← Chapters

မဟာလူသားငယ် အပြစ်ပေးခံရခြင်း

Vol. 37 Ch. 547

မဟာလူသားငယ် အပြစ်ပေးခံရခြင်း

Vol. 37 Ch. 547

“အဖေ အဲ့ဒါ ဘာဖြစ်တာလဲ.. ဖူမိသားစုရဲ့ ဝန်ထမ်းတွေကို ကျုပ်တို့ တရုတ်အရောင်းဆိုင်တွေမှာ လေ့လာဖို့ စီစဉ်ပေးမှာလား..”

လီကျယ်ခိုင် သူ့ဖခင်၏ အကူအညီ ရမည် မျှော်လင့်ချက်ဖြင့် ဖြစ်ပျက်ခဲ့သမျှကို မဟာလူသားလီအား ပြောပြလိုက်သည်။

“မင်း ပို့မယ့်လူတွက ဖူမိသားစုရဲ့ ဘဏ္ဍာရေးအစီရင်ခံစာနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ ကြည့်ချင်တယ်လို့ မင်းပြောလိုက်တာလား..”

“အမ်.. အဲ့ လောက်ဖြစ်သွားမယ် ထင်မထားဘူးလေ..”

လီကျယ်ခိုင် ရှက်သွားတော့သည်။ ဝန်ထမ်းများကို မိမိထံ အပ်ထားပြီး ဖြစ်သော်လည်း ကောင်းကောင်း မစီမံနိုင်ခဲ့ချေ။

“ဒါ့ကြောင့် ဖူမိသားစုရဲ့ ဝန်ထမ်းတွေ ငါတို့ ကုန်တိုက်တွေဆီ လာလေ့လာဖို့ မင်းသဘောတူလိုက်တာလား..”

အဖေ တစ်ခုခု မှားနေလို့လား။ ဝန်ထမ်းအချင်းချင်း လေ့ကျင့်သင်ကြားပေးဖို့ပါ။ နှစ်ဖက်စလုံးအတွက် မျှတတယ်လေ”

လီကျယ်ခိုင် ပြန်မေးလိုက်သည်။ မည်သည့်နေရာတွင် မှားနေမှန်း သူမသိသေးချေ။

မဟာလူသားလီ စားပွဲကို အားပြင်းပြင်း ရိုက်၍..

“လူမိုက်.. ထိုင်ဟွာ ကုန်တိုက်ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာလဲ မင်းသိလား.. ငါတို့တွေ အဓိကစီးပွားရေး လုပ်ငန်းအဖြစ် ကုန်တိုက်နဲ့ ကုန်တိုက်ကြီးတွေ တည်ဆောက်သွားမှာ.. ဖူမိသားစုက ကုန်တိုက်စီမံခန့်ခွဲတဲ့ နည်းပညာသိပြီး ငါတို့ ပို့လိုက်တဲ့ လူတွေက အရောင်းဆိုင် မန်နေဂျာတွေ အဆင့်ပဲရှိတာ.. ငါတို့ နောက်နောင် နယ်မြေ မန်နေဂျာရာထူး ရွေးတဲ့အချိန် သူတို့တွေ ပိုအကျိုးရှိမှာပေါ့.. အခု မင်းက ဖူမိသားစုရဲ့ လူတွေကို စီမံခန့်ခွဲမှု လေ့လာဖို့ ငါတို့ ကုန်တိုက်ကို လာခွင့်ပေးလိုက်.. နောက်ဆို ငါတို့အားလုံး စည်းတစ်ခုထဲမှာ ရောက်သွားမှာ.. မင်းက ငါတို့ အားသာချက်တွေ အကုန်းဆုံးရှုံးအောင် လုပ်လိုက်တာပဲ..”

မဟာလူသားလီသည် ဤသားငယ်အတွက် မျှော်လင့်ချက် မြင့်မြင့် မှန်းထားပေးသည်။ လီကျယ်ခိုင်သည် အစ်ကိုကြီးကဲ့သို့ မရင့်ကျက်သော်လည်း တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး အရေးအကြီးဆုံးမှာ ဖုန်းယွီနှင့် သူငယ်ချင်း ဖြစ်ပေသည်။

(၈၀)ခုနှစ် နှောင်းပိုင်းမှစ၍ ဟောင်ကောင်စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများကို တရုတ်နိုင်ငံမှ စတင်ထွက်ခွာခဲ့ကြသည်။ ဟောင်ကောင်ကို တရုတ်နှင့် ပြန်လည် ပေါင်းဆည်းသည်နှင့် တပြိုင်နက် မူဝါဒများ အပြောင်းအလဲ ဖြစ်လာပြီး အခြေအနေမှာ အန္တရာယ်ရှိလိမ့်မယ်ဟု ယူဆထားကြသည်။

သို့ရာတွင် မဟာလူသားလီကမူ ဆန်ကျင်ဘက်ဖြစ်သည်။ သူသည် တရုတ်နိုင်ငံတွင် အာရုံစိုက်လာပြီး ထိုစီးပွားရေး သမားတို့၏ ပိုင်ဆိုင်မှုများကို ဝယ်ယူခဲ့ပေသည်။ ယင်းတို့ထဲတွင် မြေယာ.. စက်ရုံများ.. အိမ်ရာများနှင့် အခြားအရာများ ပါဝင်ပြီး အိမ်ရာ အများဆုံးဖြစ်ပြီး စက်ရုံများမှာ အနည်းဆုံး ဖြစ်ပေသည်။

ပြီးခဲ့သည့် (၃)(၄)နှစ်အတွင်း လီမိသားစုသည် ဟောင်ကောင်တွင်မြေကွက် လုံးဝ မဝယ်ခဲ့ချေ။ ဟောင်ကောင်ရှိ မြေကွက်အားလုံးကို ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင် မစ္စတာလီ၊ ဖူရုံပမ့်၊ ဖူရုံချီနှင့် အခြား ဟောင်ကောင် စီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူထားပေသည်။ လီမိသားစုသည် တရုတ်နိုင်ငံရှိ ၎င်းတို့အရင်းအမြစ် အားလုံးကို အာရုံစိုက်ထားပြီး တရုတ်တွင် ၎င်းတို့ ပိုင်ဆိုင်သည့် မြေသည် ဟောင်ကောင်ရှိ ပိုင်ဆိုင်မှုထက် (၁၀)ဆ ပိုမို များပြားပေးသည်။ ဤသည်က ပမာဏ အတူတူပင် ဖြစ်သည်။

မဟာလူသားလီသည် မစ္စတာသန်းနှင့် စကားပြောဖူးပေသည်။ ဟောင်ကောင်စီးပွားရေးသမားများအတွက် ခက်ခဲသည့်ကိစ္စများကို မစ္စတာသန်း ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း သိထားပေသည်။ ထို့အစာ ဟောင်ကောင်၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ၎င်းတို့က ပံ့ပိုး ကူညီပေးလိမ့်မည်။ ဟောင်ကောင်သည် အာရှ၏ စီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် ဆက်လက် တည်ရှိနေပေလိမ့်မည်။

တရုတ်နိုင်ငံတွင် ပထမဆုံး အိမ်ယာ ပြုပြင်ပြောင်းလဲမှုများပြီးချိန် လာမည့် နှစ်များအတွင်း ဒုတိယမြောက် ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာမည်မှာ သေချာကြောင်း မဟာလူသားလီ သိထားပေသည်။ ထိုသို့ ဖြစ်လာပါက အိမ်ခြံမြေဈေးများ တက်လာပေလိမ့်မည်။ မြေကွက်ဈေးများ တက်လာမည်။ သူလက်ထဲရှိ ပိုင်ဆိုင်မှုများနှင့် ပြိုင်ဖက်များကို ဖိနှိပ်နိုင်ပေလိမ့်မည်။

သူသည် မြေဝယ်၍ ဘာမှလုပ်မည် မဟုတ်ကြောင်း တရုတ်အစိုးရကို ပြသရန် မြေကွက်တစ်ချို့ပေါ်တွင် အရောင်းစင်တာများနှင့် ရုံးခန်း အဆောက်အဦးအချို့ စတင် ဆောက်လုပ်ခဲ့ပေသည်။ ရေရှည် ထိန်းသိမ်း ထားနိုင်ရန် အတွက် မြေယာဖွံ့ဖြိုးရေးဌာနသို့ အဆိုပြုလွှာများလည်း တင်သွင်းခဲ့သေးသည်။ သို့ရာတွင် ထိုအဆိုပြုချက်များတွင် အမှားများနှင့် ပြည့်နေပေသည်။ ဤနည်းအားဖြင့် အထက်လူကြီးများသည် အစီအစဉ်ကို အတည်ပြုမည် မဟုတ်သည့်အပြင် မြေတန်ဘိုး တက်လာမည့်အချိန်ကို စောင့်ရင်း မဟာလူသားလီ ထိန်းသိမ်း ထားနိုင်ပေလိမ့်မည်။

တရုတ်နိုင်ငံရှိ လီမိသားစု လုပ်ငန်းမှာ အရောင်းဆိုင်များ ဖြစ်သည်။ ဤသည်မှာ မဟာလူသားလီ တရုတ်နိုင်ငံတွင် အာရုံစိုက်လိုသည့် လုပ်ငန်းလည်း ဖြစ်ပေသည်။ ၎င်းသည် ထိုင်ဟွာကုန်တိုက် လုပ်ငန်းစုနှင့် အတူတူသာပင်။ နယ်မြေ တစ်ခုတည်းတွင် ထပ်နေလျှင်ပင် ပြဿနာ မရှိချေ။ ပစ်မှတ်ထားသည့် မြေနေရာများ တူညီမည် မဟုတ်ချေ။ မဟာလူသားလီ၏ အရောင်းစင်တာများသည် လူချမ်းသာများကို ပစ်မှတ်ထားခြင်း ဖြစ်ပေသည်။

မည်သို့ပင် လူဦးရေ အချိုးအစားအတိုင်း ပစ်မှတ်ထားသည်ဖြစ်စေ အမြတ်အစွန်းများ ရှိနေပေသေးသည်။ လီမိသားစု၏ ဝန်ထမ်းများသည် ဒေသဆိုင်ရာ ကုန်တိုက်များကို တာဝန်ယူရပါက ထိုင်ဟွာကုန်တိုက်၏ တည်နေရာသည် လီမိသားစု အရောင်စင်တာများနှင့် နီးကပ်ခြင်းကို ကာကွယ်ရန် စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို လွှမ်းမိုး ထားနိုင်မှ ဖြစ်ပေလိမ့်မည်။ ဤသည်မှာ ယှဉ်ပြိုင်မှုများကို တားဆီးနိုင်ပြီး ပို၍ ကောင်းမွန်သည့် အခွင့်အရေးများ လီမိသားစုမှ ရနိုင်ပေသည်။

ယခုမူ လီကျယ်ခိုင်သည် မဟာလူသားလီ၏ အစီအစဉ်များကို နှောက်ယှက်လာလေသည်။ လီကျယ်ခိုင်သည် သူ့လူများကို မထိန်းချုပ်နိုင်ဘဲ ဖုန်းယွီကို အခွင့်အရေး ပေးခဲ့ပေသည်။

မဟာလူသားလီသည် လီကျယ်ခိုင် ပြောသမျှ မယုံကြည်ပေ။ ဖုန်းယွီ၏ အကြံပြုမှုသည် တရားမျှတပေသည်။ ဖုန်းယွီသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ လီကျယ်ခိုင်သည် သူ၏ ချမ်းသာကြွယ်ဝမှုကို ဟောင်ကောင် ဒေါလာ (၆)ဘီလီယံကျော်ဟု ခန့်မှန်းထားပေသည်။ သို့ရာတွင် မဟာလူသားလီကမူ ထို့ထက်ပိုများနိုင်ကြောင်း ခံစားနေရသည်။ ဖုန်းယွီ၏ ကုမ္ပဏီအားလုံးသည် စတော့ဈေးကွက်တွင် စာရင်း မဝင်ချေ။ ကုမ္ပဏီများကို စာရင်းသင်းလိုက်ပါက ဖုန်းယွီ၏ ပိုင်ဆိုင်မှုများသည် အဆများစွာ ပို၍ တိုးလာပေလိမ့်အုံးမည်။ သူသည် လီမိသားစုနှင့်အတူ ရှေ့ဆက်နိုင်ရန် စွမ်းအားရှိပေလိမ့်မည်။

ဖုန်းယွီနှင့် ဖူမိသားစုသည်လည်း အလွန်ရင်းနှီးပေသည်။ နှစ်ဖက် လက်တွဲလုပ်ဆောင်ပါက ကျယ်ပြန့်သည့် တရုတ်ဈေးကွက်သည် သူတို့လက်ထဲသို့ ပါသါားနိုင်ပေသည်။ ဖုန်းယွီ ထိုကိစ္စကို ကာကွယ်ရန် ယခုအခွင့်အရေးကို အသုံးချခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဤကိစ္စ ဖူမိသားစုပင် ပါဝင်နိုင်သေးသည်။

လီကျယ်ခိုင် သူ့ဖခင်ကို ဒေါသတကြီး ကြည့်နေမိသည်။ အမှားလုပ်မိကြောင်းလည်း သဘောပေါက်သွားသည်။ သူသည် အတ္တကြီးတတ်သော်လည်း အမှားလုပ်မိပါက တောင်းပန်ရန် ဝန်မလေးတတ်ချေ။

“အဖေ.. ဒီအကြံပြုချက်ကို ကျုပ် သဘောမတူခဲ့သေးဘူး.. ကျုပ် အဖေနဲ့ တိုင်ပင်ရအုံးမယ်လို့ ပြောထားတယ်.. မနက်ဖြန် ဒီကိစ္စငြင်းပြီး ကျုပ်လူတွေကို ပြန်ခေါ်လိုက်မယ်လို့ ကတိပေးတယ်..”

“ငြင်းမှာလား.. မင်းဘယ်လိုလုပ် ငြင်းမှာလဲ.. ဖူရုံပမ့် ဒါကို လက်ခံမယ် မင်းထင်လား.. ဖူရုံပမ့်မှာ ပိုင်ဆိုင်မှု မများဘူးလို့ မထင်နဲ့.. ဘယ်လိုပဲဖြစ်ဖြစ် သူက ဖူမိသားစုက တစ်ယောက်ပဲလေ.. ဖူမိသားစုရဲ့ ညီအစ်ကို(၄)ယောက် စလုံး ပေါင်းလိုက်မယ်ဆို သူတို့နဲ့ ယှဉ်ဖို့ ခဲယဉ်းသွားမယ်.. ပြီးတော့ ဖုန်းယွီလဲရှိသေးတယ်.. ဖုန်းယွီက ငယ်ရွယ်ပြီး အစကနေအဆုံးထိ သူလုပ်ခဲ့တာ.. သူ့ ကံကြမ္မာကို သူကိုယ်တိုင် ဖန်တီးထားတာ.. မာန မရှိဘူးလို့ မင်းထင်လား.. သူ့ကို စော်ကားတာက ဖူမိသားစုကို စော်ကားတာထက် ပိုအန္တရာယ်များတယ်ကွ..”

မဟာလူသားလီ ခေါင်းခါလိုက်သည်။ သူ့သားငယ် ပိုမို ရင့်ကျက်ရန် လိုအပ်ပေသေးသည်။

“အဖေ.. ကျုပ်တို့ ဖုန်းယွီကို အဲ့လောက်ထိ သတိထားဖို့ လိုလို့လား.. သူ ချမ်းသာပြီး အရည်အချင်းရှိတယ် ဆိုတာ မှန်ပါတယ်.. ဒါပေမယ့် အဖေကိုတော့ ယှဉ်နိုင်မယ့် အရည်အချင်း မရှိပါဘူး.. သူ မစ္စတာသန်းနဲ့ တွေ့ဖူးတယ် ဆိုပေမယ့် အဖေက မစ္စတာသန်းနဲ့ ခနခန တွေ့ဖူးထားတာလေ.. သူ့မှာ ပိုင်ဆိုင်မှု များနိုင်ပေမယ့် ကျုပ်တို့ မိသားစုနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး.. ပေါင်းသင်းဆက်ဆံရေး.. အတွေံအကြုံ.. အားသာချက်တွေအရဆို ကျုပ်တို့ မိသားစုက ပိုတယ်လေ.. ကျုပ်တို့က ဘာကြောင့် သူ့ကို စိုးရိမ်စရာ လိုမှာလဲ..”

“မင်းက ဟောင်ကောင် အကြောင်းပြောနေတာပဲ.. တရုတ်ပြည်မှာ ဆိုရင်ရောကွာ.. ဖုန်းယွီရဲ့ အခြေစိုက်နေရာက တရုတ်မှာ.. ပြီးတော့ ငါတို့ထက် ပိုအားကောင်းတယ်.. ဂျပန်နဲ့ ရုရှားမှာလဲ ရင်းနှီးမြုပ်နှံမှုတွေရှိတယ်.. သေချာ သုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်မှာတောင် ရင်းနှီးမြုပ်နှံထားလောက်တယ်.. ရှေ့နေ ဝီလ်ဆင် ပြီးခဲ့တဲ့ (၂)နှစ်အတွင်း ဟောင်ကောင်က အိမ်ခြံမြေတွေ ဝယ်ခဲ့သေးတယ်.. ဒါတွေအားလုံး တန်ဖိုးမြင့် အိမ်ယာတွေ ကြီးပဲ.. သူ့ပိုက်ဆံတွေ ဘယ်ကရလာတယ်ထင်လဲ.. ငါတို့ရှေ့နေတွေ အစီရင်ခံစာကို ကြည့်ရင် ဖုန်းယွီအတွက် ဝီလ်စင်စာချုပ်တွေ ဘယ်လောက်ထိ လုပ်ထားတယ်ဆိုတာ မင်းသိလိမ့်မယ်..”

မဟာလူသားလီ သက်ပြင်းချလိုက်သည်။ ဤအသေးစိတ် အချက်အလက်များကို သူဂရုမစိုက်ပါက ဖုန်းယွီ၏ အစစ်အမှန် စွမ်းရည်များကို သူမခန့်မှန်းနိုင်ပေ။ ဖုန်းယွီသည် မဟာသူဌေးကြီး ဖြစ်နိုင်ပြီး သူ့ချမ်းသာမှုထက် မနည်းချေ။ ဟောင်ကောင်မှာပင် ဖုန်းယွီသည် ထိပ်တန်း သူဌေးကြီး (၁၀)ဦးစာရင်းဝင် တစ်ယောက် ဖြစ်လောက်ပေသည်။

ဟောင်ကောင်ရှိ ထိပ်တန်းသူဌေးကြီး (၁၀)ယောက်တွင် ပိုင်ဆိုင်မှု ဟောင်ကောင်ဒေါ်လာ(၁၀)ဘီလီယံကျော် ရှိပေသည်။ ၎င်းတို့ ထိန်းချုပ်ထားသည့် စီးပွားရေး လုပ်ငန်းများသည် အမေရိကန် ဒေါ်လာ (၁၀)ဘီလီယံကျော် တန်ကြေး ရှိနိုင်ပေသည်။

အရေးအကြီးဆုံးမှာ ဖုန်းယွီသည် အသက်(၂၀)သာ ရှိသေးပြီး မဟာလူသားလီက (၅)နှစ်အတွင်း သူ့စည်းစိမ်ဥစ္စာများ ရှာထားခြင်း ဖြစ်ကြောင်း ကြားထားပေသည်။ (၅)နှစ် အတွင်း သုညမှ ဟောင်ကောင်ဒေါ်လာ (၁၀)ဘီလီယံကျော် တန်ဖိုးရှိ ပိုင်ဆိုင်ထားသူ၏ ကုမ္ပဏီများ တစ်ခုမှ စာရင်းဝင်ထားခြင်း မရှိသေးချေ။ ဤသည်က ဖုန်းယွီ မည်မျှ ကြောက်စရာကောင်းကြောင်း ပြသနေပေသည်။

မဟာလူသားလီ၏ စိတ်နှလုံးထဲတွင် ဖုန်းယွီ၏ အဆင့်အတန်းသည် ဖူမိသားစုနှင့် တူညီပေသည်။ ဖူမိသားစု တစ်ခုလုံးဖြစ်သည်။ ဖူမိသားစုဝင် တစ်ယောက် မဟုတ်ချေ။

လီကျယ်ခိုင် မေးရိုးများ ပြုတ်ကျသွားသည်။ ဘာပြောရမှန်း မသိတော့ချေ။ ဖုန်းယီ သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နေပေသည်။ သူသည် ဖုန်းယွီထက် ပို၍ အရည်အချင်းရှိသည် ထင်ထားသော်လည်း ဆန့်ကျင်ဘက် ဖြစ်နေပေသည်။ သူ ဖုန်းယွီကို လျော့တွက်မိခဲ့ပေသည်။

“သူ့အကြံပြုချက်အတိုင်း ဝန်ထမ်းတွေကို စည်းကမ်း လိုက်နာခိုင်းလိုက်.. သူတို့ နေရာတွေကို သေချာသိပြီး လေ့လာ ခိုင်းလိုက်.. ဒါ သူတို့ရဲ့ နောက်ဆုံး အခွင့်အရေးပဲ.. မင်း ငါ့ကို ထပ်ပြီး စိတ်မပျက်စေနဲ့တော့..”

“တောင်းပန်ပါတယ် အဖေ.. ငါသေချာ ပြန်လုပ်ပါ့မယ်.. ကောင်းကောင်း အနားယူပါ..”

ျလီကျယ်ခိုင် စာကြည့်ခန်းမှ ထွက်လာသည်နှင့် သက်ပြင်းချ၍ ဖုန်းခေါ်လိုက်သည်။ ဖုန်းယွီသည် မည်မျှ စွမ်းအားကြီး သည်ကို သိရှိခဲ့ပြီး သူတို့သည် သူငယ်ချင်းများ ဖြစ်ပေသည်။ ဤသည်က သူ့အသက်မွေးဝမ်းကြောင်း အတွက် သေချာပေါက် အကူအညီ ပေးလာပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters