အကြီးစား ရင်းနှီးမြုပ်နှံသူများ
Vol. 37 Ch. 550
“ကျုပ်တို့တွေ ရွှေဈေးခန့်မှန်း ရင်းနှီးမြုပ်နှံပြီး အန္တရာယ်နည်းနိုင်သမျှနည်းအောင် လုပ်ပေးနိုင်လောက်တယ်.. ဩဂုတ်လထဲမှာ ရွှေဈေး တော်တော် ထိုးကျသွားပေမယ့် အချိန်မီ လေး ပြန်ပြင်နိုင်လို့ အမြတ် နည်းနည်း ရလိုက်သေးတယ်.. ရွှေဈေးကို စိစစ်ပြီး ဒီနှစ်ရွှေဈေး ဆက်တက်မယ် ခံစားရတယ်.. ဒေါ်လာ(၃၈၀) ထိရောက်လာနိုင်တယ်.”
ဟယ်ကျောက်ကျီး နှင့် ဖူရုံချီတို့သည် ရွှေနှင့်ပတ်သက်၍ တူညီသော အမြင်များ ရှိနေပေသည်။ သူ၏ စိစစ် သုံးသပ်မှုမှာ ရှေးရိုးဆန်သော်လည်း မကြာမှီ ရွှေဈေး တက်လာမည်မှာ မလွဲမသွေပင်ဖြစ်သည်။ ရွှေဈေးသည် ဒေါ်လာ (၃၈၀)(၃၉၀)အထိ ရောက်မည်ကို သူတို့နှစ်ဦးစလုံး မသိချေ။
သို့ရာတွင် သူတို့၏ အရည်အချင်းများကို သက်သေပြနိုင်ပေသည်။ ဖုန်းယွီသည် စွန့်စားချင်သည့် ပွဲစားများ မလိုချင်ချေ။ အတွေ့အကြုံရှိသူ၊ ဆုံးဖြတ်ချက်ကောင်း၍ ညွှန်ကြားချက် လိုက်နာသူများသာ လိုချင်ပေသည်။ ပွဲစားသည် လမ်းညွှန်ချက်ကို မလိုက်နာပါက အရည်အချင်း မည်မျှရှိသည်ဖြစ်စေ မလိုချင်ချေ။
ဖုန်းယွီစိတ်ထဲ၌ သူ့တွင် ယခင်ဘဝ မှတ်ဉာဏ်များ ရှိနေပေသည်။ ခေတ်ရေစီးကြောင်းကို သိနေပေသည်။ သူ့ယခင် ဘဝတွင်၊ သမိုင်းလမ်းကြောင်းများကို အကြိမ်ကြိမ် လေ့လာခဲ့ပြီး ထိုအရာများအားလုံး သူမှတ်ဉာဏ်ထဲတွင် ဆွဲထင်နေပေသည်။
ယခုဘဝတွင်မူ George Soros နှင့် Warren Buffett တို့သည်ပင် ရင်းနှီးမြုပ်နှံမှုနှင့် ပတ်သပ်၍ သူ့ကို မယှဉ်နိုင်ဟု ဖုန်းယွီ ယုံကြည်ထားသည်။ သူသည် ဤခေတ်တွင် အစစ်အမှန် ဘဏ္ဍာရေးမှူး ဖြစ်နေပေပြီ။
“ရွှေဈေးကွက် ရင်းနှီးမြုပ်နှံဖို့ ရန်ပုံငွေ ဘယ်လောက်ရှိလဲ..”
“မင်းရော.. ငါတို့ပွဲစားတွေရဲ့ ကိုယ်ပိုင်အကောင့်တွေရော.. ရွှေဈေးမှာမှာ ရင်းနှီးမြုပ်နှံဖို့ သဘောတူထားတဲ့ ဖောက်သည်တွေ အပါအဝင် ငါတို့မှာ ဟောင်ကောင်ဒေါ်လာ သန်း(၅၀၀)လောက်ရှိတယ်”
သူဌေး အမှန်တကယ်ကို အလောင်းအစား ကြီးကြီး လုပ်ပေတော့မည်။ ရနိုင်သည့် ရန်ပုံငွေများအား အားလုံး သုံးမည်လော။
သို့ရာတွင် မကြာမှီ ဤဟောင်ကောင်ဒေါ်လာ သန်း(၅၀၀)သည် ဖုန်းယွီအတွက် အနည်းငယ်သာ ဖြစ်ကြောင်း ဟယ်ကျောက်ကျီး သဘောပေါက်ထားပေသည်။ အဘယ့်ကြောင့်ဟူမူ နောက်ပိုင်းတွင် ထူးခြားသော ရန်ပုံငွေများ ဝင်လာ၍ဖြစ်သည်။
“သန်း(၅၀၀)ပဲ ရှိတာလား.. ကောင်းပြီလေ ကုမ္ပဏီအကောင့် ရေးပေးလိုက်.. နောက် ငါ ကုမ္ပဏီထဲကို ရန်ပုံငွေ ပို့လိုက်မယ်.. ရန်ပုံငွေအားလုံး ရွှေဈေးမှာ ကစားဖို့ပဲ..”
ဖောက်သည်တိုင်းသည် သူတို့ ပွဲစားများကို (ကြိုတင်ခန့်မှန်းမှု)အလောင်းအစားတွင် ရင်းနှီးမြုပ်နှံခွင့် မပေးဝံ့ကြချေ။ ဖောက်သည်အများစုသည် ပွဲစားများကို စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံခွင့် ပြုရန် သဘောတူ လက်မှတ်ရေးထိုးရသည်။ ပွဲစားများမှ ၎င်းတို့၏ ရန်ပုံငွေများမှ ၎င်းတို့၏ ရန်ပုံငွေများကို အလောင်းအစား လုပ်ပါက ဥပဒေနှင့် ဆန့်ကျင်သဖြင့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်စေပေလိမ့်မည်။
ရန်ပုံငွေ ဟောင်ကောင်ဒေါ်လာ သန်း(၅၀၀)ဆိုသည်မှာ မများချေ။ ကံကောင်းစွာဖြင့် ဖုန်းယွီသည် ငွေအနည်းငယ် ပြင်ဆင်ထားပေသည်။ နောင်တွင် ကိုယ်တိုင်ကိုယ်ကျ ရင်းနှီးမြုပ်နှံရန်မှာ ကြုံတောင့်ကြုံခဲ ဖြစ်သည့်အပြင် ထိုသည်မှ အမြတ်အစွန်း အများဆုံး ရလိုသူဖြစ်ပေသည်။
“သူဌေး.. တရုတ်ထိုင်ဟွာ ကုန်သွယ်ရေးက ယွမ်သန်း (၃၀၀)လွှဲလိုက်ပါတယ်..”
အချိန်ခနအကြာ ဟယ်ကျောက်ကျီးသည် ကုမ္ပဏီ အကောင့်သို့ ငွေဝင်လာသည်ကို တွေ့ရပြီး ဖုန်းယွီကို ချက်ချင်း သတင်းပို့ခဲ့သည်။
ဖုန်းယွီ တည်ငြိမ်စွာဖြင့်ပင် ခေါင်းညိတ်ပြပြီး..
“ကောင်းပြီ.. နို့လက်ဖက်ရည် တစ်ခွက် အောက်ဆင်း ဝယ်ပေးဗျာ.. ခင်ဗျား လက်ဖက်ရည် သောက်မကောင်းဘူး..”
(၁၀)မိနစ်အကြာတွင် ဟယ်ကျောက်ကျိး နို့လက်ဖက်ရည်တစ်ခွက်ဖြင့် ရုံးခန်းအတွင်း ဝင်လာခဲ့သည်။
“သူဌေး တရုတ် လေနဲ့မိုး လျှပ်စစ်ကနေ ကျုပ်တို့ အကောင့်ထဲကို ယွမ် သန်း(၁၀၀) လွှဲပေးလိုက်ပြီ။
“ကောင်းတယ်.. နို့လက်ဖက်ရည် ဒီမှာပဲ ထားခဲ့လိုက်လေ..”
ဖုန်းယွီ ဝတ္ထုတစ်အုပ် ကောက်ကိုင်လိုက်သည်။ မျက်လုံးက စာအုပ်ပေါ်တွင်သာ ရှိနေပေသည်။ ထိုဝတ္ထုကို တရုတ်ဘာသာဖြင့်ပင် ရိုးရှင်းစွား ရေးထားပြီး အရေးအသား ကောင်းမွန်ပေသည်။ တရုတ်ရိုးရာစာကို ဖတ်ရသည်မှာ ရှုတ်ထွေး၍ ပင်ပန်းလွန်းလှပေသည်။
ဤသို့ ဝတ္ထုများကို ပမ့်မြို့တော်တွင် မရနိုင်ချေ။ ဖုန်းယွီသည် ဟောင်ကောင်သို့ ရောက်ပြီးနောက် တစ်အုပ်ဝယ်၍ အားလပ်ချိန်တိုင်း ဖတ်နေခဲ့ပေသည်။
(၁၅)မိနစ်ခန့် ကြာသည့်အခါ ဟယ်ကျောက်ကျီး ရုံးခန်းအတွင်း ဝင်လာကာ အသက်ပြင်းပြင်း ရှူရင်း..
“သူဌေး ဂျပန် အိုက်ဝါကုမ္ပဏီက ကုမ္ပဏီအကောင်ထဲကို ဒေါလာသန်း(၃၀)လွှဲပေးလိုက်တယ်..”
“ဟုတ်ပြီ..”
ဖုန်းယွီ ဝတ္ထုဖတ်မပျက် ပြန်ဖြေလိုက်သည်။ လက်ဖက်ရည် တစ်ခွက်သောက်ပြီးသည်အထိ မည်သည့် ညွှန်ကြားချက်မှ ထပ်မပေးချေ။
ဟယ်ကျောက်ကျိး ဖုန်းယွီကို ကြည့်လိုက်မိသည်။ လွှဲပြောင်းလာသည့် ရန်ပုံငွေစုစုပေါင်းမှာ ဟောင်ကောင်ဒေါ်လာ သန်း(၅၀၀)ကျော်ရှိသည့်တိုင် ဖုန်းယွီ စောင့်နေဆဲဖြစ်သည်။ ရန်ပုံငွေ နောက်ထပ် ဝင်လာအုံးမည်လော။
(၅)မိနစ်ခန့် ကြာသည့်အခါ ဟယ်ကျောက်ကျီး အခန်းအတွင်း ဝင်လာ၍..
“သူဌေး ဂျပန်က ဆဋ္ဌမအာရုံ ကုမ္ပဏီက ဒေါ်လာ သန်း(၅၀)လွှဲပေးလိုက်တယ်..”
ဟယ်ကျောက်ကျီး ဖုန်းယွီကို ထူးဆန်းစွာ ကြည့်နေလိုက်သည်။ သူ့အကောင့်ထဲတွင် နောက်ထပ် ငွေများစွာ လွှဲထားခြင်းကြောင့် မဟုတ်ချေ။ ဆဋ္ဌမအာရုံ နာမည်ကြောင့်ဖြစ်သည်။ ၎င်းမှာ (လိင်ဖျော်ဖြေရေးအရုပ်) ထုတ်ကုန်များ ရောင်းချသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထိုကုမ္ပဏီသည်လည်း ဖုန်းယွီ နှင့် သက်ဆိုင်နေသည်လော။
ဖုန်းယွီသည် သူ့ဝတ္ထုတွင် စာညှပ်တစ်ခု ထည့်၍ ဘေးချလိုက်သည်။ ဟယ်ကျောက်ကျီး၏ အကြည့်ကို သတိမထားလိုက်မိချေ။ သို့မဟုတ်ပါက ဒေါသထွက်မိပေလိမ့်မည်။ လိင်အရုပ် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားသည်မှာ မည်သည့်အတွက် မှားနေသနည်း။ သာမန်လူတစ်ယောက်သည် ထိုကုမ္ပဏီကို အဘယ့်ကြောင့် မပိုင်နိုင်သနည်း။
ဖုန်းယွီ သူ့နာရီကို ကြည့်လိုက်သည်။ အချိန်မှီသေးပေသည်။
“ကောင်းပြီလေ.. အမှာစာတွေ တင်ဖို့ လုပ်တော့.. အခု ရွှေဈေး ဘယ်လိုလဲ..”
အင်တာနက် ရှိနေပြီ ဖြစ်သဖြင့် ကိုယ်တိုင် ရှိနေစရာမလိုချေ။ အင်တာနက်မှ အမှာစာများ တင်၍ရပေသည်။ သို့ရာတွင် အမှာစာ အတည်ပြုမှုရရန် လိုအပ်ပေသေးသည်။ နောက်နှစ်တွင်မှ ဆိုပါက အဆင်မပြေချေ။
ဟယ်ကျောက်ကျီး ကွန်ပျူတာတစ်လုံးရှေ့တွင် ထိုင်ကာ ဖုန်းယွီဘက်လှည့်ကြည့်၍..
“သူဌေး.. လက်ရှိဈေးက တစ်အောင်စကို (၂၅၉.၈)ဒေါ်လာ ပါ..”
ဖုန်းယွီက..
“ငါတို့ ဖောက်သည်တွေရဲ့ ရန်ပုံငွေအကုန်လုံးကို (၁၀)သုတ်ခွဲပြီးရင် အလိုလို (၂၈၀)ဒေါ်လာ သတ်မှတ်လို့ ရသွားလိမ့်မယ်..”
“အကုန်လုံးလား သူဌေး.. ဘာအကာအကွယ်မှ မလုပ်တော့ဘူးလား..”
ဖုန်းယွီ သူ့ငွေများဖြင့် ဖြတ်လမ်းလိုက်ဖို့ စီစဉ်နေသည်လော။ သို့ရာတွင် ဖုန်းယွီသည် သူ့၏ စိစစ်သုံးသပ်မှုကို သဘောတူခဲ့ပြီး ယခုနှစ်မကုန်မှီ ရွှေဈေးတက်မည် ယူဆခဲ့သည်။
“အားလုံးပဲ.. ဒီတစ်ခါ ဘာအကာအကွယ်မှ လုပ်ဘူး.. ဈေတက်ဖို့ လောင်းကြတာပေါ့..”
လုံးဝ အကာအကွယ် မလုပ်တော့ဘူးလော။ ဖုန်းယွီသည် ရွှေဈေးတက်လာပြီး အကာအကွယ်မလုပ်ဘဲ ဟောင်ကောင်ဒေါ်လာ (၁)ဘီလီယံကျော် အလောင်းအစား ပြုလုပ်ချင်နေသည်လော။ ဤသည်က ဖိအား (၁၀)ဆပင်။ ဈေးနှုန်းသည် (၁)ဒေါ်လာကျဆင်းတိုင်း (၁၀)ဒေါ်လာ ဆုံးရှုံးပေလိမ့်မည်။ ဖုန်းယွီ ဤသည်ကို ရှေးရိုးဆန်စါာ ရင်းနှီးမြုပ်နှံရန် ပြောခဲ့သည် မဟုတ်ပေလော။ ဤတစ်ကြိမ် မည်သည့်အတွက် အလွန်ကြမ်းနေ သနည်း။
“ဘာကိုစောင့်နေတာလဲ.. အမြန် အမှာစာတင်တော့လေ.. အမှာစာ တင်ဖို့ ကျန်တဲ့သူတွေကိုလဲ သူတို့ဖောက်သည် အကောင့်တွေ သုံးဖို့ ပြောလိုက်..”
ဟယ်ကျောက်ကျီး ရုံးခန်းအဝသို့သွား၍ အားလုံး သတိပြုမိစေရန် လက်ခုပ်များတီး၍..
“သူဌေးက ငါတို့ကို ရတဲ့ငွေနဲ့ ရွှေတွေ လက်ရှိပေါက်ဈေးအတိုင်း ဝယ်ခိုင်းတယ်.. အားလုံး (၁၀)ကြိမ်လောက် လုပ်ပြီးရင် ရောင်းဈေးက ဒေါလာ (၂၈၀)ပဲ..”
ကျန်ပွဲစားများ ဟယ်ကျောက်ကျီးကဲ့သို့ အံ့ဩသွားကြသည်။ ဒေါ်လာ (၂၈၀)လော။ ရွှေဈေးသည် ဒေါ်လာ (၂၈၀)တက်လာမည်ဟု သူတို့သူဌေး အခိုင်အမာယုံကြည်ထားသည်လော။ သို့ရာတွင် (၁၀)သုတ် သတ်မှတ်၍ အားလုံး ရင်းနှီးမြုပ်နှံပေလိမ့်မည်။ ဤသည်မှာ အလွန် အန္တရာယ်များလွန်းပေသည်။
သို့ရာတွင် ပွဲစားအားလုံးသည် သူတို့ သူဌေး၏ အံ့ဖွယ် ခန့်မှန်းချက်များကိုသာ ယုံကြည်ရန် ရွေးချယ်လိုက်ကြသည်။ ထို့အပြင် ၎င်းတို့သူဌေးသည် ပင်လယ်ကွေ့ စစ်ပွဲ၌ ငွေအမြောက်အများကို ရေနံရောင်းချခြင်းကို ဒဏ္ဍာရီ ဆန်ဆန် စွမ်းဆောင်မှု လုပ်ခဲ့သူ ဖြစ်ပေသည်။
ပွဲစားများအားလုံး အမှာစာတင်ပြီးနောက် ဟယ်ကျောက်ကျီးသည် ၎င်းတို့၏ ဖောက်သည် အမှာစာများ ကူညီပေးနိုင်ရန် သူတို့ ရုံးခန်းသို့ ပြန်သွားခဲ့ကြသည်။
“ခနစောင့်အုံး.. မင်းတို့ ဖောက်သည်တွေအတွက် (၂၈၁)ဒါမှမဟုတ် (၂၈၂)ဒေါ်လာ ရောင်းဈေးသတ်မှတ်လိုက်”
ဟယ်ကျောက်ကျီး သည် ကုမ္ပဏီ၏ အထွေထွေ မန်နေဂျာဖြစ်သည်။ ဖုန်းယွီက သူ့ရပ်တည်ချက် ကူညီပေးချင်ပေသည်။ ထို့အပြင် ဖုန်းယွီသည်လည်း ဟယ်ကျောက်ကျီးအနေဖြင့် ထိုအမိန့်မျိုး ပေးရဲခြင်း ရှိမရှိ ကြည့်ချင်နေမိသည်။
“သူဌေး.. တော်တော်များ မြင့်သွားသလား..”
“မြင့်တာလား.. ငါတော့ မထင်ဘူး.. ငါ့ကိုယ်ပိုင်ငွေကို ရောင်းဈေး (၂၈၅)ကနေ (၂၈၈)ဒေါ်လာထိ သတ်မှတ်ဖို့ စီစဉ်ထားတယ်.. မင်းအမိန့် စပေးလို့ရပြီ..”
ဟယ်ကျောက်ကျီး မျက်လုံး ပြူးသွားတော့သည်။ ရွှေဈေး (၂၈၅)အထိ ရောက်မည်ဟု ဖုန်းယွီ ထင်နေသည်လော။ ၎င်းသည်မှာ ဖြစ်နိုင်မည်လော။
ရွှေဈေးသည် ယခင် ကျဆင်းနေရာ၊ ယခုမှ ပြန်တက်လာပေသည်။ ဖုန်းယွီသည် ရွှေဈေးနှုန်းက (V) ပုံစံအတိုင်း ဖြစ်မည် ထင်နေသည်လော။ ဆိုလိုသည်မှာ ဖုန်းယွီသည် ရွှေတွင် ရင်းနှီးမြုပ်နှံသူများ တိုးလာသဖြင့် ဈေးနှုန်းများ တက်လာသည်ဟု ခံစားရသည်။
ဟယ်ကျောက်ကျီး အံကြိတ်လိုက်တော့သည်။ ဖုန်းယွီသည် ဟောင်ကောင်ဒေါ်လာ (၁)ဘီလီယံကျော် ရင်းနှီးမြုပ်နှံပြီး အလွန်ယုံကြည်မှုရှိပေသည်။ ဖုန်းယွီတွင် သူ့ထက်ပိုကောင်းသည့် အမြှော်အမြင်ရှိပြီး သူ့ကို အပြည့်အဝ ယုံကြည်ပေသည်။ ရွှေဈေးတက်လာမည်ဟု ဖုန်းယွီယုံကြည်သောကြောင့် သံသယကင်းမှု တိုးလာပေလိမ့်မည်။
ဟယ်ကျောက်ကျီးသည် ဖောက်သည်များအတွက် အမှာစာတင်ခဲ့ပြီး အရောင်းဈေးနှုန်းကို (၂၈၂)ဒေါ်လာဖြင့် သတ်မှတ်ခဲ့သည်။ အမှာစာတင်ရန်အတွက် သူ့အကောင့်ထဲမှာ ငွေများအားလုံး သုံးခဲ့ပေသည်။ သူသည်လည်း (၁၀)ကြိမ်ခွဲခဲ့ပြီး သူ့ရောင်းဈေးကို (၂၈၅)ဒေါ်လာ သတ်မှတ်လိုက်ပေသည်။
ဟယ်ကျောက်ကျီးသည် ဤကိစ္စကို တားဆီးခြင်းမပြုဘဲ သူ့ငွေများအားလုံး သုံးလိုက်သည်။ ရွှေဈေးသည် အမှန်တကယ် (၂၈၅)ဒေါလာသို့ ရောက်ခဲ့ပါက သူ့ရင်းနှီးမြုပ်နှံမှု (၂)ဆ တိုးလာပေလိမ့်မည်။ ထို့နောက် သူ့ငွေများ အားလုံးကို အမေရိကန် စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။ ဈေးကွက်ကို အနီးကပ် စောင့်ကြည့်နေပါက သူသည် (၂)နှစ်အတွင်း သန်းကြွယ်သူဌေး ဖြစ်လာနိုင်ပေသည်။
-------*****--------
ဘာသာပြန်သူ . (NTP)