ကြီးမြတ်သောလူအဖြစ်နေထိုင်ပါ
Vol. 5 Ch. 72
မိုင်ထောင်ချီ အသံပို့အဆောင်လက်ဖွဲ့ရဲ့ တစ်ဖက်စွန်းက တိတ်ဆိတ်သွားသည်။
"သူထွက်သွားပြီလား...သူဘယ်တုန်းကထွက်သွားတာလဲ"
"လွန်ခဲ့တဲ့ ခြောက်ရက်လောက်က ဖြစ်မယ်...."
ချန်ရှီ တခဏမျှ တုံ့ဆိုင်းသွားသည်။ ဤရက်များတွင် သူ မူးဝေနေပြီး ဝမ်းနည်းမှု အပြည့်ဖြင့် အချိန်ကုန်ခဲ့တာကြောင့် အချိန်ကို မရေတွက်တတ်တော့ပေ။
"ဖေဖေ... အဘိုးကို တွေ့ဖို့ ပြန်လာမှာလား?"
တစ်ဖက်က အသံက ခဏတုံ့ဆိုင်းသွားပြီးနောက် ပြောလာခဲ့သည်။
"မင်းက... ရှီလေး ဟုတ်လား ငါ့ကို အဖေလို့ မခေါ်နဲ့ ငါ့သား ချန်ရှီက လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က သေသွားပြီ... သူများ နတ်သန္ဓေသား ဆွဲယူခံလိုက်ရလို့ သေဆုံးသွားတာ.. သူ့ကို ငါကိုယ်တိုင် သင်္ဂြိုဟ်ပေးခဲ့တာ..."
ချန်ရှီစိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။
ဘာတွေဖြစ်နေတာလဲ?
တစ်စုံတစ်ယောက်က သူ့နတ်သန္ဓေသားကို ဖြတ်တောက်ပစ်ခဲ့လိုက်လို့ သေဆုံးခဲ့သော နှစ်မတိုင်မီကမှ သေဆုံးခဲ့တာ မဟုတ်လား။
ချန်ထန်က လွန်ခဲ့တဲ့ ဆယ်နှစ်က သူသေဆုံးသွားတယ်လို့ ဘာကြောင့် ပြောတာလဲ။
ဘာလို့ နောက်ထပ်ရှစ်နှစ်တောင် ထပ်ပိုသွားတာလဲ။
ရှစ်နှစ်တာကာလအတွင်း ဘာတွေဖြစ်ခဲ့လဲ။
တစ်ဖက်က အသံက "...အဖေက ရူးသွားပြီ... ချန်ရှီကို ကယ်နိုင်မယ်လို့ ထင်ပြီး ချန်ရှီရဲ့ အလောင်းကို သင်္ချိုင်းတွင်းထဲက တူးထုတ်လိုက်တယ်... သူ တကယ်ကို ရူးသွားပြီ သူ ရူးသွပ်တာတွေ အများကြီး လုပ်ခဲ့တယ်။ သူ ဒုက္ခရောက်ရတာက နတ်ဆိုးထက်တောင် ပိုကြောက်စရာကောင်းတယ်... သူ ရုတ်တရက် ပျောက်သွားပြီး ရှစ်နှစ်လောက်အထိ မတွေ့ရတော့ဘဲနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကမှ ရုတ်တရက် ငါ့ကို ဆက်သွယ်ပြီး ချန်ရှီ အသက်ပြန်ရှင်လာပြီလို့ ပြောပြီး နှစ်သစ်ကူးပွဲကျင်းပဖို့ အိမ်ပြန်နိုင်မလားလို့ မေးပေမယ့် ငါ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး ဆိုတာလည်း သူ သိပါတယ်... သားသေတာ ရှစ်နှစ်ရှိပြီ"
အသံကို နားထောင်ရင်း ချန်ရှီသည် သူနှင့် ဆန့်ကျင်ဘက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ခေါင်းခါယမ်းနေကြောင်း စိတ်ကူးကြည့်နိုင်ခဲ့သည်။
"သူ ဘာရှင်ပြန်ထမြောက်သွားလဲ မသိဘူး... ဒါပေမယ့် သူ ပြန်ရှင်လာအောင် လုပ်လိုက်တဲ့ သူကတော့ ငါ့သား မဟုတ်ဘူးဆိုတာ ငါသိတယ်... အဲဒီကောင်က မြေအောက်ကမ္ဘာက လာတာ!"
"ငါ သူ့ကိုမုန်းတယ်။ သူ့မိသားစုကို ဂရုမစိုက်ဘဲ ကိုယ့်လမ်းကို လျှောက်ထွက်သွားတာကို မုန်းတယ်.... သူငါ့ကို ထက်မြက်တဲ့ အရည်အချင်းတွေ မသင်ပေးခဲ့တာကို မုန်းတယ် ဒီမိသားစုကို မကာကွယ်ပေးနိုင်တာကိုလည်း မုန်းတယ် သူ အရင်က ပြန်မလာတာကိုလည်း မုန်းတယ် သူအိမ်မှာနေရင် ချန်ရှီရဲ့ သန္ဓေသားကိစ္စကလည်း ဖြစ်လာမှာ မဟုတ်ဘူး...."
