ပရဟိတ ဘောလုံးပွဲ (၂)
Vol. 37 Ch. 553
“ဝေ့ကျန်.. ငါတို့ အဖော်ကို သွားခေါ်ဖို့ မလိုဘူးမို့လား..”
ညစာစားပြီးနောက် သူ့အဖော် ရောက်မလာသေးသဖြင့် တစ်ခုခု ဖြစ်သွားကြောင်း ခံစားလိုက်ရသည်။
“မလိုပါဘူး.. မလိုပါဘူး.. သူကိုယ်တိုင် ကွင်းထဲရောက်လာလိမ့်မယ်.. အဲ့သွားပြီး စောင့်ရအောင်လေ..”
ဤ ပရဟိတ ဘောလုံးပွဲကို နိုင်ငံအဆင့် ကလပ်တစ်ခုတွင် ကျင်းပခဲ့သည်။ အဆောက်အဦး၏ ကားပါကင်တွင် ဖုန်းယွီသည် နောက်ဆုံး၌ သူ့အဖော်ကို တွေ့လိုက်ရသည်။ ဤသည်က ထိုကောင်မလေးသည်။
“ဝေ့ကျန်.. မင်းငါ့ကို ရှင်းပြလို့ ရမလား..”
ဖုန်းယွီ ဖူကွမ်းကျန့်ကို အေးစက်စွာ ကြည့်နေသည်။
ဤသည်မှာ သူပြောသည့် အလှလေးလော။ ဖူမုံ့ယင်သည် မည်သည့်အတွက် အလှလေး ဖြစ်မည်နည်း။ မိမိတို့သည် မည်သည့်နေရာသို့ ရောက်နေသည်ကို မသိ၍လော။ သူ့ဖူမိသားစုက ထိုယောက်ျားလျာ ကိုလက်ခံရန် အတင်းအကြပ်လုပ်ရန် စိတ်ပိုင်းဖြတ်ထားသလို ခံစားနေရပေသည်။
“ဘာမှားလို့လဲ.. အစ်ကိုဖူ.. ငါ့ညီမ ရုပ်ရည်နဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ဆို အလှတရားလိ့ သတ်မှတ်လို့မရဘူးလား.. ဟောင်ကောင်က ဘယ်အလှမယ်ထက်မဆို သာပါတယ်ဟ.. ငါဆို ငါ့သူငယ်ချင်းတွေ ကြားမှာ ငါ့ညီမအလှကြောင့် နာမည်ကြီးတယ်လေ..”
“ငါ့ဘက်ကတော့ ရှင်းတယ်.. မင်းညီမနဲ့ ငါ့ကြားမှာ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး..”
“ငါ့မှာ တခြားရည်ရွယ်ချက် မရှိပါဘူးကွာ.. ဒီဘောလုံးပွဲမှာ သူ့ကို မင်းအဖော် လုပ်ပေးဖို့ပဲ တောင်းဆိုထားတာ.. အစ်ကိုဖုန်း.. မင်း သိမှာမဟုတ်ဘူးနော်.. မင်းအဖော်လုပ်ဖို့ ရှာရတာ အရမ်းခက်တယ်ကွ..”
“တကယ်ကြီးလား.. ဘာလို့ သူ့ကို အဖော် လုပ်ထားမပေးတာလဲ..”
ဖုန်းယွီ ဖူမုံ့ယင်နှင့်အတူ သူတို့ထံလျှောက်လာနေသည့် ယာမြဲ့လမ် ကို ညွှန်ပြလိုက်သည်။ TVB ၏အလှနတ်ဘုရားမ တစ်ယောက်ကိုမူ သူ့အဖော်အဖြစ် ရထားပေသည်။ မိမိအတွက်မှ အခြားမင်းသမီး မဖြစ်ရသနည်း။
“အစ်ကိုဖုန်း အချိန်က မရှိတော့ဘူး.. ဒီကိစ္စ စိတ်ဝင်စားမနေပါနဲ့တော့.. ညီမလေး မြန်မြန်လုပ်..”
