← Chapters

ပရဟိတ လေလံပွဲ

Vol. 37 Ch. 555

ပရဟိတ လေလံပွဲ

Vol. 37 Ch. 555

Chapter 555 – Charity Auction

“ပထမဆုံး လေလံတင်မမှာကတော့ ရှန်ဟွေဟွေက လှူဒါန်းတဲ့ အမျိုးသမီးဝတ် စိန်လက်ကောက်ပါ.. ဒီလက်ကောက်က သူ့အကြိုက်ဆုံး လက်ကောက်ပါ.. ကြမ်းခင်းဈေးက ဟောင်ဒေါ်လာ(၅၀၀၀၀)ဖြစ်ပြီး တစ်ကြိမ်တိုး ဟောင်ဒေါ်လာ(၁၀၀၀၀) ဖြစ်ပါမယ်..”

လီကျယ်ခိုင်သည် သူတို့ယောက်၏ ပဋိပက္ခပြီးဆုံးသွားမျု ပြသရန် ရှိနေခြင်းဖြစ်သည်။ ထိုပစ္စည်းကို လေလံတင်ရန် ရည်ရွယ်ပြီး လှူဒါန်းခဲ့ပေသည်။ သို့ရာတွင် ဖူကွမ်းဝေ့ မကြာခင်က ပြောခဲ့သည်မှာ လီကျယ်ခိုင်သည် ဤလက်ကောက် လေလံဆွဲရာတွင် အနိုင်လိုကြောင်း အခြားသူများကို အရိပ်အမြွက် ပေးနေခြင်းဖြစ်သည်။

“ဟောင်ဒေါ်လာ(၁)သိန်း..”

လီကျယ်ခိုင် သူ့လက်မြှောက်လိုက်သည်။

“ဟောင်ဒေါ်လာ (၁၁၀၀၀၀)..”

“ဟောင်ဒေါ်လာ (၁၃၀၀၀၀)..”

“ဟောင်ဒေါ်လာ (၁၅၀၀၀၀)..”

……

“ဟောင်ဒေါ်လာ (၂၀၀၀၀၀)..”

လေလံဈေးများ ပေါ်လာပြီးနောက် လီကျယ်ခိုင် ထပ်မံဈေးပေးလိုက်သည်။ လက်ကောက်တန်ဘိုးမှာ ဟောင်ဒေါ်လာ (၁၀၀၀၀၀) ထက်မပိုချေ။ လီကျယ်ခိုင်သည် နောက်ဆုံး လေလံဈေးပေးသူ ဖြစ်ပြီး ရှန်ဟွေဟွေအတွက် ထိုလက်ကောက် ပြန်လည်ရရှိခဲ့သည်။

သို့ရာတွင် ရန်ဟွေဟွေ၏ မျက်လုံးကို မည်သူမှ သတိမထားမိလိုက်ချေ။ သူ လုံးဝမပျော်ချေ။ ဤလီမိသားစု၏ သခင်ငယ်သည် သူအတွက် ဟောင်ဒေါ်လာ (၂၀၀၀၀၀)သာ သုံးချင်သည်လော။

အခြားလူများသည်လည်း သူ့တို့ ပစ္စည်းများကို လေလံပွဲတင် တင်ခဲ့ကြသည်။ နေကာမျက်မှန်၊ ကြိုးများ၊ ရင်ထိုး၊ လည်ဆွဲ၊ လက်စွပ် စသည်တို့ ပါဝင်ပေသည်။ အားလုံးမှာ သူတို့ ကိုယ်ပိုင်ပစ္စည်းများ ဖြစ်ပြီး လှူုဒါန်းသူများမှ ရရှိခဲ့သည်။

ဖူကွမ့်ဝေ့ အလွန် စိတ်လှုပ်ရှားနေပေသည်။ ထိုသူများ ယခင်က သတက်ခဲ့ဖူးသော ပရဟိတ လေလံပွဲများထက် ပို၍ ဈေးပေးခဲ့ကြသည်။ ယခင် သူတက်ဖူးသမျှ လေလံပွဲများတွင် အမြင့်ဆုံးလေလံဈေးမှာ ဟောင်ဒေါ်လာ (၃၀၀၀၀) မှ (၅၀၀၀၀)သာဖြစ်သည်။ သို့ရာတွင် ယခုမူ အနိမ့်ဆုံး လေလံကြမ်းခင်းဈေးမှာ ဟောင်ဒေါ်လာ (၁၀၀၀၀၀) ဖြစ်နေသည်။

ပထမဦးဆုံး လှူဒါန်းခဲ့သည့် ပမာဏသည် ကျန်လူများအပေါ် လွှမ်းမိုးမှု ရှိနေပေသည်။ လူတိုင်း မျက်နှာမပျက်ချင်ကြချေ။ နေကာမျက်မှန် တစ်လက်အတွက် ဟောင်ဒေါ်လာ (၃၀၀၀၀) မှ (၅၀၀၀၀)သာ ရှိပေသည်။ သို့ရာတွင် အခြားလူများနှင့် နှိုင်းယှဉ်ပါက ကပ်စေးနှဲပုံဖြစ်ပေသည်။

လေလံတင်ရောင်းချသည့် အကျည်းတန်သော လက်ရေးလှ လက်ရာများပင်ရှိပြီး လေလံရဈေးမှာ ဟောင်ဒေါ်လာ (၁၀၀၀၀၀) ဖြစ်သည်။ အကယ်၍ ထိုလက်ရေးလှကို အပြင်တွင် ရောင်းပါက (၅)ဟောင်ဒေါ်လာဖြင့်သာ ရောင်းချသော်လည်း မည်သူမှ မဝယ်ကြချေ။

“နောက်ထပ် လေလံတင်မှာကတော့ ငါ့ညီမ ဖူမုံ့ယင်လှူတဲ့ ပုဝါပါ.. လေလံကြမ်းခင်းဈေး ဟောင်ဒေါ်လာ (၁၀၀၀၀)ဖြစ်ပါတယ်။ တစ်ကြိမ်တိုး (၅၀၀၀)နဲ့အထက် ဖြစ်ပါတယ်..”

ဖူမုံ့ယင် ချက်ချင်း လက်မြောက်၍…

“ဟောင်ဒေါ်လာ (၂၀၀၀၀)”

“ဟောင်ဒေါ်လာ (၅၀၀၀၀)”

“ဟောင်ဒေါ်လာ (၁၀၀၀၀၀)”

“ဟောင်ဒေါ်လာ (၁၈၀၀၀၀)”

“ဟောင်ဒေါ်လာ (၂၅၀၀၀၀)”

……

ဖုန်းယွီသည် ရုတ်တရက် တစ်ခုခု ဖြစ်သွားကြောင်း သိလိုက်ရသည်။ ထိုပုဝါကို လူအများကြီး အဘယ့်ကြောင့် ဈေးလိုက်ပေးနေကြသနည်း။ ယခင်ပစ္စည်းများတွင် လေလံဈေးကို (၃)ကြိမ်မှ (၅)ကြိမ်အထိသာ ပေးတတ်ကြသည်။ ဤပုဝါသည် ဟောင်ဒေါ်လာ (၁၀၀၀၀)ထက် မပိုချေ။ ယခု ဟောင်ဒေါ်လာ (၃၂၀၀၀၀)ထိ ရောက်နေပေပြီ။

အများအမြင်တွင် ဤနေရာရှိ အမျိုးသားများသည် သူတို့ အဖော်ကို ကျေနပ်စေရန် ပစ္စည်းများ ဈေးပေးခြင်း ဖြစ်သည်။ သို့တိုင်အောင် ဤမျှလောက် ဈေးမြှင့်ပေးသူ မရှိချေ။

ဤလေလံပွဲသည် ယခင် ပစ္စည်းများနှင့် မတူပေ။ လေလံဆွဲသူအားလုံးမှာ အမျိုးသမီးများ ဖြစ်နေပေသည်။ ထိုပုဝါကို မည်သည့်အတွက် အမျိုးသမီးများ လုနေကြသနည်း။ ဖူမုံ့ယင်သည် မည်မျှထိ အနိုင်ရချင်သည်ကိုမူ မသိခဲ့ချေ။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့သည်လော။

ဖူမုံ့ယင်သည် အမျိုးသမီးများ အကြားတွင် ကြော်ကြားနေသည် မဟုတ်ပေလော။ သို့ရာတွင် ထိုအမျိုးသမီးများသည် ဖူမိသားစုကို မျက်နှာသာ ပေးရပေလိမ့်အုံးမည်။ ဟောင်ကောင်ရှိ ထိပ်တန်းမိသားစုများမှ အမျိုးသမီးများသည် ယုတ္တိမတန်ကြလေသည်လော။

ဖူမုံ့ယင်ကိုယ်တိုင်လည် ဤသို့ဖြစ်လာရန် မျှော်လင့်မထားချေ။ ပုဝါတစ်ထည် လှူခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီသည် လှူဒါန်မှုများအတွက် စံနှုန်းတိုးထားသော်လည်း ပုဝါသည် အများဆုံး ဟောင်ဒေါ်လာ (၁၀၀၀၀၀)ထိပင် ရောက်သွားမည် မထင်ခဲ့ချေ။

ဖူမုံ့ယင် ဖုန်းယွီကို အသာလက်တို့လိုက်သည်။ ဖုန်းယွီ သူ့ကို ကြည့်၍..

“ဘာပြဿနာရှိလို့လဲ..”

“ဖုန်းယွီ ဒွပုဝါအတွက် ငါ့ကို ကူညီလို့ရမလား.. နောက်နေ့ ပိုက်ဆံ ပြန်ပေးပါ့မယ်..”

ဖူမုန့်ယင် ဖုန်းယွီကိုသာ အကူအညီတောင်းနိုင်တော့သည်။ အစ်ကိုဝမ်းကွဲ မည်သည့်အတွက် မကူညီသနည်း။ သူ့ကို ရာဂဏန်းလောက်သာ သုံးစေချင်သည်လော အပြောတတ်ချေ။ သူ့လစဉ် ထောက်ပံ့ကြေးငွေပင် ဤပမာဏ မရှိချေ။

ဖုန်းယွီ လူများကြည့်နေသည်ကို သဘောပေါက်သည်။ ဤသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ ဤပုဝါပြန်ရအောင် ကူညီသင့်သည်လော။ မိမိနှင့် မည်သို့ သက်ဆိုင်သနည်း။ မိမိတို့သည် သူငယ်ချင်းပင် မဟုတ်ချေ။

သို့ရာတွင် ဖုန်းယွီသာ မကူညီပါက ဖူမုံ့ယင် အရှက်ကွဲရမည့်အပြင် ဖုန်းယွီသည်လည်း ကဲ့ရဲ့ခံရပေတော့မည်။ ကန်ဒေါ်လာ(၁)သန်လှူထားသည့် အကျိုးသက်ရောက်မှု ဆုံးရှုံးသွားရပေတော့မည်။ ထိုပုဝါသည် ပြဿနာတစ်ခုပင်။ အခြားရွေးချယ်စရာ မရှိတော့ချေ။

ဖုန်းယွီ လက်မြောက်၍..

“ဟောင်ဒေါ်လာ (၄၀၀၀၀၀)”

“ဟောင်ဒေါ်လာ (၄၅၀၀၀၀)”

အမျိုးသမီးတစ်ယောက် အော်သံ ချက်ချင်း ထွက်လာခဲ့သည်။

ဖုန်းယွီသည် အသံကြားရာဘက်သို့ ကြည့်လိုက်သည့်အခါ မာနကြီးပုံပေါ်သည့် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ မည်သူနည်း။ မည်သည့် မျိုးနွယ်ကနည်း။ ဖုန်းယွီ သူကို စော်ကားသည် စိတ်မှတ်မထားချေ။ ဖူမုံ့ယင်ကို ကြည့်လိုက်သည့်အခါ သူလည်း အံ့ဩနေပုံပင်။ သူသည်လည်း ဟော်မိသားစုကို မစော်ကားခဲ့ပေ။

ထိုအမျိုးသမီး၏ တွဲကရန် ဖိတ်ကြားမှု ငြင်းပယ်ခဲ့သဖြင့် ထိုကိစ္စဖြစ်လာကြောင်း ဖုန်းယွီ မသိချေ။ အထူးသဖြင့် ဟော့မိသားစု မိန်းမပျိုအနေဖြင့် အမျိုးသမီးထုကို စော်ကားသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ ယောက်ျား တစ်ယောက်ကို သူမနှင့်အတူ တွဲကရန် ဖိတ်ခေါ်ခဲ့သည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ငြင်းပယ်ခံခဲ့ရပေသည်။

ဖုန်းယွီ ထိုပုဝါလေလံ အနိုင်ရခဲ့လျှင်ပင် သူ့မာနအရ ဖူမုံ့ယင်ထံမှ ပြန်တောင်းမည် မဟုတ်ချေ။ ဤသည်မှာ သူ့ပိုက်ဆံ သုံးသည့် ရည်ရွယ်ချက်တစ်ခုသာ ရှိပေသည်။ ငွေကို အဓိပ္ပါယ်မဲ့ မသုံးသင့်ချေ။

“ကျုပ်ကတော့ နောက်ဆုံးဈေး ဟောင်ဒေါ်လာ (၄၆၀၀၀၀)ပေးမယ်.. ဘယ်သူမဆို အနိုင်ယူလိုရင် ဈေးပိုပေးပြီး ယူနိုင်ပါတယ်..”

ဖုန်းယွီ ထုတ်ပြောလိုက်သည်။

အားလုံး ဖုန်းယွီကို ကြည့်နေသော်လည်း ဖုန်းယွီစကား ကြားသည့်အခါ ဟော့မိသားစု အမျိုးသမီးဘက်သို့ ကြည့်လိုက်ကြတော့သည်။ သူ့အစ်ကို၏ ပစ်တင်ခြင်း ခံနေရပေသည်။ မည်သည့်အတွက် ဖူမိသားစုကို သွားစွခဲ့ပေသနည်း။ သူ့အစ်ကိုသည် ဖုန်းယွီအပြစ်တင်ခြင်းမှ လွတ်ခဲ့ပြီး သူ့ကြောင့် ဒုက္ခရောက်ရတော့သည်။ ရှေးဟောင်းပစ္စည်းရောင်းပြီး အသုံးမကျသည့် ဖူကွမ်းကျန့်ပင်လျှင် ဖုန်းယွီနှင့် သိကျွမ်းပြီးနောက် ချမ်းသာလာကြောင်း သူမသိခဲ့ချေ။

ဟောမိသားစုမှ မိန်းမပျိုသည် ပုဝါအတွက် လေလံဈေးမပေးတော့ဘဲ ဖုန်းယွီမှ ဟောင်ဒေါ်လာ (၄၆၀၀၀၀)ဖြင့် လေလံအောင်ခဲ့ပေသည်။ ဖုန်းယွီသည် လေလံဈေး အမြင့်ဆုံး ပေးခဲ့သူဖြစ်ပေသည်။

လေလံပွဲ ဆက်လက် ကျင်းပနေခဲ့သည်။ မကြာမှီ အလှည့်ကျသူမှာ ဟော့မိသားစု အမျိုးသမီး ဖြစ်သည်။ လည်ဆွဲလှူဒါန်းခဲ့ပြီး ကြမ်းခင်းဈေး ဟောင်ဒေါ်လာ(၈၀၀၀၀) ဖြစ်သည်။ ဖူမုံ့ယင် ချက်ချင်းပင် ဟောင်ဒေါ်လာ (၃၀၀၀၀၀)ဈေးပေး၍ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ ကျေးဇူးပြန်ဆပ်ရပေလိမ့်မည်။

ဖုန်းယွီ ဖူမုံ့ယင်ကို အံ့ဩစွာ ကြည့်လိုက်သည်။ သူ့ထံတွင် ပိုက်ဆံ အလုံအလောက်မရှိဟု ပြောခဲ့သည် မဟုတ်ပေလော။ သူအတွက် စိုက်ပေးမည် မှန်းထားသည်လား မပြောတတ်တော့ပေ။

ဟော့ မိသားစုမှ အမျိုးသမီးသည် ဖူမုံ့ယင်၏ အကြည့်ကို မြင်သည့်အခါ အမူအရာ ပြောင်းသွားတော့သည်။ ထိုလည်ဆွဲကို သူ့မိခင်ပေးခဲ့ခြင်းဖြစ်ပြီး သူ့အတွက် အဓိပ္ပါယ်များစွာ ရှိပေသည်။ မည်သည့်အတွက် ထိုလည်ဆွဲကို အခြားသူများလက်သို့ အပါခံနိုင်မည်နည်း။

ဖူမုံ့ယင်သည် လေလံအဆုံးမသတ်မှီ ဟောင်ဒေါ်လာ(၅၀၀၀၀၀)အထိ ထပ်တိုးပေးခဲ့သေးသည်။ ဟော့မိသားစု အမျိုးသမီး ဒေါသထွက်ကာ ခြေစောင့်တော့သည်။ သို့ရာတွင် သူ့အစ်ကိုမှ ပိုက်ဆံထုတ်ပေးမည် မဟုတ်ကြောင်း ပြောထားပေသည်။ သူသည် ဤလေလံပွဲအတွက် အများဆုံး လှူဒါန်းခဲ့သူဟူသည့် ဂုဏ်ပုဒ်ကို လက်ခံရုံမှ အပ ရွေးစရာ မရှိတော့ချေ။

ဖုန်းယွီ ဤမျှနှင့် ပြီးသွားပြီ ထင်ထားသော်လည်း ဖူမုံ့ယင်က နောက်ထပ် ပစ္စည်းများတွင် လေလံဈေးများ ဆက်ပေး ခဲ့သေးသည်။ ထိုပစ္စည်းများသည် သူ့ပုဝါအတွက် တမင် လေလံဝင်ဆွဲခဲ့သူများ ဖြစ်ပေသည်။

ဖူမုံ့ယင် လက်စားချေနေပေသည်။ သို့ရာတွင် ထိုအမျိုးသမီးများသည် သူတို့ပစ္စည်းများ ပြန်ရခဲ့ကြသည်။ ဖူမုံ့ယင် သူ့ပုဝါပြန်ရပြီးသည်နှင့် ခြေဖဝါးကို သုတ်၍ လွင့်ပစ်လိုက်သဖြင့် မျက်နှာ ပျက်သွားကြပေသည်။ သူတို့မိသားစု အရှက်ကွဲစေပေ တော့မည်။

ဖုန်းယွီကမူ ဖူမုံ့ယင်သည် လက်စားချေတတ်သူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဖူကွမ်းဝေ့သည်လည်း ဖူမုံ့ယင်ကို ရပ်တန့်ရန် အကြိမ်ကြိမ် မျက်စပြစ်ပြနေရပေသည်။ သူသည် ဤ ပရဟိတဘောလုံးပွဲကို စီစဉ်သူဖြစ်ပြီး သူ့ညီမကို အမဲစက် မထင်စေလိုချေ။ သို့ရာတွင် ဖူမုံ့ယင် သူ့ကို မမြင်ချင်ယောင်ဆောင် နေပေသည်။ ထိုသို့ အနိုင်ကျင့်လိုစိတ် မရှိခဲ့ချေ။ ဟောင်ဒေါ်လာ(၃၀၀၀၀၀)ကျော် အသုံးစရိတ်အတွက် စိတ်မကောင်း ဖြစ်နေဆဲဖြစ်သည်။ သို့ရာတွင် ဖုန်းယွီသူ့အား ငွေပြန်တောင်းမည် မဟုတ်ကြောင်း သူသတိမထားမိခဲ့ချေ။

လေလံပွဲ မပြီးမချင်း ဖုန်းယွီ နောက်ထပ်လေလံဈေး ဝင်မပေးခဲ့ချေ။ ဖူကွမ်းဝေ့ အလွန်ဝမ်းသာသွားမိသည်။ ဖုန်းယွီ လှူဒါန်းသည့် ကန်ဒေါ်လာ(၁)သန်းမပါသေးဘဲ ဤပရဟိ ဘောလုံးပွဲ လေလံမှ လှူဒါန်းမှုသည် ဟောင်ဒေါ်လာ (၁၀)သန်းကျော်အထိ ရောက်သွားခဲ့သည်။ ဤပရဟိတ ဘောလုံးပွဲ အောင်မြင်ခဲ့ပေသည်။

သို့တိုင်အောင် ဖူကွမ်းဝေ့ အပျော်ဆုံးအရာမှာ ဖုန်းယွီ သူ့ညီမ ပုဝါပြန်ရရန်အတွက် ဟောင်ဒေါ်လာ (၄)သိန်းကျော် သုံးခဲ့ပေသည်။ ဖုန်းယွီ သူ့ညီမကို စိတ်ဝင်စားပုံရပေသည်။ သူတို့နှစ်ဦး အစစ်အမှန် စုံတွဲဖြစ်သွားပါက အရမ်း ကောင်းပေလိမ့်မည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters