ပရဟိတ ဘောလုံးပွဲ (၃)
Vol. 37 Ch. 554
သေလိုက်ပါတော့ကွာ။
ဖုန်းယွီ ကျိန်ဆဲလိုက်မိသည်။ သူသည် သိုသိုသိပ်သိပ်သာ နေချင်ပြီး ကကွက်ပြီးသည်နှင့် တနေရာတွင် အောင်းနေရန် စဉ်းစားထားသည်။ တစ်ချိန်တည်းမှာပင် သူနှင့် မိတ်ဆွေဖြစ်နိုင်သည့် အနာဂတ် အောင်မြင်သူများ ရှိမရှိ စောင့်ကြည့်ချင်နေသည်။
ယခုမူ သူနှင့် ဖူရုံယင်တို့သည် ဤကွင်းထဲ၌ အများ အာရုံစိုက်စရာ ဖြစ်လာတော့သည်။ သာမန် အမျိုးသမီး တစ်ယောက်နှင့် ကနေလျှင်ပင် ထိုအမျိုးသမီး မလျှသည့်တိုင် စိတ်မဆိုးချေ။ သို့ရာတွင် ဖူမုံ့ယင်သည် ယောက်ျားလျာ ဖြစ်ပြီး စိတ်အနှောက်အယှက် အဖြစ်ရဆုံးသူ ဖြစ်သည်။ ကိုယ်ပေါင်ကိုယ် လှန်ထောင်းသိလို ဖြစ်တော့သည်။
ဖုန်းယွီ သူ့ကို လူအားလုံး စိုက်ကြည့်နေကြောင်း ခံစားလိုက်မိသည်။ တစ်ချို့ ထိတ်လန့်သွားကြသည်။ တစ်ချို့က ပဟေဠိဆန်နေကြသည်။ တစ်ချို့ကမူ လှောင်ပြောင်နေပေသည်။ တစ်ချို့က ဤမြင်ကွင်းအား ဝမ်းသာနေပေသည်။ ဖုန်းယွီဒေါသထွက်သွားမိတော့သည်။ ဖူကွမ်းဝေ့ စီစဉ်ထားခြင်းဖြစ်ကြောင်း သံသယ ရှိနေတော့သည်။
မည်သို့ပင်ဖြစ်စေ ဖုန်းယွီ ငြိမ်သက်သွားသည်။ လူအုပ်ကြီး၏ အားပေးသံ နည်းပါးသွားသည့်အခါ ဖုန်းယွီ ညာလက်မြှောက်လိုက်ပြီး..
“ဒီည ငါအရမ်း ကံကောင်းတာဆိုတော့ ငါပဲ ဘောလုံး စလှိမ့်ပေးလိုက်မယ်.. လေနဲ့မိုး အတိုင်ပင်ခံအဖွဲ့ ကိုယ်စား ကန်ဒေါ်လာ(၁)သန်း လှူပါ့မယ်..”
ဖူကွမ်းဝေ့ညီမကို မီးဆလိုက်ထိုးပြလိုက်သည့်နှင့် ဤသည်ကို စီစဉ်ထားကြောင်း အားလုံးသိပေသည်။ ဤသည်က စံနှုန်း သတ်မှတ်ရန် ဖြစ်ပေသည်။ ပထမဆုံးအကြိမ် လှူဒါန်းမှုမှာ ဟောင်ဒေါ်လာ(၁)သိန် ဆိုပါ ကျန်လူများ လှူဒါန်းမည် မဟုတ်ချေ။ သို့ရာတွင် ဖူမုံ့ယင်၏ အဖော်မှ ကန်ဒေါ်လာ (၁)သန်း ပေးလိမ့်မည်ဟု အားလုံး မျှော်လင့် မထားမိကြချေ။
ဤပရဟိတ ဘောလုံးသည် ဤည စံချိန်တင် ပမာဏထိ တိုးသွားမည်လော။
ဖူမိသားစုနှင့် လီကျယ်ခိုင်တို့ လက်ခုပ်စတီးသည်နှင့် ကျန်လူများ နောက်မှ ပါလာကြသည်။ လူချမ်းသာ မျိုးဆက်သစ် အမျိုးသမီး အချို့သည် အစောလေးကပင် ဖုန်းယွီကို ရယ်စရာအဖြစ် သဘောထားခဲ့ကြသည်။ သို့ရာတွင် ဖုန်းယွီ၏ ကတိစကားမှ ပမာဏကို ကြားလိုက်သည့်အခါ ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့သည်။
ထိုလူကို ဖူမုံ့ယင် ငှားခဲ့ခြင်း မဟုတ်ခြင်းလော။ သူသည် ယောက်ျားလျာအဖြစ် ကောလဟလ များ ဖုံးကွယ်ရန် ရှိနေသည် မဟုတ်ခြင်းလော။ မည်သည့်အတွက် (၁)သန်းကို ပေါ့ပေါ့ပါးပါး လှူဒါန်းနိုင်သနည်း။ ဤသည်မှာ ကန်ဒေါ်လာဖြင့် ဖြစ်သည်။ သူတို့ဖခင်များ ဤပရဟိတ ရန်ပုံငွေပွဲသို့ တက်လာခဲ့လျှင်ပင် ဤမျှလောက် ပမာဏ ပေးမည်မဟုတ်ချေ။ မည်သည့် ကုမ္ပဏီကို ပြောသေးသနည်း။ လေနှင့်မိုး အတိုင်ပင်ခံအဖွဲ့လော။ ယခင်က ထိုနာမည်ကို မည်သူ ကြားဖူးကြသနည်း။ နက်ဖြန်မှစ၍ လူသိများပေတော့မည်။
ထိုအမျိုးသမီးများသည် ဖုန်းယွီကို ချက်ချင်း စိတ်ဝင်စားလာကြသည်။ အထူးသဖြင့် လီမိသားစု ဒုတိယ သခင်ငယ်သည် သူ့အဖော်နှင့် ဖုန်းယွီထံ ချဉ်းကပ်လာခြင်းကြောင့် လီမိသားစု သခင်ငယ်နှင့် ရင်းနှီးနေသည်လော။
“အစ်ကိုဖုန်း.. မင်း စံနှုန်းတစ်ခု သတ်မှတ်လိုက်ပြီပဲ.. အခု ငါတို့ ဘာလုပ်ရ တော့မလဲ..”
လီကျယ်ခိုင် ဒေါသထွက်ဟန် ဆောင်လိုက်သည်။
ဖုန်းယွီ ဂရုမစိုက်ဟန်ဖြင့်..
“ကန်ဒေါ်လာ(၁)သန်းက များနေလို့လား.. ငါတရုတ်မှာဆို လတိုင်း လှူတာရဲ့ အနည်းဆုံး ပမာဏလေးပဲလေ..”
ရှန်းဟွေဟွေ အံ့ဩသွားသည်။ ဖုန်းယွီ ချမ်းသာသည်ဟု သူသိသော်လည်း အလွန်ရက်ရောသည်ကို မသိခဲ့ချေ။ လစဉ်အနည်းဆုံး ကန်ဒေါ်လာ (၁)သန်း လှူဒါန်းနေသည်လော။ သို့ဆိုလျှင် တစ်နှစ်လျှင် အနည်းဆုံး ကန်ဒေါ်လာ (၁၀)သန်း ဖြစ်ပေလိမ့်မည်။ တစ်နှစ် မည်မျှ အလုပ်လုပ်နေသနည်း။ လီကျယ်ခိုင်နှင့် ဖုန်းယွီကို နှိုင်းယှဉ်ကြည့်ပါက လီကျယ်ခိုင်သည် ဘာမှ မဟုတ်တော့ချေ။
လီကျယ်ခိုင်လည်း ထိတ်လန့်သွားသည်။ ဖုန်းယွီသည် ဤမျှ ရက်ရောသူဖြစ်မည်ဟုလည်း ထင်မထားချေ။ သို့ရာတွင် ဖုန်းယွီသည် ရည်ရွယ်ချက်ရှိရှိ ပြောခဲ့သည်ကို သူမသိချေ။ သူသည် ဘောလုံးကွင်းအတွင်း အာရုံဆွဲဆောင် ခံရသည့်အတူတူ သူ့အနား ချဉ်းကပ်ခွင့် ပေးလိုက်ခြင်းပင်။ လေနှင့်မိုး အတိုင်ပင်ခံအဖွဲ့ကို ကြော်ငြာရန်နှင့် ဖူမုံ့ယင်ကို ကူညီနိုင်ခဲ့ပေသည်။
ဤလူချမ်းသာ မျိုးဆက်သစ်များ အားလုံးသည် မိုက်မဲသူများ ဖြစ်ပြီး ၎င်းတို့ထက် သာလွန်သူ သို့တည်းမဟုတ် တန်းတူများနှင့်သာ မိတ်ဖွဲ့လေ့ရှိကြသည်။ ဖုန်းယွီ သူတတ်စွမ်းသမျှ ပြသပြီးနောက်ပိုင်း ချဉ်းကပ်လာသူ များရှိပေလိမ့်မည်။
ချက်ချင်းပင် တစ်ယောက် လျှောက်လှမ်းလာသည်။ သို့ရာတွင် လီကျယ်ခိုင်ကို မြင်သည့်အခါ နောက်ဆုတ်သွားခဲ့သည်။
လီကျယ်ခိုင် နောက်ဆုတ်အောင် လုပ်နိုင်သည့်သူ ဟောင်ကောင်တွင် ရှိနေသည်လော။ ဖုန်းယွီသည် သူ့ဘဝဟောင်း မှတ်ဉာဏ်တွင်လည်း မမှတ်မိခဲ့ချေ။ ဤလူသည် လီကျယ်ခိုင်နှင့် ဆက်ဆံရေး ကောင်းမွန် လောက်ပေသည်။
“ညီမ မုံ့ယင်.. မင်းအဖော်နဲ့ မိတ်ဆက်မပေးချင်ဘူးလား..”
“အစ်ကို ကျိချိန် ဒါလေနဲ့မိုး အတိုင်ပင်ခံရဲ့သူဌေး လေ.. သူက အစ်ကို ကွမ်းကျန့် သူငယ်ချင်း ဖြစ်တဲ့အပြင် တရုတ်က အောင်မြင်နေတဲ့ စီးပွားရေး သမားဆိုလဲ ဟုတ်တယ်.. ဖုန်းယွီ.. ဒါက ဟန်ဒါဆင် မြေယာဖွံ့ဖြိုးတိုးတက်ရေးရဲ့ အမှုဆောင် ဒါရိုက်တာ လီကျိချိန် တဲ့..”
ဤသည်မှာ လီကျောက်ကျိ၏ အငယ်ဆုံး သားဖြစ်ပေသည်။ ဖုန်းယွီ ထိုလူအား မှတ်မိသွားသည်။ သူ ယခင်ဘဝက လူတော်တော်များများ ထိုလူ၏ နာမည်ကို မကြာခဏ ဟာသလုပ်ကြလေသည်။ သူ့နာမည်က မဟာလူသားလီနှင့် အသံထွက်တူပေသည်။ လီကျယ်ခိုင် ထွက်သွားသည်မှာ အံ့ဩစရာ မဟုတ်ချေ။ မည်သူက သူ့အဖေ နာမည်နှင့် တူနေသူကို စကားပြောချင်မည်နည်း။
“မစ္စတာဖုန်း.. မင်္ဂလာပါ.. ငါက လီကျိချိန်ပါ..”
လီကျိချိန် ထိုလူသည် နာမည်တက်လာသည့် လေနှင့်မိုး အတိုင်ပင်ခံ၏ သူဌေးဖြစ်ပြီး တရုတ်မှ ဖြစ်သည်လော။ ဤသည်မှာ ဖူနှင့် လီမိသားစုနှင့်အတူ တရုတ်နိုင်ငံတွင် ကုမ္ပဏီတစ်ခု တည်ထောင်ခဲ့သူ မဟုတ်ပေလော။
“မင်္ဂလာပါ မစ္စတာလီ..”
ဖုန်းယွီ ထိုလူကို စိတ်ဝင်တစား ရှိပေသည်။ ဤလူသည် လီကျောက်ကျိ၏ သားငယ်ဖြစ်သော်လည်း သူ့ယခင်ဘဝက လီကျောက်ကျိသည် သူ့ကုမ္ပဏီနှင့် ပိုင်ဆိုင်မှု အများစုကို စီမံခန့်ခွဲခွင့် ပေးခဲ့ပေသည်။ လီကျောက်ကျိသည် သူ့သားအကြီးဆုံးအတွက် ရှယ်ယာများ အထားခဲ့ချေ။
“မစ္စတာဖုန်း.. မင်းရဲ့ လေနှင့်မိုး အတိုင်ပင်ခံက ဟောင်ကောင်မှာ နာမည်ကြီးနေတာလေ.. စထောင်ထား ကတည်းက အမြတ်အစွန်းကြီးတဲ့အပြင် အရှုံးမရှိသေးဘူးလို့ ကြားထားတယ်..”
“စီးပွားရေးကောင်တာလား.. အားလုံး ကံကောင်းလို့ပါဗျာ..”
အမေရိကန်ဈေးကွက်သည် တက်နေပြီး နောက်နှစ်တွေအထိ ဆက်ရှိနေအုံးမည်ဖြစ်သည်။ ဖုန်းယွီ၏ ပွဲစားများသည် အဆိုပါ နည်းပညာများ၊ ကွန်ပျူတာများ၊ စတော့ဆက်သွယ်ရေးများကို ဖုန်းယွီ ပြထားသည့်အတိုင်း စတော့များကို ဆက်လက် လိုက်နာပါက အရှုံးပေါ်ရန် ခက်ခဲလွန်းပေသည်။ ပွဲစားများအားလုံး လုပ်ရမည်မှာ နောင်တွင် အန္တရာယ်များသော ရင်းနှီးမြုပ်နှံမှုများ ရှောင်ရှားရန်နှင့် အစဉ်အလာအတိုင်း ရင်းနှီးမြုပ်နှံရန် ဖြစ်ပေသည်။ သူတို့အတွက် ငွေကြေး ဆုံးရှုံးစရာ အကြောင်းမရှိချေ။ ဖုန်းယွီ အံ့အားအသင့်ဆုံးမှာ လီကျိချိန် လေနှင့်မိုး အတိုင်ပင်ခံအကြောင်း သိနေခြင်းပင်။
“မစ္စတာဖုန်း ယဉ်ကျေးနေပါပြီလေ.. အချိန်ရရင် ငါတို့ နေ့လည်စာ အတူစားရအောင်လေ..”
လီကျိချိန် သူ့နာမည်ကဒ်ကလး ပေးလိုက်သည်။် “သေချာတာပေါ့..”
ဖုန်းယွီသည်လည်း သူ့ကဒ်ပြန်ပေးသဖြင့် ထွက်သွားတော့သည်။
လီကျိချိန် ထွက်သွားပြီးနောက် ဖုန်းယွီနှင့် မိတ်ဆက်ရန် ဆက်တိုက် ထွက်လာသည်။ အားလုံးနီးပါးသည် ဖူမုံ့ယွီကို မရှိသကဲ့သို့ သဘောထားနေသဖြင့် ရူးမတတ် ဖြစ်သွားမိသည်။ တစ်ခုခု စားရန် ထွက်သွားတော့သည်။ သူသည် ဖူမိသားစု၏ သမီးပျိုဖြစ်ပြီး ယခုကဲ့သို့ ဆက်ဆံခံရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤပရဟိတ ဘောပွဲကို သူ့အစ်ကို စီစဉ်ခဲ့ခြင်းဖြစ်ပြီး သူသည်သာ အများ၏ အာရုံစိုက်ရာ ဖြစ်သင့်ပေသည်။
ဖူမိသားစု၏ ညီအစ်ကိုများသည် ထောင့်တစ်နေရာတွင် စကားစမြည်ပြောနေကြပြီး ဖုန်းယွီကို အသာစောင့်ကြည့် နေကြသည်။ ဘောလုံးကွင်းရှိ အားလုံးနီးပါး ဖုန်းယွီထံသွားကာ အမည်ကဒ်များ လဲကြသည်ကို သူတို့ သဘောပေါက်ကြသည်။
ဖုန်းယွီနှင့် ဖူမုံ့ယင် နီးစပ်သွားသည်ကို အမှန်တကယ် မြင်ချင်သော်လည်း ဖြစ်မလာခဲ့ပေ။ ဆန့်ကျင်ဖက်အနေဖြင့် ဖူမုံ့ယင်ကို ညွှန်ပြရင်း အတင်းအဖျင်း ပြောနေသူများ တွေ့ခဲ့ရသေးသည်။ သူတို့သည် သူနှင့်ပတ်သက်၍ အဆင်မပြေမှုများ ပြောနေကြပေလိမ့်မည်။ ကံကောင်းစွာဖြင့် ဖုန်းယွီသည် ဖူမုံ့ယင်နှင့် ကခဲ့ပြီး ထိုလူများ ကောဟလဟသည် အစစ်အမှန် ဟုတ်မဟုတ် မဝေခွဲတတ်ကြတော့ပေ။
ထိုလူများ ထွက်သွားပြီးနောက် ဖုန်းယွီသည် ဤဘောလုံးပွဲသို့ လာရန် ထိုက်တန်သည်ဟု ခံစားခဲ့ရသည်။ လီကျိချိန်ကို သိယုံသာမက ကျန့် မိသားစု၊ ဟဲမိသားစု၊ ဝူမိသားစု၊ ဟော်မိသားစု၊ ချန်မိသားစုနှင့် အခြားမျိုးဆက် များစွာနှင့် သိလိုက်ရသည်။ ဤမိသားစုများသည် ဖူမိသားစုကဲ့သို့ပင်။ ၎င်းတို့၏ ပိုင်ဆိုင်မှုများသည် ကန်ဒေါ်လာ(၁)ဘီလီယံကျော်ရှိပြီး ၎င်းတို့အားလုံးသည် ဟောင်ဒေါ်လာ (၁)ဘီလီယံ ကျော် တန်ဖိုးရှိပေသည်။
ဖုန်းယွီသည် ဟောင်ကောင်၏ ထိပ်တန်းမိသားစု (၁၀)စု၏ ဒုတိယ မျိုးဆက်နှင့် တတိယမျိုးဆက် အများ အပြားကို ဖိတ်ကြားရန် ဖူကွမ်းဝေ့ မမျှော်လင့်ခဲ့ပေ။ သူအရမ်းပျော်သွားတော့သည်။
ဟောင်ကောင်သည် သူဌေးကြီး အများဆုံးရှိသည့် နေရာများထဲမှ တစ်ခုဖြစ်သည်။ ဖုန်းယွီသည် ၎င်းတို့အားလုံးကို စုဆောင်၍ ၎င်းတို့၏ အရင်းအမြစ်များ ပေါင်းစည်းနိုင်လျှင် စုစုပေါင်း ပမာဏသည် ဂျော့ဆိုးရော့စ်၏ ရန်ပုံငွေထက်ပင် ပိုနေလောက်ပေမည်။
ထိပ်တန်းမိသားစုများမှ ယောက်ျားလေးများသည် ဖုန်းယွီထံ ချဉ်းကပ်လာရုံသာမက ဖုန်းယွီထံသို့ တွဲကဖို့ ဖိတ်ခေါ်ရန် ထိုမိသားစုများမှ အမျိုးသမီးအချို့လည်း ရောက်ရှိလာကြသည်။ သို့ရာတွင် ဖုန်းယွီ ငြင်းပယ်ခဲ့ပေသည်။ သူတို့နှင့် ရင်းနှီးရန် စိတ်မဝင်စားချေ။ အငြင်းခံလိုက်ရသည့် အမျိုးသမီးများသည် သူတို့စိတ်ထဲတွင် ကျိန်ဆဲမိကြတော့သည်။ ဖုန်းယွီသည်ပင် မိန်းမလျာလော သံသယရှိနေကြတော့သည်။ သို့မဟုတ်ပါက ယောက်ျားလျာ ဖူရုံယင်ဟု အမည်ထွက်နေသူနှင့် မည်သို့ အဖော်ဖြစ်နေမည်နည်း။
တွဲကရန် ငြင်းဆန်သဖြင့် မိန်းမလျာဟု သတ်မှတ်နေကြကြောင်း ဖုန်းယွီမသိချေ။
ရုတ်တရက် မီးလုံးများ ပွင့်လာပြီး ဖူကွမ်းဝေ့ စင်ပေါ်တွင် ပေါ်လာသည်။ စင်ပေါ်တွင် စားပွဲသေးသေး တစ်လုံးနှင့်အတူ လေလံပစ်ပွဲသုံး တူ တစ်လက် ရှိပေသည်။
“အားလုံးပဲ မင်္ဂလာပါ. ခနလောက် ငြိမ်ပေးပါ.. အခု ကျုပ်တို့တွေ ဒီပရဟိတ ဘောပွဲရဲ့ လေလံပွဲစကြတာပေါ့.. ပရဟိတ လေလံပွဲ စမယ်….”
-------*****--------
ဘာသာပြန်သူ . (NTP)