ယာမြဲ့လမ် လမ်းလျှောက်လာပြီး ဖူကွမ်းဝေ့လက်မောင်းကို ကိုင်ထားပြီး ဖုန်းယွီသည် ဖူမုံယင်နှင့် တွဲရမည့် သဘောဖြစ်သည်။ ရုတ်တရက် ဖူမုံ့ရင် အချိုသာဆုံးအသံဖြင့်..
“အစ်ကိုဖုန်း..”
ဖူမုံ့ယင်သည် သရုပ်ဆောင် မင်းသမီးနှင့်တူ၍ ချွမ့်ရုံက သူ့ကို ကောင်းကျင် ဟုခေါ်ပေသည်။
ဖုန်းယွီအနေဖြင့် ဖူမုံ့ယင် အမှန်တကယ်လှကြောင်း ဝန်ခံရပေလိမ့်မည်။ သူအကြိုက်ဆုံး မင်းသမီးဖြစ်သည့် ချွမ်းမီယမ်ထက် မနိမ့်ချေ။ အဖော်တစ်ယောက်ကဲ့သို့သော အလှပိုင်ဆိုင်ထားသည်ကိုပင် ဂုဏ်ယူရပေတော့မည်။ သို့ရာတွင် ဖူမုံ့ယင်သည် ယောက်ျားလျာဖြစ်ကြောင့် ကောလဟလ များ ပြန့်နှံ့သွားပြီး ချမ်းသာသည့် မျိုးဆက်သစ် လူငယ်များအကြား ပြောစရာ ဖြစ်ခဲ့ပေသည်။ ဖုန်းယွီ သူ့အဖော်ဖြစ်သူနှင့်အတူ ဘောလုံးပွဲ တက်ခဲ့ပါက လူရယ်စရာ ဖြစ်ပေတော့မည်။
“အစ်ကို ဖုန်းယွီ.. ငါ့ကို ကူညီပါကွာ.. ငါတို့တွေ ဘောလုံးပွဲထဲရောက်တာနဲ့ မင်း ကချင်တဲ့သူနဲ့ ကလို့ရပါတယ်..”
ဖုန်းယွီ မရှိပါက ဖူမုံ့ယင်သည် ဖူကွမ်းဝေ့၏ အဖော် လုပ်ရပေတော့မည်။ သူတို့နှစ်ယောက်စလုံး ကမည်ဆိုလျှင်ပင် အခြားသူများနှင့် ကပေလိမ့်မည်။
ဖူမုံ့ရင်၏ မျက်နှာပေါ်တွင် အသနားခံသည့် အရိပ်အယေင်ပေါ်နေကြောင်း မြင်လိုက်ရသည့်အခါ ဖုန်းယွီ သူ့လျှို့ဝှက်ချက် မထုတ်ဖော်ပါက နောက်နှစ်အတန်ကြာ ဖုံးကွယ်ထားနိုင်ပေလိမ့်မည် ဖြစ်သည်။
ကိစ္စမရှိချေ။ ပရဟိတဟုသာ သဘောထားရပေတော့မည်။
ဖုန်းယွီ သူ့လက်ကွေးပေးလိုက်မှသာ ဖူမုံ့ယင် ဝမ်းသာ၍ ချက်ချင်း လာတွဲတော့သည်။ နှစ်တွဲစလုံး ဓါတ်လှေကားဆီ လျှောက်လာခဲ့သည်။
ဖူကွမ်းဝေ့သည် ဤအတောအတွင်း ထိုနှစ်ယောက်ကို စောင့်ကြည့်နေပေသည်။ နှစ်ယောက်သား လက်ချင်းတွဲ၍ လမ်းလျှောက်လာသည်ကို မြင်သည့်အခါ စိတ်ထဲ တွေးနေမိသည်။ သူတို့နှစ်ယောက် တွဲနေမှန်း မိမိ မိသားစုအားလုံး သိနေပေသည်။ မည်သည့်အတွက် ဖုံးကွယ်ရန် ကြိုးစားနေသနည်း။
သီးသန့်ကလပ်၏ ဘောလုံးခန်းသည် ဘတ်စကက်ဘောကွင်း(၃)ကွင်းစာရှိပေသည်။ စင်မြင့်တစ်ခုရှိပြီး ဘေးတွင် တီးဝိုင်းတစ်ခု ရှိပေသည်။ ဘောလုံးခန်းမ အနီးတဝိုက်တွင် အချိုပွဲများ၊ အစားအသောက်များ၊ အရက်များနှင့် ပြည့်နေသည့် စားပွဲရှည်များ ရှိနေပေသည်။ ဘူဖေး(ကိုယ်တိုင်ယူစားသောက်စနစ်) နှင့် တူနေပေသည်။ နံရံများအနီးတွင် ဧည့်သည်များအတွက် ထိုင်ခုံနှင့် စားပွဲငယ်များ ရှိနေသည်။
ဖူကွမ်းဝေ့သည် အချိန်ကိုကြည့်ကာ သူ့အဖော်နှင့်အတူ စင်မြင့်ပေါ်သို့ တက်သွားသည်။ သူသည် ပရဟိတ ဘောလုံးပွဲ စီစဉ်သူဖြစ်ပေသည်။
“ဂုဏ်သရေရှိ လူကြီးမင်းများ.. ကျုပ်ကတော့ ဖူကွမ်းဝေ့ပါ.. ပြီးခဲ့တဲ့ ရက်ပိုင်းက XXX ကလေးတွေရဲ့ အိမ်မှာ မသန်မစွမ်းကလေးတွေ အုပ်စုလိုက်ရှိနေတာ သိလိုက်ရပါတယ်။ အဲ့အထဲက တစ်ချို့ဆို ဆေးကုသဖို့ လိုပေမယ့် ငွေမရှိကြဘူး.. အဲ့ဒါကြောင့် ဒီဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ကူညီဖို့ ငါတို့အားလုံး ဒီမှာစုပြီး အလှူငွေ ကောက်ဖို့ စဉ်းစားထားပါတယ်.."
ဤအကြောင်းပြချက်သည် ဖူကွမ်းဝေ့အတွက် ကျပန်း အကြောင်းပြချက် တစ်ခုသာ ဖြစ်ပေသည်။ ဧည့်သည်များ အားလုံးအတွက် ဖူကွမ်းဝေ့သည် ဤဘောလုံးပွဲ လက်ခံကျင်းပနိုင်ခဲ့ပြီး ဖခင်ဖြစ်သူမှ ငွေအနည်းငယ် ပေးထား၍ ဖြစ်ပေသည်။ သူသည် ဤဘောလုံးပွဲကို ရှိုးတစ်ခုအဖြစ်သာ သတ်မှတ်ထားပေသည်။
ဖူမုံ့ယင် ဖုန်းယွီအနားတွင်ရပ်ကာ ဟောင်ကောင်ရှိ ပရဟိတ ဘောလုံးကို မည်သည့်အတွက် ပြုလုပ်ရကြောင်း အတိုခြုံး ရှင်းပြနေသည်။ ထို့နောက် လူအားလုံး ကခုန်ကြမည်ဖြစ်ပြီး တစ်ယောက်ယောက် ကျပန်းရွေးချယ်ကာ ထောက်ပံ့ပေးပေလိမ့်မည်။ အလှူအတွက် အနိမ့်ဆုံး သတ်မှတ်ချက် မရှိချေ။ သို့ရာတွင် ထိုလူချမ်းသာ မျိုးဆက်သစ်များသည် အနိမ့်ဆုံး ဟောင်ဒေါ်လာ (၁၀၀၀၀၀)ထည့်ဝင်ကြပေလိမ့်မည်။
ကပွဲပြီးပါက လေလံပွဲတစ်ခု ပြုလုပ်ပေလိမ့်မည်။ အမျိုးသမီးများသည် လက်ကိုင်အိတ် သို့တည်းမဟုတ် လက်ဝတ် ရတနာများကဲ့သို့ ရတနာများကို လေလံတင် ရောင်းချကြပေလိမ့်မည်။ ပုံမှန်အားဖြင့် မိမိတို့ တွဲဖက် အမျိုးသားများသည် ထိုပစ္စည်းများကို သူတို့အတွက် ပြန်ဝယ်ပေးလေ့ ရှိကြပေသည်။ ကျန်လူများမှာ ထိုပစ္စည်းအတွက် လေလံဝင်ဆွဲဟန် ဆောင်ကြသော်လည်း တမင်တလုပ် ဈေးတက်ပေးမည် မဟုတ်ချေ။
လေလင်တင်ရောင်းချရန် တန်ဖိုးကြီး ပစ္စည်းများ ယူဆောင်လာမည့်သူများ ရှိတတ်ပေသည်။ အားလုံးသည် ထိုကဲ့သို့ဖြင့် လွတ်လပ်စွာ လေလံတင် ရောင်းချနိုင်ပေသည်။ အမြင့်ဆုံး လေလံဈေးပေးနိုင်သူ ရပေလိမ့်မည်။ ဤနေရာတွင် ၎င်းတို့အသံကို စမ်စပ်မှတ်ကျောက်တင်ခံချင်သည့် အဆိုတော် အချို့လည်း ရှိလိမ့်မည်ပင်။
ဖူမုန့်ယင် ဖုန်းယွီနှင့် အလွန်နီးကပ်စွာ ရပ်နေပြီး စကားတစ်ခွန်းပြောတိုင်း ဖုန်းယွီ မျက်နှာပေါ်တွင် ပူပြင်းသည့် အသက်ရှူသံ ခံစားနေရသည်။ ဖုန်းယွီကို အလွန်သွေးဆောင်နိုင်လွန်းလှသည်။ သို့ရာတွင် ဖူမုံ့ယင်၏ အဆင့်အတန်းနှင့် ရာဂစိတ် တမ်းညွတ်မှုများ တွေးမိသည့်အချိန် သွေးဆောင်မှုများ ပျောက်ကွယ်သွားတော့သည်။
ဖုန်းယွီ ဘောလုံးပွဲပြီးသည်နှင့် ဖူကွမ်းဝေ့အား ဖြေရှင်းခိုင်းရပေလိမ့်မည်။
ဖူကွမ်းဝေ့ သူ့မိန့်ခွန်းကို အဆုံးသတ်၍ ဘောလုံး စတင်ကြောင်း ကြေငြာလိုက်တော့သည်။
ဂီတသံ စသည်နှင့် အားလုံးသည် ၎င်းတို့ အဖော်များနှင့်အတူ ကခုန်ကြသည်။ ဖုန်းယွီနှင့် ဖူမုံ့ယင်တို့လို့ ကခဲ့ကြသည့်။ ကံကောင်းသည်မှာ ခြေလှမ်းများ လွယ်ကူ၍ ဖုန်းယွီသည် သူ့ခြေများ တက်မနင်းခဲ့ချေ။ သို့ရာတွင် ဖူမုံ့ယင်၏ ကကွက်ကို အယ်လီနာနှင့် နှိုင်းယှဉ်၍မရချေ။ ဖုန်းယွီ အယ်လီနာကိုပင် ရုတ်တရက် သတိရလိုက်သည်။
“အစ်ကို ဖုန်းယွီ…”
“ငါ့ကို နာမည်ပဲခေါ်..”
ရုပ်ရှင်ရိုက်နေမှု ရပ်စေချင်နေမိသည်။
ဖူမုံ့ယင် အံတင်းတင်းကြိတ်၍ ..
“ဖုန်းယွီ.. ဒါ ငါ့မိသားစုက စီစဉ်ထားတာ.. ငါ့မှာလဲ ရွေးစရာမရှိဘူး.. ငါ နင့်ကို နှောက်ယှက်ချင်စိတ် မရှိတာ အမှန်ပဲ..”
“တကယ်လား.. ဒါဆို ဝေ့ကျန် မင်းမိသားစုကို ငါနဲ့အဆင်ပြေတယ်ဆိုပြီး ဘာလို့ ပြောထားတာလဲ..”
ဖုန်းယွီသည် ယခင်က လူသူကင်းမဲ့သော ကားမှတ်တိုင်တွင် ဖူမုံ့ယင်ကို ထားခဲ့မိမတတ် ဖြစ်ခဲ့သည်။ မည်သည့်အတွက် အဆင်ပြေသည်ဟု ယူဆနိုင်မည်နည်း။
“အဲ့ဒါ ဒီအတိုင်းပဲ ပြောလိုက်တာလေ.. ငါလဲ အဲ့လို မဖြစ်ချင်ပါဘူး.. ငါတို့နှစ် အပြင်မှာတွဲနေတယ်လို့ သူတို့တွေ ဘာလို့ထင်နေလဲတော့ ငါလဲ မသိတော့ဘူး..”
ဖူမုံ့ယင်သည်လည်း သူဖခင် ဖုန်းယွီကို သဘောကျသည်ဟု ဘယ့်ကြောင့် ထင်သွားမှန်း တွေးနေမိသည်။
“ပြဿနာ မရှိပါဘူး.. ဒီကိစ္စ နောက်ကျ ရှင်းသွားလိမ့်မယ်..”
“ငါတို့ ပြန်သွားရင် ဒီကိစ္စ ပြောလိုက်ရမလား.. ဒီမှာ တခြား ဝမ်းကွဲတွေ ရှိသေးတယ်.. ငါ့ကို လှောင်တာတော့ မခံချင်ဘူး..”
ဖူမုံ့ယင် တောင်းပန်လာပေသည်။
ပရဟိတ ဘောလုံးပွဲတစ်ခု ကျင်းပခြင်းသည် ဖူကွမ်းဝေ့အတွက် အလွန် ကြီးမားသော လုပ်ငန်းတစ်ခု ဖြစ်သည်။ သူ့ကို အသုံးမကျသည့် လူချမ်းသာ မျိုးဆက်သစ်အဖြစ် လူသိများပြီး ဖူမိသားစုက သူ့ကို ကူညီရန် ဝမ်းကွဲများ စေလွှတ်ပေးခဲ့ပေသည်။ ဖူရုံချီ၏ အကြီးဆုံးသားကို မျိုးဆက်သစ်များစွာက လေးစားခဲ့ကြပေသည်။
ကျန်ဖူမိသားစု၏ မျိုးဆက်သစ်များကို ဖုန်းယွီကြည့်လိုက်သည်။ ခနတုန့်ဆိုင်းပြီးမှ ခေါင်းညိတ်လိုက်သည်။ ယခုအချိန် ဖူကွမ်းဝေ့နှင့် ဖြေရှင်းလိုက်ပါက အားလုံးရှေ့တွင် ဖူမုံ့ယင် လူရယ်စရာ ဖြစ်ပေတော့မည်။ သူအိမ်ပြန် ရောက်သည်နှင့် ဤကိစ္စရှင်းပစ်ရန် ဆုံးဖြတ်လိုက်သည်။
အစီအစဉ်များ တစ်ခုပြီးတစ်ခု ပြီးဆုံးလာသည့်အခါ ဖုန်းယွီက သူ့အနားရှိ စုံတွဲ လှုပ်ရှားမှု အဆုံးသတ်ရန် ပြင်ဆင်နေကြောင်း တွေ့လိုက်ရသည်။ ဖုန်းယွီ ဖူမုံ့ယင်ကို အရိပ်အခြေပြလိုက်သည်။ ဖူမုံ့ယင် လက်တစ်ဖက် လွှတ်၍ ဖုန်းယွီနှင့် ကြားအကွာအဝေး တိုးလာလိုက်သည်။ ထို့နောက် နှစ်ပတ်လှည့်ကာ ဖုန်းယွီကျောကို လက်ထောက်၍ ရပ်လိုက်သည်။ ပြီးပြည့်စုံသည့် ကိုယ်ဟန်အနေအထား ကကြိုးရုပ်တစ်ခုနှယ်ပင်။
တစ်ချိန်တည်းမှာပင် ဂီတသံ ရပ်သွားပြီး ကြမ်းပြင်ပေါ်ထိုးထားသည့် မီးမောင်းများလည်း ရပ်တန့်သွားသည်။ ဖုန်းယွီနှင့် ဖူမုံ့ယင်တို့ တည့်တည့်သို့ မီးမောင်းထိုးလျှက်သား ဖြစ်နေပေသည်။
-------*****--------
ဘာသာပြန်သူ . (NTP)