"သူငါ့ကိုဘာလို့ မလွှတ်နိုင်သေးတာလဲ၊ ငါ့သားလေးကို ဆုံးရှုံးပြီးတာတောင် ဘာလို့.... ငါ့ကိုဘာလို့ ညှဉ်းပမ်းနေသေးတာလဲ... ချန်ရှီရဲ့ ရုပ်အလောင်းကို အရူးအမူး စမ်းသပ်မှုတွေ လုပ်နေတဲ့ သူ့ကိုမုန်းတယ်.... သူက မင်းလို နတ်ဆိုးတစ်ကောင် ဖန်တီးရင်း ရူးသွားတာ..."
ဆန့်ကျင်ဘက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် နှစ်များတစ်လျှောက် သူ့အဘိုးအပေါ် မကျေမနပ် ဖြစ်နေပုံရပြီး မကျေနပ်ချက်များကို သူ့နှလုံးသားထဲက သွန်ချနေပုံရသည်။
သူခဏလောက် နှုတ်ဆိတ်သွားပြီးနောက် တောင်းပန်လာခဲ့သည်။
"တောင်းပန်ပါတယ် ငါနည်းနည်း ရိုင်းသွားတယ်... အသုဘ အခမ်းအနားတက်ပြီး သူ့သင်္ချိုင်းကို ပြင်ဖို့ လူတစ်ယောက်ကို လွှတ်လိုက်မယ် မင်း...မြို့ကို သွားချင်ရင် ငါ မင်းကိုဒီကိုခေါ်လာပြီး နောက်ခံကောင်းတစ်ခု လုပ်ပေးမယ်....ငါမင်းကိုတော့ အသိအမှတ် ပြုမှာ မဟုတ်ဘူး.... မင်းကငါ့သား မဟုတ်ဘူး... "
"မလိုတော့ပါဘူး... ကျေးဇူးတင်ပါတယ် ချန်ထန်...."
မိုင်တစ်ထောင် အသံပို့အဆောင်လက်ဖွဲ့က သန့်ရှင်းစွာ လောင်ကျွမ်းသွားပြီး မီးရောင်လေးတွေလည်း ပျောက်သွားသည်။ ချန်ရှီ၏ မျက်နှာအရောင်က တဖြည်းဖြည်း မှိန်ဖျော့သွားခဲ့သည်။
"မလိုပါဘူး... ကျေးဇူးတင်ပါတယ်..."
ချန်ရှီ အခန်းထဲက လွတ်လွတ်လပ်လပ် ထွက်လာပြီး တံခါးခုံမှာ ထိုင်လိုက်သည်။ လရောင်သည် သူ့ပုခုံးပေါ်၌ လင်းလက်နေသော ပန်းတစ်ပွင့်ကဲ့သို့ပင် တောက်ပနေ၏။ ဟေးကော် သူ့အနားရောက်လာသောအခါ ချန်ရှီ သူ့လက်များကို ဆန့်တန်းပြီး ဟေးကော်လည်ပင်းကို ပွေ့ဖက်ထားလိုက်သည်။
ရုပ်အလောင်းကို သင်္ဂြိုဟ်တဲ့နေ့မှာ လူတော်တော်များများက လာရောက်ကြသည်။ အဝေးက တောင်ကုန်းပေါ်ကနေ မြေခွေးတစ်ကောင် ထွက်လာပြီး အခေါင်းကို သင်္ဂြိုဟ်သည်အား အဝေးကိုရောက်တဲ့အထိ လိုက်ကြည့်နေခဲ့သည်။
မနီးမဝေးက သစ်ပင်ကြီးဆီမှာလည်း နောက်ထပ် အစိမ်းရောင် တောင်ဆိတ်တစ်ကောင် ရောက်လာပြီး လူသားတစ်ယောက်လို မတ်တပ်ရပ်နေသည်။ သူက နံ့သာပေါင်း သုံးချောင်းကို လက်သည်းကြားထဲမှာ ကိုင်ထားကာ အဝေးကနေ လှမ်းပူဇော်သည်။
အသုဘအခမ်းအနားသို့ မရင်းနှီးသော မျက်နှာများစွာ ရောက်ရှိလာကြသည်။ ခေါင်းတလားအား နှုတ်ဆက်သည့်အခါတွင် အခေါင်းအတွင်းမှ အသံထွက်လာမလား တမင်တကာ သို့မဟုတ် မရည်ရွယ်ဘဲ ခေါက်လိုက်ကြသေးကာ ၎င်းတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီးနောက် ငြိမ်သက်သွားကြသည်။
ကျင်းဟုန်ရိက သူတို့နောက်ကနေ လိုက်လာပြီး လူတစ်ယောက်ရဲ့ လည်ပင်းကို ဆွဲကိုင်လိုက်ကာ အဲဒီလူကို လေပေါ် မြှောက်တင်ထားလိုက်လေသည်။
"လူကြီးမင်းကျင်း.... ကျွန်တော်တို့က ရှီးကျင်းက လွှတ်လိုက်တဲ့လူတွေပါ.... ကျွန်တော်တို့ကိုတော့ အရှက်ကွဲအောင် မလုပ်ပါနဲ့နော်"
"ရှီးကျင်းကလား"
ကျင်းဟုန်ရိမှာ သူမ၏ နှလုံးသားထဲတွင် အံ့သြထိတ်လန့်ဖွယ်ရာ တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး ဟစ်အော်ကာ ပစ်ချလိုက်သည်။
"ထွက်သွား!"
