← Chapters

သောက်ကျိုးနည်း ဟုန်ယီအမြောက်

Vol. 5 Ch. 66

သောက်ကျိုးနည်း ဟုန်ယီအမြောက်

Vol. 5 Ch. 66

ချန်ရှီသည် သူ့နောက်ကျောတွင် စာအုပ်ပုံးတစ်ခုကို ထမ်းထားပြီး သူ့ပုခုံးပေါ်မှာလည်း လူတစ်ဦး အရပ်လောက်ရှည်သော ဟုန်ယီအမြောက် တစ်လက်ကို လျင်မြန်စွာ သယ်ဆောင်လာခဲ့သည်။ သူ့နောက်ကျောတွင်တော့ လီထျန်းချင်က အနက်ရောင် သံကျည်ဆန်များ အပြည့်ထည့်ထားသည့် တောင်းကြီး တစ်လုံးကိုလည်း သယ်ဆောင်လာ၏။

ရှေ့တွင် ချန်ရှီသည် သူ၏ စာအုပ်ပုံးထဲတွင်လာ်း အနက်ရောင် သံကျည်ဆန် သုံးလုံးလေးလုံးလောက်ကို ထည့်လာသေးသည်။

ကျည်ဆံ တစ်လုံးစီ​သည် အလေးချိန် ကျင်နှစ်ဆယ်ကျော်ရှိပြီး ၎င်းတို့သည် အနက်ရောင် ယမ်းမှုန့်များဖြင့် ပြည့်နှက်နေသည်။ အပြင်ဘက်တွင် မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့ကို ခြယ်သထားသောကြောင့် အလွန်အစွမ်းထက်မှာ သေချာလေသည်။

အနက်ရောင်အမှုန့်၊ မိုးကြိုးငါးလုံးအဆောင်လက်ဖွဲ့ ပါဝင်တာကြောင့် ၎င်းတို့သည် အလွန်မတည်မငြိမ် ဖြစ်​စေပြီး သတိမပြုပါက ပေါက်ကွဲသွားလိမ့်မည်။

တစ်လုံး ပေါက်ကွဲလျှင် အခြား ကျည်ဆန်များသည် နတ်သန္ဓေသားနယ်ပယ်က ကျင့်ကြံသူနှစ်ယောက်လောက်ကို မပြောနှင့်၊ နတ်ပြောင်းလဲခြင်းနယ်ပယ် တတိယအဆင့်၊ နတ်ပြောင်းလဲခြင်းနယ်ပယ်က အဆင့်မြင့်သူတွေတောင် စိတ်ဝိညာဉ် အပိုင်းပိုင်း ပြတ်သွားလိမ့်မည်။ အဆင့်၄ ရောက်ထားတဲ့ လူတွေတောင် ငိုကြွေးကုန်လိမ့်မည်။

ချန်ရှီနဲ့ လီထျန်းချင်တို့သည် ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာခဲ့ကြသည်။ အသိစိတ်က လမ်းလျှောက်လာရင်း အချင်းချင်းလည်း နောက်ပြောင်နေခဲ့သည်။

ကျည်ဆန်တွေ အရမ်းငြိမ်သွားရတဲ့ အကြောင်းရင်းကတော့ ချန်ရှီက ငြိမ်သက်စေတဲ့ အဆောင်လက်ဖွဲ့ကို ကပ်ထားတာကြောင့် မိုးကြိုးငါးလုံးနဲ့ အနက်ရောင်အမှုန့်တွေက အန္တရာယ် မရှိတော့ချေ။ သို့သော် လီထျန်းချင်သည် အေးဆေး ငြိမ်သက်​စေသော အဆောင်လက်ဖွဲ့က အမြောက်၏ အရှိန်အဝါကို မငြိမ်းချမ်း​စေနိုင်​လောက်ဘူးဟု ခံစားမိခဲ့သည်။

ဒါပေမဲ့ ထူးဆန်းတာက သူ့စိတ်ကတော့ တော်တော်​​လေး တည်ငြိမ်သွားသည်။

အဝေးက တောင်တန်းတွေဆီကနေ တုန်လှုပ်ချောက်ချားတဲ့ အသံတွေ ထွက်ပေါ်လာစဥ် တောင်ထိပ်ကို လှမ်းကြည့်လိုက်တော့ လင်းထိန်နေတဲ့ အလင်းတန်းတွေ ဖြာထွက်လာသည်။ တောင်တစ်ပြင်လုံးရှိ ကြွေပင်များ၏ ကြည်လင်သော အရွက်များကြောင့် အလင်းက ရောင်ပြန်ဟပ်နေသည်။

"ဒီအလုပ်ပြီးရင် မွေးရပ်မြေကို ပြန်မယ်"

လီထျန်းချင်က တောင်ထိပ်ပေါ်မှာ ခြင်းတောင်းကို ချပြီး ဆို၏။

"ရှောင်ရှီ... ငါမသွားခင် မင်းကို စာအုပ်တွေ အစုံလိုက်ပေးခဲ့မယ်...ဒါတွေက ဒီတစ်ခါ ငါယူလာတဲ့ စာအုပ်ဟောင်းတွေပဲ ကဗျာ၊ စာအုပ်တွေ၊ ကျိုးလီ၊ ဆိုလိုရင်း၊ ကျောင်းတော်ကြီး... အများစုက ဆရာကြီးရဲ့ စာအုပ်တွေပဲ...."

ချန်ရှီသည် ဟုန်ယီအမြောက်ကို ပစ်ချလိုက်ပြီး စာအုပ်သေတ္တာကို ကျောပေါ်တင်ကာ စာအုပ်သေတ္တာထဲမှ အနက်ရောင် သံများကို ထုတ်ယူလိုက်သည်။

"ခရိုင်စာမေးပွဲမှာ စာမေးပွဲဖြေမှာလား"

လီထျန်းချင်: "အောင်ပြီလေ"

လီထျန်းချင်က သူ့လက်ချောင်းတွေကို နမ်းလိုက်၊ လေထဲမှာ မြှောက်လိုက်၊ လေရဲ့ ဦးတည်ရာနဲ့ အမြန်နှုန်းကို အကြမ်းဖျင်း ခန့်မှန်းပြီး ပြန်ဖြေလာ၏။

“မနှစ်က စာပေစာမေးပွဲမှာ ငါ စာပေပညာရှင် စာမေးပွဲကို အောင်ခဲ့တယ်....တကယ်လို့ မင်း ဒီနွေဦးရာသီမှာ ပညာတော်သင်တစ်ဦးဆီမှာ ဝင်ခွင့်ရရင် ဒီနှစ် ဒုတိယနှစ်ဝက်ရဲ့ ရှစ်လပိုင်းမှာ ငါတို့အတူတူ စာမေးပွဲဖြေလို့ ရပြီ...စာမေးပွဲက သုံးနှစ်တစ်ကြိမ်ပဲ ရှိတာ ဆောင်းဦးမှာ တရားသူကြီးဆီမှာ ဝင်ခွင့်မရရင် နောက်ထပ်သုံးနှစ် ထပ်စောင့်ရလိမ့်မယ်"

ချန်ရှီက ကျည်ဆံကို စုတ်ပြတ်နေတဲ့ အဝတ်တွေနဲ့ ထုပ်ပိုးပြီး စည်ရှည်ထဲကို ထည့်လိုက်သည်။ လက်တစ်ဖက်က တုတ်တစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ထိုးထိုးထည့်ပေးနေ၏။

"ဒါပေမဲ့ အဲဒါက ခရိုင်စာမေးပွဲပဲလေ... မင်းက ချွမ်ကျိုးခရိုင်မှာ စာမေးပွဲ ဖြေသင့်တယ်... ငါက ရှင်းရှန်ခရိုင်မှာ စာမေးပွဲဖြေမှာ... အတူတူ စာမေးပွဲမဖြေနိုင်တာတော့ သနားစရာပဲ”

လီထျန်းချင်လည်း ဟုန်ယီအမြောက်ထဲသို့ ခဲကိုတပ်လိုက်ပြီး ဆိုသည်။

"တကယ်ကို နှ​မျောစရာ ကောင်းလိုက်တာ... ဒါပေမဲ့ မင်း ကျွိရန်စာမေးပွဲကို အောင်ပြီးရင် နောက်ထပ်တက်ရင် နန်းတော်စာမေးပွဲကို ဝင်ဖြေနိုင်မှာပါ... အဲဒီအခါကျရင် ရှီးကျင်းစာမေးပွဲကို အတူတူ သွားဖြေကြမယ်..."

ချန်ရှီ: "အချိန်တန်ရင် ပထမဆု ဘယ်သူရနိုင်မလဲဆိုတာ ​ပြိုင်ကြည့်ရအောင်"

ကျူးရှို့ချိုင်ရဲ့ ​​လမ်းညွှန်မှုတွေ ရထားတာကြောင့် သူယုံကြည်မှုအပြည့် ရှိနေသည်။ သူ့ကိုယ်သူ စာမေးပွဲ အောင်မှာ သေချာတယ်လို့လည်း ခံစားနေရသည်။

သူသည် ကျည်ဆန်ကို စည်ထဲသို့ထည့်ကာ အဝါရောင် အဆောင်စာရွက် နှစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်စာရွက်များ မီးလောင်သွားသောအခါ ရွှေသံချပ်ကာ နတ်ဘုရားနှစ်ပါးက တဖြည်းဖြည်း ထွက်ပေါ်လာပြီး ပို၍ ရှင်းလင်းလာသည်။

လီထျန်းချင်: "ခွေးရဲ့သွေး! ဟေးကော်ရဲ့သွေးနဲ့ ဆွဲထားတဲ့ အဆောင်လက်ဖွဲ့က တခြားခွေးသွေးတွေထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တယ်"

ချန်ရှီသည် ရွှေသံချပ်ကာ နတ်ဘုရားနှစ်ပါးကို စီစဉ်ထားပြီးနောက် နတ်ဘုရားနှစ်ပါး၏ ပုခုံးပေါ်၌ ဟုန်ယီအမြောက်ကို တင်ထားကာ အမြောက်များ တည်ငြိမ်အောင် လက်​တွေနှင့် ကိုင်ခိုင်းထားသည်။ လီထျန်းချင်က မှတ်စုစာအုပ်ငယ်ကို ထုတ်ကာ ရေးဆွဲနေသည်။ သူဆွဲနေသော စာရွက်ပေါ်တွင် ထူးဆန်းသော ပုံစံတချို့နှင့် နံပါတ်အချို့ရေးထားတာ တွေ့လိုက်ရသည်။

လီထျန်းချင် :"ငါ ဟုန်ယီလူတွေဆီကနေ မှော်ပညာကို သင်ယူနေတာ ကြာပြီ... ဟုန်ယီမျိုးတွေကို ဆံပင်နီတစ္ဆေလို့လည်း ခေါ်တယ်.. ဆံပင်နီနဲ့ မျက်လုံးစိမ်းတွေရှိတယ် သူတို့ရဲ့ဘိုးဘေးတွေက ဥရောပသားတွေ... အမတ်စန်းပေါင်ရဲ့ သင်္ဘောနဲ့ အနောက်နွားရှင်းကျိုးအထိ လိုက်လာကြတာ... ဟုန်ယီအမြောက်တွေကို လုပ်တယ် ငါ့ကို သင်ပေးခဲ့တဲ့ ဟုန်ယီအမျိုးသားက လီမင်ကန်း...လီမိသားစုက ငှားထားတဲ့ မှော်ဆရာ လီမင်ကန်းက အမြောက်ပစ်တဲ့အခါ သေနတ်ပမာဏ၊ ကျည်ဆန်ရဲ့ အလေးချိန်၊ လေတိုက်နှုန်း၊ ပစ်မှတ်အကွာအဝေးကို တွက်ချက်ရမယ်လို့ ပြောခဲ့တယ်... ပြီးရင် ပစ်မှတ်​ကို သေချာ ချိန်ညှိထားရမယ်..."

"အဲ့လောက်တောင် ရှုပ်လား?"

ချန်ရှီသည် အမြောက်များကို ပစ်ခတ်ရန် ယမ်းမှုန့်များကို ထိုးကာ မီးရှို့ရန်သာ လိုအပ်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ဒီလို တွက်ချက်မှုများပါ လိုအပ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ကံကောင်းထောက်မစွာပဲ လီထျန်းချင်က ဒါကို နားလည်ထားတာကြောင့် တွက်ချက်မှုက မြန်မြန်ပဲ ပြီးမြောက်သွားခဲ့သည်။ လီထျန်းချင်သည် သံလိုက်အိမ်မြှောင် တစ်ခုနှင့် ပေတံတစ်ချောင်းကို ထုတ်ယူ၍ စာရွက်ပေါ်ရှိ အချက်အလက်များနှင့် နှိုင်းယှဉ်​ကြည့်ကာ ပြောသည်။

"မင်း ကျွိရန်စာမေးပွဲကို အောင်မြင်ပေမယ့် နန်းတော်စာမေးပွဲ ကျရင် နတ်ယန္တရားစခန်းရဲ့ စာမေးပွဲကို ဖြေဆိုနိုင်သေးတယ်... နတ်ယန္တရားစခန်းရဲ့ မှော်ပညာအရဆို စာမေးပွဲ အောင်မြင်ရင် နတ်ယန္တရားစခန်းမှာ ငွေအများကြီး ရှာလို့ရမယ်... ဒါကြောင့် အဲ့ကိုဝင်ရတာက အရမ်းကောင်းတယ်”

ချန်ရှီက အမြောက်ခေါင်းအနေအထားနဲ့ နတ်ဘုရားနှစ်ပါးရဲ့ ကိုယ်ဟန်အနေအထားကို ချိန်ညှိပြီး ခေါင်းကို ခါယမ်း​ပြလိုက်သည်။

"ကျင်းလေးက မင်းကို မကြိုက်ဘူး ငါ့လို ယောက်ျားတွေကို ကြိုက်တာထင်တယ်"

လီထျန်းချင်ကလည်း တိုးတိုးလေး ပြန်ပြော၏။

"ကျင်းလေး ငါ့ကို ကြည့်တဲ့ပုံစံက မူမမှန်သလိုပဲ "

ချန်ရှီက မီးခြစ်ဆံကို ထုတ်လိုက်ပြီး "မင်း ကယောင်ချောက်ချား ဖြစ်နေတာပါကွာ...ငါကတော့ ကျင်းလေး ငါ့ကို ကြည့်တဲ့အချိန်ကျရင် သူမရဲ့ မျက်လုံးထဲမှာ အလင်းရောင်တွေ ရှိ​နေတယ်လို့ ခံစားရတယ်..."

ထိုအချိန်တွင် ကောင်းကင်သည် ရုတ်တရက် မှောင်မိုက်သွားခဲ့သည်။ တောင်တန်းများ​​ပေါ်မှ အလင်းတန်းတစ်ခု လွင့်ထွက်ကာ ကောင်းကင်အထက်သို့ တည့်တည့် ပစ်လွှတ်လိုက်ကာ အမှောင်ဖုံးရိပ်က ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ပတ်ဝန်းကျင်က ရုတ်တရက် မှောင်မိုက်သွားပြီး ရွှေသံချပ်ကာ နတ်ဘုရားနှစ်ပါးမှ ထွက်ပေါ်လာသော အလင်းရောင်ကိုပင် မမြင်နိုင်ပေ။

သူတို့နှစ်ဦးသည် သံသယစိတ်ဖြင့် တုန်လှုပ်ခြောက်ခြားသွားကြသည်။ အလွန်ပြင်းထန်သော စွမ်းအင်တစ်ခု သူတို့ခန္ဓာကိုယ်မှ ရုတ်တရက် ထွက်ပေါ်လာသလို ခံစားလိုက်ရပြီးနောက် သူတို့၏အတွင်း စိတ်ဝိညာဉ်များက ခဏတာမျှ ရိုင်းစိုင်းစွာ ကခုန်လာကြသည်။

သူတို့သည် နှလုံးသန့်စင်ခြင်းအဆင့်ကို မရောက်သေးသောကြောင့် ဤအခြေအနေက အလွန်ဆိုးရွားကြောင်း သဘာဝကျကျ မသိကြပေ။ အတွင်းနတ်ဆိုးက ဦးနှောက်ကို လွှမ်းမိုးထားရင် ထိုလူဟာ စိတ်ရှုပ်ထွေးသွားမည်။ မဟုတ်ရင်တော့ ဗီဇကို အခြေခံပြီး ဘယ်လိုပြုမူရမလဲ ဆိုတာကိုသာ သိတဲ့ နတ်ဆိုး ဖြစ်လာပါလိမ့်မည်။

နတ်ဆိုးနယ်မြေထဲက မကောင်းဆိုးဝါး ဘုရားလောင်း၏ လွှမ်းမိုးမှုမှာ သက်ရှိအားလုံးသည် ကြွေရုပ်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွား​စေခြင်းပဲ ဖြစ်သည်။ ချန်ယင်တုရဲ့ နတ်ဆိုးနယ်မြေက သက်ရှိအားလုံးကို နတ်ဆိုးစိတ် ဝင်စေကာ ရှဲ့၊ ဆွေ့၊ မော်အားလုံးကို စုပ်ယူမှာပင်။

"ထျန်းချင်... တစ်ခုခုတော့ မှားနေပြီ..."

ချန်ရှီ ပြောပြီးနောက် ကောင်းကင်သည် ရုတ်တရက် ပြန်လည် ကြည်လင်လာပြီး နေရောင်က တဖြည်းဖြည်း လင်းလက်သွားသည်။ နတ်ဆိုး ဘုရားလောင်း၏ နတ်ဆိုး ကောင်းကင်ကြီးကလည်း ပျောက်ကွယ်သွားလေသည်။

သူတို့နှစ်ယောက်ကို ထိန်းချုပ်ထားတဲ့ နတ်ဆိုးသဘာဝက ချက်ချင်း ပျောက်ကွယ်သွား၏။ လီထျန်းချင် အံ့အားသင့်စွာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ? နတ်ဆိုးနယ်မြေက ရုတ်တရက် ပြိုကျသွားသလိုပဲ....ဧကန္တ.. အဘိုးနဲ့ တခြားသူတွေ အောင်မြင်သွားတာများလား"

လီထျန်းချင် အလွန်ပျော်ပြီး ရယ်မောနေသည်။

"ရှောင်ရှီ ငါတို့နည်းဗျူဟာတွေ အောင်မြင်သွားပြီ.... သူတို့အောင်မြင်သွားပြီ နတ်ဆိုးဘုရားလောင်းကို သတ်လိုက်ကြပြီကွ!"

ချန်ရှီ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ တောင်တန်းများနှင့် လွင်ပြင်တစ်လျှောက်ရှိ သစ်ရွက်များကို လေပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရာ သစ်ရွက်များ အချင်းချင်း တိုက်မိသွားတဲ့အခါ ကြွေသွားသံကဲ့သို့ ပြတ်သားစွာ အသံထွက်နေသော်လည်း တစ်ချိန်တည်းမှာပင် သံချေးတက်သံများလည်း ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အရွက်အချို့သည် ကြွေလွှာမှ ပုံမှန် အခြေအနေသို့ ပြောင်းလဲလာသည်။ နတ်ဆိုး ဘုရားလောင်း၏ နတ်ဆိုးနယ်မြေ ပြိုကွဲသွားသောအခါ ဤသစ်ပင်များက တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာတော့သည်။

ချန်ရှီ အံ့သြဝမ်းသာ ဒူးထောက် ထိုင်ချလိုက်ပြီး မြေပြင်ပေါ်ရှိ ပေါင်းပင်များကို ကြည့်ရင်း သက်ပြင်းတွေ ချနေမိ၏။ အားလုံးက တဖြေးဖြေး ပြန်အသက်ဝင်လာပြီ။

ထိုအချိန်တွင် လီထျန်းချင်က အော်ပြောလိုက်၏။

"ရှောင်ရှီ! ကျောက်မိသားစုစခန်းက လူတွေ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီကွ!"

ချန်ရှီ အမြန်ထရပ်ပြီး ကျောက်မိသားစု၏ စခန်းဆီသို့ လှမ်းကြည့်လိုက်ရာ ကျောက်မိသားစု၏ သားသမီးများနှင့် ကြွေအရုပ်လေးများ ဝန်းရံထားသော ထိုမိသားစု၏ တော်ဝင်အစောင့်များကို တွေ့လိုက်ရသည်။ ပို၍အံ့သြစရာ ကောင်းသည်မှာ ထိုကြွေရုပ်များသည် အရင်အတိုင်း တဖြည်းဖြည်း ပြောင်းလဲသွားခြင်းပဲ ဖြစ်သည်။

ချန်ရှီ မီးထွန်းခါနီးအချိန်မှာ ဒီလူတွေက တောင်ခြေကိုလှည့်ပြီး တောင်ခြေအနောက်မှာ ပျောက်ကွယ်သွားတာ မြင်လိုက်ရသည်။ ချန်ယန်တောင်ကြီးတွင် တောင်တန်းငယ်များစွာ ရှိသည်။ မြေအနေအထား ပြောင်းလဲနိုင်သည်။ ဟုန်ယီအမြောက်ကို ပစ်ခတ်ဖို့ တိုင်းတာတွက်ချက်ရန် လိုအပ်ကာ ဒီအတိုင်း ပစ်ခတ်နေဖို့က အဆင်မပြေပါ။

"ငါတို့ သူတို့ကို အသက်​ရှင်​ခွင့်​ ​ပေးလို့မရ​ဘူး!"

ချန်ရှီသည် လူသတ်ချင်လာတဲ့ အငွေ့အသက် အပြည့်ဖြင့် စာအုပ်သေတ္တာကို ချက်ချင်း ကောက်ယူလိုက်သည်။

"အမြောက်တွေ မလိုဘူး... ဒီကောင်တွေကို မှုတ်ထုတ်ဖို့ သံအနက်ရောင် ကျည်ဆန်တွေကိုပဲ သုံးမယ်! ကျောက်မိသားစုက ဒီလူတွေက နတ်ဆိုး ဘုရားလောင်းကို နှိုးဆော်ပြီး လူတွေ အများကြီးကို သတ်ပစ်လိုက်တယ်... သူတို့ အသက်နဲ့ ပေးဆပ်ရမယ်...."

သူသည် ချက်ချင်းပင် တောင်ပေါ်မှဆင်းကာ ကျောက်မိသားစု တပည့်များနှင့် အစောင့်များနောက်သို့ ပြေးလိုက်သွားခဲ့သည်။

လီထျန်းချင် တခဏမျှ တုံ့ဆိုင်းသွား၏။ သို့သော် သူ့ခြေထောက်ပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို အသက်သွင်းကာ သူ့နောက်ကျောပေါ်ရှိ သံကျည်ဆန်နက်များဖြင့် အလျင်အမြန် လိုက်သွားသေးသည်။

"ရှောင်ရှီ... နတ်ဆိုးဘုရားလောင်းရဲ့ ကြွေရုပ်တွေက ပြန်ရှင်လာပြီ... နတ်ဆိုးတွေရဲ့ လွှမ်းမိုးမှုခံထားရတဲ့ ကျောက်မိသားစုက ကြွေသခင်တွေလည်း ပြန်ကောင်းလာမှာ ကြောက်ရတယ်"

ပြိုင်ဘက်က အားနည်းနေပြီ။

နတ်ပြောင်းလဲခြင်းနယ်ပယ်က ကျောက်ယန်လုံနဲ့ ကျောက်ယန်ချူကို ထည့်မပြောနဲ့။ ရွှေအမြုတေနယ်ပယ်က ကျောက်ယန်လျန်ရဲ့ ရွှေအမြုတေလေး ထွက်လာပြီး အလင်းရောင် ထွန်းပြီးသည်နှင့် ၎င်းတို့နှစ်ဦးလုံး ပျောက်ကွယ်သွားလိမ့်မည်။

ချန်ရှီ တုံ့ဆိုင်းသွားပြီး "သူတို့ ပြန်ကောင်းလာရင် ငါတို့လိုက်သတ်လို့ရမှာ မဟုတ်ဘူး"

သူတို့နှစ်ဦးသည် ကျောက်မိသားစု တပည့်များနှင့် အစောင့်တို့အနောက်ကနေ လေးမိုင်မှ ငါးမိုင်အထိ ပြေးလွှားခဲ့ကြပြီးနောက် ထိုလူများကို လိုက်မီသွားခဲ့သည်။

ကျောက်မိသားစုနဲ့ ငွေဝတ်အစောင့်များဟာ ယခုအချိန်၌ နတ်ဆိုး၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံထားခဲ့ရပြီး ဆာလောင်မွတ်သိပ်နေကြသည်။ ကိုယ့်ကိုကိုယ်တောင် မထိန်းနိုင်လုမတတ် ဖြစ်နေကြလို့ ချက်ချင်း သတိမမူမိကြသော်လည်း ၎င်းတို့နောက်မှ လိုက်နေသည့် လူနှစ်ယောက်ကို မကြာခင်မှာပဲ တွေ့ရှိသွားခဲ့သည်။

"အကြီးဆုံး သခင်​လေးကို သတ်ခဲ့တဲ့ လူသတ်သမားပဲ!"

တစ်စုံတစ်ယောက်က ချန်ရှီကို မှတ်မိနေတာကြောင့် ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ လူဒါဇင်နဲ့ချီက သတိဝင်လာသည်။ အခုဆို နှေးနှေးကွေးကွေးနဲ့ သူတို့ အသွေးအသားတွေ ပြန်ကောင်းလာပါပြီ။

"ကျစ်ယွီ... မင်း ကောင်းကင်ဘုံကနေ ဒီလူသတ်သမားကို ဒီအဖေရှေ့ကို လွှတ်လိုက်တာပေါ့လေ... ဟုတ်ပြီ မင်းက ငါ့သားကောင်းလေးပဲ..."

စကားပြောနေစဉ်တွင် နှစ်ဖက်စလုံးသည် ပေနှစ်ဆယ်ကျော် အကွာတွင်သာ ရှိကြသေးသည်။ ကျစ်ဝူရှဲ့သတ်ဓား၏ တိုက်ခိုက်ရေး အကွာအဝေးတွင် ရှိနေပြီဖြစ်သော ချန်ရှီသည် သူ့လက်ထဲတွင်ရှိသော သံနက်ကျည်ဆန်ကို ဖမ်းကိုင်လိုက်ပြီး သူ၏ ချီစွမ်းအင်များကို သွေးများထဲက စုပ်ယူကာ အစွမ်းကုန် ပစ်ချလိုက်သည်။

ဟူး--

သူသည် အရင်ကထက် အလွန်အစွမ်းထက်လယတာမို့ အနက်ရောင် သံလုံးများက ချက်ချင်းဆိုသလိုပင် လူတိုင်း၏ ခေါင်းပေါ်သို့ ရောက်လာပြီး လူတစ်ဦးစီကို ထိမှန်သွားခဲ့သည်။ အစောင့်အဖွဲ့ တစ်ဖွဲ့သည် ၎င်းတို့၏ မှော်စွမ်းအင်များကို ပြင်ဆင်ထားပြီးလေပြီ။ တစ်စုံတစ်ယောက်သည် သံနက်ကျည်ဆန်ကို ခုခံရန် ကျစ်ဝူရှဲ့သတ်ဓားကို ချက်ချင်း အသုံးပြုခဲ့သည်။

ဗုန်း!

ရုတ်တရက် ကောင်းကင်က မိုးခြိမ်းသံက မြေကြီးထဲကနေ မီးတွေ လျှံထွက်လာသလို ပေါက်ကွဲသွားသည်။ မိုးခြိမ်းသံနဲ့ မီးတောက်က လူတိုင်းရဲ့ ဦးခေါင်းထက်မှာ နှစ်ပေကျော်ရှိတဲ့ အချင်းဝက်ရှိတဲ့ မီးလုံးကြီးအသွင် ဖြစ်သွားသည်။

အစောင့်များနှင့် ကျောက်မိသားစု၏ ကလေး လေးငါးယောက်သည် ပေါက်ကွဲသံနဲ့အတူ တိုက်ရိုက် ကွဲကြေသွားသည်။ ထိုအခိုက် လူ၁၀ယောက်ကျော်လောက်ဟာ လေထဲကို ပျံတက်သွားခဲ့ပြီး သူတို့၏ ခြေလက်များက နေရာတိုင်းသို့ ပျံ့ကျဲကုန်သည်။

ပိုလို့တောင် ကြောက်စရာကောင်းတာက မီးတောက်ရဲ့ အပူချိန်က တိုတိုလေးအတွင်းမှာပဲ သူတို့ကို လေထဲမှာ လောင်ကျွမ်းသွားစေခြင်းပင်။

တခြားသူများ၏ နားစည်များလည်း တဝွီးဝွီး မြည်ကုန်သည်။ ရုတ်တရက် တခြားအသံများကို မကြားနိုင်တော့ဘဲ ၎င်းတို့၏ စိတ်ထဲကျန်ရစ်ခဲ့သော မိုးခြိမ်းသံ၊ ကောင်းကင်နှင့် မြေကြီး တုန်ခါသွားတာကိုသာ ခံစားမိတော့သည်။ မိုးခြိမ်းသံက ကျယ်လောင်လွန်းလို့ သူတို့ရဲ့ ဝိညာဉ်တွေကပါ ကောင်းကင်မြေကြီးနဲ့အတူ တုန်ခါနေသလိုပင်။

သူတို့နားထဲက ပုံမှန်မဟုတ်တဲ့ အသံကို ဖယ်ထုတ်ပစ်ချင်သလိုမျိုး ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်ပေမယ့် နားထဲမှာ အဲဒီမြည်သံက ရှိနေတုန်းပါပဲ။

ကျောက်ယန်လုံသည် လေလှိုင်းဖြင့် လွင့်မျောသွားခဲ့သည်။ သူသည် လူသားခန္ဓာကိုယ်အဖြစ်သို့ လုံးလုံး မပြောင်းလဲသေးတာကြောင့် ခြေသလုံးများက ကြွေသံ တဆတ်ဆတ်တုန်နေသံကို ကြားလိုက်ရပြီး အနီးဆုံး ကျောက်မိသားစုဝင်ကို အမြန်အော်လိုက်သည်။

"ငါ့ကို မြန်မြန်လာခေါ်စမ်း!"

"ဘာလဲ?"

ကျောက်မိသားစု တပည့်က အသံကျယ်ကျယ်နဲ့ ပြန်မေးသည်။

"ငါ့ကို ကုန်းပိုး!"

ဤတစ်ကြိမ်တွင် ကျောက်မိသားစုမှ တပည့်က သေချာကြားသွားပြီး ကျောက်ယန်လုံကို အမြန်ဆွဲထုတ်ကာ ရှေ့သို့ ပြေးသွားခဲ့သည်။ တခြားတပည့်တွေကလည်း ဒါကို မြင်လိုက်တာနဲ့ အရမ်းနှေးနှေးပြေးရင် သံနက်ကျည်ဆန်တွေဆီက အသေသတ်ခံရမှာကို စိုးရိမ်တာကြောင့် ထွက်ပြေးသွားကြသည်။

ချန်ရှီနဲ့ လီထျန်းချင်က သူတို့နောက်သို့ လိုက်နေကြပြီ။ ချန်ရှီ နောက်ထပ် သံနက်ကျည်ဆန်ကို ကိုင်ကာ ပြင်းထန်စွာ ပစ်ချလိုက်​ပြန်သည်။ ကျည်ဆန်သည် လူအုပ်နောက်၌ ပြုတ်ကျခါနီးတွင် ရွှေရောင်အလုံးကြီး ရုတ်တရက် လေထဲသို့ တက်လာပြီး အနက်ရောင် သံကျည်ဆန်ကို လေထဲတွင် ဖျက်စီးပစ်လိုက်သည်။

ချန်ရှီသည် ဒေါသတကြီးအော်ကာ ရှေ့သို့ ပြေးလာစဉ်တွင် နောက်ထပ် တစ်လုံးကို အားအပြည့်ဖြင့် ပစ်ချလိုက်ရင် လေထဲတွင် တွဲလောင်းကျနေသော အနက်ရောင် သံကျည်ဆန်ကို ထိမှန်သွားသည်။

ဝုန်း!

အနက်ရောင် သံကျည်နှစ်လုံး တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားပြီး လေထဲတွင်ရှိသော ရွှေရောင် အငွေ့အသက်များသည် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲမှုအတွင်း အမှုန့်များ ဖြစ်သွားခဲ့သည်။

မြေကြီးပေါ်မှာ ထွက်ပြေးလာ​နေသော လူများထဲတွင်တော့ ကျောက်ယန်လျန်မှာ ရုတ်တရက် သွေးအန်ကာ စိတ်ဓာတ်ကျလာသည်။ အစောက ရွှေရောင်အလုံးက သူ့ရဲ့ ရွှေအမြုတေ အတိအကျပါပဲ။

သူသည် ရွှေအမြုတေနယ်ပယ် နှောင်းပိုင်းအဆင့်တွင် သခင်ဖြစ်နေပြီဖြစ်ပြီး ကျောက်ကျစ်ယွီ ယှဉ်နိုင်တာထက် ကျော်လွန်နေပြီ ဖြစ်သော်လည်း ဆေးဘုရင် မျိုးရိုးရဲ့ အနက်ရောင် သံကျည်ဆံနှစ်လုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အထိတော့ အားမကောင်းသေးချေ။

ကျောက်ယန်လျန် အသက်ရှုသံတွေ နှေးကွေးလာသည်။ သူ့ကို ကူညီဖို့ တစ်ယောက်ယောက်ကို ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျောက်မိသားစုရဲ့ ကလေးတွေနဲ့ အစောင့်တို့ဟာ သူ့ပတ်ဝန်းကျင်က ထွက်ပြေးနေကြပြီး သူ့ကို ဘယ်သူမှ ဂရုမစိုက်ပါဘူး။

ကျောက်ယန်လျန် သူ့ရှေ့မှ လျင်မြန်သော ခြေသံကို ရုတ်တရက် ကြားလိုက်သောအခါတွင် ချက်ချင်း မျှော်ကြည့်လိုက်သည်။ စာအုပ်သေတ္တာကို ထမ်းကာ သူ့ဆီသို့ လေပြင်းလို ဟိန်းဟောက်လာနေသော လူငယ်ကို တွေ့လိုက်ရသည်။

"အဲဒါက လူသတ်သမားပဲ..."

သူ့လက်ကို မြှောက်ကာ မှော်အစွမ်းကို စုဆောင်းမလို့ ပြင်သည်။ သူ့မှာ ရွှေအမြုတေ မရှိ​တော့သော်လည်း အခြေခံအုတ်မြစ်က ရှိနေဆဲဖြစ်ပြီး ဆက်လက် တိုက်ခိုက်နိုင်သေးသည်။ သို့သော် သူ့လက်ဖဝါးကို မြှောက်လိုက်သည်နှင့် တပြိုင်နက် ချန်ရှီက သူ့ထံသို့ ရောက်လာပြီး သူ့လက်ဖဝါးကို လျှပ်စီးလက်သလို ဆုပ်ကိုင်ကာ လက်ကောက်ဝတ်ကို ပြင်းထန်စွာ လိမ်ချိုးပစ်လိုက်သည်။

ကျောက်ယန်လျန် နာကျင်မှုကြောင့် တုန်လှုပ်သွားစဥ် ချန်ရှီက သူ့အနားမှ ဖြတ်ပြေးသွားကာ ဦးခေါင်းနောက်ဘက်သို့ လက်ပြန် ရိုက်ချလိုက်သည်။ လီထျန်းချင် မှီလာသောအခါ ရွှေအမြုတေနယ်ပယ် သခင်ရဲ့ ဦးနှောက်များက ပေါက်ကွဲပြီး အလောင်းက မြေပြင်ပေါ်သို့ လဲကျသွားလေပြီ။

All Chapters