← Chapters

ပရဟိတ ဘောလုံးပွဲ (၁)

Vol. 37 Ch. 552

ပရဟိတ ဘောလုံးပွဲ (၁)

Vol. 37 Ch. 552

ရွှေဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်ပြီးနောက် ဖုန်းယွီသည် သူ့ဝတ္ထုနှင့်အတူ အိမ်ပြန်လာခဲ့တော့သည်။ သူသည် အတန်း ဆက်တက်လိုက်သည်။ နိုင်ငံတကာ သတင်းများကို ကြည့်ကာ ညဘက်တွင် ဝတ္ထုဖတ်ခြင်း၊ ရုပ်ရှင် ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်။ ဤသည်မှာ စိတ်ကျေနပ်စရာ ဘဝ နေထိုင်မှု တစ်ခုပင် ဖြစ်တော့သည်။

ဖုန်းယွီ နောက်အပတ်တွင် ပေကျင်းသို့ ပြန်သွားရန် ရည်ရွယ်ထားသည်။ အဆိုပါ ဆုပေးပွဲအခန်းအနားတွင် ဆုရရှိသူများကို အသင်းမှ ရွေးချယ်ထားပြီး ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီသည် နှစ်သစ်ကူး ညစာစားပွဲအတွက် အမှားမရှိအောင် လုပ်ရန် လုပ်အပ်နေသေးသည်။ ယခုနှစ်တွင် ဖုန်းယွီ၏ အိုက်ဝါပေဂျာ၊ လီဟဟ ၏ လက်ဖက်ရည် ဖျော်စက်များနှင့် ထိုင်ဖမ်း ဝက်တို့ အောင်ပွဲခံခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အထွေထွေမန်နေဂျာသည် တစ်ဦးချင်းဆု ရရှိမည် ဖြစ်ပေသည်။

“ငါ့ ပုခုံးကို ကျော်ပြီး……. မင်းလေး…. နမ်းရှိုက်မှုတွေ… လုပ်ချင်တိုင်း လုပ်နိုင်မလား..”

ဖုန်းယွီ ဖူကွမ်းဝေ့ထံမှ ဖုန်းရသည့်အချိန် သူဝယ်လာသည့် သီချင်းစီးရီး နားထောင်နေပေသည်။

“အစ်ကိုဖုန်း.. မင်းဘာတွေလုပ်နေလဲ.. ညစာ အတူတူ မစားမလား..”

“ဟုတ်ပြီလေ.. ခနနေ အောက်ထပ်က ကားရပ်နားကွင်းမှာ တွေ့မယ်လေ..”

“အော်.. ညစာစားပြီးရင် မင်းကို စိတ်ဝင်စားစရာ ပွဲတစ်ခုခေါ်သွားပေစမယ်.. မင်းပျော်မယ်ဆိုတာ အာမခံတယ်..”

ဖူကွမ်းဝေ့ ထူးခြားနေပေသည်။

ဖုန်းယွီ မျက်ခုံး ပင့်လိုက်မိသည်။ သူ့ကိစ္စများအား မိမိ စိတ်ဝင်စားမည်လော။ ဘား သို့တည်းမဟုတ် ညကလပ် ဖြစ်နိုင်မည်လော။ အိမ်တွင်သာနေရင်း သီချင်းနားထောင်၍လည်း ရပေသည်။

“မင်း ဘာပြောတာလဲ… သေချာ မကြားရဘူး…”

“ညစာ စားပြီးရင် ပွဲတစ်ခု တက်ဖို့ ငါပြောတာ.. မင်းပျော်မှာပါ..”

“မဟုတ်ဘူး.. အဲ့ရှေ့က မေးခွန်းကိုပြောတာ..”

“အဲ့ရှေ့… ညစာ အတူတူ စားမလားလို့..”

ဖုန်းယွီ ချက်ချင်းပင်..

“ငါ မစားတော့ဘူး. ဒီည အလုပ်ရှုတ်မှာ.. တခြား သူငယ်ချင်းကိုပဲ ရှာလိုက်ပါကွာ.. နီးနီးနားနား စားသောက်ဆိုင်တစ်ခုမှာ ညစာ သွားစားတော့မယ်..”

ဖူကွမ်းဝေ့ ဘာမှ မပြောနိုင်တော့ချေ။ စောစောကမှ သဘောတူ၍ အဘယ့်ကြောင့် စိတ်ပြောင်းသွားသနည်း။

ဖူကွမ်းဝေ့က ဖုန်းယွီကို ကပွဲသို့ ခေါ်သွားလိုသော်လည် စိတ်မဝင်စားသဖြင့် ယခုတစ်ကြိမ်တွင် ကလပ်သို့ ခေါ်သွား မည်မဟုတ်ချေ။ ဤသည်မှာ အဆင့်အတန်းမြင့် စုံစည်းရာ နေရာတစ်ခုဖြစ်ပေသည်။

“အစ်ကိုဖုန်း.. ကျေးဇူးပြုပြီး ငါ့ကို ရယ်မနေနဲ့အုံး… ဒီနေ့ည ပရဟိတ ဘောလုံးပွဲရှိတယ်.. လာမယ့်သူတွေ အားလုံး အောင်မြင်တဲ့ လူငယ်တွေကြီးပဲ.. အစ်ကို ကွမ်းကျန့် ငါ့ကို ပရဟိတလုပ်ရတာ ကြိုက်တယ် ပြောဖူးတယ်… ငါတို့ ဟောင်ကောင်က ပရဟိတ ဘောပွဲ မကြုံချင်ဘူးလား..”

ပရဟိတ ဘောလုံးပွဲလော။ ဖုန်းယွီသည် ဟောင်ကောင်တွင် ပရဟိတလုပ်ရန် စိတ်မဝင်စားချေ။ တရုတ်နိုင်ငံတွင် အလှူငွေများ လှူဒါန်းသည့်အခါ သူ့အမည်တစ်ခု တည်ဆောက်နိုင်ခဲ့သည်။ ဟောင်ကောင်တွင် ပရဟိတလုပ်ရန် အကြောင်းမရှိချေ။ ဟောင်ကောင်တွင် လုပ်ငန်းများ မရှိသဖြင့် ပရဟိတ သမားဖြစ်ရန် မလိုအပ်ချေ။

ဖုန်းယွီသည် တရုတ်သို့ ပြန်ရောက်လျှင်ပင် သူ့ကိုယ်သူ ပရဟိတ သမားဟု မည်သည့်အခါတွင်မှ မခံယူချေ။ အဘယ့်ကြောင့်ဟူမူ ယခင်နှစ်များက ပရဟိ ဟူသော စကားလုံးအား တရုတ်တွင် တားမြစ်ထားခြင်းကြောင့် ဖြစ်ပေသည်။ ပရဟိတ ဆိုသည်မှာ အရင်းရှင်တို့ အခြားသူများအား အမြင်ကောင်းရန် လုပ်ခြင်းဟု တရုတ်များ ယူဆကြပေသည်။

ပရဟိတ ခေါင်းစဉ်ဖြင့် အလှူငွေများကို တရုတ်အစိုးရက လက်ခံရန် ဆန္ဒမရှိဘဲ အစိုးရက လက်ခံချင်စိတ် မရှိဘဲ၊ စော်ကားမှု တစ်ခုသာ ဖြစ်ပေသည်။ ၎င်းသည်မှာ (၈၀)ခုနှစ် နှောင်းပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ သို့သော် အစိုးရများ ရရှိသည့် အကူအညီသည် ပရဟိတဟု သတင်းနှင့် မီဒီယာများ မည်သည့်အခါတွင်မှ ဖော်ပြမည် မဟုတ်ချေ။

ထို့ကြောင့် ဖုန်းယွီသည် ကျောင်းများ၌ လှူဒါန်း၍ အဆောက်အဦးများ ဆောက်လုပ်သည့်အခါ ဤသည်ကု တရုတ်နိုင်ငံ၏ ပညာရေး ပံ့ပိုးကူညီခြင်းဟုသာ ခေါင်းစဉ်တပ်ပေသည်။ ပရဟိတ လုပ်သည်ဟု မည်သည့်အခါတွင်မှ မသုံးနှုန်းချေ။ တရုတ်လူမျိုးများသည် ပရဟိတဟူသော ဝေါဟာရကို နောက်နှစ်အနည်းငယ်မှသာ လက်ခံကြပေလိမ့်မည်။

ဟောင်ကောင်၏ ပရဟိတ လုပ်ငန်းသည် ဖုန်းယွီမျက်လုံးထဲတွင် ပုံစံတစ်ခု မြင်ထားပေသည်။ သို့ရာတွင် အလွန် ထိရောက်ကြောင်း ဝန်ခံရပေလိမ့်မည်။ မှန်ပေ၏။ တစ်ချို့လူများသည် ငွေအမြောက်အများ လှူဒါန်းကြပေသည်။ သို့ရာတွင် လှူပြီးပါက အဆိုးရထံမှ ထောက်ပံ့ကြေး သို့တည်းမဟုတ် အထောက်အပံ့ရပေလိမ့်မည်။ အချို့မှ သူတို့၏ လုပ်ငန်း သို့တည်းမဟုတ် ဝန်ဆောင်မှုများကို မြှင့်တင်ရန် အစိုးရထံမှ အကူအညီရပေလိမ့်မည်။ ထိုလူများသည် သူတို့၏ အလှူငွေများအား တနည်းနည်းဖြင့် ပြန်ရပေလိမ့်မည်။

ဟောင်ကောင်သည် တရုတ်ထက် သက်သာချောင်ချိရေးတွင် ပိုကောင်းပေသည်။ သို့ရာတွင် ဟောင်ကောင်တွင် တရုတ်မှာထက် လူပျင်းပိုများပေသည်။ ဖုန်းယွီသည် ပရဟိတ အဖွဲ့များမှ လှူဒါန်းငွေများကို ရဲတပ်ဖွဲ့ဝင်များ ငှားရမ်းကာ ဟောင်ကောင် ဂိုဏ်းစတားများအားလုံး ဖယ်ရှားနိုင်ရန် အစိုးရက လှူဒါန်းသင့်သည်ဟု ဖုန်းယွီ ခံစားခဲ့ရသည်။

ဖုန်းယွီ အလှူအတန်း စိတ်မဝင်စားသော်လည်း ဘောလုံးစိတ်ဝင်စားပေသည်။ သူနောက်ဆုံးအကြိမ် ဘောလုံးပွဲ ကြည့်ခဲ့သည်မှာ ရုရှားနိုင်ငံဟောင်း ယူကရိန်းနိုင်ငံ ကိဗ် တွင်ဖြစ်သည်။ ဟောင်ကောင်၏ ချမ်းသာသော ဒုတိယ မျိုးဆက်များသည် ဤအလှူပွဲသို့ တက်ရောက်ကြမည် ဖြစ်သည်။ ဤသည်မှာ ဆက်နွယ်ချိတ်ဆက်မှု တစ်ခုခု လုပ်ရသည်မှာ မဆိုးလှချေ။

“အဲ့ ပရဟိတဘောလုံးပွဲအတွက် တွဲဖက်လိုနေလို့လား..”

“အဲ့ဒါ ထားလိုက်စမ်းပါ.. မင်းအတွက် အလှလေး အဖော်ရစေရမယ်လို့ အာမခံတယ်..”

“ကောင်းပြီလေ.. ခနနေ ငါ့ဆီလာခဲ့လိုက်.. ငါ နည်းနည်း အပြောင်းအလဲ လုပ်လိုက်အုံးမယ်..”

ဖုန်းယွီ၏ စိတ်ထဲတွင် ဖူကွမ်းဝေ့ စီစဉ်ပေးမည့် မိန်းမလှလေးဆိုသည်မှာ ဟောင်ကောင် မင်းသမီး သို့တည်းမဟုတ် ကျော်ကြားသူ ဖြစ်ရပေလိမ့်မည်။ သူ၏ ယခင်ဘဝတွင် ဟောင်ကောင်မင်းသမီးများစွာသည် ဤကိစ္စရပ်များတွင် တက်ရောက်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံ ရှာတတ်ကြောင်း သတင်း ဆောင်းပါးများကို ဖတ်ခဲ့ဖူးပေသည်။ သူတို့ အကြိုက်ဆုံးမှာ ထိုဘောလုံးအမျိုးအစား များပင် ဖြစ်ပေသည်။

ဘောလုံးပွဲ တက်ရောက်ခြင်းသည် ကော်ဇောနီပေါ် လမ်းလျှောက်ရသည်ထက် ပို၍ ဂုဏ်ယူကြပေသည်။ ကံကောင်းပါက ချမ်းသာသော မျိုးဆက်သစ်နှင့် ချိတ်မိသွားနိုင်ပေသည်။ သို့ဖြစ်ပါက သူတို့၏ ဘဝကံဇာတာ ကောင်းသွားပေလိမ့်မည်။

ဖုန်းယွီ ယနေ့ညတွင် သူ့တွဲဖက်သည် ဘယ်မင်းသမီး ဖြစ်မည်ကို သိချင်နေပြီး ဤခေတ်တွင် မည်သူများ မင်းသမီးချောများနည်း။ သူ့ယခင်ဘဝက အကြိုက်ဆုံး မင်းသမီးမှာ ချွမ်းမီယွမ်ဖြစ်ပြီး သူ့ခင်ပွန်းနှင့် မဆုံနိုင် လောက်သေးချေ။ ဖုန်းယွီသည် သူနှင့် မည်သူမှ အလုပ်တွဲလုပ်ရန် မျှော်လင့်မထားချေ။ သူ့ကပြဖျော်ဖြေ မှုကိုသာ ကျေနပ်ပေလိမ့်မည်။

ဖုန်းယွီ သူ့ကျောင်းဝတ်စုံကိုလဲကာ မှန်ရှေ့ရပ်လိုက်သည်။ ချောမောပေ၏။ မိတ်ဆွေ မရှိလျှင်ပင် ချောနေသေးသည်။

……

ညစာ စားပွဲတွင် ဖူကွမ်းဝေ့ စီစဉ်ထားမည်ဆိုသည့် အဖော်ကို ဖုန်းယွီ မတွေ့ရချေ။

“ဝေ့ကျန် ဘယ်မှာလဲ မင်းပြောထားတဲ့ အဖော်ဆိုတာ..”

ဖုန်းယွီ မေးလိုက်သည်။ ထိုလူမိုက် မိမိကို ဂျင်းထည့်ရဲသည်လော။

ဖူကွမ်းဝေး စက်လက်စကို ဇွတ်မျိုချပြီးနောက် ရေတစ်ငုံအမြန် သောက်လိုက်သည်..

“မင်းအဖော် အဝတ်အစား လဲရအုံးမယ်လေ.. ညစာမပြီးခင် ဒီရောက်လာလိမ့်မယ်.. အလှလေး ဆိုတာ အာမခံတယ်ကွာ…”

အလှလေး။ ဖုန်းယွီသည် အမျိုးသမီးကိစ္စတွင် ဖူကွမ်းဝေ့၏ အစွမ်းအစကို ယုံကြည်ရလိမ့်မည်ဟု မျှော်လင့် ထားပေသည်။ ဖူကွမ်းဝေ့သည် ဂျလုံးပလုံးတစ်ယောက် စီစဉ်ပေးထားပါက ချက်ချင်း အိမ်ပြန်အိမ် ပေလိမ့်မည်။

“အလှလေး.. ဘယ်သူတုန်း.. အဲ့အလှလေးက ဘယ်သူတုန်း..”

ဖုန်းယွီ ထိုအလှလေး မည်သူဖြစ်ကြောင်း သိချင်နေမိသည်။

“ငါမင်းကို ဒီထက် ပိုပြောလို့ မရသေးဘူး.. အခုနေ ပြောလိုက်ရင် ဘယ်အံ့ဩတော့မှာလဲ”

ဖူကွမ်းဝေ့ ပဟေဠိ ဖွက်နေပေသည်။ အကင်ဆက်စားနေသည်။ ဖုန်းယွီအား ထိုအလှလေးအကြောင်း စကားချန်ထားရန် ဆုံးဖြတ်လိုက်သည်။

အံ့ဩရမည်လော။ အံ့ဩစရာမျိုးတော့ ကြိုက်ပေသည်။

ယခု မပြောလျှင်ပင် စိတ်မဆိုးချေ။ မည်သို့ပင် ဖြစ်စေ အချိန်တန် သိရမည်ပင်။ ညစာကို မည်သည့်အတွက် အကင်စားနေသနည်း။ တရုတ်အစားအစာ ဆိုပါက အမြန်စားနိုင်ပေလိမ့်အုံးမည်။

……

“အဖေ.. မသွားချင်ဘူး.. အိမ်မှာပဲ ရုပ်မြင်သံကြား ကြည့်မယ်လေ..”

ဖူမုံ့ယင် ဖူရုံပမ့်လက်ကို ကိုင်ထားပေသည်။

“မသွားချင်လဲ သွားရမှာပဲ။ နင့်အစ်ကိုကြီးက အဲ့မှာ ဖုန်းယွီစောင့်နေတယ် ပြောတယ်။ နင် ဖုန်းယွီကို ကြိုက်တယ်လို့ မပြောဘူးလား”

ဤ ပရဟိတပွဲကို ဖူကွမ်းဝေ့ဖခင်၏ ညွှန်ကြားချက်ဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ပရဟိတ သို့တည်းမဟုတ် နာမည်ကောင်း ရရန်မဟုတ်ချေ။ ဖူမုံ့ယင်နှင့် ဖုန်းယွီကို အတူမြင်ရစေရန်ဖြစ်ပေသည်။

ဖူရုံပမ့်က ဖူမုံ့ယင်နှင့် ဖုန်းယွီ မတွဲဖြစ်လျှင်ပင် အခြားသော ဘောလုံးသမားများ ရှိကောင်းရှိနိုင်၍ ဖြစ်တော့သည်။ အဆိုးဆုံးအနေဖြင့် ထိုအမျိုးသားများထဲတွင် ဆရာဝန် သို့တည်းမဟုတ် ရှေ့နေများ ရှိနေပေလိမ့်မည်။ ထိုနေရာတွင် သာမန်လူများ ရှိလိမ့်မည် မဟုတ်ချေ။

ဖူရုံပမ့်၏ အကြီးမားဆုံး ဆန္ဒသည် သူ့သမီး ယောက်ျားရရန်ဖြစ်သည်။ ထိုလူသည် ဖုန်းယွီဆိုပါက ပြီးပြည့်စုံပေလိမ့်မည်။

ဖူမိသားစုသည် ဟောင်ကောင်၏ ထိပ်တန်းမိသားစု ဖြစ်သော်လည်း ဖုန်းယွီ၏ ကြွယ်ဝမှုသည် ဖူရုံပမ့်ထက် သာလွန်ပေသည်။ သူ့သမီး အခြေအနေအရ ဖုန်းယွီ၏ ကြင်ဖက် ဖြစ်မလာလျှင်ပင် စိတ်မဝင်စားချေ။

ဖူမုံ့ယင် ငိုချင်လာသည်။ အခြားသူများ မသိသော်လည်း ဖုန်းယွီသည် သူကိုမကြိုက်ကြောင်း နားလည်နေပေသည်။ ဖုန်းယွီသည် ယောက်ျားတစ်ယောက်ဟူသည့် ခံစားချက်များ ရနေသောကြောင့် ဖြစ်သည်။

ဖူမုံ့ယင်သည် သူ့အဖေ အခြားယောက်ျားများနှင့် ထပ်တွေ့မပေးရန် ဖုန်းယွီကို ဒိုင်းကာသုံးခဲ့ခြင်း ဖြစ်သည်။ ယခုမူ မဟုတ်တော့ချေ။ ကိုယ့်အတတ်နှင့် ကိုယ်စူးခြင်း ဖြစ်သည်။ ဘောလုံးတွင် ဖုန်းယွီ၏ အဖော်အဖြစ် မနေရစေရန် အကြောင်းပြချက် ရှာမတွေ့ချေ။

ရှိစေတော့။ ဖူမုံ့ယင် နားထောင်မှ ရပေလိမ့်မည်။ ဤသည်မှာ ပရဟိက ဘောလုံးပွဲ ဖြစ်ပြီး ဖုန်းယွီ ရိုင်းရိုင်းစိုင်း ပြောမည်တော့ မထင်ချေ။ သူ့အနေဖြင့် ဖုန်းယွီကို အချိန်အနည်းငယ်ကြာသည်အထိ အသုံးချရပေလိမ့်ဦးမည် ဖြစ်သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters