လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီ၏ တိုးတက်မှုများ
Vol. 37 Ch. 549
နောက်တစ်နေ့နံနက် ဖုန်းယွီသည် လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီသို့ ရောက်လာခဲ့သည်။ ကောင်တာစားပွဲမှ လှပသော ကောင်မလေးတစ်ယောက် ဖုန်းယွီအားတွေ့သွားကာ..
“ဆရာ.. ဘာများ အကူအညီပေးရမလဲ..”
ဖုန်းယွီ သူ့ကို ကြည့်ကာ..
“မင်းက လူသစ်လား..”
ကောင်မလေး အံ့ဩသွားသည်။ ကျွမ်းကျင်သူဖြစ်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ထိုလူသည် မိမိကို ဤနေရာ၌ လူသစ်ဖြစ်ကြောင်း မည်သို့ သိနေသနည်း။ ထိုလူသည် ဤနေရာတွင် ပုံမှန် ဖောက်သည်တစ်ဦး ဖြစ်နိုင်သည်လော။ သို့ရာတွင် ထိုသို့သောသူနှင့် မတူချေ။
ထိုလူသည် အသက်(၂၀)လောက်သာ ရှိပေလိမ့်မည်။ လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီ၏ ဖောက်သည်များ၏ လိုအပ်ချက်မှာ အနည်းဆုံး(၁) သန်းဖြစ်ရပေမည်။
“ဆရာ.. နင် ငါတို့ ဖောက်သည်လား..”
ဧည့်ကြို ခါးအနည်းငယ် ကိုင်း၍ မေးလိုက်သည်။
“မဟုတ်ဘူး..”
မိန်းမလှလေး ချက်ချင်း ကျောပြန်ဆန့်သွားသည်။ ထိုသူသည် ဖောက်သည် မဟုတ်သည်လော။ သူသည် မည်သည့်အတွက် မောက်မာနေသနည်း။ မိမိသည် ဤနေရာတွင် လူသစ်ဖြစ်သည့်အတွက် ထိုသူ မစိုးရိမ်သည်လော။ ဤကုမ္ပဏီသည် မည်သည့် ကုမ္ပဏီဖြစ်ကြောင်း သိသည်လော။
“ဆရာ.. ဒီမှာက အနိမ့်ဆုံး ရင်းနှီးမြုပ်နှံမှုက (၁)သန်းဖြစ်တဲ့အပြင် အနည်းဆုံး (၁)လ ကြာရပါမယ်..”
ဖုန်းယွီ ပြုံး၍ ခေါင်းခါရင်း..
“ငါ ဒီမှာ ရင်းနှီးမြုပ်နှံဖို့ မဟုတ်ဘူး.. ငါက ဒီကုမ္ပဏီရဲ့ ပိုင်ရှင်ပါ..”
ထိုစကားပြော၍ ဖုန်းယွီ အထဲသို့ ဝင်ချင်သော်လည်း ထိုမိန်းကလေးက အပြေးလေး သူ့ရှေ့မှ တားထားလေသည်။
“ဆရာ.. ကျေးဇူးပြုပြီး မနောက်ပါနဲ့.. ဆက်သွားရင် လုံခြုံရေးကို ဖုန်းဆက်ရပါလိမ့်မယ်.. ငါတို့ ကုမ္ပဏီက ဒီအဆောက်ဦးမှာ အအောင်မြင်ဆုံး ကုမ္ပဏီပါ.. ငါတို့ ကုမ္ပဏီရဲ့ ရန်ပုံငွေ ဘယ်လောက်တောင် ရှိလဲဆိုတာ နင်သိလား..”
ကောင်မလေး ဒေါသသံဖြင့် ပြောလိုက်သည်။ သူသည် ပိုင်ရှင်လော။ မိုက်မဲလွန်းပေသည်။
ထိုအချိန်၌ အကြီးတန်း ပွဲစားတစ်ဘောက် အပြင်မှ ဝင်လာသည်။ သူ့ အပြောအဆိုအရ ဖောက်သည်ကြီး တစ်ယောက် ဖြစ်ပေလိမ့်မည်။
“သူဌေး.. မင်းဒီနေ့ ဘာလို့ ဒီရောက်နေတာလဲ..”
ထိုပွဲစားသည် ကုမ္ပဏီ၏ အကြီးတန်း ဝန်ထမ်းများအတွင်းမှ တစ်ယောက် ဖြစ်သည်။ သူသည် ဟယ်ကျောက်ကျီး နှင့်အတူ ကုမ္ပဏီတွင် ပါဝင်ခဲ့ပြီး ဖုန်းယွီ မည်သူဖြစ်ကြောင်း သိထားပေသည်။
“ကျုပ် ကြည့်ဖို့ တစ်ခုရှိလို့လာတာ.. မင်း ကိုယ့်အလုပ်ကိုယ် သွားလုပ်လို့ရပါတယ်..”
ထိုပွဲစားနှင့် စကားပြောပြီးနောက် ဖုန်းယွီ ကောင်တာ ဧည့်ကြိုမလေးဘက် လှည့်ကြည့်လိုက်သည်။
ထို မိန်းကလေး အံ့ဩသွာသည်။ သူ့မောင် အရွယ်လောက်လူသည် ဤကုမ္ပဏီ၏ သူဌေးလော။ ထိုလူကို အစောလေးက ကြိမ်းမောင်းခဲ့မိသည်လော သူ့ကိုယ်သူ ပြန်မေးနေမိသည်။ ရက်ပိုင်းလေးသာ အလုပ်လုပ်၍ အလုပ်ထုတ်ခံရတော့မည်လော။ ဤကဲ့သို့ လစာမြင့်သော အလုပ် မည်သည်သည့်နေရာတွင် ရှာနိုင်မည်နည်း။
မီးဖွားခွင့်ယူသွားသော ဧည့်ကြိုဟောင်းကြောင့်သာ မဟုတ်ပါက ဤကုမ္ပဏီတွင် ဝင်ခွင့်ရမည် မဟုတ်ချေ။
“သူ… သူဌေး…. ငါတောင်းပန်ပါတယ်..”
“အဆင်ပြေပါတယ်.. နင့်အလုပ်နင် ဆက်လုပ်ပါ.. နောက်တစ်ကြိမ် နင် မသေချာရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတည်ပြုလို့ရတယ်.. အထင်နဲ့ လျှောက်မလုပ်နဲ့..”
ဖုန်းယွီ သူ့အတွက် ခက်ခဲအောင် လုပ်မည် မဟုတ်ချေ။ လူတော်တော်များများ သူ့ကို မသိသည်မှာ ပုံမှန်ပင် ဖြစ်သည်။ ဖုန်းယွီက ဟယ်ကျောက်ကျီးကို သူ့ဓါတ်ပုံအား ကုမ္ပဏီတွင် မပြရန် ပြောခဲ့သည်မဟုတ်ပါလော။ ထို့အပြင် ဤကောင်မလေးသည် အလွန်လှပ၍ ဖောက်သည်များကို ကြိုဆိုနှုတ်ဆက်ရန် အသင့်တော်ဆုံး ဖြစ်ပေသည်။
ဖုန်းယွီ ရုံးခန်းအတွင်း ဝင်လာပြီး ဝန်ထမ်းများ မတ်တပ်ရပ်၍ နှုတ်ဆက်လိုက်သည်။ ငွေကြေးပွဲစားအနေဖြင့် သူတို့ ကွန်ပျူတာ မျက်နှာပြင်များကို အချိန်ပြည့် စောင့်ကြည့်နေရပေလိမ့်မည်။ အမှားတစ်ခုခု လုပ်မိပါက ဆုံးရှုံးမှု ကြီးမှားသွားနိုင်ပေသည်။
ဖုန်းယွီ ဟယ်ကျောက်ကျီး ရုံးခန်းသို့ ရောက်သည့်အခါ လက်ဖက်ရည်ခွက်ကိုင်၍ ထမင်းစားပွဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူဌေးရှိကြောင်း ကြားသည့်အခါ လက်ဖက်ရည်တစ်ခွက် ဖျော်ပေးရန် ချက်ချင်း သွားလိုက်သည်။
“အေးပါ.. ကုမ္ပဏီ တိုးတက်မှုတွေ ပြောစမ်းပါအုံး..”
ဖုန်းယွီ ဟယ်ကျောက်ကျီး ရုံးခန်းအတွင်း ဆိုဖာပေါ်ထိုင်၍ လက်ဖက်ရည်သောက်ရင်း ထိုင်လိုက်သည်။ မျက်မှောင်ကြုတ်၍ ထွက်ကိုချလိုက်သည်။ ကျန်းလွေ့ချင်၏ လက်ဖက်ရည်က ပို၍ အရသာကောင်းပေသည်။
“သူဌေး… ငါတို့ စီမံခန့်ခွဲနေတဲ့ ရန်ပုံငွေက ဟောင်ကောင်ဒေါ်လာ (၁)ဘီလီယံ ကျော်သွားပြီ.. ရန်ပုံငွေ အားလုံးထဲမှာ မင်းက ဟောင်ကောင်ဒေါ်လာ သန်း(၃၀၀)ရှိတယ်.. ကျန်တာက ငါတို့ ပွဲစားတွေ၊ ဖောက်သည်တွေ ဆီကပေါ့.. ငါတို့တွေ ညွှန်ကြားချက်အတိုင်း ဟောင်ကောင်ဒေါ်လာ(၁)သန်းအထက် ရင်းနှီးမြုပ်နှံတဲ့ သူကိုပဲ လက်ခံတော့တယ်.. အခုဆို ငါတို့ ကုမ္ပဏီက ဟောင်ကောင်မှာ နာမည်ရနေပြီ.. ဟောင်ကောင်က ကြယ်ပွင့်တွေ အများကြီး ငါတို့ဖောက်သည် ဖြစ်ကုန်ပြီ..”
“မင်တို့ ပြန်ရငွေ အခြေအနေကရော..”
“ငါတို့တွေ အမေရိကန် ဈေးကွက်မှာ အဓိက ရင်းနှီးမြုပ်နှံထားပြီး ရေနံ၊ ရွှေနဲ့ အနာဂတ် အစီအစဉ်ငယ်တွေပေါ့.. ငါတို့ ပြန်ရငွေကလဲ လတိုင်း အနည်းဆုံး (၆)ရာခိုင်နှုန်း .. တစ်လအတွင်း အမြင့်ဆုံး အထွက်နှုန်းက (၁၇)ရာခိုင်နှုန်းပေါ့.. ဒီနှစ်အတွက် လစဉ် ပျမ်းမျှ အမြတ်နှုန်းက (၉.၃)ရာခိုင်နှုန်းရနေတယ်..”
တစ်လ (၉.၃)ရာခိုင်နှုန်း ပြန်ရနှုန်းသည် စိုးရိမ်စရာ ဖြစ်ပေသည်။ ဤသည်မှာပင် ဖုန်းယွီ သူတို့အား မကြာခန လမ်းညွှန်ထားခြင်းကြောင့် ဖြစ်ပေသည်။ ကုမ္ပဏီ၌ ပွဲစား များများစားစား မရှိသော်လည်း အလွန် တိုးတက် လာခဲ့ပေသည်။
ဖုန်းယွီသည် ပွဲစားများအား ကော်မရှင် မြင့်မားစွာ ပေးခဲ့ပြီး ယခင်ကထက် ဝင်ငွေ ပိုရနိုင်ပေသည်။ ဖုန်းယွီက သူတို့ကို အနာဂတ်ခေတ်ရေစီးကြောင်းကို တိကျစွာ ပြောနိုင်ပြီး ဖုန်းယွီ သဘောကျသွားခြင်းလည်း ဖြစ်နိုင်ပေသည်။ ကုမ္ပဏီကို စတင်တည်ထောင်ချိန်မှ စ၍ ပွဲစားတစ်ဦးတစ်ယောက်မှ နှုတ်ထွက်ခဲ့ခြင်း မရှိသေးချေ။ အမှန်တကယ်တွင်း ထိပ်တန်းပွဲစား အနည်းငယ်ပင် ဤကုမ္ပဏီသို့ ဝင်ရောက်လာကြသေးသည်။
ထိုပွဲစားများ အချင်းချင်း စကားပြောကြပေသည်။ ဖောက်သည်များ မရလျှင်ပင် သူတို့ ကိုယ်ပိုင်ငွေနှင့် ရင်းနှီးမြုပ်နှံနိုင်ပေသည်။ ကုန်ကျစရိတ် နှုတ်ပြီး ပြန်ရငွေမှာလည်း နည်းမည်မဟုတ်ချေ။ သူဌေးခန့်မှန်းထားသည့် လမ်းကြောင်းသည် မည့်သည့်အခါတွင်မှ မမှားခဲ့ဘူးသေးချေ။ သူတို့အားလုံး ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုမှ အကျိုးအမြတ်များ ရခဲ့ကြသည်။
ရေနံနှင့် ကမ္ဘာ့ငွေကြေးဈေးကွက် မငြိမ်မသက် ဖြစ်နေပြီး ထိခိုက်မှာ စိုးရိမ်ရသည့် အချိန် အနည်းငယ် ရှိခဲ့ပေသည်။ သို့ရာတွင် နောက်ဆုံး၌ သူတို့သူဌေး ခန့်မှန်းထားသည့် အတိုင်းသာ ဖြစ်ပေသည်။
ပထမတွင် ပွဲစားများ ဖောက်သည်ရှာရန် အပြင်ထွက် ရှာကြရသည်။ အမှီအခိုကင်းသည့် ပွဲစားများအဖြစ် အလုပ်လုပ်စဉ်က ၎င်းတို့၏ ဖောက်သည်ဟောင်းများကို အဓိက ရှာဖွေခဲ့ကြသည်။ ယခုမူ သူတို့သည် ဖောက်သည်များ ရှာဖွေရန် မလိုအပ်တော့ချေ။ ဖောက်သည်များသည် သူတို့ကို စိတ်ကြိုက်လာ၍ ရှာဖွေရပေတော့သည်။
ဖုန်းယွီကလည်း ဤကုမ္ပဏီအတွက် စည်းမျဉ်းများ ချမှတ်ပေးခဲ့သည်။ သူသည် အထက်တန်းစား ပွဲစားများသာ လိုချင်ပေသည်။ ကုမ္ပဏီသည် ပွဲစား (၁၀)ဦးဖြင့် စတင်ခဲ့ပြီး နောက်ပိုင်းတွင် လူအနည်းငယ် ထပ်မံ ငှားရမ်းခဲ့သည်။ ဧည့်ကြိုကောင်တာနှင့် သန့်ရှင်းရေး ဝန်ထမ်းများ အပါအဝင် ကုမ္ပဏီတွင် လူ(၂၀)ပင် မပြည့်ခဲ့ချေ။ ဤသည်က အခြားပွဲစားများနှင့် ကွာခြားပေသည်။
သို့ရာတွင် လေနှင့်မို့ အတိုင်ပင်ခံ ကုမ္ပဏီတွင် အခြားကုမ္ပဏီများ အအောင်မြင်နိုင်သည့် အရာတစ်ခု ရှိပေသည်။ ကုမ္ပဏီစခဲ့သည့် အချိန်မှစ၍ မည်သည့်အခါတွင်မှ ငွေကြေး မဆုံးရှုံးခဲ့ဘူးသေးချေ။ လစဉ် အမြတ်ထွကနေသည်သာပင်။
ပွဲစားရှာသူများမှာ မည်သို့ ရင်းနှီးမြုပ်နှံရမှန်း မသိသော သူများပင်။ ထို့ကြောင့် ပွဲစားငှားကြရသည်။ ထိုလူများသည် ငွေရှာချင်သော်လည်း ပိုက်ဆံ ဆုံးရှုံးမည်ကို အလွန်ကြောက်ကြပေသည်။
ကုမ္ပဏီတိုင်းတွင် အမြတ်အစွန်းများစွာ ရသူတစ်ချို့နှင့် ရင်းနှီးမြုပ်နှံမှုအားလုံး ဆုံးရှုံးသွားသူများ ရှိပေလိမ့်မည်။ သို့ရာတွင် လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီတွင် ထိုကဲ့သို့ မဖြစ်ဖူးသေးချေ။
ကုမ္ပဏီသည် မိမိတို့ ဖောက်သည်များကို နေ့ချင်းညချင်း ချမ်းသာအောင် မစွမ်းဆောင်နိုင်သော်လည်း မိမိတို့ ဖောက်သည်၏ ငွေများ မဆုံးရှုံးဖူးခဲ့ချေ။ ဤသည်မှာ လေနှင့်မိုး တိုးတက်လာရခြင်း အချက်ဖြစ်သည်။
အခြားကုမ္ပဏီများသည် ဖောက်သည်များ ဆွဲဆောင်နိုင်ရန် နည်းလမ်းမျိုးစုံသုံးခဲ့ကြပေသည်။ ဥပမာအားဖြင့် သူတို့သည် နေ့စဉ်အမြတ်ငွေများ ကြေငြာ၍ ဖောက်သည်များအတွက် သူတို့ ဖန်တီးထားသည့် ငွေပမာဏများ ပြသပေတော့သည်။ ပွဲစားတစ်ခုတွင် အနည်းဆုံး ဖောက်သည်အကောင့် တစ်ရာရှိ၍ အချို့မှာ ထောင်ဂဏန်းနှင့်ပင် ရှိနိုင်ပေသေးသည်။ ကုမ္ပဏီသည် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများကို ရှုံးဆုံးစေပါက၊ အခြားအကောင့်များမှ ငွေရှာနိုင်သေးသည်။
သို့တိုင်အောင် တစ်ချိန်တည်းမှာပင် သူတို့၏ ရင်းနှီးမြုပ်နှံမှုအားလုံး ဆုံးရှုံးခံရသည့် ဖောက်သည်များလည်း ရှိခဲ့ပေသည်။ အချို့သော့ သိက္ခာမဲ့ ပွဲစားများသည် ၎င်းတို့ ဖောက်သည်များ၏ ငွေများကို ခန့်မှန်းရန်ပင် အသုံးပြုကြပြီး ကံကောင်းပါက ဖောက်သည်များအတွက် ငွေရှာနိုင်ပေလိမ့်မည်။ သို့ရာတွင် သူတို့ ကံမကောင်းပါက ဖောက်သည်များ၏ ပိုက်ဆံများ အကုန်ဆုံးရှုံးရပေလိမ့်မည်။
ဖောက်သည်သည် (၁၀၀၀၀)ဆုံးရှုံးသွာပါက ပြန်လည်ရှာဖွေနိုင်သေးသည်။ သို့ရာတွင် ဖောက်သည်သည် (၁)သိန်း ဆုံးရှုံးသွားပါက လက်ခံတော့မည် မဟုတ်တော့ချေ။ ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံထားသည့် ဖောက်သည်များသည် သန်းနှင့်ချီ ဆုံးရှုံးသွားကြောင်း ပွဲစားများ အကြောင်းကြားလာပါက လူသတ်ချင်စိတ်ပင် ပေါက်လာကြပေလိမ့်မည်။
သို့ရာတွင် ဖောက်သည်သည် ထိုပွဲစားအား သတ်ခဲ့လျှင်ပင် သူ့ပိုက်ဆံများ ပြန်ရတော့မည် မဟုတ်ချေ။
ထို့ကြောင့် လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီသည် အခြားအတိုင်ပင်ခံများ၊ အရစ်ကျ လုပ်ငန်းများ၊ ရင်းနှီးမြုပ်နှံမှု စသည်ဖြင့် ထိပ်ဆုံးမှ ပေါ်ထွက်လာပြီး ရင်းနှီးမြုပ်နှံရန် လေနှင့်မိုး အတိုင်ပင်ခံကုမ္ပဏီကို လူများ ပို၍ပင် ရောက်လာခဲ့ကြတော့သည်။
မည်သို့ ရင်းနှီးမြုပ်နှံရမှန်း မသိသော ဟောင်ကောင် နာမည်ကြီးတစ်ယောက်သည် လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီကို ရောက်လာပြီး သူ့ရင်းနှီးမြုပ်နှံမှုသည် (၆)လအတွင်း (၃.၄)သန်းမှ (၄)သန်းအထိ ဖြစ်သွားခဲ့သည်။ သူ့မိတ်ဆွေက အခြားကုမ္ပဏီတစ်ခုနှင့် (၃)သန်း ရင်းနှီးမြုပ်နှံခဲ့သော်လည်း (၆)လအကြာတွင် သူ့အကောင့်၌ (၁)သိန်းပင် မပြည့်တော့ချေ။
ထို(၂)ခု၏ ရလဒ်များ နှိုင်းယှဉ်ကြည့်ပါက မည်သည့် ကုမ္ပဏီသည် ပို၍စိတ်ချရသည်ကို သိပ်မကြာမှီအတွင်း သတင်းစကား ပျံ့နှံ့သွားတော့သည်။ ကျော်ကြားသူများ ပိုမို တိုးပွားလာကာ သူတို့၏ ရင်းနှီးမြုပ်နှံမှုအား ကူညီပေးရန်အတွက် လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီထံ ရောက်လာခဲ့တော့သည်။ အချို့သော ငွေကြေးအပိုအလျှံ ရှိသော ဖောက်သည်များသည်လည်း လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီသို့ ရောက်လာကြတော့သည်။ လေနှင့်မိုး အတိုင်ပင်ခံ ကုမ္ပဏီမှ စီမံခန့်ခွဲသော ရန်ပုံငွေ ပမာဏသည် ပို၍ ကြီးမားလာပြီး ဟောင်ကောင်တွင် ပို၍ပို၍ အောင်မြင်လာသည့် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပေသည်။
“အစောပိုင်းက ရွှေဈေးကွက်ကိုရော ဘယ်လိုထင်လဲ..”
ဟယ်ကျောက်ကျီး မျက်ဝန်းများ တောက်ပသွားတော့သည်။ ဖုန်းယွီသည် သူတို့ကို ရွှေဈေးကွက် ခန့်မှန်းပေးတော့ မည်လော။ သူဌေးသည် သူတို့ကို ရင်းနှီးမြုပ်နှံရန် လာပြောတိုင်း ကုမ္ပဏီ၏ အမြတ်ငွေ တိုးတိုးလာပေလိမ့်မည်။ ပွဲစးများအားလုံးသည်လည်း ကော်မရှင်များနှင့် ဝင်ငွေများလည်း တိုးလာပေလိမ့်မည်။ သို့ရတွင် ဖုန်းယွီမှာ အမြဲ အလှုပ်ရှုပ်နေပေသည်။ နောက်ဆုံးတော့ ဖုန်းယွီသည် ယနေ့ ရောက်လာခဲ့ပေတော့သည်။ နောက်ဆုံး၌ ဟယ်ကျောက်ကျီး အမြတ်ရနိုင်ရေးအတွက် သူဌေးနောက် ကောက်ကောက်ပါအောင် လိုက်ခဲ့တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)