လူအနည်းငယ်က အလျင်စလို ထွက်သွားကြရင်း အချင်းချင်း ဆွေးနွေးကြသည်။
"ခေါင်းတလားက လွတ်နေတယ် အဝတ်အစားတွေပဲ ရှိတယ်... ပြန်သွားတဲ့အခါ ဘယ်လို ရှင်းပြရမလဲ သူသေပြီ ဒါမှမဟုတ် အသက်ရှင်တယ်လို့ ပြောသင့်လား?"
"ဒါကို အမှန်အတိုင်း သတင်းပို့ရမှာပဲ... အထက်လူကြီးတွေက သူတို့ကိုယ်တိုင် ဆုံးဖြတ်ပေးလိမ့်မယ်"
ချန်ရှီနားရွက်များ လှုပ်ခါသွားသည်။ ထိုလူများ၏ ဆွေးနွေးမှုကို နားထောင်ရင်း အသံလာရာဘက်ကို လှည့်ကြည့်ရာ ထိုလူများက ပျောက်ကွယ်သွားတာ မြင်လိုက်ရသည်။
"အဘွား... အဲဒီလူတွေက အဘိုးရဲ့ ရုပ်အလောင်းက ခေါင်းတလားမှာ မရှိဘူးလို့ ပြောနေကြတာ.... ဘာဖြစ်တာလဲ"
ချန်ရှီ အဘွားရှားကို ပြေးရှာကာ မေးလိုက်သည်။
အဘွားရှား: "အစကတည်းက ရုပ်အလောင်းမရှိတဲ့ အဝတ်အစား သင်္ချိုင်းတစ်ခုပဲ.... အဘိုးကြီးချန်က လွန်ခဲ့တဲ့ နှစ်လသုံးလခန့်က ဆုံးပါးသွားခဲ့ပြီ.... သူကမင်းကို ဒီအထက်ကမ္ဘာမှာ တစ်ယောက်တည်း မထားခဲ့နိုင် လွှတ်မချနိုင်လို့ ပြန်ရောက်လာတာ... သူ လရောင်ကို ထိတွေ့မိရင် စိတ်ရှုပ်ထွေးပြီး သတိလစ်လွတ်သွားတတ်တယ်... တဖြည်းဖြည်းနဲ့ သူ့စိတ်တွေ ပျောက်သွားပြီး အလောင်းကောင်အဖြစ် ပြောင်းသွားတယ်... သူ ဆွေ့အဆင့်တွေနဲ့ တိုက်ပြီးတော့ ယုံကြည်ချက်တွေ ပျက်စီးသွားပြီး သက်ရောက်ခံလိုက်ရတယ်...ဒီတစ်ကြိမ်တော့ သူက ရေမီးအဂ္ဂိရတ် ကျင့်စဥ်နဲ့ အလောင်းကို သန့်စင်ခဲ့တယ်...အဲ့အလောင်းနဲ့ပဲ မြေအောက်ကမ္ဘာက ပြန်ထွက်လာတာ!"
ချန်ရှီ အံ့အားသင့်သွားပြီး "အဘိုး အသက်ရှင်နေသေးတာလား?"
"သေပြီ... သူသေနေတာ သုံးလနီးပါးရှိပြီ သူ့ရုပ်ခန္ဓာရဲ့ သက်တမ်းက ကုန်ဆုံးသွားပြီ သူ့ကိုယ်သူ အသက်ရှင်နေသေးတယ်လို့ ထင်ရအောင် အလောင်းကို မပုပ်သိုးတဲ့နည်းကို သုံးခဲ့တာ"
"အဘိုး အသက်ရှင်နေသေးတယ်!"
ချန်ရှီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အဘွားရှားက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြော၏။
"သူတကယ် သေသွားပြီ... အလောင်း သန့်စင်နည်း အမတအလောင်းကောင်အကြောင်း မင်း နားမလည်ဘူး.... အမတအလောင်းကောင်က မတူညီတဲ့ နတ်လမ်းစဥ် အမျိုးအစားပဲ ဒီနည်းလမ်းက ရေမီးအဂ္ဂိရတ်ကျင့်စဥ်ကို အလေးပေးတယ်... အလောင်းတွေကို သန့်စင်ပြီး ပြန်မွေးတဲ့ နည်းလမ်းပဲ.. "
"အဘိုးက အသက်ရှင်နေသေးတယ်လို့... သူ မြေအောက်ကမ္ဘာမှာ နေထိုင်နေတာ!"
ချန်ရှီ ပြုံးပြီး ငိုလိုက်သည်။
အဘွားရှားက မျက်မှောင် ထပ်ကြုတ်လိုက်သည်။ ဒီကလေးက ရူးနေပြီ။ သူပြောတာကိုတောင် နားမထောင်ဘူး။ ဒါပေမဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ နားလည်မှု လွဲမှားခြင်းမဖြစ်ရအောင် သူ့ကို ရှင်းရှင်းလင်းလင်း ရှင်းပြရမယ်။
"တစ်ဆယ်လေး.... အမတတစ္ဆေတွေ အကြောင်း မင်းသိလား? အမတတစ္ဆေ ဆိုတာ လူသေပြီးရင် သရဲတစ္ဆေအဖြစ်ပြောင်းပြီး လူတွေရဲ့ နံ့သာပေါင်းနဲ့ ပူဇော်မှုတွေကို ခံယူကြတဲ့သူတွေ....အဲ့လို သရဲတစ္ဆေတွေက အချိန်အကြာကြီး ရှင်သန်ပြီး ထာဝရရှင်သန်နေတော့ သူတို့က အမတတစ္ဆေလို အကောင်တွေ ဖြစ်လာတယ်.... ဘာကြောင့်လဲဆိုတော့ သူတို့မှာ ရုပ်ခန္ဓာမရှိလို့ပဲ..."
အဘွားရှားက စိတ်ရှည်ရှည်နဲ့ ရှင်းပြသည်။
"အမတတစ္ဆေထက် ပိုမြင့်တဲ့ အဆင့်က အမတအလောင်းကောင်ပဲ... အမတအလောင်းကောင်လို့ ခေါ်တဲ့ အကောင်တွေက သေပြီးရင် ခန္ဓာကိုယ် မပျက်စီးဘူး... ကောင်းကင်မှယ ပုန်းပြီး ပင်လယ်ကို ဖြတ်နိုင်တယ် မီးနဲ့ရေဘေးဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရပြီး သေခြင်းတရားကြားမှာ ထာဝရအသက်ကို ရခဲ့တာမို့ အမတအလောင်းကောင်လို့ ခေါ်ကြတာ... မင်းအဘိုးက တကယ်သေသွားပြီ"
ချန်ရှီက ပြုံးပြီး။
"ကျွန်တော် သိပါတယ် ဒါပေမဲ့ သူအသက်ရှင်နေသေးတာကိုလည်း သိတယ်...အဘိုးက မြေအောက်ကမ္ဘာမှာ ရှိနေလို့ ကျွန်တော်တို့ အချင်းချင်း မဆုံစည်းနိုင်သေးဘူး... ဒါပေမယ့် သူက အသက်ရှင်နေသေးတယ်!"
အဘွား ခေါင်းခါလိုက်ပြီး "ဒီကလေးကတော့ အရမ်းဝမ်းနည်းပြီး ထိတ်လန့်နေပုံပဲ..."
ချန်ရှီကတော့ ပို၍ အကောင်းမြင်လာပြီး သူ့အဖိုး အသက်ရှင်နေသေးကြောင်း ပိုယုံကြည်လာသည်။ အဘိုး ထွက်သွားရတဲ့ အကြောင်းရင်းက သူသေသွားလို့ မဟုတ်ဘူး။ သူ့ကို မထိခိုက်စေချင်လို့၊ လောကကြီးကို မထိခိုက်စေချင်လို့ လူသတ်နည်းကို ကောင်းကောင်းသိတဲ့ နတ်ဆိုး မဖြစ်ချင်လို့ပဲ ဖြစ်သည်။
အဘိုး မသေသေးသရွေ့ အဘိုးနဲ့ ပြန်ဆုံမယ့်နေ့ဆိုတာ အမြဲရှိနေမှာပဲ။
"တစ်ဆယ်လေး... အစ်မ သွားတော့မယ်"
ဈာပနအပြီးတွင် ကျင်းဟုန်ရိက ခါးကို ငုံ့ကိုင်းလျက် တစ်ချက်နှုတ်ဆက်သည်။
"မင်း စာမေးပွဲပြီးရင် ရှီးကျင်းကိုလာပြီး အစ်မကို လာရှာပါ....မင်း အစ်မတို့ နတ်ယန္တရားစခန်းထဲ ဝင်နိုင်ဖို့ စီစဉ်ပေးပါ့မယ်...”
သူမသည် ချန်ရှီပုခုံးကို သူမ၏ပခုံးနှင့် ဆောင့်ကာ အပြုံးချိုချိုနဲ့ ပြောလိုက်သည်။
"ငါတို့ဆက်ဆံရေးတွေ ဖွံ့ဖြိုးလာနိုင်သေးတယ်နော်"
သူမက တစ်ဖက်သို့ လှည့်ကြည့်ကာ လီထျန်းချင်ဆီသို့ လျှောက်သွားခဲ့သည်။ ရှက်ရွံ့စိတ်တွေ များနေတဲ့ ချန်ရှီကို အနောက်တွင် ချန်ထားလိုက်ပြီး လီထျန်းချင်ကိုလည်း ပုခုံးချင်းတိုက်ကာ ရှက်ရွံ့စေခဲ့ပြန်သည်။
"ချန်ရှီ.... ငါတို့ မြေးအဘိုးလည်း ထွက်သွားတော့မယ်"
လီကျင်းသို့က ခြင်းတောင်းထဲမှာ ထိုင်ပြီး ချန်ရှီကို လှမ်းနှုတ်ဆက်သည်။
"ငါတို့ ဒီတစ်ခါ နှုတ်ဆက်တာ ဘယ်တော့ ပြန်တွေ့မလဲ ဆိုတာတော့ မသိဘူး... ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ထျန်းချင်ကတော့ ပြန်လာလိမ့်မယ်....သူ အဲဒီဘာရတနာ သင်္ဘောကို တွေ့လိုက်ရတယ် ဆိုလား... လီမိသားစုက အဲဒါကို စစ်ဆေးဖို့ တစ်ယောက်ယောက်ကို စေလွှတ်မှာ သေချာပါတယ်”
လီထျန်းချင်က စာအုပ်ဟောင်းတချို့ကို ထုတ်ယူပြီး ချန်ရှီရဲ့လက်ထဲမှာ ထိုးထည့်လိုက်သည်။
"ဒါတွေက မင်းကို ကတိပေးထားတဲ့ စာအုပ်တွေပဲ လီမိသားစုတွေ ရောက်လာရင် မင်းအန္တရာယ် မဖြစ်စေဖို့အတွက် ငါမင်းကို လာမနှောင့်ယှက်ပါဘူး"
သူက ခဏလောက်စဉ်းစားပြီး "ရတနာသင်္ဘောက အန္တရာယ်များလွန်းတယ်... ဒီအချိန်ကျ ရောက်လာတဲ့လူကလည်း အသက်ပြန်မရှင်နိုင်တော့မှာကို ကြောက်ရတယ်"
ပြောတုန်းရှိသေး လီကျင်းသို့က ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်ပြီး ပြောလိုက်၏။
"ရတနာသင်္ဘောက အန္တရာယ်ရှိတယ်ပဲလို့ ပြောစမ်းပါ... လီမိသားစုမှာ လူများတယ် ရတနာသင်္ဘော ဘယ်လောက်အန္တရာယ်ရှိပါစေ မီးဖိုထက် ပိုအန္တရာယ်ရှိနိုင်လား ”
"မီးဖိုစက်ထက် ပိုအန္တရာယ်များတယ်"
လီကျင်းသို့ လန့်သွားပြီး တုံ့ဆိုင်းသွားသည်။
"ဒါဆို လီမိသားစုကို ဒီရတနာသင်္ဘောအကြောင်း ပြောပြဖို့ လိုသေးလို့လား? နောက်ဆုံးတော့ ငါတို့အားလုံးက မိသားစုတစ်စုပဲလေ..."
လီထျန်းချင်: "အဘိုး.... ရှင်သန်ဖို့အတွက် လီမိသားစုကို ပြောရမယ်"
လီကျင်းသို့ရဲ့ အမူအရာက ပုံမှန်အတိုင်းပါပဲ။
"ဒါက ဘယ်လောက် အန္တရာယ်ရှိပါစေ သူတို့ကို ပြောပြလိုက်သရွေ့တော့ လီမိသားစုက ဒီနေရာကို သေချာပေါက် လူတွေကို ပို့ပေးမှာပဲ... အသေအပျောက်လည်း ကြီးကြီးမားမားရှိမှာ သေချာပါတယ် အဲဒါကို ပြောင်းလဲလို့ မရပါဘူး"
လီကျင်းသို့ သက်ပြင်းချပြီး ဘာမှ မပြောတော့ပေ။ လီထျန်းချင်က သူ့ကို ကျောပေါ်တင်ကာ စတင် ထွက်သွားတော့သည်။
"တစ်ဆယ်လေး... တစ်ခုခုဖြစ်ရင် ကန်းကျစ်ရွာမှာ အဘွားကို လာရှာနော်..."
အဖွားရှားက ထွက်သွားတော့မည်ဟု ဆိုသော်လည်း တွန့်ဆုတ်နေခဲ့သည်။
"သိုးချိုမီးအိမ်ကို ခဏလောက် သုံးရသေးလား... အဘွား တစ်ယောက်ယောက်ကို ရှာဖို့ သုံးချင်တယ်"
ချန်ရှီ: "အဘွား မတွေ့သေးဘူးလား?"
"မတွေ့သေးဘူး...."
အဘွားရှားက လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"ဒီကလေးက ဘယ်ရောက်သွားမှန်းကို မသိဘူး... သေတဲ့အထိ စိတ်ပူအောင် လုပ်နေတယ်"
ချန်ရှီ သူတို့ကို နှုတ်ဆက်လိုက်ပေမယ့် ရှောင်ဝမ်စွင်းကို မတွေ့လိုက်တာကြောင့် ရှောင်ဝမ်စွင်း ထွက်သွားပြီးပြီလားလို့ တွေးရင်း လန့်ဖျပ်သွားသည်။ အိမ်ပြန်ရောက်တော့ အိမ်အလွတ်မှာ တစ်ယောက်တည်း မတ်တပ်ရပ်နေရကာ အတော်ကြာအောင် တောင့်တင်းနေကာ အနည်းငယ် မသက်မသာ ဖြစ်လာသလို ခံစားလိုက်ရသည်။
သူထပြီး ကန့်ညောင်ကို တွေ့ဖို့ ရွာအပြင်ဘက် ထွက်လာခဲ့သည်။ ကျူးရှို့ချိုင်နဲ့ စကားစမြည်ပြောရင် စိတ်ပြောင်းသွားရင် စိတ်ဓာတ်ကျတာကို သက်သာစေနိုင်လောက်သည်။ တောင်ကုန်းလေးပေါ် ရောက်သောအခါတွင် ရှောင်ဝမ်စွင်းက တောင်ကုန်းပေါ်ရှိ မိုးမခပင်အိုဘေးတွင် ရပ်နေကာ ကျူးရှို့ချိုင်နှင့် စကားပြောနေပုံရပြီး စိတ်လှုပ်ရှားနေပုံလည်း ပေါ်လေသည်။
ချန်ရှီသည် သံသယစိတ်ဖြင့် ရှောင်ဝမ်ဆန်းကို မှုန်ကုပ်ကုပ်နဲ့ ကြည့်နေသည်။ သူသည် အထည်အိတ်ကိုထုတ်ကာ ကျူးရှို့ချိုင် တွဲလောင်းချထားသည့် သစ်ကိုင်းပေါ်၌ ချိတ်ဆွဲကာ လှည့်ထွက်ခဲ့သည်။
"အကြီးအကဲရှောင်!"
ချန်ရှီ လှမ်းအော်ခေါ်လိုက်သည်။ ရှောင်ဝမ်စွင်းရဲ့ မျက်လုံးတွေက နီရဲနေပေမယ့် သူက ပြုံးပြီးပြောလာသည်။
"တစ်ဆယ်လေး... ဆရာကြီးချန်က သင်္ဂြိုဟ်ပြီးပြီ... ငါလည်း ထွက်သွားဖို့ စိတ်ကူးထားတယ် မင်းမှာ ပိုက်ဆံရှိလား?"
ချန်ရှီသည် ငွေစက္ကူ လဲလှယ်ပေးသော ငွေစအနည်းငယ်ကို ထုတ်လိုက်သည်။ လီကျင်းသို့၊ ကျင်းဟုန်ရိနဲ့ တခြားသူများ ထွက်ခွာသွားသောအခါ လမ်းခရီးတွင် ပိုက်ဆံမရှိတာမျိုး မဖြစ်စေဖို့ ၎င်းတို့အား ငွေပေးခဲ့သည်။
ရှောင်ဝမ်စွင်းက သူ့ကို ကျေးဇူးတင်စကားပြောပြီး ပိုက်ဆံကို လက်ခံလိုက်သည်။
"အခု ရထားလုံးတစ်စီး ငှားလို့ရပြီ"
ငယ်စဉ်ကတည်းက ဇိမ်ခံရခြင်းကို ကျင့်သားရနေတာကြောင့် ရထားလုံးမပါဘဲ အပြင်မထွက်ချင်သည်မှာ ကြာပါပြီ။
ချန်ရှီသည် အခြားစာအုပ် တစ်အုပ်ကို ရှောင်ဝမ်စွင်းလက်ထဲ ထည့်ပေးလိုက်သည်။ ရှောင်ဝမ်စွင်းမှာ စာအုပ်ကို ဖွင့်ကြည့်လိုက်ပြီးချင်း အနည်းငယ် လန့်သွား၏။ စာအုပ်ပေါ်ရှိ လက်ရေးသည် အရွယ်မရောက်သေးသော ကလေးတစ်ဦး၏ လက်ရေးဖြစ်ပြီး ၎င်းသည် ချိတ်ဆက်ထားသော စာလုံးများမပါဘဲ ကူးယူထားခြင်းသာ ဖြစ်သည်။
သို့သော် ဤစာအုပ်သည် ချန်ယင်တု ဘုရင်ကျန်း သင်္ချိုင်းတွင်းသို့ ဖောက်ထွင်းဝင်ရောက်ကာ အလောင်းကို သန့်စင်နည်းကို ထုတ်ဆောင်ခဲ့သည့် "ရေမီးအဂ္ဂိရတ်ကျင့်စဥ်" အတိအကျ ဖြစ်သောကြောင့် စာအုပ်က သူ့လက်ထဲတွင် လေးလံနေသလို ခံစားနေရသည်။
ချန်ရှီ ပြုံးလျက်: "အဘိုးမသေခင် ခင်ဗျားကို ပေးဖို့ မှာခဲ့တယ်"
ရှောင်ဝမ်စွင်းက "ရေမီးအဂ္ဂိရတ်ကျင့်စဥ်" ကို လက်ခံခဲ့ပြီး ချန်ရှီကို လေးလေးနက်နက် ကြည့်နေသည်။
"ဆရာချန် အစက ဒီကျင့်စဥ်ကို ငါ့ဆီထားခဲ့ဖို့ စဥ်းစားထားမှာ မဟုတ်ဘူး... အဘွားရှားဆီမှာပဲ ထားခဲ့လိမ့်မယ်...သူ့အထင်တော့ ငါက အသက်ငယ်သေးတယ် မလိုဘူးပေါ့.... ဒီကျင့်စဥ်ကို လိုက်ကျင့်ရင် မကောင်းမှုတွေ လုပ်မိလိမ့်မယ်.. ဒါပေမဲ့ တစ်ဆယ်လေး... မင်းကို ကျေးဇူးတင်ပါတယ်..."
ချန်ရှီ: "အကြီးအကဲရှောင်... ဘုရင်ကျန်းရဲ့ သင်္ချိုင်းကို သွားမစူးစမ်းဘူးလား?"
ရှောင်ဝမ်စွင်းက ခေါင်းယမ်းပြီး ပြောသည်။
"ဘုရင်ကြီးအတွက် ကြွေထည်လုပ်တဲ့နေရာက အရမ်းအန္တရာယ်များတယ်... ဘုရင်ကျန်းရဲ့ အုတ်ဂူကို မပြောနဲ့.... နတ်တစ္ဆေဘုံ ဧရိယာနားတောင် ငါမသွားဘူး.... ဟေး မင်းသားငယ် ဖြစ်နေတော့ရော ဘာဖြစ်လဲ? ဒီကမ္ဘာကြီးရဲ့ မျက်နှာစာကို မင်းတို့အားလုံး စိတ်ဓာတ်ကျပြီး သစ်ပင်ပေါ်မှာ ကြိုးဆွဲချ သေခဲ့တာပဲမလား... ဘုရင်ကျန်းရဲ့ သင်္ချိုင်းကိုဖွင့်ပြီး ပြည်နယ်ငါးဆယ်ရဲ့ တောတောင်မြစ်ချောင်း မြေပုံကို ထုတ်ယူလိုက်ရင်တောင် နောင်အနာဂတ်မှာ မင်းဘာမှ အောင်မြင်မှာ မဟုတ်ဘူး.... အရှေ့တောင်ကိုင်းမှာ ဆွဲထားလိုက်တာပဲ မကောင်းပေဘူးလား"
သူ ရယ်ပြီး ထွက်သွားသည်။
"မူးပြီး တစ်ကိုယ်ရည် အာသာဖြေဖို့ ကျယ်ကျယ်လောင်လောင် သီချင်းဆို... နေရောင်ရဲ့ ဘုန်းအသရေကို အနိုင်ယူဖို့ ကခုန်ပါ... ကောင်းကင်ကို မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်ပါတဲ့.... ငါက ဖန်ဟောင်းလူမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မလဲ! တစ်ဆယ်လေး... နောက်မှ ပြန်တွေ့ကြမယ်...."
သူက ပြင်းပြင်းထန်ထန် လက်ဝှေ့ယမ်းပြီး နောက်ပြန်လှည့်မကြည့်တော့။ ချန်ရှီက သူအဝေးကို ရောက်သွားတဲ့အထိ ကြည့်နေလိုက်သည်။
ရှောင်ဝမ်စွင်း မျက်စိမှိတ် ပျောက်ကွယ်သွားပြီးနောက် ချန်ရှီ သူ့အကြည့်ကို ပြန်ဆုတ်လိုက်ကာ မိုးမခပင်အိုဆီသို့ လျှောက်သွားကာ ကျောက်ပြား ကန့်ညောင်ကို နံ့သာပေါင်းဖြင့် ပူဇော်လိုက်သည်။ ဈာပနကာလတွင် သူသည် ပူဆွေးသောက ရောက်နေခဲ့ပြီး ကန့်ညောင်ကို တွေ့ရန် ရွာမှ မထွက်ခွာခဲ့ပေ။
ကျူးရှို့ချိုင်က ပျင်းရိစွာ ပြောလာသည်။
"တစ်ဆယ်လေး... အဲဒီလူမိုက်က ငါ့သစ်ကိုင်းပေါ်မှာ တစ်ခုခုကျန်ခဲ့တယ်... မင်းကို ငါပေးလိုက်မယ်"
ကျူးရှို့ချိုင် ကြိုးဆွဲချတဲ့ နေရာမှာ ရှောင်ဝမ်စွင်းက အထည်အိတ်ကို ချိတ်ထားခဲ့သည်။ ချန်ရှီ ဖွင့်လိုက်တော့ အထည်အိတ်ထဲမှာ ကျောက်စိမ်းတုံးလေးတွေနဲ့ ပြည့်နေတာကို တွေ့လိုက်ရသည်။
"ဒါက ဘာလဲ?"
ချန်ရှီ ထုတ်လိုက်ပြီး နေရောင်အောက်မှာ ကြည့်လိုက်သည်။ ကျောက်စိမ်းတံဆိပ်ပေါ်၌ ပြောင်းပြန်စကားလုံး အချို့ဖြင့် ရေးထွင်းထားသည်။ သူသည် စကားလုံးတစ်လုံးစီကို "ဖုန့်ထျန်းရတနာအခန်း... အနောက်တောကန္တာရကို ထာဝရစောင့်ထိန်းသည်" ဟု တိုးတိုး ရေရွတ်လိုက်သည်။
တံဆိပ်ပြားပေါ်တွင် ကျောက်စိမ်းဖြင့် ထွင်းထားသော ခလုတ်နှစ်ခု ရှိသည်။ နဂါးတစ်ကောင်နှင့် ကျားတစ်ကောင် ဖြစ်သောကြောင့် အလွယ်တကူ ဆုပ်ကိုင်ထားနိုင်သည်။
"ဒါက ဘာလဲ?"
ချန်ရှီ သံသယရှိစွာ မေးလိုက်သည်။
"အဲဒါက မိသားစု ကျိုးပဲ့သွားတဲ့ တံဆိပ်တစ်ခုပဲ... တစ်ဆယ်လေး မင်းယူလို့ရတယ် ပိုက်ဆံမရှိရင် အပေါင်ထားပြီး ငွေနည်းနည်းနဲ့ ရောင်းစားလို့ ရတယ်... အမွှေးတိုင်ရှိသေးလား? အမွှေးတိုင်တစ်ချောင်းလောက် ပေးစမ်းပါ... ငါ့ရဲ့စွဲလမ်းမှုက ပိုကြီးလာလွန်းလို့!"
ချန်ရှီလည်း ကျောက်စိမ်းတံဆိပ်ကို သူ့အင်္ကျီလက်ထဲ ထည့်သိမ်း၍ နံ့သာချောင်း အနည်းငယ်ကို ထုတ်ကာ မီးညှိလိုက်သည်။ ကျူးရှို့ချိုင်က နံ့သာပေါင်းကို အကြာကြီး ရှူပြီးတော့မှ ချန်ရှီ စာအုပ်အချို့ ယူလာတာ တွေ့လိုက်သဖြင့် မေးလာသည်။
"မင်းမှာ စာအုပ်အသစ် ရှိတာလား? ဆရာကြီးရဲ့ စာအုပ်တစ်အုပ်ပဲကွ... ငါက ဆရာကြီးရဲ့ စာပေတွေကို အများဆုံး လေ့လာဖူးတယ်... လာ... ငါမင်းကို ရှင်းပြမယ်..."
ချောင်ဝမ်မြို့၌။
ရှောင်ဝမ်စွင်းသည် ရထားတစ်စီးငှားပြီး ရေနွားခရိုင်သို့ သွားရန် ကျောက်တံတားကို ဖြတ်ကျော်နေစဥ်အတွင်း ရုတ်တရက် ရထားလုံးက လှုပ်သွားကာ ကျင်းဟုန်ရိရဲ့ လှောင်ပြောင်သံကလည်း အပြင်ဘက်မှ ထွက်လာသည်။
"သူခိုးအိုရှောင်ရေ... ကျေးဇူးပြုပြီး အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်ကို အမြန်လွှဲပေးပါ... ဒီနေ့ ရှင့်ရဲ့အသက်ကို ဒီမိန်းကလေး ချမ်းသာပေးလိုက်မယ်... မဟုတ်ရင်တော့ မရဏလမ်းပေါ် အရောက် ပို့ပေးလိုက်မယ်..."
ရှောင်ဝမ်စွင်း သက်ပြင်းချလိုက်ပြီး ရထားလုံးပေါ်မှ ရုတ်တရက် ပြေးထွက်သွားသည်။ ကျင်းဟုန်ရိကလည်း အနောက်ကနေ ပြေးလိုက်လာ၏။
"အနောက်ဘုရင် ကျောက်စိမ်းတံဆိပ်တုံးကို မပေးရင် ရှင့်နောက်ကို မြေကြီးစွန်းအထိ လိုက်နေမှာနော်... ဒီမိန်းကလေးက ရှင့်ကို ဘယ်မှ သွားခွင့်မပြုဘူး!"
မြေအောက်ကမ္ဘာ။
မေ့လျော့ခြင်း မြစ်ပေါ်ရှိ နိုင်ဟယ်တံတားကို ဖြတ်ကျော်ပြီးနောက် မြေအောက်ကမ္ဘာကြီးက ကျယ်ပြောလာသည်။ မှောင်မိုက်နေပြီး အန္တရာယ်များက ပြည့်နှက်နေသော်လည်း ချန်ယင်တု လုံးဝ မကြောက်ပါ။
သူ့ခန္ဓာကိုယ်သည် မြေအောက်ကမ္ဘာတွင် ရှိနေပြီး၊ သူ့စွမ်းအားသည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သော်လည်း မြေအောက်ကမ္ဘာတွင် ဆွေ့အဆင့် နတ်ဆိုးများနှင့် မော်အဆင့် နတ်ဆိုးများသာ ပြည့်နေသော်လည်း သူသည် ပြေးလွှားနေဆဲ ဖြစ်သည်။
သူသည် မြေအောက်ကမ္ဘာထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး မရဏကမ္ဘာ၏ လျှို့ဝှက်ချက်များနှင့် ချန်ရှီရင်ဘတ်ပေါ်က တစ္ဆေလက်သည်းကို ဘယ်သူ ချန်ထားခဲ့သလဲ ရှာဖွေရန် ကြိုးစားချင်သည်။
"မင်း မွေးပြီးရင်တော့ သူရဲကောင်း ဖြစ်လာရမယ်... သေတဲ့အခါလည်း သူရဲကောင်းအဖြစ်နဲ့ ဒီကိုလာရလိမ့်မယ်... ရှီလေး ဒီအဘိုးက မင်းအတွက် ကြီးမားတဲ့ အင်ပါယာကို ချထားတယ်.... မင်းသေပြီးရင် ဒီမှာ ဆက်ပြီး ထီးနန်းဆက်ခံရလိမ့်မယ်!"