့သည် အခြားသူများကို အော်နိုင်လျှင် အခြားသူတစ်ဦး၏ အမိန့်ပေးခြင်းကို မည်သို့ လက်ခံနိုင်မည်နည်း။

နောင်တွင် ကုမ္ပဏီ စာရင်းဝင်သွားသည့်အခါ ကုမ္ပဏီသည် ၎င်းတို့အား အစုရှယ်ယာများ သေချာပေါက် ဆုချပေလိမ့်မည်။ သူတို့ ရာထူးကြီးလေလေ ရှယ်ယာများလေလေပင်။ သူတို့ ကံကောင်းပါက ဒါရိုက်တာများအတွင်းမှ တစ်ယောက် ဖြစ်သွားနိုင်ပေသည်။

ဖုန်းယွီ ဖူကွမ်းကျန့်နှင့် လီကျယ်ခိုင်ကို ဖုန်းဆက် ဆွေးနွေးခဲ့ပေသည်။ ဝန်ထမ်းများကို ထိန်းသိမ်းထားစေချင်သည်။ သူတို့သည် ကုန်တိုက်ပင် မထူထောင်သေးခင် ယှဉ်ပြိုင်မှုများ စတင်နေပေပြီ။

စည်းလုံးညီညွှတ်မှုမရှိပါက ဤကုမ္ပဏီ မည်သို့ ကြီးပွားနိုင်မည်နည်း။ ယခုမူ ဝန်ထမ်းများ ရာထူးနေရာအတွက် ယှဉ်ပြိုင်နေကြပေပြီ။ ကုန်တိုက် အသစ်များ ဖွင့်လှစ်သည့်အခါ ကုန်တိုက်မန်နေဂျာရာထူးအတွက် ယှဉ်ပြိုင်မှုများ ယခုထက် ပိုပြင်းထန်ပေတော့မည်။

“အစ်ကိုခိုင်၊ ဝေ့ကျန် ဒီလုပ်ငန်းအတွက် အားလုံး စုပေါင်းပြီး အဖွဲ့အစည်းနဲ့ အရင်းအမြစ်တွေ စုစည်းတဲ့အချိန်လေ.. ဒါပေမယ့် အခုတော့ ငါတို့မှာ ဘာမှ မပေါင်းစပ်ရသေးခင် ရန်ပွဲတွေက စနေပြီထင်တယ်.. ဖိုင်တွဲမှာ မှတ်တမ်း တင်မထားပေမယ့် လီမိသားစုက သူ့ဝန်ထမ်းတွေ ကြိုဆိုခြင်းကုနတိုက်ကို လွှတ်ပြီး သင်တန်းတက်မယ်.. တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံမှာ အလုပ်လုပ်တဲ့ အတွေ့အကြုံရဖို့ ဖူမိသားစုက ဝန်ထမ်းတွေ ပို့ဖို့ သဘောတူထားကြတယ်.. အခု ဘယ်လိုဖြစ်သွားတာလဲ..”

ဖုန်းယွီ နှစ်ယောက်စလုံးကို ဒေါသတကြီး ကြည့်၍ ပြောလိုက်သည်။

လီကျယ်ခိုင် သူ့မကျေနပ်မှုအား အရင်ဆုံး ပြသခဲ့သည်။

“ဝေကျန်.. မင်းငါ့ကို ရှင်းမပြသင့်ဘူးလား.. မင်းမိသားစုက ငါတို့ ဝန်ထမ်းတွေကို အောက်ခြေရာထူးတွေ ခန့်ထားပြီး သူတို့က စီမံခန့်ခွဲရေးတာဝန် တစ်ခုမှ မရဘူးလေ..”

လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့တို့သည် သူငယ်ချင်းများ မဟုတ်ဘဲ ကစားယုံမှလွဲ၍ ဘာမှမသိ အသုံးမကျသော မျိုးဆက်သစ်များအဖြစ် သူ့ကို ဥပေက္ခာ ပြုထားကြသည်။ ဖူကွမ်းဝေ့သည် ဖူရုံပမ့်၏ တစ်ဦးတည်းသော သားမဟုတ်ပါက ဤသို့သော ဘဝမျိုးရမည် မဟုတ်ချေ။

“သခင်လေးလီ.. လေ့ကျင့်ဖို့ သဘောတူထားကြတယ်လေ.. ပြီးတော့ ငါတို့မိသားစုရဲ့ ကုန်တိုက် မန်နေဂျာအားလုံးက ကုန်တိုက်မှာရှိတဲ့ ရာထူးအားလုံး သိဖို့လိုတယ်.. ဒါမှ ကုန်တိုက်ကို ပိုပြီးကောင်းအောင် စီမံခန့်ခွဲနိုင်မှာပေါ့.. သူတို့တွေ ရာထူးအလှည့်ကျလုပ်ဖို့ သဘောတူပြီး တစ်ပတ်နေရင် နောက်တစ်နေရာ ပြောင်းဖို့ သဘောတူထားကြတယ်.. ဒါ ပြဿနာရှိလို့လား.. မင်းဝန်ထမ်းတွေရဲ့ သဘောထားကိုလဲ ငါမေးပါရစေအုံး.. အားလုံး မောက်မာလွန်းမနေဘူးလား..”

ဖူကွမ်းဝေ့ ငယ်ရွယ်၍ စိတ်မြန်ပေသည်။ သူသည် ဤကိစ္စကို ဖြေရှင်းရန် အသင့်မဖြစ်သေးချေ။

အခြားသူများက လီမိသားစုကို ကြောက်နိုင်သေည်လည်း မိမိ မကြောက်ချေ။ မိမိ မိသားစု ချမ်းသာမှု နှိုင်းယှဉ်ပါက မိမိတို့သာ အနိုင်ရနိုင်ပေလိမ့်မည်။

ဖုန်းယွီ အလွန် ခေါင်းကိုက်သွားတော့သည်။ ဤပြဿနာဖြေရှင်းရန် နှစ်ယောက်စလုံးကို ခေါ်ခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက် ထိုနှစ်ယောက် ရန်ဖြစ်နေသနည်း။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters