တစ်ယောက်တည်းနဲ့ မျိုးနွယ်စုတစ်ခုလုံးကို ဖျက်ဆီးသွားတယ်
Vol. 5 Ch. 68
စခန်းအတွင်း တိတ်ဆိတ် ငြိမ်သက်သွားပြီးနောက် မြို့ဝန်ကျောက်ထန်းပြောင် အနီးပတ်ဝန်းကျင်တွင် အမျိုးမျိုးသော အသံများ ရုတ်ချည်း ထွက်ပေါ်လာပြီး အုပ်ချုပ်ရေးဌာနက ခေါင်းဆောင်၊ စာရင်းစစ်ဌာနက အတွင်းဝန်နှင့် ခေါင်းဆောင်တွေ အားလုံး ဒေါသတကြီးနဲ့ အော်ဟစ်ကာ ပြေးထွက်သွားကြသည်။
ချန်ရှီကလည်း အော်ဟစ်ပြီး သူ့နောက်ကို လိုက်လာနေသူတွေကို သတိထားမိသည်။ ထျန်းလုအိမ်တော်သခင်၊ တိကန်းအိမ်တော်သခင်နှင့် ဟွမ်ထင်အိမ်တော် သခင်တို့က အမြန်ဆုံး ပြေးကြသည်။
ကျောက်မိသားစု၏ စတုတ္ထမြောက် အိမ်တော်က ကျောက်ယန်လုံသည် ရွှမ်ရင်အိမ်တော်ရဲ့ အိမ်တော်သခင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် သူ့ဝိညာဉ်ကို ဖောက်ထုတ်ပြီး ခန္ဓာကိုယ်ကိုသတ်ပစ်ရန် ကြွေထည်များကို အခွင့်ကောင်းယူသွားတာ အတော်လေး မုန်းတီးစရာ ကောင်းသည်။ ထုံးစံအတိုင်း သူတို့သည် ကျောက်ယန်လုံအတွင် လက်စားချေရန် အပြေးထွက်လာခဲ့သည်။
မြို့ဝန်ကျောက်ထန်းပြောင်က မှုန်ကုပ်ကုပ်နှင့် သူ့ခြေလှမ်းများကို မြှောက်လိုက်သောအခါတွင် သူသည် တိမ်ပြာပေါ်၌ ပြေပြေပြစ်ပြစ် လျှောက်လှမ်းနေသလို လေထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။
သူ့ရဲ့ ရောင်ဝါတွေက လုံးဝ ပွင့်ထွက်လာတဲ့အခါ မိုင်အနည်းငယ် အတွင်းက လူတွေအားလုံးဟာ တောင်ပေါ်မှ မှိုပွင့်လေးများလို ဖိနှိပ်ခံလိုက်ရသည်။ သူ့နောက်မှာတော့ ဆယ်ပေကျော်မြင့်တဲ့ နတ်ဝိညာဉ်က ခံ့ညားထည်ဝါစွာ ထွက်ပေါ်လာသည်။
နတ်ဝိညာဥ်သည် ဒေါသကြီးသော မင်မင်းဆက် ဘုရင်ကဲ့သို့ ဒေါသကြီးသော အကြည့်၊ သူ့မျက်နှာပေါ်တွင် ဖော်မပြနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းကာ ဖိနှိပ်ချုပ်ချယ်မှု အပြည့်ဖြင့် ကြည့်နေသည်။
ကုသိုလ်ကောင်းမှုပြုရန် စခန်းမှ အမြန်ထွက်ခဲ့သော အစောင့်များသည်လည်း သူ့အရှိန်အဝါအောက်မှာ ချက်ချင်းပင် ဖိနှိပ်ခံခဲ့ရပြီး မလှုပ်ရှားနိုင်တော့ပေ။
တခြားအစိုးရ အမှုထမ်းများမှ မွေးမြူထားသော မြင်းတပ်သားများ၊ စစ်ဗိုလ်ချုပ်များနှင့် မြင်းများလည်း တစ်ယောက်ပြီး တစ်ယောက် ရပ်တန့်ကုန်သည်။ သူတို့သည် မြို့ဝန် ကျောက်ထန်းပြောင်ရဲ ဖိနှိပ်မှုအရှိန်ကို တွန်းလှန်လိုစိတ် မရှိသောကြောင့် ဌာနအသီးသီးမှ အရာရှိများကသာ ရှေ့သို့ တိုးသွားကြသည်။
သို့သော် ယခုအချိန်တွင်လည်း မြို့ဝန်ကျောက်ထန်းပြောင်ရဲ့ အရှိန်အဟုန်နှင့် ပြည့်နေတဲ့ ရောင်ဝါက လူသတ်သမားကို ကိုယ်တိုင် ကွပ်မျက်လိုကြောင်း ထုတ်ဖော်ပြနေခဲ့သည်။
ထျန်းလု၊ တိကန်း၊ ဟွမ်ထင်အိမ်တော်က သခင်များသည် မရပ်တန့်ဘဲ အလွန်လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့ ဆက်လက် ပြေးသွားကာ ချန်ရှီရဲ့ပြေးလမ်းကို အမြန် ပိတ်ထားလိုက်သည်။
ချန်ရှီသည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ကို သုံးထားလို့ သူ့အရှိန်အဟုန်က မြင့်မားလာသော်လည်း ကျောက်မိသားစုမှ ဤအထက်တန်းစား ကျင့်ကြံသူတွေကို ဘယ်လိုလုပ် ယှဥ်နိုင်ပါ့မလဲ။
ခပ်လှမ်းလှမ်းတွင်တော့ လူတစ်ယောက်က သူ့ကိုယ်ပိုင် ရွှေအမြုတေကို ပူဇော်ပြီး ခရိုင်လမ်းတစ်လျှောက် ရှေ့သို့ ပြေးသွားရာ နှစ်ဖက်စလုံးရှိ သစ်ပင်များနှင့် သစ်ရွက်များသည် မရေမတွက်နိုင်သော ငွေဆေးထိုးအပ်များဖြင့် ထိုးဖောက်ခံထားရသလို အပေါက်တွေနဲ့ ရှုပ်ပွနေပြီး သစ်ပင်တစ်ကိုယ်လုံး လိမ်ပြီး ကွေးနေသည်။
လမ်းနှစ်ဘက်ရှိ မြစ်ရေများသည်လည်း လျှံကျတော့မလို ဖြစ်နေသည်။ နောက်တစ်ဖက်မှာတော့ အခြေတည် နတ်ဝိညာဥ် စွမ်းအင်များ အမြောက်အမြား ထွက်လာပြီး သူတို့ဖြတ်သွားတိုင်း ခရိုင်လမ်းပေါ်ရှိ မြေသားတောင် အက်ကွဲသွားသည်။ ဒါက ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ် လွှမ်းမိုးမှုနှင့် ပျံ့လွင့်မှုကြောင့် ဖြစ်ပေါ်လာသော ပျက်စီးခြင်းများ ဖြစ်သည်။
ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်ဟာ ပုံမှန်အချိန်များတွင် ယဇ်ပူဇော်ပါက ၎င်းတို့သည် ဟန်ချက်ညီနေသောကြောင့် စွမ်းအားမရှိပုံ ပေါ်သော်လည်း ရွှေအမြုတေစွမ်းအင်နဲ့ အခြေတည်ဝိညာဥ်ကို အသက်သွင်းထားသရွေ့ ၎င်းတို့ရဲ့ စွမ်းအားက အလွန်ကြောက်စရာကောင်းပါသည်။
ကျောက်မိသားစုသည် အလွန်ဒေါသ ထွက်သွားသည်။ သူတို့ရှေ့တွင် အိမ်တော်သခင် တစ်ဦးနှင့် ဆွေမျိုးတော်စပ်သူ တစ်ဦးကို သတ်ပစ်ခဲ့သည်။ တစ်ဖက်လူက ကောင်းကင်ဘုရင် ဖြစ်နေရင်တောင် ကျောက်ယန်လုံအတွက် လက်စားချေမှာပင်။ အခုက ကျေးလက်က ကလေးပေါက်စတစ်ကောင် ဖြစ်နေ၏။
ထိုကလေး လူသတ်သမားက မြန်သော်လည်း မြို့ဝန် ကျောက်ထန်းပြောင် ဒုတိယခြေလှမ်းကို လှမ်းလိုက်သောအခါ ချန်ရှီထက်ပင် မြန်နေပြီဖြစ်သည်။ ထိုအချိန်တွင် သူ့နှလုံးသားက ရုတ်ချည်း ငြိမ်သက်သွားပြီး ဒေါသလည်း ပျောက်ကွယ်သွားသည်။
ဤအခိုက်အတန့်တွင် သူ၏ပြင်းထန်သော လူသတ်ချင်နေသော ရည်ရွယ်ချက်မှာ ရုတ်တရက် ပျောက်ကွယ်သွားကာ ဉာဏ်အလင်းရရှိသော ရဟန်းတစ်ပါးကဲ့သို့ပင် ငြိမ်သက်သွားခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ အတက်အကျမရှိ အေးချမ်းလှသည်။
အောက်မှာ လိုက်ဖမ်းနေကြတဲ့ အိမ်တော်သခင် အသီးသီးနဲ့ ဆရာကြီးတွေဟာလည်း ဒီအချိန်မှာ အာရုံမစူးစိုက်ဘဲ သတ်ပစ်ဖို့ ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက် ငြိမ်သက်စွာ ပြန်ထလာကြသည်။ ပုရွက်ဆိတ်ကိုတောင် နင်းပြီး သတ်ချင်စိတ်မရှိရာ လူသတ်ဖို့ ဝေးလေပြီ။
ထို့နောက် အနက်ရောင် အဝတ်အစား ဝတ်ထားသော လူငယ်တစ်ဦးက ဆီစက္ကူထီးကို ကိုင်ဆောင်ကာ လမ်းဘေးတွင် ရပ်နေတာ တွေ့လိုက်ရသည်။ မြို့ဝန် ကျောက်ထန်းပြောင်လည်း သူ့စိတ်ထဲတွင် တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ရသည်။
"သွား!"
သူ မထင်မှတ်ထားတဲ့ သခင်တစ်ယောက်ကို တွေ့လိုက်ရသလိုပင်။ သူ့အကြောင်းပြချက်နဲ့ သူ ချက်ချင်းလှည့်ပြီး လိုက်နေတဲ့ ကျောက်မိသားစု သခင်တွေကို လှည့်ပြောလိုက်၏။
"ခရိုင်မြို့တော်ကို ပြန်သွားကြတော့"
ကျောက်မိသားစု၏ သခင်များသည်လည်း သူ့အတိုင်း ငြိမ်းချမ်းသော အမူအရာများ ရှိနေကြသည်။ ၎င်းတို့၏ ရွှေအမြုတေနဲ့ အခြေတည်ဝိညာဥ်များကို ဖယ်ထုတ်ကာ ခရိုင်မြို့တော်ဆီသို့ လှည့်ထွက်သွားကြသည်။
ဒါကို ဖမ်းမိတဲ့ တခြားအရာရှိ အမှုထမ်းတွေ မြင်တော့ တစ်ယောက်ပြီး တစ်ယောက် ရပ်ကာ အံ့သြတကြီးနဲ့ ကြည့်နေကြလေ၏။ လမ်းဘေးတွင် ဆီစက္ကူထီး ကိုင်ဆောင်ထားသော အနက်ရောင် လူငယ်တစ်ဦးက ချန်ရှီကို အပြုံးဖြင့် လှမ်းကြည့်နေသည်။
ရုတ်တရက်ပင် အသက်ကြီးပြီး သန်မာတဲ့လက်တစ်ယောက်က ဆီစက္ကူထီး လက်ကိုင်ကို လှမ်းဆုပ်ကိုင်လိုက်သည်။ အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်မှာ အကူအညီမဲ့သွားသလို ခံစားခဲ့ရသည်။
"တုကလေးငယ်... ငါ့ရဲ့ဒီရတနာက မင်းရဲ့နတ်ဆိုးသဘာဝကို လုံးလုံးလျားလျား ဖိနှိပ်ထားဖို့ မကူညီနိုင်ဘူး... နေ့ဘက်မှာဆို အဆင်ပြေတယ်.... ဒါပေမယ့် ညဘက် လထွက်လာရင် မင်းအန္တရာယ်ဖြစ်လိမ့်မယ်"
ချန်ယင်တုက ထီးလက်ကိုင်ကို ခါတိုင်းလိုပဲ ကိုင်ထားပြီး ပြန်ဖြေသည်။
"မှားတယ်... အန္တရာယ် ကျရောက်နေတာ ကျွန်တော် မဟုတ်တဲ့ ကမ္ဘာကြီးပဲ"
သူက ဆီစက္ကူထီးတစ်လက်ကို ကိုင်ကာ ထွက်ခွာသွားခဲ့သည်။
"လူသတ်ပွဲတွေ ဆက်မလုပ်တော့နဲ့..."
အနက်ရောင်ဝတ် ဆန်းကြယ်ဝိညာဥ်: "မင်းရဲ့ လက်ရှိ အခြေအနေက မတည်မငြိမ်ဖြစ်နေပြီ... လူသတ်လိုက်တာက မင်းကို အတွင်းနတ်ဆိုး ပိုဝင်လာစေတယ်"
ချန်ယင်တုက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး။
"ကျွန်တော်က သာမာန်ထီးတစ်ချောင်းကို ကိုင်ထားပြီး ကျွန်တော့်နှလုံးသားကလည်း သာမာန်ပဲ"
မြို့ဝန် ကျောက်ထန်းပြောင်သည် အစိုးရရုံးသို့ ပြန်လာခဲ့ပါ၏။ ကျောက်မိသားစုက သခင်များအားလုံး ထူးဆန်းနေကြတယ်လို့ လူတိုင်းလိုလို ခံစားနေကြရသည်။
ကျောက်ထန်းပြောင် သူ့လက်အောက်ငယ်သားကို လက်ဖက်ရည်ငှဲ့ပေးဖို့ အမိန့်ပေးလိုက်သည်။ ဒေါသနဲ့ ကြောက်ရွံ့မှုတွေကြောင့် လက်ဖက်ရည်ခွက် ကိုင်ထားတဲ့ သူ့လက်က တဆက်ဆက် တုန်ခါသွားသည်။ လက်ဖက်ရည်ကို မှုတ်နေသည့် အသံနှင့်အတူ လက်ဖက်ရည်က သူ့အပေါ်ကို ဖိတ်ကျသွားသည်။
ကျောက်ထန်းပြောင် လက်ဖက်ရည်ခွက်ကို ချလိုက်တဲ့အထိ သူ့လက်တွေက တုန်ခါနေပြီး သူ့ကိုနာခံမှု မရှိသေးပါဘူး။ သူ့ရဲ့ကျင့်ကြံမှု အဆင့်နဲ့တောင် သူ့စိတ်နဲ့ အတွေးတွေကို တစ်ဖက်လူက ဘယ်လို ထိန်းချုပ်သွားသလဲ မသိသေးပါဘူး။
သို့သော်လည်း သူသည် ၎င်းရဲ့လွှမ်းမိုးမှုကို ခံခဲ့ရပြီးနောက် ကလဲ့စားချေလိုခြင်းနှင့် ဒေါသများကို ဖယ်ထားကာ အေးအေးဆေးဆေး ပြန်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် လူထပ်သတ်ရန် သို့မဟုတ် တွန်းလှန်ရန် ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။ ထိုရောင်ဝါကို ဘယ်လို တိုက်ထုတ်ရမလဲ၊ သို့မဟုတ် တစ်ဖက်က သူ့ကို ဘယ်လို ထိန်းချုပ်သွားသလဲ မသိလိုက်ချေ။
ဒီစွမ်းအင်က ကြောက်စရာ ကောင်းလွန်းပေ၏။
သူ့ကိုယ်ပေါ် လက်ဖက်ရည်တွေ ဖိတ်ကျနေတာကို အစေခံ မြင်တော့ ဒူးထောက်လိုက်ပြီး သုတ်ပေးမလို့ပြင်လိုက်သည်။ ကျောက်ထန်းပြောင် သူ့လက်ကို ဝှေ့ယမ်းပြီး သုတ်ချင်နေတဲ့ အစေခံကို နောက်ပြန်ဆုတ်ခိုင်းလိုက်သည်။
အရင်က လက်ဖက်ရည်ကို မတည်မငြိမ်ကိုင်ကာ ရေအနည်းငယ် ဖိတ်စင်သွားတဲ့အခါ အစေခံအား သုတ်ပေးရန် တောင်းဆိုခဲ့ဖူးတာ သတိရမိသည်။ အစေခံကိုလည်း စိတ်ဝင်စားတဲ့အတွက် သူ့ခန္ဓာကိုယ် တစ်ဝက်လောက် အထိကို ဖိတ်ကျသွားအောင် လုပ်ပစ်ခဲ့သည်။
ဒါပေမဲ့ ဒီနေ့တော့ အဲဒီလို အတွေးမျိုး မရှိတော့ပေ။
"ယန်လုံအတွက် လက်စားမချေလို့ မဖြစ်ဘူး!"
