← Chapters

အမြင့်မြတ်ဆုံး မှော်အစွမ်း

Vol. 5 Ch. 65

အမြင့်မြတ်ဆုံး မှော်အစွမ်း

Vol. 5 Ch. 65

ရှောင်ဝမ်စွင်းရဲ့ ရထားလုံးက လွင့်ပျံသွားတာကြောင့် ရထားလုံးပေါ်ရှိ လီကျင်းသို့လည်း အတူတူ ပျံထွက်သွားခဲ့သည်။ ရထားလုံးက အပိုင်းပိုင်း ကွဲသွားကာ ထူးခြားဆန်းပြားသော မြင်းလေးကောင်ကိုလည်း အမှုန့်ကြိတ်သွားခဲ့သည်။

ရထားထိန်းသည် ချောက်ကမ်းပါးကို မထိမီ လှည့်ရန် ကြိုးစားသော်လည်း နတ်ဆိုး ဘုရားလောင်း၏ တန်ခိုးသည် ကြီးမားလွန်းသဖြင့် သူ့ကိုယ်သူ ကျောက်ရုပ်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့သော်လည်း အစိတ်စိတ်အမွှာမွှာ ကွဲသွားလေသည်။

လီကျင်းသို့မှာ လည်ချောင်းထိပ်သို့ ထိုးတက်လာသော သွေးများကို ခုခံသော်လည်း ခြေသလုံးပေါ်မှ ကြွေသွားသံကို ကြားလိုက်ရသဖြင့် အောက်ငုံ့ ကြည့်လိုက်ရာ နတ်ဆိုး ဘုရားလောင်း၏ ထိုးနှက်မှုကြောင့် သူ့ခြေထောက်များ ကျိုးသွားတာ တွေ့လိုက်ရသည်။

သူ့ခြေထောက်တွေမရှိရင် လီမိသားစုမှာ သူ့ရဲ့ အဆင့်အတန်းဟာ အတော်ကို လျော့ပါးသွားလိမ့်မယ်လို့ သူ တွေးနေခဲ့မိ၏။

"ငါဘာလို့ရာထူးကို အရမ်းလိုချင်​နေတာလဲ... ဘာပဲဖြစ်ဖြစ် ထျန်းချင်နဲ့ ငါနှစ်ယောက်စလုံးက ချန်ယန်တောင်မှာ သေသွားရမှာပဲလေ..."

လီကျင်းသို့သည် လက်နှစ်ဘက်ဖြင့် ပြင်းထန်စွာ တွန်းထုတ်လိုက်ရာ လဘီး ခြောက်ဘီးလုံးသည် သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျယ်လောင်စွာ အသံမြည်လာလေ၏။ အရှေ့တွင်ရှိ နတ်ဆိုး ဘုရား​လောင်းသည် ကျင်းဟုန်ရိ၏ ဓားစွမ်းအင်ကို လက်တစ်ဖက်တည်းဖြင့် ဖမ်းမိထားကာ ဓားစွမ်းအင်များစွာ ပေါက်ကွဲသွားလေသည်။ ဓား၏ စွမ်းအားသည် တစ်ဟုန်ထိုး ပေါင်းစပ်သွားကာ နတ်ဆိုး ဘုရားလောင်းအား တစ်ခဏအတွင်း ဖိနှိပ်ထားခဲ့သည်။

သိုးထီးဦးချို ကောင်းကင်ဝိညာဉ် မီးအိမ်သည် နတ်ဝိညာဉ်ကို လင်းလက် တောက်ပ​နေစေ၏။ အဘွားရှား၏ နတ်ဝိညာဉ်သည် နတ်သန္ဓေသားနှင့် ပေါင်းစည်းသွားသည်။ သူမက မဟာပါးကွာ အဆောင်လက်ဖွဲ့ကို ရွတ်ဆို၍ သူမခြေဖဝါးကို မြှောက်လိုက်တဲ့အခါ ချက်ချင်းဆိုသလို အနက်ရောင်စွမ်းအင်များ လိမ့်တက်လာခဲ့သည်။

အပြာ​ရောင် ကျောက်လမ်းသည် သူ့ခြေဖဝါးအောက်မှ ပြန့်ကျဲသွားကာ ပတ်ဝန်းကျင်ရှိ တောင်များနှင့် မြစ်တို့သည် မကောင်းဆိုးဝါး ဘုရားလောင်းကို မရဏကမ္ဘာသို့ ဆွဲငင်ရန် ကြိုးစားလာကုန်ကြသည်။

အဘွားရှား: "ပြဿနာတွေ မရှာနဲ့တော့... ငါနဲ့အတူ မရဏကမ္ဘာကို လိုက်ခဲ့!"

နတ်ဆိုး ဘုရားလောင်းက သူ့ခြေရင်းက ကျောက်လမ်းကို အစွမ်းကုန် ဖြိုခွင်းပစ်လိုက်ရာ အဘွားရှားရဲ့ မျက်နှာအရောင်က အနည်းငယ် ပြင်းထန်လာပြီး သူမ၏ ပါးစပ်နှင့် မျက်လုံးထောင့်များမှ သွေးများ စီးဆင်းလာကာ နှာခေါင်းပေါက်များကလည်း ပူနွေး နီမြန်းသော သွေးစီးကြောင်း နှစ်ကြောင်း ထွက်လာသည်။

"မရဏကမ္ဘာကို အတူတူ သွားကြတာပေါ့!"

အဘွားရှား ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်စဥ် နတ်ဆိုး ဘုရားလောင်းရဲ့ ခန္ဓာကိုယ် အများစုသည် မရဏကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။

မရဏကမ္ဘာကြီးက ကြောက်စရာ ကောင်းလှသည်။ အုံ့မှိုင်းနေသော လက်အစုံသည် ပတ်ဝန်းကျင် အမှောင်ထဲမှ ဆွဲထုတ်ကာ အပြာရောင် ကျောက်တုံးလမ်းပေါ်မှ လူနှစ်ယောက်ကို ဖမ်းဆွဲလိုက်သည်။ ၎င်းက မေ့လျော့ခြင်း မြစ်ပေါ်တွင် မြင်တွေ့ရသည့် မြင်ကွင်းနှင့် လုံးဝကို ကွဲပြားသွားသည်။

ဤအခင်းအကျင်းနဲ့တောင် နတ်ဆိုး ဘုရားလောင်းကြီးသည်ပင် မကြောက်ဘဲ ခြေကိုမြှောက်ကာ အပြာရောင် ကျောက်လမ်းကို ဖြိုခွင်းလိုက်၏။ အဘွားရှားသည် အဆက်မပြတ် ချောင်းဆိုးရင်း သွေးများ အန်ထွက်လာခဲ့ကာ မြေပြင်ပေါ်တွင် ဒူးထောက်လဲကျရင်း အားအင်များ ဆုံးရှုံးသွားခဲ့သည်။

"ရွှီး!"

အအေးဓာတ်က နတ်ဆိုး ဘုရားလောင်းရဲ့ စိတ်နှလုံးကို ဖြတ်တောက်ပြီး သူ့ရင်ဘတ်ကနေ ဖောက်ထွက် ပျံသန်းသွားသည်။ ရှောင်ဝမ်စွင်း သူ့မျက်ခုံးမွှေးကြားကနေ လှမ်းကြည့်လိုက်သည်။ ၎င်းက ပေါ်လောင်ဓားပင်။

ပေါ်လောင်က ကျူးချွဲ့အနွယ်ဝင် ငှက်၏အမည်ဖြစ်ပြီး ၎င်းတို့အတွက် အကောင်းဆုံးမှာ အခြားငှက်များကို ဖမ်းဆုပ်ကာ သစ်ကိုင်းများပေါ်တွင် ချိတ်ဆွဲကာ ၎င်းတို့၏ ဦးနှောက်ကို စားရန် သို့မဟုတ် ခေါင်းကိုဖွင့်၍ ကိုက်စားပစ်ရန် ဖြစ်သည်။

ရှောင်ဝမ်စွင်း သူ့ရဲ့ဓားလေးကို ပေါ်လောင်ဓားလို့ အမည်ပေးခဲ့တဲ့ နောက်ကွယ်က အဓိပ္ပာယ်ကတော့ ဒီအရာကြောင့်ပါပဲ။ ဓားလေးသည် ရင်ဘတ်ကို ထိုးဖောက်ပြီး ဦးနှောက်ကို ပိုင်းဖြတ်ရာတွင် အတော်ဆုံး ဖြစ်၏။ ရွှေအမြုတေနဲ့ ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံထားသော ကျင့်ကြံသူများပင်လျှင် သူဓားအောက်တွင် သေဆုံးသွားဖူးသည်။

ထိုစဥ် ဓားရှည်သည် နတ်ဆိုး ဘုရားလောင်း၏ မျက်ခုံးများ​ကြားကို ထိုးဖောက် ဝင်ရောက်တော့မည် ဖြစ်သော်လည်း မမြင်နိုင်သော စွမ်းအားတစ်ခုက ရုတ်တရက် တားဆီးလိုက်ပုံရပြီး မျက်ခုံးရှေ့တွင် ရပ်တန့်သွားကာ ရှေ့ဆက် မတိုးနိုင်တော့ပေ။

နတ်ဆိုး ဘုရားလောင်း၏ မျက်နှာများထဲမှ တစ်လုံးဟာ ဓားငယ်ကို စိုက်ကြည့်နေခဲ့ရာ ဓားငယ်က အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ထို့နောက်က ဓားကိုယ်ထည်သည် တဖြည်းဖြည်း လိမ်ကာ ပုံပျက်သွားလေသည်။

"မင်းရဲ့ဝိညာဉ်ကို ဒီဓားမှာ စတေးထားပြီးရင် လူနဲ့ဓားက တစ်သားတည်း ဖြစ်သွားလိမ့်မယ်"

ယုတ်မာသော ဘုရားလောင်း၏ အခြားမျက်နှာကတော့ ရှောင်ဝမ်စွင်းကို စိုက်ကြည့်နေ၏။ ယခုအချိန်တွင် ရှောင်ဝမ်စွင်းဟာ ယခင်ကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း မရှိတော့ပေ။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားရှည်တစ်ချောင်းကဲ့သို့ တဖြည်းဖြည်း ကွဲအက်လာသည်။ မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် သူ့ကို ပေါ်လောင်လို အမူအရာ လုပ်စေသည်။

"မင်းငါ့နှလုံးသားကို ထိုးဖောက်နိုင်တာ အံ့ဩစရာ မရှိပါဘူး... ဒါပေမဲ့ မင်းရဲ့စိတ်ဝိညာဉ်က မင်းကိုသတ်ဖို့ အခွင့်အရေး ပေးတယ်လေ...."

နတ်ဆိုး ဘုရားလောင်း၏ ရင်ဘတ်ပေါ်တွင်တော့ ကြွက်သားချည်မျှင်များဟာ မျှော့များနှင့် မြေ​ကြီးထဲက သန်ကောင်များကဲ့သို့ ရောယှက်ကာ ထိုးဖောက်ခံထားရသော နှလုံးကို ပြုပြင်ပေး​​​နေသည်။

၎င်းက လေလှိုင်းတစ်ခုဖြင့် ရုတ်တရက် တွန်းထုတ်လိုက်ရာ ဓားငယ်က တစ်ပတ်ခန့် လိမ်သွားသလို ရှောင်ဝမ်စွင်းရဲ့ ခန္ဓာကိုယ်သည်လည်း တစ်ပတ်ကြာအောင် လိမ်သွားကာ အရိုးများ အက်ကွဲသွားတာကြောင့် မျက်နှာပေါ်၌ သွေးများ ညှစ်ထွက်ကာ မျက်နှာတစ်ခုလုံး နီမြန်းလာခဲ့သည်။

ဝှစ် ဝှစ် ဝှစ်!

လဘီးများသည် ရွှေ့လျားရန် အတတ်နိုင်ဆုံး ကြိုးစားကာ ရှောင်ဝမ်စွင်းကို ကယ်တင်ဖို့ ပြေးလာသည်။ နတ်ဆိုး၏ လက်ခြောက်ချောင်းကို လက်ခြောက်ချောင်းကို ဖြတ်ပြေးသွား၏။ သို့သော်လည်း လဘီးခြောက်ဘီးမှာ လေထဲတွင် ရုတ်တရက် ရပ်တန့်သွားပြီး ၎င်း၏ ပြင်းထန်သော မှော်ဖိအားကလည်း တဖြည်းဖြည်း သေးငယ်လာသည်။

ပေါက်ကွဲသံ အနည်းငယ်နှင့်အတူ လဘီးတွေပါ ကွဲအက်သွားသည်။

"မင်းကဘယ်နှခု တားနိုင်မှာလဲ"

လီကျင်းသို့ ရူးသွပ်စွာ အော်လိုက်သည်။ သူ့ပတ်ဝန်းကျင် လေထုဟာ ပြင်းထန်စွာ တုန်ခါသွားပြီး ယင်လဘီး ခြောက်လုံးက ဘယ်နေရာကမှ ထွက်မလာတော့ပေ။ နတ်ဆိုး ဘုရားလောင်းသည် မျက်မှောင်ကြုတ်ကာ ရှောင်ထွက်သွားသည်။ လီကျင်းသို့က လေထုအလယ်တွင် ရှိနေ၏။

သူ တစ်ချက် ကြည့်လိုက်သောအခါတွင် သူသည် ချက်ချင်း ကြွေရုပ်ဖြစ်သွားကာ ခြေထောက်မရှိသော ကြွေလူသား အဖြစ်သို့ ပြောင်းလဲသွားပြီး လေထဲမှ ပြုတ်ကျသွားသည်။ သူ့စွမ်းအင် အားလုံးကို ယင်လဘီးခြောက်ခုကို ထုတ်လွှတ်ရန် အသုံးပြုခဲ့ပြီးပြီ။ ဒါကြောင့် နတ်ဆိုး ဘုရားလောင်း၏ တန်ခိုးအပေါ် ခုခံနိုင်မှုက ပျောက်ဆုံးသွားကာ ကြွေအသွင်ပြောင်းသည့် အရှိန်မှာလည်း ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လှသည်။

သူသည် ကျောက်ဆောင်များပေါ်သို့ လဲကျကာ အပိုင်းပိုင်း ပြိုကျခါနီးတွင် ရွှေနီရောင် ချည်မျှင်များက သူ့ဆီသို့ ပြေးလာ၏။ ချည်မျှင်များက အနီရောင်ဝတ်စုံ ဖြစ်သွားကာ ကြွေလူသားအဖြစ် ပြောင်းလဲသွားသော လီကျင်းသို့ကို ဖမ်းထားလိုက်သည်။

ကြွေရုပ်သည် ပြုတ်ကျကာ အနည်းငယ် ကျိုးသွားသော်လည်း မသေနိုင်သေးချေ။ ကျင်းဟုန်ရိ အနီရောင်အဝတ်အစားမှ လူသားအသွင်သို့ ပြောင်းလဲသွားကာ မတ်တပ်ရပ်ခါနီးတွင် နတ်ဆိုးသည် သူမအား တိတ်တဆိတ် စိုက်ကြည့်နေလေသည်။ မမျှော်လင့်ဘဲ အနီရောင်အဝတ်အစားတွေ ၀တ်ပြီး ထွက်ပြေးတော့မလို လုပ်ရင်း သူမရဲ့ မွှေးပျံ့တဲ့ ပုခုံးတွေကို ဖြန့်လိုက်စဥ် ရုတ်တရက် ကြွေထည်တွေ ဖြစ်ကုန်တာကြောင့် လှုပ်လို့မရတော့ပေ။

အဘွားရှားသည် သိုးဦးချိုမီးအိမ်ကို ကိုင်ကာ မတ်တပ် မရပ်နိုင်မီတွင် နတ်ဆိုး ဘုရားလောင်းက သူမကို ငုံ့ကြည့်ပြီးပြီ။ သူမလည်း သိုးဦးချိုကောင်းကင်ဝိညာဥ် မီးအိမ်ကို ကိုင်ဆောင်ထားသော အဘွားကြီး၏ ကြွေရုပ်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မင်းတစ်ယောက်ပဲ ကျန်တော့တယ်..."

နတ်ဆိုး ဘုရားလောင်းသည် ရှောင်ဝမ်စွင်းကို ကြွေရုပ်မပြောင်းခဲ့ပေ။ ထို​အစား ဓားသေးသေးလေးကို လိမ်ပြီး ရှောင်ဝမ်စွင်းရဲ့ ခန္ဓာကိုယ်ကို လိမ်ပစ်ကာ အတော်လေး ပျော်ရွှင်​နေသည်။ သူသည် တခြားသက်ရှိ သတ္တဝါတွေကို နှိပ်စက်ရတဲ့ ခံစားချက်ကို နှစ်သက်လေသည်။

ရုတ်တရက် ပြင်းထန်သော အန္တရာယ်တစ်ခု ချဥ်းကပ်လာတာကို ခံစားလိုက်ရသည်။ ထိုအန္တရာယ်က အဲဒီလူ သူ့ကို ဖမ်းမိသွားခဲ့တဲ့ နေ့ဆီသို့ ပြန်ရောက်သွားသလို ခံစားရစေ၏။

အန္တရာယ်ဆီသို့ အလျင်အမြန် ကြည့်လိုက်သော်လည်း ရွှေရောင် အလင်းတန်းများ တောက်ပနေလေသည်။ အလင်းတန်းထဲတွင် နတ်ဘုရားတစ်ပါး ရှိနေသည့်အတိုင်းပင်။ ဒါက တခြားလူတွေအတွက် ထင်ယောင်ထင်မှား ပုံရိပ်လို ဖြစ်နေပေမယ့် သူ့အတွက်က နှိပ်စက်ညှဉ်းပန်းနိုင်တဲ့ အရာမလို့ သူ့မျက်လုံးတွေထဲက မည်းနက်တဲ့ မျက်ရည်တွေ စီးကျလာတော့သည်။

"ဒီစွမ်းအင်က?"

ရုတ်တရက် သတိပြန်ဝင်လာကာ ရွှေရောင်အလင်းတန်းအောက်မှာ လမ်းလျှောက်နေတဲ့ ရုပ်အလောင်းကို ကြည့်ပြီး ရှောင်ဝမ်စွင်းကို မသတ်နိုင်ခင် တွန့်လိမ်ကာ အော်ဟစ်ပစ်လိုက်သည်။

ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့ခန္ဓာကိုယ်တစ်ဝိုက်မှာ ထူးဆန်းတဲ့ စွမ်းအားတွေ စီးဆင်းနေတာကို သတိပြုမိပေမယ့် အဆောင်ဆွဲသားချက်တွေကို မတွေ့ရပေ။ သူ့ပတ်ဝန်းကျင်မှာ လွင့်မျောနေတဲ့ အဆောင်စာလုံးတွေ ပေါ်လာတာကိုပဲ မြင်နေရသည်။

၎င်းရဲ့ အသိပညာနဲ့ဆို ၎င်းသည် ကမ္ဘာပေါ်ရှိ အဆောင်စာလုံး အများစုကို ချိုးဖျက်နိုင်သော်လည်း ယခုစာလုံးက စွမ်းအင်အတွင်းတွင် ရှိနေသည်။ ဒါကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ။

ရှောင်ဝမ်စွင်းကို သတ်ပစ်ဖို့ ဂရုမစိုက်နိုင်​တော့ဘဲ သူ့လက်ရှစ်ချောင်းကို အရူးအမူး ဝေ့ယမ်းပစ်သည်။ ဤကြမ်းတမ်းသော စွမ်းအားသည် တောင်ကို ခေါက်ပစ်နိုင်ပြီး ပင်လယ်ကို လှိုင်းထန်သွားစေနိုင်သည်။ ၎င်းက အရိုးရှင်းဆုံး မီးနှင့် ရေအစီအရင်၊ ထို့နောက် ဒြပ်စင်ငါးတောင်၊ ပါးကွာမီးဖို၊ နန်းတော်ကိုးခု၊ ယွမ်ချန်၁၂ပါး၊ ကြယ်နှစ်ဆယ့်ရှစ်လုံး၊ ကောင်းကင်လက်နက် ၃၆ပါး စသဖြင့် အလွန်များပြားသည်။

တောက်ပသော ရွှေရောင် အလင်းတန်းများထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများ၏ အခိုးအငွေ့များသည် ၎င်းကိုယ်ခန္ဓာကို ကြေမွသွား​စေကာ ၎င်း၏ အသွေးအသားများကို အထပ်ထပ် အခါခါ ဖြတ်တောက်သွားသည်။

၎င်းသည် နတ်ဆိုးစွမ်းအင် ဘောလုံးတစ်ခုအဖြစ် အသွင်ပြောင်းကာ ဖျောက်ဖျက် မရနိုင်လုနီးပါး ရှိသော အသွေးအသား အပိုင်းအစများကို ကာကွယ်ချင်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အပြာနှင့်အဖြူရောင် ကြွေအရေပြားအသစ်များသည် ပြန်မွေးဖွားပါစေ သို့မဟုတ် သေဆုံးသွားပါစေ ဖယ်ရှားပစ်ရန် မဖြစ်နိုင်တော့ပေ။

