← Chapters

မိတ်ဖွဲ့ခြင်း ပြဿနာ (၂)

Vol. 37 Ch. 546

မိတ်ဖွဲ့ခြင်း ပြဿနာ (၂)

Vol. 37 Ch. 546

လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့တို့ နှစ်ယောက်စလုံး မိမိ ဝန်ထမ်းများ မမှားကြောင်း ခံစား၍ ငြင်းခုံကြတော့သည်။ မိမိ မှန်နေသဖြင့် အဘယ့်ကြောင့် အရှုံးပေးရမည်နည်း။

ယခုအချိန်တွင် နှစ်ယောက်စလုံးသည် မိမိ ဝန်ထမ်းများကို အပြည့်အဝ ယုံကြည်၍ တစ်ဖက်စကား နားထောင်မည် မဟုတ်ချေ။ လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့တို့ နှစ်ယောက်စလုံးသည် ငွေဇွန်းကိုက် မွေးလာသူများ ဖြစ်ပြီး ခေါင်းမာကြပေသည်။ ပေးဆပ်ခြင်း ဟူသော စကားလုံးကို သူတို့ အဘိဓာန်တွင် ကြားပင် မကြားဖူးကြချေ။

ငြင်းခုံရင်း ပို၍ပို၍ ဒေါသထွက်လာကြသည့်အချိန် ဖုန်းယွီ စားပွဲကို ဆောင့်ကန်လိုက်တော့သည်။

“ဝုန်း…..”

လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့ အံ့အားသင့်သွားတော့သည်။ နှစ်ယေက်စလုံး ဖုန်းယွီကို ကြည့်လိုက်မိသည်။

“ငြင်းနေတာတွေ တော်တော့.. ဘာငြင်းစရာရှိလို့လဲ.. မင်းတို့နှစ်ယောက် အဲ့လိုငြင်းချင်လို့ ဒီကုမ္ပဏီ တည်ထောင်တာလား.. တစ်ယောက်က လီမိသားစုရဲ့ ဒုတိယသခင်လေး.. တစ်ယောက်က ဖူမိသားစုကလေ.. ဒီကိစ္စ ပျံ့သွားရင် မင်းတို့မိသားစုတွေ ရယ်စရာမှာသေချာတယ်..”

နှစ်ယောက်စလုံး အသံတိတ်၍ တစ်ယောက်နှင့်တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။

ဖုန်းယွီ သက်ပြင်းချပြီးနောက်..

“ငါတို့တွေ ကနဦးကတည်းက ဘာကို သဘောတူခဲ့ကြလဲ.. လီမိသားစုက ဝက်စွန်နဲ့ သူတို့ ကုန်တိုက်က ဝန်ထမ်းတွေကိုရွေးပြီး ကုန်တိုက်ကြီးကို စီမံခန့်ခွဲနည်း လေ့လာဖို့ ကြိုဆိုခြင်း ကုန်တိုက်ကို လွှတ်မယ်.. အဲ့လိုပဲ ဖူမိသားစုရဲ့ မန်နေဂျာတွေနဲ့ တရုတ်နိုင်ငံက လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေ မျှဝေပေးရမယ်.. မန်ဒရင်း အခြေခံတစ်ချို့ သင်ပေးရမယ်.. ငါ့ဘက်ကမှန်တယ် ဟုတ်လား.. အခု ဒါကို သေချာ စိစစ်ပြီး ဘယ်နေရာမှာ မှားနေလဲ ကြည့်ရအောင်.. ဝေ့ကျန် မင်းအရင်စလိုက်..”

ဖူကွမ်းဝေ့သည် လီကျယ်ခိုင်ကို တစ်ချက်ကြည့်၍ ဖုန်းယွီဘက်လှည့်ကာ..

“ငါတို့ရဲ့ ကုန်တိုက်တွေကို လာမယ့်နှစ်လယ်မှာ ဖွင့်ဖို့ စီစဉ်ထားတယ်.. ပြင်ဆင်မှုအတွက် အဲ့လူတွေကို လေ့ကျင့်ပေးဖို့ လနဲ့ချီ အချိန်ရသေးတယ်.. ဒီလူတွေကို ငါတို့ ကုန်တိုက်တွေမှာ ရာထူးအားလုံး တွေ့ကြုံရအောင် အချိန်လုံလောက်တယ်.. ငါတို့ ကြိုဆိုခြင်း ကုန်တိုက်တွေရဲ့ မန်နေဂျာအားလုံး ဒီနည်းနဲ့ပဲ လေ့ကျင့်ပေးထားတာ.. လီမိသားစုရဲ့ ဝန်ထမ်းတွေကို အဲ့နည်းနဲ့ လေ့ကျင့်ပေးတာ ဘာမှားနေလို့လဲ.. ရာထူးအားလုံး ကြုံပြီးမှ တိုးတက် နိုင်မှာပေါ့..”

ဖူကွမ်းဝေ့သည် လီမိသားစု၏ ဝန်ထမ်းများ အရည်အချင်း နိမ့်ပါးလွန်းသည်ဟု ပြောနေခြင်းပင်။ အမှားမှာ သူတို့ အစီအစဉ်ကို မလိမ်ညာခြင်းပင်။ လီမိသားစု၏ ဝန်ထမ်းများသည် မည်သို့ စီမံခန့်ခွဲရမည် မသိသော်လည်း သင်ယူလိုစိတ် မရှိကြချေ။

“ငါ့လူတွေက တွေ့အကြုံရှိပြီးသား ဝန်ထမ်းတွေပါ.. သူတို့ထဲက တစ်ယောက်ဆို တရုတ်နိုင်ငံက ကုန်တိုက်တစ်ခုရဲ့ လက်ထောက် ဒါရိုက်တာ တစ်ယောက်လေ.. မင်း သူ့လိုလူကို ဆိုင်အကူဖြစ်အောင် လုပ်နေတာလား.. ဒါ သူ့ကို စော်ကြားတာပဲ..”

လီကျယ်ခိုင် ငြင်းလိုက်တော့သည်။

လီကျယ်ခိုင်သည် စတိုးဆိုင်မန်နေဂျာ တစ်ယောက်ဖြစ်ရန် ဆိုင်လက်ထောက်ဖြစ်ရန် လေ့ကျင့်မှုမျိုး တစ်ကြိမ်မှ မကြားဖူးသေးချေ။ စတိုးဆိုင်မန်နေဂျာ၏ တာဝန်မှာ ကုန်တိုက် စီမံခန့်ခွဲရန်နှင့် ဆိုင်အကူများကို စီမံခန့်ခွဲရန် ဖြစ်သည်။ ဖူမိသားစု သူတို့ကို ကလိန်ကျနေသည်မှာ ထင်ရှားပေသည်။ လီမိသားစု စီမံခန့်ခွဲရေး ဝန်ထမ်းများသည် ကုန်တိုက်များတွင် ဆိုင်အကူများအဖြစ် လပ်ကိုင်နေကြောင်း အပြင်လူများ သိသွားပါက ၎င်းတို့ မျက်နှာ ပျက်ရပေတော့မည်။

ဖူမိသားစုသည် လီမိသားစုမှ လက်ထောက် ဒါရိုက်တာ တစ်ယောက်သည် ၎င်းတို့ ကုန်တိုက်တွင် ဆိုင်အကူသာ ဖြစ်နိုင်သည်ဟု ရည်ညွှန်းနေသည်လော။ ဖူမိသားစုသည် အင်အားကြီးသော်လည်း မည်သူနှင့် ရင်ဆိုင်နေရသည် ဆိုသည့်အပေါ် မူတည်ပေသည်။ လီမိသားစုသည် ၎င်းတို့နှင့် ယှဉ်နိုင်သူ မဟုတ်ချေ။ ထို့အပြင် ၎င်းတို့သည် ဖူရုံပမ့် နှင့် ဖူရုံချီတို့ကို ရင်ဆိုင်နေရသည်။ ဖူရုံပမ့်သည် လီမိသားစုနှင့် ယှဉ်တွဲရန် အရည်အချင်း မပြည့်မှီသေးချေ။

“စတိုးဆိုင်နဲ့ ကုန်တိုက် စီမံခန့်ခွဲတာ အတူတူပဲလို့ မင်းထင်နေလား.. ကြိုဆိုခြင်း ကုန်တိုက်ကို ဝင်လိုက်တာနဲ့ ငွေရှင်းစားပွဲကနေ စရတာပဲ.. ဘာလို့ အဲ့လို မလုပ်နိုင်ရတာလဲ..”

ဖူကွမ်းဝေ့ သူ့ကိုယ်သူ လက်ညှိုးထိုး ပြောလိုက်သည်။

ဖုန်းယွီ ဖူကွမ်းဝေ့ကို အံ့အားတကြီး ကြည့်လိုက်သည်။ ဤလူမိုက် ငွေရှင်းစားပွဲတွင် လုပ်ခဲ့ဖူးသည်လော။

ဖူကွမ်းဝေ့ နောက်ထပ် ထုတ်ပြောခြင်း မရှိချေ။ ငွေရှင်းစားပွဲတွင် နာရီဝက်ကြာပြီး အလုပ်ထွက်ခဲ့ခြင်း ဖြစ်သည်။ ငွေကိုင်တစ်ဦးသည် နေရာကျဉ်းကျဉ်းလေး၌ အချိန်ပြည့်ရှိရန် လိုပေသည်။ ပင်ပန်းလွန်းလှ၏။ ရှက်စရာ ကောင်းပေစွ။ သူ့ကို သိသူများ တွေ့သွားမည်ကို ကြောက်ပေသည်။

ဖူကွမ်းဝေ့ ပြောစကားကြောင့် လီကျယ်ခိုင်သည်လည်း အံ့ဩသွားသည်။ ဖူမိသားစုက သူတို့ ဝန်ထမ်းများကို မည်သို့ စီမံခန့်ခွဲနိုင်မည်နည်း။ သို့ရာတွင် ဤသည်မှာ မိသားစု လေ့ကျင့်ရေး နည်းလမ်းသာ ဖြစ်သည်။ လီမိသားစု ဝန်ထမ်းများကို ဤနည်းလမ်းဖြင့် အသုံးဝင်မည် မဟုတ်ချေ။ သို့အတွက် အကြောင်းပြချက်တစ်ခု အမြန်ဆုံး စဉ်းစားလိုက်တော့သည်။

“ငွေကိုင်အဖြစ် တာဝန်ပေးတာက လုပ်ငန်းအတွေ့အကြုံ မရှိဘူးသေးတဲ့သူတွေကို မဟုတ်ဘူးလား.. ငါ့ဝန်ထမ်းတွေက နှစ်ပေါင်းမနည်း စီမံခန့်ခွဲမှု အတွေ့အကြုံ ရှိပြီးသားလေ.. သူတို့တွေ ကုန်တိုက်ကြီးမှာ စီမံခန့်ခွဲတဲ့ အတွေ့အကြုံပဲ မရှိတာလေ.. ဒီကိစ္စ ဘယ်လိုလုပ် သွားယှဉ်လို့ရမှာလဲ.. အရှင်းဆုံး ပြောရရင် မင်းရဲ့ စီမံခန့်ခွဲမှု စွမ်းရည်နဲ့ဆို ငါ့လူတွေထဲက တစ်ယောက်ကိုတောင် ယှဉ်နိုင်မှာ မဟုတ်ဘူး..”

ဖူကွမ်းဝေ့ ပေါက်ကွဲသွားပြီး ဖုန်းယွီ အမြန် ဆွဲထားလိုက်ရပေသည်။ ထိုလူမိုက် လီကျယ်ခိုင်ကို သွားထိုးမိပေလိမ့်မည်။ သူတို့ နှစ်ယောက် ရန်ဖြစ်ပါက ကောင်ဟောင် မီဒီယာတွင် ခေါင်းကြီးပိုင်းမှ ပါလာပေတော့မည်။

ဖုန်းယွီ နှစ်ယောက်စလုံးကို ရပ်ခိုင်းလိုက်တော့သည်။ သူ့ရှေ့ ရန်ဖြစ်နေပါက မိသားစု (၂)ခုစလုံးနှင့် မျက်နှာပြနိုင်မည် မဟုတ်တော့ချေ။ အနောက်တိုင်း၏ ဘဏ္ဍာရေး ငွေကြေးကစားသူများကို ဆန့်ကျင်သည့် ထိုမိသားစုနှစ်ခုသည် နောင်တွင် သူနှင့်အတူ လက်တွဲ လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။

“ကောင်းပြီ… ငြင်းနေတာတွေရပ်ပြီး ငါ့စကား နားထောင်အုံး.. လီမိသားစုကလူတွေ စီမံခန့်ခွဲမှု အတွေ့အကြုံ ရှိတယ်ဆိုပေမယ့် ကုန်တိုက်နဲ့ အရောင်းဆိုင် ငယ်လေးတွေဆိုတာ မတူဘူး.. ဒါက ကြိုဆိုခြင်း ကုန်တိုက်ကို လေ့လာဖို့ စေလွှတ်ရတဲ့ အကြောင်းအရင်းပဲ.. ဒါပေမယ့် ဝေ့ကျန် ဘက်က အဲ့လူတွေကို အလယ်တန်း စီမံခန့်ခွဲရေး ဝန်ထမ်းတွေလို့ပဲ သတ်မှတ်ထားကြတယ်.. သူတို့အားလုံး စတိုးဆိုင် မန်နေဂျာ တစ်ယောက်ရဲ့ အရည်အချင်း ရှိတဲ့သူတွေပဲ.. သူတို့က ကုန်တိုက်လုပ်ငန်းတွေနဲ့ မရင်းနှီးဘဲ အနာဂတ် စီမံခန့်ခွဲရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်.. ဒီတော့ ကြိုဆိုခြင်း ကုန်တိုက်တိုက်တွေမှာ သင်တန်းတက်ဖို့ပဲ.. ဒါပေမယ့် သူတို့အားလုံး သူတို့အတွေ့အကြုံတွေကို မင်းလူတွေကို မျှဝေပေးနိုင်တယ်.. အားလုံးက တစ်ယောက်နဲ့တစ်ယောက် သင်ယူ ကြရမှာလေ..”

“ငါတို့ရဲ့ ဘဏ္ဍာရေး အစီရင်ခံစာတွေရော ပါရအုံးမှာလား..”

ဖူကွမ်းဝေ့ ရယ်မောလိုက်သည်။ ထိုလူများသည် ကြိုဆိုခြင်း ကုန်တိုက်၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ မြင်ချင်သေးသည်။ ဤလျှို့ဝှက် အချက်အလက်များ အပြင်သို့ ထုတ်ဖော်နိုင်ပေသည်။

ဖုန်းယွီ လီကျယ်ခိုင်ကို ကြည့်လိုက်သည်။ သူ၏ ဖြေရှင်းချက်မှာ မည်သို့နည်း။ သူ့လူများသည် ကုန်တိုက်တွင် လေ့လာသင့်ပေသည်။ သူတပါး ဘဏ္ဍာရေးကိစ္စ မည်သည်အတွက် တောင်းသနည်း။ လေ့ကျင့်ရန်လော့ စာရင်းစစ်ရန်လော။

“သူတို့ ဘဏ္ဍာရေး စီမံမှု ကိစ္စတွေလဲ လေ့လာရမှာပဲမဟုတ်ဘူးလား..”

လီကျယ်ခိုင် ငြင်းရန် ကြိုးစားတော့သည်။

“ညီနောင်ခိုင်.. ငါအများကြီး မပြောချင်ဘူး.. ဖူမိသားစုက မန်နေဂျာတွေ မင်းကုမ္ပဏီကို လာလေ့လာတဲ့အချိန် မင်းတို့ ဘဏ္ဍာရေး အစီရင်ခံစာတွေ မြင်ခွင့်ပေးမှာလား..”

ဖုန်းယွီ ဖြတ်မေးလိုက်သည်။

“ဟုတ်တယ်.. မင်းတို့ကရော မင်းတို့ ဘဏ္ဍာရေး အစီရင်ခံစာနဲ့ မင်းတို့ ကုမ္ပဏီ အနာဂတ် အစီအစဉ်တွေ ငါ့ကို ပြရင် ရတယ်လေ..”

ဖူကွမ်းဝေ့ ထပြောပြန်သည်။

“ဖူမိသားစုက မန်နေဂျာတွေကို လေ့ကျင့်ဖို့ တရုတ်ပြည်က မင်းမိသားစု စီးပွားရေး လုပ်ငန်းတွေမှာ ဘာလို့ ခွင့်မပြုရတာလဲ.. သူတို့တွေ တရုတ်နဲ့ ဟောင်ကောင်ကြား ကွာခြားချက်တွေ ခံစားလို့ရတယ်လေ.. အခြေခံ စီမံခန့်ခွဲရေး သင်ယူနိုင်တာပေါ့..”

ဖုန်းယွီ ကြားထဲမှ အကြံပေးလိုက်သည်။

သဘောတရားအရ မည်မျှပင် ကောင်းနေပါစေ လက်တွေ့ဘဝတွင် အသုံးမချနိုင်ပါက အသုံးမဝင်ချေ။ ဖူကွမ်းကျန့်သည် ယခင်က ဖုန်းယွီကို အကြံပေးခဲ့ဖူးသော်လည်း ဖုန်းယွီ လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့တို့ကို စကားပြောခွင့် ပေးလိုသေးသည်။ ဖူကွမ်းဝေ့က လီကျယ်ခိုင်ကို စကားဖြင့် နှိပ်ကွပ်ချင်သည်ကို သေချာ မသိသော်လည်း သူသည်လည်း မမေးခဲ့ချေ။

သို့တိုင်အောင် ဤအကြံပြုချက်သည် ဤအငြင်းပွားမှုကို ဖြေရှင်းရန် အရိုးရှင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

ဖုန်းယွီ ဖူကွမ်းဝေ့ တစ်ခုခု ပြောချင်သည်ကို မြင်သည့်အခါ ကြားဖြတ်တား၍..

“တခြားကုမ္ပဏီရဲ့ ဘဏ္ဍာရေးအစီရင်ခံစာ ဒါမှမဟုတ် ဖွံ့ဖြိုးရေး အစီအစဉ်တွေ ကြည့်စရာမှ မလိုတာ.. ဒါမျိုး ဘယ်မိသားစုကမှ သဘောတူမှာ မဟုတ်ဘူး.. နောက်ဆုံးအနေနဲ့ နှစ်ယောက်စလုံးကို သတိပေးလိုက်မယ်.. ဒီ ထိုင်ဟွာ ကုန်တိုက် လုပ်ငန်း ပျက်စီးအောင် တားနိုင်တဲ့သူ ရှိကောင်းရှိမယ်.. မင်းတို့နှစ်ယောက်တော့ မဖြစ်နိုင်ဘူး..”

ဖုန်းယွီ သူ့ကိုယ်ပိုင်ငွေများ သုံး၍ အခြားသူများကို အားကိုးခြင်းမရှိချေ။ သို့ရာတွင် သူတို့ နှစ်ယောက်စလုံး မတူချေ။ မအောင်မြင်ပါက ၎င်းတို့၏ ဖခင်များရှေ့တွင် သူတို့၏ အဆင့်အတန်း နိမ့်ကျသွားမည် ဖြစ်ပြီး သူတို့ အနာဂတ်အပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်သည်။

လီကျယ်ခိုင်နှင့် ဖူကွမ်းဝေ့ နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည်််််််််််ကာ လီကျယ်ခိုင် မတ်တပ်ရပ်၍..

“ငါ အဖေနဲ့ ဆွေးနွေးပြီး အဖြေကို မနက်ဖြန် အားလုံး ပြန် ပြောမယ်..”

ဖူကွမ်းဝေ့လည်း လီကျယ်ခိုင်နောက်မှ ထွက်သွားခဲ့သည်။ သူသည်လည်း ထိုသို့ ဆွေးနွေးရန် လိုအပ်ပေသည်။ အကယ်၍ ထိုမန်နေဂျာများသည် ၎င်းတို့ ကုန်တိုက်များမှ စောစီးစွာ ထါက်ခွာသွားပါက အစားထိုးအစီအစဉ်များ ပြုလုပ်ရန် လိုအပ်ပေသည်။

ဖုန်းယွီ သူတို့နှစ်ယောက်စလုံးကို သတိပေးပြီးမှ စိတ်သက်သာရသွားတော့သည်။ ဖုန်းယွီ စိတ်ပျက်အားငယ်ရမည့် အလှည့် ဖြစ်သွားတော့သည်။ ဖူကွမ်းကျန့် မည်သည့်အချိန် ပြန်လာမည်နည်း။ ဤသည်က ဥက္ကဋ္ဌ၏ အလုပ်များ ဖြစ်ပေသည်။ သူသည် အမှုဆောင် ဒါရိုက်တာတစ်ယောက်သာ ဖြစ်ပေသည်။ သူ့တာဝန်မှာ ဒါရိုက်တာများအကြား ပဋိပက္ခများ ဖြေရှင်းရန် မဟုတ်ချေ။

လီမိသားစုနှင့် ဖူမိသားစု အတူပေါင်းစည်း လုပ်ကိုင်နိုင်မည် မဟုတ်ပါက ကုန်တိုက်ကို အလွယ်တကူ တည်ဆောက်နိုင်သည်ဟု ဖုန်းယွီတွေးနေခဲ့မိသည်။ ဤ ပူးပေါင်းဆောင်ရွက်မှုမှ ပဋိပက္ခများ ဖြစ်လာမည်ဟု ထင်မထားခဲ့ချေ။ ဤသို့ ဖြစ်လာမည်မှန်း ကြိုသိပါက သူကိုယ်တိုင်သာ ကုန်တိုက်များ ထူထောင်မိပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters