← Chapters

အနောက်မြို့ရှိ အတိတ်ဖြစ်ရပ်များ

Vol. 5 Ch. 62

အနောက်မြို့ရှိ အတိတ်ဖြစ်ရပ်များ

Vol. 5 Ch. 62

လီကျင်းသို့သည် တစ်ချိန်တည်းတွင် လူနှစ်ဦးသာ အိမ်တော်ထဲသို့ ဝင်နိုင်သောကြောင့် အပြင်မှာနေခဲ့တာ ဖြစ်လေသည်။ သူသည် အဘွားရှားနဲ့ ရှောင်ဝမ်စွင်းတို့ ဒဏ်ရာများ ပြန်လည်သက်သာ လာနိုင်သေးသောကြောင့် အပြင်တွင်သာ စောင့်ဆိုင်းနေခဲ့ရသည်။

နှစ်ယောက်သား ဒဏ်ရာတွေကို ကုသပြီးရင် သူ့ကိုလည်း အိပ်ဖို့ ခေါင်းတလား ထားသင့်သည်။ ဒီလိုဆို လူသုံးဦးရဲ့ ဒဏ်ရာတွေ သက်သာလာနိုင်ပါ၏။ သို့သော် သခင်ကြီးသုံးပါးက လက်ရှိအခြေအနေအထိ ခွန်အားတွေ လျော့ကျသွားတာ သနားစရာတော့ ကောင်းနေသည်။

"သတင်းကောင်း တစ်ခုရှိတယ်"

ကျင်းဟုန်ရိက မာန်မာနအပြည့်ဖြင့် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ဆို၏။

"နောက်ဆုံး မီးဖိုလုပ်သားကို ကျွန်မတို့ ဖယ်ထုတ်ပြီးပြီ... နတ်ဆိုးဘုရားလောင်းက သူ့ခန္ဓာကိုယ်ကို ပြုပြင်ဖို့ ဘယ်သူ့ကိုမှ ခေါ်လို့ မရတော့ဘူး.... အင်အားတွေ ရှိရင် ကျွန်မတို့ အနိုင်ယူနိုင်တယ်!"

လူတိုင်းရဲ့ မျက်လုံးများ တောက်ပလာသည်။ ပြီးနောက် အဘွားရှားက သက်ပြင်းချပြီး ခေါင်းခါလိုက်သည်။

အဘွားရှား :"သတင်းဆိုးကတော့ ငါတို့ လေးယောက်စလုံး ဒဏ်ရာရထားပြီ... ငါတို့ စတိုက်တုန်းကလို တိုက်ခိုက်ရေးစွမ်းအားကို မပြနိုင်​တော့ဘူး...."

ရှောင်ဝမ်စွင်း: "သတင်းဆိုး နောက်တစ်ခုကတော့ နတ်ဆိုး ဘုရားလောင်းက လွန်ခဲ့တဲ့ ငါးရက်လောက်ကထက် တန်ခိုးကြီးလာပြီ...."

လီကျင်းသို့ မျက်မှောင်ကြုတ်လိုက်သည်။

အခုထိ သေရမယ့် အဆုံးသတ်မှာပဲ ရှိပါသေး၏။

ကျင်းဟုန်ရိ: "ရှောင်ဝမ်စွင်း... ကျေးဇူးပြုပြီး အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို လွှဲပေးလိုက်ပါ... အားလုံးလည်း သေခါနီးနေပြီမို့ ကျောက်စိမ်းတံဆိပ်ကို သိမ်းထားနေလည်း အသုံးမဝင်ဘူး!"

"မင်းကို ကျောက်စိမ်းတံဆိပ်တုံး ငါပေးလိုက်ရင်တောင် မင်းသုံးလို့မရဘူး... အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို တော်ဝင်သွေးနဲ့ပဲ သုံးလို့ရတယ်... ဘုရင်ကျန်းရဲ့ အုတ်ဂူကို ဖွင့်ဖို့ မသုံးနိုင်ဘူး နတ်ဆိုး ဘုရားလောင်းကို နှိမ်နင်ဖို့လည်း မသုံးနိုင်ဘူး"

ကျင်းဟုန်ရိ ဒေါသတကြီး ပြန်အော်လိုက်သည်။

"ကျောက်စိမ်းတံဆိပ်ကို မလွှဲ​​ပေးရင် နတ်ဆိုးဘုရားလောင်း မရောက်လာခင် ဒီမိန်းကလေးက ရှင့်ကို ဒီနေ့ ​သေလမ်း ပို့ပေးလိုက်မယ်!"

ချန်ရှီနဲ့ လီထျန်းချင်ခမျာ ထိုစကားကို ကြားသောအခါ အံ့သြသွားကြသည်။ ကျင်းဟုန်ရိက သူတို့ကို ပြောသောအခါ သူမကိုယ်သူမ ဒီအဘွားကြီးက သို့မဟုတ် အဒေါ်ဟု ခေါ်သော်လည်း ရှောင်ဝမ်စွင်းနဲ့ ရင်ဆိုင်ရသောအခါတွင် သူမကိုယ်သူမ မိန်းကလေးဟု ခေါ်ခဲ့သည်။

ဒါက ဘာကြောင့်လဲ။

သူတို့လမ်းမှာရှိတုန်းက ကျင်းလေးက ငါ့ကိုကြိုက်လား သူကို ကြိုက်လားဆိုပြီး ငြင်းခုံခဲ့ကြပေမယ့် အခုကတော့ သူမ မဟုတ်​တော့သလိုပဲ။

ရှောင်ဝမ်စွင်း သူ့ခေါင်းကို ခါလိုက်ပြီး။

"ငါ့ဒဏ်ရာတွေ သက်သာလာတာ နှစ်ရက်ရှိပြီ.. မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူး"

ကျင်းဟုန်ရိ ဒေါသတကြီးဖြင့် အဘွားရှားကို ကြည့်လိုက်ပြီး ဆက်ပြောသည်။

"ရှောင်ဝမ်စွင်း... ဒီနေ့ ဒီမိန်းကလေးနဲ့ တိုက်ကြတာပေါ့!"

အဘွားရှားက နားလည်သဘောပေါက်ပြီး အမြန် ဝင်ရပ်လိုက်သည်။

"အခု ငါတို့ အင်အားကြီးတဲ့ ရန်သူကို ရင်ဆိုင်နေရပြီ... ငါတို့ရဲ့ အတိတ်က အာဃာတတွေကို ဖယ်ထားပြီး ပေါင်းစည်းဖို့ အချိန်ရောက်ပြီ ပုဂ္ဂိုလ်ရေး မညှာတာမှုတွေကြောင့်နဲ့ ကြီးမြတ်တဲ့ ဖြောင့်မတ်မှုကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်တာလဲ..."

လီကျင်းသို့: "မင်းတို့ ဆက်ပြီး ငြင်းခုန်နေကြ... ငါ့ဒဏ်ရာတွေကို ကုစားဖို့ အခေါင်းထဲကို သွားလိုက်မယ်... အယုတ်တမာလေး... ငါ့ကို ဘာလို့ဆွဲမထူသေးတာလဲ...?"

လီထျန်းချင်သည် သူ့ကို ဘာကြောင့် စိတ်ဆိုး​နေမှန်း မသိသော်လည်း သက်ကြီးရွယ်အိုများက ကလေးများလိုသာ ဖြစ်ကြောင်း သိထားသောကြောင့် သူ့ဆန္ဒကို လိုက်နာရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူက လီကျင်းသို့ကို ကောက်ထူပြီး အိမ်တော်ထဲသို့ ၀င်သွားခဲ့သည်။

လီကျင်းသို့ အသံက အိမ်ကြီးထဲမှ ထွက်လာသည်။

"မြေးဆိုးလေး... ငါသေရင်တောင် ပိုကောင်းတဲ့အခေါင်းထဲမှာ အိပ်လို့မရဘူးလား...ငါ ရှောင်ဝမ်စွင်းရဲ့ အခေါင်းထဲမှာပဲ အိပ်ချင်တယ် အဘွားရှားရဲ့ ခေါင်းတလားမှာ မအိပ်ချင်ဘူး!"

ရှောင်ဝမ်စွင်း အနည်းငယ် မျက်မှောင်ကြုတ်နေ၏။ သူ့စိတ်ထဲတွင်တော့ ဒီကပ်ဘေးကနေ ရှင်သန်နိုင်လျှင် လီကျင်းသို့ ဝင်ထားသော ကျောက်စိမ်းအခေါင်းကို လွှင့်ပစ်ကာ အသစ်တစ်ခုနှင့် အစားထိုးရမည် ဖြစ်သည်။ သူက တခြားသူ၏ အခေါင်းထဲတွင် အိပ်လေ့မရှိပေ။

ချန်ရှီက ဟိုဟိုဒီဒီ လှည့်ကြည့်ကာ မေးလိုက်သည်။

"အဘိုး ဘယ်မှာလဲ....အဘိုး ဒီမှာ မရှိဘူးလား"

ကျင်းဟုန်ရိနဲ့ ဤနေရာသို့ လိုက်လာခဲ့ရတဲ့ ရည်ရွယ်ချက်မှာ သူ့အဘိုးကို ရှာရန်ဖြစ်သော်လည်း သူ့အဘိုးက အခုထိ ပေါ်မလာသောကြောင့် စိတ်မသက်မသာ ဖြစ်လာသည်။ ထိုအခါ အဘွားရှားက စိတ်မချမ်းသာစွာနဲ့ ပြန်အော်လေ၏။

"ချန်ယင်တု... အယုတ်တမာကောင်! ဖွီး! ငါ ပါးစပ်တောင် ညစ်ပတ်ကုန်ပြီ!"

ချန်ရှီမှာ သူ့အဘိုးက သူမကို ဘယ်တုန်းက စော်ကားမိခဲ့တာလဲလို့ တွေးရင်း အံ့သြသွားသည်။

ရှောင်ဝမ်စွင်း: "ဆရာချန်က အခု ဆန်းကြယ်မြွေတောင်ကြီးမှာ ရှိနေတယ်... ဒီမှော်ဆန်တဲ့ အပြောင်းအလဲမှာ သူလည်း ဝင်လှုပ်ရှားလို့ မရဘူး...."

ချန်ရှီ သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"အဘိုးက အသက်ကြီးလာလို့ သူ့အရည်အချင်းတွေက အရင်ကလောက် မကောင်းတော့တာ နေမှာပါ.. ဘာမှ မလုပ်တာနိုင်တော့ဘူး..."

အဘွားရှားက ထူးဆန်းသလို ပြန်ကြည့်နေကာ ရှောင်ဝမ်စွင်းက ချောင်းဆိုးနေသည်။ ကျင်းဟုန်ရိကတော့ ချန်ယင်တုက ဘယ်သူမှ မသိပေ။ ဒါပေမဲ့ အဖွားရှားနဲ့ ရှောင်ဝမ်စွင်းက အဲဒီလူကို ဘယ်လောက် လေးစားတာလဲ ဆိုတာ မြင်ဖူးတော့ သူက အရမ်းတော်တဲ့လူ ဖြစ်လိမ့်မယ်လို့ ထင်ပါ၏။

ချန်ရှီက ဟေးကော်ကိုခေါ်ပြီး သူ့အဖိုးကိုရှာဖို့ ဆန်းကြယ်မြွေတောင်ကြီးဆီ စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားခဲ့လေသည်။ အဘွားရှားက သူ ထွက်သွားတာကို ကြည့်ပြီး ရုတ်တရက် လှည့်မေးလိုက်၏။

"ချန်ယင်တုက သူ့မြေးအတွက် ဝင်လှုပ်ရှားမယ်လို့ ထင်လား"

ရှောင်ဝမ်စွင်းက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။

"မထင်ဘူး... သူ ထွက်လာရင် နတ်ဆိုးသဘာဝရဲ့ ဒဏ်ကို ခံရလိမ့်မယ်.. သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ လူသားဆန်မှု လျော့နည်းလာပြီး ဆိုးသွမ်းတဲ့ နတ်ဆိုးစရိုက်တွေ ဝင်လာလိမ့်မယ်...ပိုပြင်းထန်လာရင် သူပါ နတ်ဆိုးတစ်ပါးလို ပြောင်းလဲသွားလိမ့်မယ်...ကျုပ် နတ်ဆိုး ဘုရားလောင်းကိုပဲ ရင်ဆိုင်ချင်တယ် နတ်ဆိုးဆရာချန်ကိုတော့ မတိုက်ချင်ဘူး!"

အဘွားရှားသည်လည်း ချန်ယင်တု၏ နတ်ဆိုးဖြစ်သွားမယ့် ကြောက်မက်ဖွယ် အခြေအနေကို တွေး​ကြည့်လိုက်သောအခါ အလိုအလျောက် တုန်လှုပ်သွားသည်။ နတ်ဆိုး ဘုရား​လောင်းထက် အဆများစွာ ပိုကြောက်စရာ ကောင်းပေလိမ့်မည်။

သူနှင့်ယှဉ်လျှင် နတ်ဆိုး ဘုရားလောင်းက ကြွေထည်နှင့် လက်နက်ရှစ်မျိုးသာ အသုံးပြုနိုင်သော ငယ်ရွယ်သော ကလေးတစ်ဦးမျှသာ ဖြစ်သည်။

ရှောင်ဝမ်စွင်းက ဆက်ပြောသည်။

"ဆရာချန်က ဒီကမ္ဘာကြီးကို မထိခိုက်စေချင်ဘူး...အဲဒါကြောင့် မြေအောက်ကမ္ဘာကိုပဲ သွား​နေချင်တယ်... ဒါပေမဲ့ ချန်ရှီကတော့ သူ့ကို စောင့်ရှောက်ပေးမယ့်သူမရှိရင် သူသေလိမ့်မယ်... အဲဒါကြောင့် သူ ဒီနေရာကနေ မသွားနိုင်ဘူး.... အဘွား ခင်ဗျားသူ့ကန့်ညောင် ဖြစ်​ပေးနိုင်မလား"

အဘွားရှား တုန်လှုပ်ခြောက်ခြားစွာ ခေါင်းယမ်းလေသည်။

"ကန့်ညောင်က အကာအကွယ်ပေးသူ... တောင်းဆိုသမျှ အရာအားလုံးကို တုံ့ပြန်​ပေးရတယ်။ ငါက တစ်နေ့ကို ဆယ့်နှစ်နာရီတောင် မနေနိုင်တော့ဘူး။"

သူမသည် ကြောက်ရွံ့ဟန်ပြပြီး ဘာမှ ထပ်မပြောပေ။

ရှောင်ဝမ်စွင်း: "ခင်ဗျားရော ကျွန်တော်ရော သဘောမတူနိုင်ဘူး... အဲဒါကြောင့် ဆရာကြီးချန်က ဒီနတ်ဆိုးကို ဝင်တိုက်ပေးမှာ မဟုတ်ဘူး... သူက ချန်ရှီကို ဆက်ထားခဲ့နိုင်ဖို့ ကျွန်တော်တို့ကို အတင်းအကြပ် သဘောတူခိုင်းချင်နေတာ!"

ကျင်းဟုန်ရိ စိတ်ရှုပ်နေပြီး :"ချန်ရှီက ဘာဖြစ်နေလို့လဲ... ဒီကလေးက အရမ်းကောင်းပါတယ် ဘယ်သူမှ သူ့ကို ဂရုမစိုက်ရင်တောင် ဘယ်လိုမှ မသေနိုင်ဘူး... ကျွန်မနောက်ကို လိုက်ခိုင်းလိုက်ယ.. ကျွန်မ သူ့ကို နတ်ယန္တရားစခန်းထဲ အလုပ်ကိစ္စနဲ့ ခေါ်သွားလိုက်မယ်!”

ရှောင်ဝမ်စွင်းက ခေါင်းခါလိုက်ကာ။

"လူကြီးမင်းကျင်း... မင်း ဒီဝန်ကို မခံနိုင်ဘူး နတ်ယန္တရားစခန်းလည်း မခံနိုင်ဘူး... မင်းရဲ့ နတ်ယန္တရားစခန်း၊ ပဉ္စမတပ်နဲ့ နတ်မဏ္ဍိုင်စခန်းက ပေါင်းချည်နှောင်ထားရင်တောင် အဲဒါကို မခံနိုင်သေးဘူး..."

ကျင်းဟုန်ရိက လှောင်ပြောင်သည်။

"ကျင်းဟုန်ရိ ပုခုံးက မထမ်းနိုင်တဲ့ဝန် ဒီကမ္ဘာမှာ မရှိဘူး!"

အဘွားရှား: "ခေါင်းဆောင် ကျင်း... မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား အကြောင်း ကြားဖူးလား"

ထိုစကားကို ကြားတော့ ကျင်းဟုန်ရိ အနည်းငယ် ထိတ်လန့်သွားသည်။

"ကြားတော့ ကြားဖူးတယ်... ဒါပေမဲ့ မွေးရာပါ အဲ့သန္ဓေသားက ဒဏ္ဍာရီပဲ ကောလဟာလတစ်ခုပဲ"

အဘွားရှား: "နတ်သန္ဓေသားတွေကို အညံ့ဆုံး အဆင့်၉ ကနေ အပြင်းထန်ဆုံး ပထမတန်းအထိ ခွဲခြားထားတယ်... နတ်သန္ဓေသား တစ်မျိုးစီမှာ မတူညီတဲ့ စွမ်းအားတွေ ရှိပြီး မတူညီတဲ့ စွမ်းရည်တွေကို ကိုယ်စားပြုတယ်... ဒါပေမဲ့ ပထမတန်းအဆင့် ခရမ်းရောင် ကျောက်စိမ်းသန္ဓေသားရဲ့ အပေါ်ဘက်မှာ မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား ဆိုတဲ့ နတ်သန္ဓေသား တစ်မျိုးလည်း ရှိသေးတယ်..."

ရှောင်ဝမ်စွင်းက ငြူစူတာလား နောင်တရနေသလား မသိ သက်ပြင်းချလိုက်သည်။

"အပျော့ဆုံးက အဘိုးချန်ယင်တု...အပြင်းထန်ဆုံးက မြေး ချန်ရှီ"

အဘွားရှား: "အဘိုးကြီး ချန်ယင်တုက ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့မိသားစုကို လစ်လျူရှုပြီး သူ့သားကို ထားခဲ့ပြီး ထွက်​သွားတယ်။ တစ်နှစ်မှာ တစ်ကြိမ် အိမ်ပြန်နိုင်ရင်တောင် ကောင်းနေပြီ... သူ့သားက သူ့မွေးရပ်မြေ ကျေးလက်မှာ ကြီးပြင်းခဲ့တော့ ဘယ်လိုသင်ပေးရမလဲ မသိဘူး... သူ့မြေးလေး ချန်ရှီက ခရိုင်စာမေးပွဲမှာ ပထမရတော့ ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားလာခဲ့တယ်... သူ့ကို ဒဏ္ဍာရီဆန်ဆန် မွေးရာပါ ကောင်းကင်လမ်းစဥ်သန္ဓေသား တာအိုကိုယ်ခန္ဓာကို ပေးအပ်ခဲ့ပြီး ပြည်နယ်ငါးဆယ်မှာ နံပါတ်တစ် စာသင်သား ဖြစ်လာခဲ့တယ်... ကျောက်စိမ်းတစ်လုံး ရတာ ဘယ်လောက်ဂုဏ်ယူစရာကောင်းလဲ...."

သူမ ခေတ္တရပ်လိုက်ပြီး :"ဆရာချန်က သူ့မြေးက ပြည်နယ်ငါးဆယ်မှာ ပထမအဆင့် စာသင်သား ဖြစ်လာတဲ့ သတင်းကို သိလိုက်ရတော့ ချက်ချင်း အိမ်ပြန်ခဲ့တယ်... ဒါပေမယ့် အိမ်ပြန်ရောက်တော့ ချန်ရှီရဲ့ ခန္ဓာကိုယ်က အေးစက်နေပြီ... မွေးရာပါ သန္ဓေသားလေးကလည်း ပျောက်သွားတာ ကြာပြီ... ဘယ်သူက လုပ်လိုက်တာလဲ ဘယ်သူမှ မသိဘူး”

ကျင်းဟုန်ရိမှာ ထိုစကားကို ကြားလိုက်သောအခါ သူမသည် ချန်ရှီအတိတ်နဲ့ အဖြစ်အပျက် တစ်ခုကို ရုတ်တရက် သတိရသွားပြီး ကြောက်ရွံ့မှု ပြသွားသည်။

သူမ နတ်ယန္တရားစခန်းသို့ ဝင်ရောက်လာသောအခါတွင် သူမသည် မူလစခန်းတွင် တပ်မှူးအဖြစ် အရည်အချင်း မပြည့်မီသော်လည်း မျှော်လင့်ချက် မရှိသောအခါတွင် ရုတ်တရက် ကြီးမားသော ဖြစ်ရပ်တစ်ခု ရုတ်တရတ် ဖြစ်ပွားခဲ့သည်။

နတ်မဏ္ဍိုင်စခန်းမှာရှိတဲ့ စစ်သားတွေ သေလုနီးပါး ဖြစ်သွားခဲ့၏။ ရေတပ်သား၊ စစ်သံမှူး၊ တပ်မှူးများ၊ စခန်းမှူးများနှင့် တပ်ရင်းတစ်ခုစီရှိ အခြားအမှုထမ်း အရာရှိများအားလုံး လုံး၀နီးပါး သုတ်သင်ရှင်းလင်းခဲ့ရသည်။

မူလကတော့ နတ်ယန္တရားစခန်းထဲက နေရာများကို ကျော်ကြားသူများမှ အဆုံးအဖြတ် ပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လူပေါင်းများစွာ သေဆုံးပြီး လစ်လပ်​နေတဲ့ နေရာများကလည်း များပြားလွန်းသဖြင့် သူမသည် နတ်ယန္တရားစခန်းသို့ ကြောင်တက်တက်ဖြင့် ဝင်ရောက်ကာ စစ်သံမှူးရာထူးအထိ တိုးမြှင့်ခံခဲ့ရသည်။

နတ်ယန္တရားစခန်း၏ ရာထူးအရဆိုလျှင် သူမအထက်တွင် နတ်ယန္တရားစခန်း တပ်မှူးကြီး၊ စစ်သူကြီးနှင့် ဝန်ကြီးသာ ရှိတော့သည်။

အနောက်မြို့ကို စောင့်ကြပ်နေသော တပ်ရင်းကြီး သုံးခုလုံး အဘယ်ကြောင့် ပျက်လုနီးပါး ဖြစ်နေခဲ့ရသလဲ သူမ အမြဲလိုလို သိချင်နေမိသည်။ အနောက်မြို့ ရှီးကျင်း၌ လူများကို ရုတ်တရက် အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သော လူကြောင့် တပ်ရင်းကြီး (၃) ခုအား ထိုလူကို သုတ်သင်ရန် အမိန့်ပေးခဲ့သော်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုအချိန်က ရှီကျင်းတွင် ထင်ရှားသော လူများစွာ သေဆုံးခဲ့ရပြီး ၎င်းတို့အားလုံးကို ထိုပရမ်းပတာ တိုက်ပွဲအတွင်း မြှုပ်နှံခဲ့ရကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။

အဲဒီလူက ဘယ်သူလဲ၊ ဘာကြောင့် ရူးသွပ်သွားတာလဲ ဆိုတော့ စခန်းရဲ့ မှတ်တမ်းတွေမှာ တွေ့ရပမယ့် အရေးကြီးတဲ့ စကားလုံးတွေက မည်းမှောင်နေပြီး လက်ရေးက ဖတ်လို့တောင် မရတော့ပေ။

ချန်ရှီအဘိုးသာ အဲဒီတုန်းက ကိစ္စကို လုပ်ခဲ့တာဆိုရင်...။

ကျင်းဟုန်ရိ တုန်တုန်ယင်ယင် ဖြစ်လာသည်။ သူမသည် ဤဝန်ကို အမှန်တကယ် မထမ်းနိုင်ဘဲပေ။ နတ်ယန္တရားစခန်းနှင့် တခြားစခန်းနှစ်ခုလည်း ဝန်ကို သယ်မသွားနိုင်ပေ။

တစ်ဖက်ကလည်း သူမ အနည်းငယ် အံ့သြသွားပြန်သည်။

"ချန်ရှီရဲ့အဖိုးက ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးတော့ ဘယ်လိုလုပ် ရှင်သန်ခဲ့တာလဲ... နောက်ပြီး ချန်ရှီရဲ့ မွေးရာပါ သန္ဓေသားက အမဲဖောက်ခံရတာ ကြာနေပြီ မဟုတ်ဘူးလား သူ ဘယ်လိုလုပ် အသက်ရှင်လာတာလဲ..."

ထိုအချိန်တွင် ချန်ရှီသည် တစ်စုံတစ်ယောက်ဆီက နှိပ်စက်ခံခဲ့ရကြောင်း တွေးမိလိုက်တဲ့အခါ သူမ နှလုံးသားထဲတွင် ဝမ်းနည်းနေမိသည်။

သန္ဓေသားသာ အဖောက်မခံခဲ့ရရင် သူမကို မော့ကြည့်ဖို့ မလိုအပ်လောက်ပေ။

ကျင်းဟုန်ရိ စိတ်ထဲ၌: "ချန်ရှီအဘိုး မကူညီချင်တာ နားလည်ပါတယ်... ငါ့မြေးကို ဒီလိုဆက်ဆံရင် ငါလည်း မင်မင်းဆက်ကို ဒီလိုတုံ့ပြန်မိမှာပဲ!"

ယခုအချိန်တွင် ရှောင်ဝမ်စွင်းကလည်း ဝင်ဆိုလာသည်။

"တခြားနည်းလမ်း မရှိတော့ဘူး... နတ်ဆိုးဘုရားလောင်းကို ကိုင်တွယ်ဖြေရှင်းဖို့ သူတို့ကိုပဲ အားကိုးရတော့မယ်"

"သူတို့?"

အဖွားရှား အနည်းငယ် လန့်သွားပြီး သူ့အကြည့်က ကြေးမုံအိုင်အိမ်တော်ဆီ ရောက်သွားခဲ့သည်။ အဲဒီနေရာမှာရှိတဲ့ ရှေး​ဟောင်းသစ်ပင်တိုင်းရဲ့ အောက်မှာ ခေါင်းတလားတစ်ခုစီ ရှိသည်။ အဘွားရှားက ပြတ်ပြတ်သားသား ငြင်းသည်။

"မဟုတ်ဘူး... အခု သူတို့ ဘယ်လိုအခြေအနေရောက်နေလဲ ဘယ်သူမှ မသိဘူး... ခေါင်းတလားထဲ ထည့်ထားတုန်းကတည်းက မူမမှန်တော့ဘူး...သူတို့နိုးလာရင် လူဖြစ်နေသေးရင်တော့ ကောင်းတာပေါ့... မဟုတ်ရင်တော့ သူတို့ တစ်ယောက်ချင်းစီက နတ်ဆိုးဘုရားလောင်းနဲ့ အဘိုးကြီးချန်ထက် ဆိုးသွားလိမ့်မယ်!”

ရှောင်ဝမ်စွင်းက ညစ်ညမ်းသော လေကို မှုတ်ထုတ်လိုက်ပြီး။

"ဒါဆိုရင် နည်းလမ်းတစ်ခုပဲ ရှိတယ်...ကျွန်​တော်တို့လေးယောက် သေဖို့ စိတ်ပိုင်းဖြတ်ထားလို့ ပြန်တိုက်ရဦးမယ်... အဘွားကရော?"

အဘွားရှား အမူအရာမှာ မှုန်ကုပ်ကုပ်ဖြင့်။ သူမ ကြေးမုံအိုင်အိမ်တော်ရဲ့ အဝင်ဝတွင် ချိတ်ဆွဲထားသော သိုးထီးဦးချိုမီးပုံးကို တစ်ချက် ကြည့်လိုက်သည်။ ဤမီးအိမ်သည် သူမသား ရှန့်ထျန်းယွီကို ရှာလိုသောဆန္ဒကို သယ်ဆောင်ပေးနေတာပင်။

"ကောင်းပြီ... ငါသေသွားတော့လည်း ထျန်းယွီကိုရှာဖို့ မရဏကမ္ဘာကို သွားတာပေါ့..."

အဘွားရှားက ခေါင်းကိုမော့ပြီး ပြောလေ၏။

"ရှောင်ဝမ်စွင်း...ငါ မင်းနဲ့အတူ အသက်စွန့်မယ်!"

ရှောင်ဝမ်စွင်းက ကျင်းဟုန်ရိကိုလည်း ကြည့်ပြီး မေးလိုက်သည်။

"ဟုန်ရိရော..."

"ကျွန်မကို ဟုန်ရိလို့ မခေါ်နဲ့...လူကြီးမင်းကျင်းလို့ ခေါ်!"

ကျင်းဟုန်ရိ တုံ့ဆိုင်းနေပြီးမှ :"အခု အသက်ရှင်ဖို့ သေတဲ့အထိ တိုက်ပွဲဝင်ရမယ်... ကျွန်မ စမ်းကြည့်ဖို့ ဆန္ဒရှိတယ်!"

ရှောင်ဝမ်စွင်း သူ့အခေါင်းကို ကြည့်လိုက်တော့ လီကျင်းသို့ရဲ့ အသံက အဲဒီ့အခေါင်းထဲကနေ ထွက်လာသည်။

"ဒီမြေးဆိုးလေး အသက်ရှင်ဖို့ ကျုပ်လည်း နည်းလမ်းရှာရမှာပေါ့... ဘာပဲဖြစ်ဖြစ် ကျုပ်လည်း ပါဝင်ရမယ်!"

ရှောင်ဝမ်စွင်း :"လူကြီးမင်းကျင်းရေ... မင်းကတော့ အဘွားရဲ့ အခေါင်းထဲကို အရင်သွားပြီး အနားယူလိုက် မင်းရဲ့ဒဏ်ရာတွေကို ကုစားဖို့ တစ်ရက် အချိန်ပေးမယ်... တစ်ရက်ပြည့်ရင် နတ်ဆိုးဘုရားလောင်းကို ကိုင်တွယ်ဖို့ အစီအစဥ်ကို ဆွေးနွေးကြမယ်"

ကျင်းဟုန်ရိကလည်း ဤလျှို့ဝှက်ဆန်းကြယ်သော အိမ်ကြီးထဲက အခေါင်းတွေအကြောင်း အလွန်သိချင်နေပြီး "အခေါင်းထဲ လှဲလျောင်းလိုက်တာနဲ့ ဒဏ်ရာတွေက ပျောက်ကင်းနိုင်တာလား" ဟု ချီတုံချတုံ မေးခဲ့သည်။

သူမ လှမ်းဝင်တော့မည် ဖြစ်သော်လည်း လီထျန်းချင်က အထဲတွင် ရှိနေဆဲ ဖြစ်တာကြောင့် လျင်မြန်စွာ ရပ်လိုက်သည်။ လီထျန်းချင် ထွက်လာပြီးနောက် သူမသည် ဗီလာထဲသို့ သတိကြီးစွာဖြင့် ဝင်ရောက်လာ၏။ ယခုတစ်ကြိမ်တွင်တော့ သူမအား နှိပ်စက်ရန် ဖိအားများ ကြီးမားစွာ မရှိခဲ့ပေ။

အနောက်တောင်ထောင့်ရှိ အဘွားရှား၏ ခေါင်းတလားသို့ ရောက်ရှိလာပြီး ခေါင်းတလား ပျဉ်ပြားများကို အလိုအလျောက် ပိတ်ကာ သူမကို အတွင်းဘက်၌ ထည့်ပိတ်သွားခဲ့သည်။

ထူးဆန်းတာက ဒီနေရာဟာ ယင်ဓာတ်ဖြင့် အလောင်းကို သိမ်းဆည်းထားရာ နေရာဖြစ်ပြီး တကယ်တော့ သေခြင်းမှ မွေးဖွားလာတဲ့ ထူးဆန်းတဲ့ စွမ်းအားတွေ ပါ၀င်နေသည်။ ၎င်းက သူမရဲ့ ဒဏ်ရာတွေကို ကုသပေးပါ၏။

ဒီကုသမှုမျိုးက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုများပါ ပျောက်ကင်းပြီး စိတ်ဝိညာဉ်ပင် အလွန်သက်တောင့်သက်သာ ရှိလာစေပါသည်။

"သူတို့အားလုံး ခေါင်းတလားထဲမှာ အိပ်ရတာ ကြိုက်နေကြတာ မဆန်းပါဘူး!"

ကျင်းဟုန်ရိမှာ သက်တောင့်သက်သာ ရှိလွန်းသဖြင့် သူမ အိပ်ပျော်လုနီးပါး ဖြစ်လာသည်။

"ဒီမှာ တစ်ရက်အိပ်တာက တစ်နှစ်ထက်တစ်နှစ် ပိုကောင်းတယ်! စကားမစပ် ချန်ရှီ ဒီနေရာနဲ့ အရမ်းရင်းနှီးတယ်... သူ့အခေါင်းက ဒီမှာရှိသေးလား... တကယ်ပဲ သေတာကြာပြီလား?"