ခဏအကြာတွင် သူ ငြိမ်သက်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒီလက်စားချေမှုကြီးကို မတုံ့ပြန်ရင် ငါတို့ကျောက်မိသားစုက ရှင်းရှန်ခရိုင်မှာ ခြေကုပ်ယူနိုင်မှာ မဟုတ်ဘူး... ငါတို့ ကျောက်မိသားစုကို ကျော်ကြားတဲ့ မိသားစု ဖြစ်စေချင်တယ်... မျိုးဆက်အဆက်ဆက် ဆက်သွားစေချင်ရင်.. ဒီကလေးကို သတ်ပစ်ရမယ် နေရာတိုင်းမှာ အလောင်းတွေနဲ့ သူ့ရဲ့ တခြားမိသားစုတွေကို သွေးချောင်းစီးတဲ့အထိ သတ်ပစ်ရမယ်..."
"ဒါဆို ငါ့မြေး သေရမယ်ပေါ့ ဟုတ်လား" ဆိုပြီး အသံထွက်လာ၏။
ကျောက်ထန်းပြောင် လန့်ဖျပ်သွားပြီး အမြန်ထရပ်လိုက်သည်။ အပြာရောင် ဆီစက္ကူထီးကို ကိုင်ဆောင်ထားလျက် စာဖတ်ခန်းထဲသို့ လျှောက်လာနေသည့် အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။
အဘိုးအိုက တော်တော် အရပ်ရှည်သည်။ သူ့အဝတ်အစားက နည်းနည်းတော့ အဆင်မပြေသလို မျက်နှာကလည်း နည်းနည်း အပြာရောင် သမ်းနေ၏။ သူက ကျောက်ထန်းပြောင်ကို မျက်နှာမူကာ မြို့ဝန် စာဖတ်ခန်းထဲသို့ ဝင်လိုက်တာကို အပြင်ဘက်က ဘယ်သူမှ သတိမထားမိခဲ့ပေ။
"ငါ ထွက်သွားပြီးရင် မြေးကို ပြုစုစောင့်ရှောက်ပေးမယ့်သူမရှိလို့ အနိုင်ကျင့်ခံရမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တယ်.... သူ့ဘဝတစ်လျှောက်လုံး သနားစရာကောင်းပြီး အများကြီး ခံစားခဲ့ရတယ်... ငါသူ့ကိုဆက်ပြီး ဒုက္ခတွေနဲ့ မထားခဲ့ချင်ဘူး... ဒါပေမဲ့ ရန်သူအားလုံး သူ့ကို လာသတ်ကြမှာကိုလည်း မကြည့်ချင်ဘူး.. ဒါကြောင့် ငါက ငြိမ်းချမ်းစွာ သေနိုင်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ရတယ်..."
ချန်ယင်တုက ထီးတစ်လက်ကို ကိုင်ထားပြီး ကျောက်ထန်းပြောင်ကို ကြည့်နေသည်။
"မင်းရဲ့ တင်းကြပ်တဲ့ အိမ်မှုကိစ္စကင်းမဲ့မှုက ကျောက်မိသားစု သားသမီးတွေကို မကောင်းမှုပြုစေတယ်... အိမ်နီးနားချင်းတွေကို ဒုက္ခပေးတယ်... မင်းရဲ့ ကျောက်မိသားစုကို ကြီးမားတဲ့ ဘေးဒုက္ခတွေတောင် ယူဆောင်လာခဲ့တယ်... ငါကျောက်မိသားစုကို သည်းခံခဲ့ပြီးပြီ...ဒါတောင် မင်းက နောက်ဆုံးအကြိမ် ငါ့မြေးကို တိုက်ခိုက်ခဲ့သေးတယ်... ဒီတစ်ခါတော့ အဆင်မပြေဘူး... ငါ ဝင်မစွက်ခဲ့တာက အပြစ်မဲ့သူတွေကို မသတ်ချင်လို့... စိတ်ချပါ ငါ မင်းတစ်ယောက်တည်းကိုပဲ သတ်မှာ..."
ကျောက်ထန်းပြောင်ဆီ အရှိန်အဝါတစ်ခုက ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ပြင်းထန်သော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
"မင်းမျိုးမင်းနွယ်ကို ဖျက်ဆီးဖို့က ခက်တယ် ငါ အကြိမ်ကြိမ် ကြိုးစားပြီးပြီ... ဒါပေမဲ့ မင်းရဲ့ ကျောက်မိသားစုကို ဖျက်ဆီးဖို့က မခက်ပါဘူး..."
"မင်းသေပြီးရင် မင်းရဲ့ ကျောက်မိသားစုက ခေါင်းဆောင်မဲ့ ဖြစ်သွားလိမ့်မယ်... တစ်စုံတစ်ယောက်က ကျောက်မိသားစု ခေါင်းဆောင် နေရာကို အစားထိုးလိုက်ရင်တောင် မင်း မကောင်းမှု လုပ်ခဲ့တဲ့အတွက် အပြစ်ပေးလိမ့်မယ်.... ကျောက်မိသားစုက မကောင်းတဲ့ လူတွေနဲ့ ပြည့်နေတယ်... သူတို့ ဘယ်လောက်ကြာကြာ ရှင်သန်နိုင်မလဲတော့ ပြောရခက်တယ်..."
ကျောက်ထန်းပြောင် ထိတ်လန့်တုန်လှုပ်သွားသည်။
"မိတ်ဆွေက ဘယ်သူလဲ... ကျုပ်က ရှီးကျင်းဝန်ကြီးအဖွဲ့က လူကြီးမင်းယန်ကဲနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်..."
"သေတဲ့လူတွေက တန်ဖိုးမရှိဘူး"
ချန်ယင်တုက ခေါင်းခါပြီး။
"ငါက ယုတ္တိမရှိတဲ့လူ မဟုတ်ဘူး... နောင်ဒုက္ခတွေကို ရှောင်ဖို့ မင်းကို သတ်ဖို့ လာခဲ့တာ ဒါပေမယ့် မင်းရဲ့ နောက်ခံကို ငါ စိတ်မ၀င်စားဘူး... မင်းကို မသတ်နိုင်ရင် မင်းငါ့မြေးကို သတ်ပစ်မှာပဲ...မင်းမှာ နောက်ဆုံးပြောချင်တဲ့ စကားရှိလား"
ကျောက်ထန်းပြောင်လည်း တစ်ဖက်လူက သူ့အိမ်တံခါးကို လာပြီမလို့ ဒီအာဃာတကို ဘယ်တော့မှ လက်မလွှတ်ဘူး ဆိုတာကို နားလည်တာကြောင့် သူက ချက်ချင်း ပြန်ပြောလိုက်သည်။
"မိတ်ဆွေ ခဏစောင့်ပါ.... "
သူက စုတ်တံကို ကောက်ကိုင်လိုက်ပြီး စာရွက်ပေါ်မှာ သူ့ရဲ့နောက်ဆုံး စကားတွေကို ချရေးလိုက်သည်။ ခဏကြာတော့ စုတ်တံကို ချပြီး ပြော၏။
“အဝေးက လာတာဆိုတော့ မိတ်ဆွေက အသင့်ပြင်ထားပြီးသား ဖြစ်ရမယ်... ဒါပေမဲ့ ကျွန်တော်ကလည်း သေခြင်းတရားကို ထိုင်စောင့်မနေချင်ဘူး.... ဘယ်သူ အနိုင်ရမလဲမှ မသိရသေးတာ...မိတ်ဆွေ ကြွပါ!"
ကျောက်ထန်းပြောင် နတ်ဝိညာဥ်ကို အသက်သွင်းလိုက်ပြီး နတ်သန္ဓေသားနှင့် ပေါင်းစည်းလိုက်သည်။
စာဖတ်ခန်းအတွင်း ခပ်မှိုင်းမှိုင်း အသံတစ်ခု ထွက်ပေါ်လာပြီး ပြတင်းပေါက်ဘောင်များ တဆတ်ဆတ်တုန်ကာ လှုပ်ခါသွားပြီးနောက် အရာအားလုံး ငြိမ်သက်သွားသည်။ ချန်ယင်တု အပြာရောင်စက္ကူထီးကို ကိုင်ဆောင်ကာ စာဖတ်ခန်းမှ လှည့်ထွက်လာကာ ကောင်းကင်သို့ လွင့်သွားခဲ့သည်။
ကောင်းကင်မှာ မိုးရွာနေပြီ။
မိုးက မသည်းပါဘူး။
အဘိုးအိုသည် ထီးစိမ်းကို ကိုင်ဆောင်ကာ မိုးရေထဲတွင် လမ်းလျှောက်ရင်း တဖြေးဖြေးနှင့် ဝေးကွာသွားခဲ့သည်။
အချိန်အတော် ကြာပြီးနောက် လက်ဖက်ရည်များကို သန့်ရှင်းရေး ဝင်လုပ်ပေးသည့် အစေခံသည် မြို့ဝန် ကျောက်ထန်းပြောင် ကွယ်လွန်သွားတာကို တွေ့တဲ့အခါ စာဖတ်ခန်းထဲမှ ပြင်းထန်သော အော်ဟစ်သံကြီးကို ထုတ်လွှတ်လိုက်လေတော့သည်။
ရှင်းရှန်ခရိုင်က ကျောက်မိသားစုကြီး ပရမ်းပတာ ဖြစ်သွားသည်။
ဇနီးသည်ဟာ ကျောက်ထန်းပြောင်ရဲ့ သေကြောင်း ကြံစည်မှုမှတ်စုကို ရရှိခဲ့သည်။ သူ သေဆုံးပြီးနောက် ကျောက်မိသားစုဟာ အခြားမှူးမတ်များ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ ချန်ယန်တောင်က ဆိုးရွားသော ပြောင်းလဲမှုအတွက် ကျောက်မိသားစုအပေါ် အပြစ်ပုံချလိမ့်မည်။ ဤသတ်သေစာတစ်စောင် ရရှိထားသူဟာ အသံမထွက်ဘဲ ကျောက်မိသားစု၏ သွေးသားကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ပစ္စည်းများနဲ့ တိတ်တဆိတ် ထွက်သွားရမည်။
ဇနီးသည်က လူများကို ပြင်ဆင်ရန် ချက်ချင်းပင် အမိန့်ပေးခဲ့သဖြင့် အိမ်ကြီးထဲတွင် ကြီးမားသော ပရမ်းပတာ ဖြစ်ကုန်တော့သည်။ အဆောက်အအုံကြီး ပြိုကျတော့မလိုပင်။ အဆင့်မြင့် မိသားစုတစ်ခု ပြိုလဲတဲ့ ပြဿနာက တစ်ခါတလေ ရုတ်ချည်းဆိုသလို ကျရောက်လာတတ်သည်။
ဒါပေမဲ့ ချန်ရှီကတော့ ဒီအကြောင်းကို မသိခဲ့ပါဘူး။
ကျောက်ယန်လုံကို သတ်ပြီးနောက် တောက်လျှောက်လုံး ပြေးလာခဲ့သည်။ လမ်းတစ်ဝက်မှာ လီထျန်းချင်ကို တွေ့ကာ နှစ်ယောက်သား ချန်ယန်တောင်သို့ ပြန်ပြေးသွားကာ တုန်လှုပ်ချောက်ချားနေရာမှ တဖြည်းဖြည်း ပြန်လည် သက်သာလာခဲ့သည်။
၎င်းတို့နှစ်ဦးသည် ခရိုင်မြို့တော်မှ သန်မာသော အမျိုးသားအချို့ ဟွမ်ဖောကျေးရွာသို့ ကြိုရောက်လာကာ တရားမျှတမှုဆိုပြီး ပြဿနာလာရှာမှာ စိုးရိမ်သဖြင့် ၎င်းတို့နှစ်ဦးသည် ဂရုတစိုက် သွားလာခဲ့ကြသည်။
လမ်းမှာ ကြွေတွေ လုံးဝ မဖယ်ထုတ်နိုင်သေးပေမယ့် လမ်းလျှောက်နေတဲ့ လူတွေကိုတော့ တွေ့လိုက်ရပါပြီ။
"ရှောင်ရှီ ရေထဲမှာ ငါးတွေ ကူးနေပြီ!"
ချန်ရှီ ချောင်းဘေး ပြေးကြည့်လိုက်သောအခါ အောက်ခြေတွင် ငါးများစွာ ကူးခတ်နေပြီး ရေမျက်နှာပြင်ပေါ်အထိ ခုန်ထွက်လာတာကိုတွေ့လိုက်ရသည်။
ရုတ်တရက် တောင်ပေါ်ကနေ ငြိမ့်ညောင်းပြီး ရှည်လျားလှတဲ့ အော်သံအကျယ်ကြီးကို ကြားလိုက်ရလေ၏။ တောင်ပေါ်မှာ ကစားနေရင်း ကြားမိတုန်းက နဂါးအော်သံလို့ ထင်ခဲ့ဖူးသည်။ တစ်ချိန်က ဤအသံမျိုးကို ကြားပြီးနောက် ချက်ချင်း ရှာဖွေခဲ့သော်လည်း အရင်းအမြစ်ကို ရှာမတွေ့ခဲ့ပေ။
သူ အံ့သြပြီး ပျော်သွားသည်။
ချန်ယန်တောင်သည် ဤမှော်ဆန်သောပြောင်းလဲမှုမှ လွတ်မြောက်ခဲ့ပြီးနောက် ပြန်လည် အသက်ဝင်လာခဲ့ချေပြီ။
ဟွမ်ဖောရွာသို့ ပြန်လာခဲ့ကြရာ ဘဲအုပ်တစ်ဖွဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေကြတာ တွေ့ရလေသည်။ ဘဲတစ်အုပ်ဆီက အမြဲဝိုင်းရံနေသော ယွိကျူခန္ဓာကိုယ်မှ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးချေ။ ချန်ရှီ ဘဲတစ်ကောင်ကို ဖမ်းလိုက်တာနဲ့ ဘဲက သူ့အတွက် ဥတစ်လုံး ချထားပေးခဲ့သည်။ ထို့နောက် ၎င်းက ဖင်ကို လှန်ပြီး ဘဲစစ်တပ်ထဲကို ပြန်ပြေးသွား၏။
ချန်ရှီ နွေးထွေးသော ဘဲဥများကို ဆုပ်ကိုင်လိုက်ပြီးနောက် ယွိကျူတစ်ယောက် ဘဲများကို စိတ်ပူနေတာ တွေ့လိုက်ရသည်။ ရွာဘက်သို့ လျင်မြန်စွာ လျှောက်လာတဲ့အခါ ရွာသားများသည် ဖြည်းညှင်းစွာ သတိကြီးစွာဖြင့် သွားလာနေကြသည်။ အချင်းချင်းလည်း နှုတ်ဆက်ကြပြီး စိတ်ကောင်းတွေတောင် ပိုရှိလာပြီ။
ချန်ရှီသည် အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော် ကန့်ညောင်ရဲ့ သစ်ပင်ကလည်း ယခုအခါ ပြန်လည်အသက်ဝင်လာပြီး စိမ်းလန်းစိုပြေလာခဲ့တာ တွေ့လိုက်ရသည်။ သစ်ပင်ပေါ်က ကောင်မလေးသည် သူ့အနီးသို့ ချဉ်းကပ်လာကာ လက်တစ်ဖက်ကို ဆန့်တန်း၍ အနီရောင်အသီးလေးကို ပေးလာသည်။
ချန်ရှီ တုံ့ဆိုင်းသွားတော့ မိန်းကလေးက ပြုံးပြသည်။
"အရင်က အဆိပ်ပြင်းပေမယ့် အခုက အဆိပ်မရှိတော့ပါဘူး"
ချန်ရှီသည် အသီးကို ကိုက်စားလိုက်သည်။ ချိုမြိန်သော အရသာက သူ့နှလုံးသားထဲအထိ စိမ့်ဝင်သွား၏။
အိမ်ပြန်ရောက်သောအခါ လီကျင်းသို့က သူ့အဖိုး၏လျောင်းခုံပေါ်တွင် လဲလျောင်းနေကာ ခြေထောက် နှစ်ဖက်စလုံးကို ဖြတ်တောက်ထားရသည်။ သွေးတိတ်စေရန် အဖြူထည်ပိတ်စများဖြင့် ပတ်ထားသည်။ ကျင်းဟုန်ရိက အဘွားရှားရဲ့ ကြွက်သားများကို ဆန့်ထုတ်နိုင်ရန် ကူညီပေးနေပြီး ရှောင်ဝမ်စွင်းက ဘေးတွင် ရပ်နေခဲ့သည်။
လေးဦးစလုံး ဒဏ်ရာအပြင်းအထန် ရခဲ့ကြသည်။
သူတို့ဝင်လာတာကို မြင်တော့ ဟေးကော်က အမြီးကိုယမ်းပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ လာနှုတ်ဆက်သည်။
ချန်ရှီ: "ငါ့အဘိုးရော?"
ထိုအချိန်တွင် အပြင်ဘက်မှ အဘိုးအသံကို ကြားလိုက်ရ၏။
"ရှီလေး....အဘိုး ပြန်လာပြီ "
တံခါးအပြင်ဘက်မှာ ရပ်နေတဲ့ သူ့အဘိုးက စိမ်းပြာရောင် ထီးတစ်လက်ကို ကိုင်ထားသည်။ ချန်ရှီ အပြုံးတွေ တောက်ပသွားတော့ အဘိုးကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ချန်ရှီကို ပြန်ကြည့်လာ၏။