ရှောင်ဝမ်စွင်းသည် ပေါ်လောင်ဓားကို ပြန်ရုတ်သိမ်းရန် အခွင့်အရေး ရယူခဲ့သည်။ သူက နတ်ဆိုး ဘုရားလောင်းကို ကြည့်ကာ ယုတ်မာသော ဘုရားလောင်း အနီးတစ်ဝိုက်တွင် အဆောင်ဆွဲချက်များက အစီအရင်တစ်ခုလို လှည့်ပတ်နေတာ တွေ့လိုက်ရသည်။

အဆောင်သည် ပုံသဏ္ဌာန်တစ်ခုရဲ့ စာလုံးပေါင်း ဖြစ်ပြီး အဆောင်စာလုံး ပုံစံများက အဓိက အစိတ်အပိုင်းအဖြစ် ဖြည့်စွက်ထားသည်။

စာလုံးသည် နတ်ဘုရားများနှင့် နတ်ဆိုးများ၏ အမည်ကို အဓိကအားဖြင့် စကားလုံးများဖြင့် ရေးသားထားပြီး ဆွဲသားချက် ပုံစံများဖြင့် ဖြည့်စွက်ထားသည်။

တံဆိပ်အက္ခရာမှာ နတ်များနှင့် နတ်ဆိုးတို့၏ ဘာသာစကား ဖြစ်သည်။

သူမြင်ခဲ့ရတာကတော့ အဆောင်၊ စာလုံးနှင့် တံဆိပ်ဟူသော အရာသုံးခုကို ပေါင်းစည်းထားခြင်းသာ။ နတ်ဆိုးတွေကို သန့်စင်နိုင်တဲ့ နတ်ဘုရားပေါင်း ၁၂၀၀ တို့ရဲ့ စွမ်းအင်ကို ပေါင်းစည်းထားသော မြင်ကွင်းတစ်ခု ဖြစ်လေသည်။

"အမြင့်မြတ်ဆုံး မှော်အစွမ်း..."

ရှောင်ဝမ်စွင်း သူ့လက်ကိုင်ပုဝါကို ထုတ်လိုက်ပြီး ပါးစပ်ထောင့်က သွေးတွေကို သုတ်၍ တိုးတိုးလေး ပြောလိုက်သည်။

"သူ့ကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းကလည်း ရှီးကျင်းမှာပဲ"

(ရှီးကျင်း = အနောက်မြို့)

နတ်ဆိုး ဘုရားလောင်းမှာ နောက်ပြန် မဆုတ်နိုင်တော့ပေ။

ပြန်မတိုက်နိုင်တာ မဟုတ်ပါဘူး။ ပြန်တိုက်နိုင်တဲ့ ခွန်အားနဲ့ စွမ်းအင်တွေ မရှိတော့တာပါပဲ။ သူ့ရဲ့အသိဉာဏ်က ဒီကောင်းကင်ကို အန်တုနိုင်တဲ့ စွမ်းအင်ရဲ့အမြင်ကို ယှဉ်လို့မရချေ။

သေတော့မယ်၊ အရာအားလုံး ရှင်းသွားလိမ့်မယ် ၊ ဘာမှ မကျန်တော့ဘူး !

စိတ်မချမ်းမသာ ဖြစ်လာပြီး သူသတ်ထားခဲ့ဖူးတဲ့ သတ္တဝါတွေလိုပဲ ကြောက်စိတ်တွေ ဝင်လာသည်။

"ငါလည်း ပုရွက်ဆိတ်တစ်ကောင် ဖြစ်သွားပြီပဲ"

ဒါကိုတွေးရင်း တစ်ဖက်သားရဲ့ အားနည်းချက်ကို ရုတ်တရက် သတိပြုမိသွားသည်။

"မင်းနာမည်က ချန်ယင်တုမလား? မင်းက ရှဲ့၊ ဆွေ့... သေထားတဲ့လူပဲ မင်းနဲ့ငါက တစ်မျိုးနွယ်တည်းပဲ...ဘာလဲ မင်းက လရောင်ဒဏ်ကို တောင့်ခံပြီး တာအို နှလုံးသားကို ဆုပ်ကိုင်ထား​သေးတာလား... ဟားဟား မင်းက အရမ်းနုနယ်နေတော့ လရောင်က မင်းရဲ့ စိတ်ဝိညာဉ်ကို ဒီလောက်ထိ စုတ်ပြတ်သွားစေမယ်လို့ မထင်ထားဘူးမလား...."

၎င်းသည် ကောင်းကင်ဆင်းသက် အစီအရင်ကြီးအောက်တွင် ရုန်းကန်​နေခဲ့ရပြီး ၎င်း၏ အသွေးအသားများသည် အဆက်မပြတ် ကျုံ့သွားသော်လည်း အလွန်စိတ်လှုပ်ရှားနေသည်။

"မင်းရဲ့ ဆန္ဒတွေကို ဖိနှိပ်နေတာ... မင်းရဲ့ သဘာဝကို ဆန့်ကျင် တိုက်ခိုက်နေတာ... မင်းမှားတယ် ချန်ယင်တု မင်းသေနေပြီ... မင်းက အသက်ရှင်နေတဲ့ အလောင်းကောင်ပဲ ငါမင်းကို ကူညီပါရစေ...."

ရှောင်ဝမ်စွင်းလည်း ကောင်းကင်ဆင်းသက် အစီအရင်ထဲက မသေနိုင်မျိုး ရုပ်တုလို ရွှေရောင်အလင်းတန်းထဲတွင် ဖုံးအုပ်ထားတဲ့ လူတစ်ယောက်ကို ရုတ်တရက် မြင်လိုက်ရသည်။ ထို့သူ့မျက်နှာသည် ကြမ်းတမ်းလာပြီး ခြေလက်များပင် ထွားလာပြီး ဖော်မပြနိုင်လောက်တဲ့ ပုံစံမျိုး ဖြစ်လာသည်။

"ဆရာချန် သက်ရောက်ခံလိုက်ရပြီ!"

သူ တုန်လှုပ်သွားသည်။

"ဟုတ်တယ်!"

ယုတ်မာသော ဘုရားလောင်းက အလွန်စိတ်လှုပ်ရှားလျက် ရှိသည်။

"မင်း လုပ်ချင်တာတွေကို လွှတ်ထုတ်လိုက်လေ... မချုပ်တည်းထားနဲ့ မချုပ်နှောင်ထားနဲ့ လိုချင်တပ်မက်​နေတာကို မချိုးနှိမ်ထားနဲ့... လွှတ်ချလိုက်... မင်းလည်း ငါနဲ့အတူတူ ဖြစ်သွားလိမ့်မယ်"

ရွှေရောင် အလင်းတန်းထဲက နတ်ဘုရားများသည် ပို၍ပို၍ ဆိုးသွမ်းလာကာ မကောင်းသော အကြံအစည် အမျိုးမျိုးရှိနေသလို လူးလွန့်ကာ နတ်ဆိုး ဘုရားလောင်းထက်ပင် ပို၍ နတ်ဆိုးဆန်လာသည်။

ဝုန်း!

မိုးခြိမ်းသံ တုန်ခါမှုနှင့်အတူ ချန်ယင်တု၏ ဦးခေါင်းထက် ကောင်းကင်သို့ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ ၎င်းမိုးကြိုးက ကောင်းကင်ထက်မှ မြင့်မားစွာ ကျရောက်လာကာ နတ်ဆိုး ဘုရားလောင်း၏ မူလနတ်ဆိုးနယ်မြေကို တိုက်မိသွားသည်။

ရွှေရောင်အလင်းတန်းသည် လျင်မြန်စွာ.မှိန်ဖျော့သွားပြီး အနက်ရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးနယ်မြေ၏ အလင်းတန်းတစ်လျှောက် လမ်းကြောင်းအရပ်ရပ်သို့ စီးဆင်းသွားသည်။ ထို့အပြင် ၎င်းသည် အပြင်သို့ ချဲ့ထွင်ကာ မူလက မိုင်တစ်ရာ အကွာအဝေးအတွင်း တည်ငြိမ်​နေခဲ့သော နတ်ဆိုးနယ်မြေကို ချဲ့ထွင် ထိန်းချုပ်နေ၏။

ရှင်းရှန်ခရိုင်ရဲ့ မြို့တော်ဝန် ကျောက်ထန်းပြောင်သည် နတ်ဆိုးနယ်မြေ အပြင်ဘက်တစ်ဝိုက်တွင် ထားရှိရန် အမိန့်ပေးခဲ့သော နဂါးအလံများ ယိမ်းယိုင်သွား၏။ နတ်ဆိုးနယ်မြေပေါ်တွင် လဲလျောင်းနေသော ရွှေနဂါးများက ယခုအချိန်တွင် တဖြည်းဖြည်း မထိန်းနိုင်တော့ပေ။

ရုတ်တရက်ဆိုသလို ရွှေနဂါးပုံရိပ်များ ပျက်စီးသွားကာ လေထဲသို့ အလိုအလျောက် ပျံတက်သွားကြသည်။ ထို့နောက် ရွှေရောင်အလင်းတန်းများ အသွင်ဖြင့် အလံထဲသို့ ပျံသန်းသွားကြသည်။ ကောင်းကင်နဂါး နတ်ဆိုးချိတ်ပိတ် အစီအရင်ကြီး ပျက်စီးသွားပါပြီ။

ကောင်းကင်နဂါး နတ်ဆိုးချိတ်ပိတ် အစီအရင်ကြီး စောင့်ကြပ်နေသော စစ်သည်များလည်း ထိတ်လန့်သွားပြီး ရှင်းရှန်ခရိုင်သို့ ချက်ချင်း ပြေးသွားပြီး ခရိုင်မြို့တော်ဝန် ကျောက်ထန်းပြောင်ကို အပြေးအလွှား အကြောင်းကြားခဲ့သည်။

ကျောက်ထန်းပြောင်လည်း သတင်းကြားပြီးပြီးချင်း အဲဒီကို အမြန်ပြေးလိုက်တဲ့အခါ နတ်ဆိုးနယ်မြေဟာ မိုင်အနည်းငယ်အထိ ကျယ်ပြန့်လာခဲ့ပါပြီ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ?"

ကျောက်ထန်းပြောင်က အံ့ဩသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

.......

"ဟုတ်တယ် ဒါပဲလေ... ကိုယ်ကျင့်တရားလို့ ခေါ်တဲ့ တာအိုလမ်းစဥ်နဲ့ ကန့်သတ်မထားစမ်းပါနဲ့... လူတွေ မွေးလာတဲ့အခါ ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေ မရှိတော့ဘူး... ဆန္ဒဆိုတာကြီးက မင်းနဲ့ငါ့ကို တွန်းအားပေးတဲ့ အရာပဲ"

ကောင်းကင်ဆင်းသက် အစီအရင်ကြီးထဲမှာတော့ နတ်ဆိုး ဘုရားလောင်းသည် လက်သီးဆုပ်မျှသာ ကျန်ရှိတော့သည်အထိ သန့်စင်ခံထားရတာတောင် အလွန်စိတ်လှုပ်ရှားနေသေးသည်။

"ကျင့်ကြံတာက မွေးဖွားတဲ့ အခြေအနေကို ပြန်ရောက်နိုင်ဖို့ မျှော်လင့်ချက်သက်သက်ပဲ မဟုတ်ဘူးလား... မိသားစုမေတ္တာက ဘာလဲ...ကျင့်ဝတ်ဆိုတာဘာလဲ၊ မင်းကို ချည်နှောင်ထားတဲ့ အရာတွေကို စွန့်ပစ်လိုက်စမ်းပါ... မင်းရဲ့ဆန္ဒတွေကို လွှတ်ချလိုက်ရင် ကမ္ဘာသစ်ကို ရှာတွေ့လိမ့်မယ်... ချန်ယင်တု မင်းက ငါ့လိုလူပဲ.... သူတို့ပါးစပ်ထဲမှာတော့ နတ်ဆိုးလို့ခေါ်တယ်...."

ချန်ရှီ ပါးစပ်မှ စကားသံ ထွက်လာသည်။

"မင်းမှန်တယ်... တာအိုဘာသာကို ကျင့်ကြံဖို့ ငါတို့ရှာနေတာက ကလေးလေးရဲ့ နှလုံးသားပဲ.. ငါတို့ရှာနေတဲ့ လွတ်လပ်မှုက ကြီးကျယ်ခမ်းနားတဲ့ ကျင့်ဝတ်၊ ဥပဒေနဲ့ အကျင့်စာရိတ္တ​တွေနဲ့ မချည်နှောင်ထားသင့်ဘူး..."

ကောင်းကင်ဆင်းသက် အစီအရင်ကြီးက တဖြည်းဖြည်း ကွဲထွက်သွားသည်။

နတ်ဆိုး ဘုရားလောင်းသည် ရုပ်ခန္ဓာက လုံးဝ ပျက်စီးလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကောင်းကင်ဆင်းသက် အစီအရင် ပျံ့လွင့်သွားသောအခါတွင် အမှန်တကယ် ပြန်လည်ကောင်းမွန်လာခဲ့သည်။ သို့သော်လည်း ၎င်း၏အရွယ်အစားမှာ အလွန်သေးငယ်သွားရာ လက်ဖဝါးအထိသာ ရှိတော့သည်။ နှစ်ဖက်စလုံးတွင် လက်နက်များ ရှိနေသေး၏။

နတ်ဆိုး ဘုရားလောင်းသည် ကျယ်လောင်စွာ ရယ်မောနေသည်။ အရပ်ရှည်သော ချန်ယင်တုနဲ့အတူ အလွန်ထူးဆန်းစွာ ရပ်နေလေသည်။

ရှောင်ဝမ်စွင်းရဲ့ နှလုံးသားက ပို၍ လေးလံလာသည်။

ယုတ်မာသော ဘုရားလောင်းသည် လက်နှစ်ဖက်ကို ခါးထောက်ထားပြီး သူ့အသံမှာလည်း ဆူညံနေသည်။

"ကမ္ဘာကြီးက ညစ်ညမ်းနေပြီ.. နတ်ဆိုးဖြစ်သွားပေမယ့် ငါတို့က တကယ့်လူတွေပဲ! ချန်ယင်တု မင်းကို ပြီးပြည့်စုံတဲ့လူလို့ မသတ်မှတ်ခင် အရာအားလုံးကို ချန်ထားခဲ့ရမယ်... မင်း အခုသတ်ချင်တဲ့ ပထမဆုံးလူက မင်းရဲ့မြေးပဲ..."

ဒီစကားအတိုင်းပဲ သူ့ဘေးက နတ်ဆိုးအဖိုးအိုရဲ့ အမူအရာက ရုတ်တရက် ပြောင်းလဲသွား၏။

"ငါ့မြေးကို သတ်ရမှာလား"

ယုတ်မာသော ဘုရားလောင်းသည် လန့်ဖျပ်ပြီး ခေါင်းကို ရုတ်တရက် မြှောက်လိုက်ရာ အနက်ရောင် တောင်ကြီးကဲ့သို့ ခြေ​ထောက်ကြီးတစ်ချောင်း ဆင်းလာတာ မြင်လိုက်ရ၏။

"ငါ့မြေးကို သတ်!"

အဘိုးအိုသည် ဒေါသအလွန် ထွက်လာသည်။ နတ်ဆိုး ဘုရားလောင်းကို ရွှံ့ဗွက်ထဲသို့ နင်းချေခံလိုက်ရသလို နစ်ဝင်သွား၏။ ရွှံ့နှင့် အသားများ တပွက်ပွက်ထလာသည်။ နတ်ဆိုးဘုရားလောင်းသည် မထင်မှတ်ဘဲ တစ်ဖန်ပြန်လည် စုရုံးလာသော်လည်း အဘိုးအို၏ ခြေထောက်က ထပ်နင်းလိုက်တဲ့အခါ ၎င်းပတ်ဝန်းကျင်က မှောင်မိုက်သွားကာ နတ်ဆိုးဘုရားလောင်းလည်း ဤခြေဖြင့်နင်းမိကာ မြေအောက်သို့ လဲကျသွားလေသည်။

ဝုန်း!

မရဏကမ္ဘာကြီး ပြင်းထန်စွာ တုန်လှုပ်သွားသည်။ ကောင်းကင်မှ ကြီးမားသော ခြေတစ်ချောင်းသည် ဆင်းသက်လာပြီး နတ်ဆိုးဘုရားလောင်းကို နှိပ်ကွပ်ကာ မြေအောက်ကမ္ဘာဆီအထိ ပို့ဆောင်ရင်း နင်းချေကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် မပျက်စီးမချင်း နင်းချေပစ်လိုက်လေသည်။

"ငါ့မြေးကို သတ်မယ်ပေါ့ ..... မင်းကို သေလမ်း လိုက်ပို့ပေးမယ်!"

နတ်ဆိုး စွမ်းအင်များက ချန်ယင်တု တစ်ဝိုက်တွင် ခုန်တက်သွားသည်။ နတ်ဆိုးဘုရားလောင်း၏ အနီရောင် နတ်ဆိုးနယ်မြေက ဖယ်ထုတ်ခံလိုက်ရပြီး ကျယ်ပြန့်နေဆဲဖြစ်သော အနက်ရောင် နတ်ဆိုးနယ်မြေ တစ်ခုသာ ကျန်ရစ်ခဲ့သည်။

သူ့ခန္ဓာကိုယ်ထဲက ပြင်းထန်တဲ့ စွမ်းအင်တွေ ပိုသန်မာလာပြီး သူ့သွားတွေ ရိုင်းစိုင်းလာကာ လူတွေကို စားချင်စိတ်က ပိုသန်မာလာလေချိန် ရှောင်ဝမ်စွင်းကို ပြင်းပြင်းထန်ထန် ကြည့်နေခဲ့သည်။

"ဆရာချန်..."

ရှောင်ဝမ်စွင်းရဲ့ လက်သည် အထိန်းအကွပ်မဲ့စွာ တုန်ခါသွား၏။ ကျယ်ပြန့်လာသော အနက်ရောင် နတ်ဆိုးနယ်မြေသည် ယခုအခါ မိုင်ပေါင်း ၁၂၀ အချင်းဝက်သို့ ရောက်ရှိသွားပါပြီ။ မြို့တော်ဝန် ကျောက်ထန်းပြောင်နှင့် အခြားသူများရှေ့အထိ တိုးလာ​သည်။

ရှင်းရှန်ခရိုင်ရှိ ကျွမ်းကျင်ပညာရှင် အားလုံးနီးပါးသည် ကျောက်ထန်းပြောင် နောက်သို့လိုက်ကာ တိုးချဲ့နေသော နတ်ဆိုးနယ်မြေမှ ဆက်တိုက် ဆုတ်ခွာသွားခဲ့ရသည်။

လူတိုင်းက တညီတညွတ်တည်း ကြွေးကြော်ကြပြီး နတ်ပြောင်းလဲခြင်းနယ်ပယ်နဲ့ အခြေတည်ဝိညာဥ်နယ်ပယ်တို့က နတ်ဆိုးနယ်မြေ ချဲ့ထွင်မှုကို တွန်းလှန်ရန် အသီးသီး ​ကြိုးစားခဲ့ကြသော်လည်း နောက်သာ ပြန်ဆုတ်သွားကြရသည်။

လူတိုင်း စိတ်ပျက်အားငယ်နေကြသည်။ ဒီနတ်ဆိုးနယ်မြေ အသစ်က ၎င်းတို့ မယှဉ်နိုင်ချေ။

ရုတ်​တရက်​ အ​မှောင်​နတ်​ဆိုး​လောကက ရပ်တန့်သွားသည်။

"လတ်စသတ်တော့ ရှောင်ဝမ်စွင်းကိုး...ငါက လူဆိုးတစ်ယောက်လို့ ထင်ခဲ့တာ"

ချန်ယန်တောင်တွင်တော့ ချန်ယင်တုသည် ရုတ်တရက် သူ၏ စိတ်ကြည်လင်မှုကို ပြန်လည်ရရှိပြီး ရှောင်ဝမ်စွင်းကို ပြုံးပြလိုက်သည်။

ရှောင်ဝမ်စွင်းကလည်း အလှမ်းဝေးသော ကျောက်တုံးပေါ်တွင် အနက်ရောင် ၀တ်စုံ လူငယ်တစ်ဦး ရပ်နေတာ တွေ့လိုက်ရသောအခါ ထိုသူသည် ဆန်းကြယ်မြွေတောင်ကြီးရဲ့ ဝိညာဉ်ဖြစ်နိုင်ကြောင်း သိလိုက်သည်။ ချန်ယင်တုရဲ့ နတ်ဆိုးသဘာဝကို နှိမ်နှင်းပေးခဲ့သူက ဆီစက္ကူထီး နှင့် ဆန်းကြယ်ဝိညာဥ်တို့ပဲ ဖြစ်သည်။

ဆန်းကြယ်ဝိညာဥ်: "တုကလေးငယ်... မင်း လူ့လောကထဲမှာ ဆက်နေလို့ မရတော့ဘူး"

"ဆန်းကြယ်ဝိညာဥ်...ကျွန်တော့် ကို အချိန်ခဏလောက်ပေးပါ... နှုတ်ဆက်ဖို့ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပေးပါ"

All Chapters