အပြင်ဘက်တွင် လီထျန်းချင်က ဆိုလိုက်သည်။

"မကောင်းဆိုးဝါး ဘုရားလောင်းရဲ့ ပြဿနာကို ကျွန်တော် နည်းနည်း ကူညီနိုင်တာလည်း ဖြစ်နိုင်တယ်"

အဘွားရှားနဲ့ ရှောင်ဝမ်စွင်းတို့ရဲ့ မျက်လုံးတွေက လီထျန်းချင်ရဲ့ မျက်လုံးတွေပေါ်ကို စိုက်ကျလာသည်။

"နတ်ဆိုး ဘုရားလောင်းကို ကျွန်တော် နှစ်ကြိမ်မြင်ဖူးတယ်.... သူ့ရဲ့ ခန္ဓာကိုယ်မှာ မျက်လုံး ရှစ်လုံးကနေ သူ့ရဲ့ အရေပြားမျက်နှာပြင်နဲ့ နားပေါက်တွေအထိ အသေးစိတ် အဆောင်ဆွဲချက် အချက်အလက်တွေနဲ့ ပြည့်နေတယ်... လက်နက်ရှစ်မျိုးကလည်း အဆောင်ဆွဲချက်တွေနဲ့ ရေးဆွဲထားတာ...အဲဒါက ဘုရင်ကျန်းခေတ်က ကျွမ်းကျင်တဲ့ လက်သမားဆရာတွေ ချန်ထားခဲ့တဲ့ အရာတွေပဲ... အဆောင်ဆွဲချက်တိုင်းက စာလုံးပေါင်းတစ်မျိုးကို ကိုယ်စားပြုတယ်...အဲဒါက သူ့ကိုသတ်ဖို့ အစီအစဥ် ချပေးခဲ့တာပဲ”

အဘွားရှားရဲ့ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။

"လီကျင်းသို့မှာ တကယ် ထက်မြက်တဲ့ မြေးတစ်ယောက် ရှိနေတာပဲ.. ချွေးမ ကောင်းကောင်း ရွေးထားလို့ပဲ ဖြစ်မယ်!"

လီကျင်းသို့ရဲ့ ဒေါသတကြီး အော်ဟစ်သံက အခေါင်းထဲမှ ထွက်လာသည်။

လီထျန်းချင်: "အမေက အရမ်းထက်မြက်တယ် ဒါပေမယ့် သူ့ကံကြမ္မာက မကောင်းဘူး.... ဒါကြောင့် ကျွန်တော့်အဖေကို...."

လီကျင်းသို့ မအော်တော့ဘဲ သက်ပြင်းချနေလေသည်။

ရှောင်ဝမ်စွင်းက အနည်းငယ် မျက်မှောင်ကြုတ်ကာ ခေါင်းယမ်းလိုက်သည်။

"နတ်ဆိုး ​ဘုရားလောင်းရဲ့ အဖြူအပြာ ကြွေပန်းတွေကြားမှာ ဝှက်ထားတဲ့ အစီအရင်ဆွဲချက်တွေ အများကြီး ရှိတယ်... ဒီလောက်များတဲ့ ဟာတွေကို ဘယ်သူက မှတ်မိမှာလဲ"

လီထျန်းချင်: "ကျွန်တော် မှတ်မိတယ်!"

အဘွားရှားကလည်း မျက်မှောင်ကြုတ်ပြီး။

"ဒါကို မှတ်မိရုံနဲ့ အဆင်မပြေပါဘူး ဒီဆွဲချက်တွေကို ပုံဖော်ဖို့လည်း လိုတယ်... ပါရမီ ထူးခြားမှုတွေလည်း လိုတယ်..."

လီထျန်းချင်: "ချန်ရှီ လုပ်နိုင်တယ်... သူက အဆောင်တွေကို တစ်ချက်တည်းနဲ့ အပြီးသတ် ဆွဲနိုင်တယ်...."

အဘွားရှားနဲ့ ရှောင်ဝမ်စွင်းတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရာ နှစ်ယောက်စလုံး၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အလင်းရောင်များကို တွေ့လိုက်ရသည်။ ရှောင်ဝမ်စွင်းက လီထျန်းချင်ကို လေးလေးနက်နက် စေ့စေ့ကြည့်ကာ။

"မင်းက အရမ်းတော်တာပဲ... မင်းမှာ ဘယ်လို နတ်သန္ဓေသား ရှိနေတာလဲ"

"ခရမ်းရောင်ကျောက်စိမ်း နတ်သန္ဓေသား"

"ငါရောပဲ"

ရှောင်ဝမ်စွင်းက သူ့ကို အရမ်းသဘောကျသွားပြီး စကားဆက်လေသည်။

"ငါတို့က သူတို့လို လူမိုက်တွေနဲ့ မတူဘူး... မင်းငါ့​နောက်ကို ဒီရက်အနည်းငယ် အတွင်းသာ လိုက်ခဲ့မယ်ဆိုရင် မင်းကို ရက်အနည်းငယ်အတွင်း ပြောင်းလဲပေးနိုင်တယ်...မင်း လမ်းလွှဲသွားမှာတွေကို ရှောင်နိုင်မှာပါ"

အဘွားရှား: "ရှောင်ဝမ်စွင်း! ဒါက ဘာကိုဆိုလိုတာလဲ....ဟုန်ရိ ဟုန်ရိ ဒီကောင်ကို ထွက်လာပြီး သတ်လိုက်တော့!"

All Chapters