ကောင်းကင်လော....ငရဲလော
Vol. 1 Ch. 1
အရှေ့ဘက်ကုန်းမြေတိုက်ကြီး.
တာ့ယွမ်အင်ပါယာ...သောကန်ပြည်နယ်ရှိ
ချိုးအိမ်တော်အတွင်း၌......
"ချိုးဝူယဲ့ မင်းလုပ်ရဲတယ်လား"
ကြောက်ရွံ့ပြီးတုန်လှုပ်နေသော ၁၃ နှစ်အရွယ်ကောင်လေး၏အသံသည် ဘေးပတ်ဝန်းကျင်သို့ပျံ့နှံ့သွား၏။
"ချိုးဝူယဲ့က တကယ့်ကို လူငယ်မျိုးဆက်ရဲ့ ပါရမီရှင်ဘဲ ဒီသောကန်ပြည်နယ်ကြီးတစ်ခုလုံးမှာတောင် ချိုးဝူယဲ့လိုပါရမီရှင်တွေကအင်မတန်ကိုရှားပါးတယ်"
ဘေးမှလူများက တီးတိုးပြောဆိုနေကြပြီး ချိုးဝူယဲ့ဆိုသော ကောင်လေးအား ချီးကျူးနေကြလေသည်။
သို့သော် ထိုချိုးဝူယဲ့ဆိုသောကောင်လေး၏ မျက်နှာတွင်ပျော်ရွှင်မှုများအားမတွေ့ရဘဲ စိတ်ပျက်စွာဖြင့်
မှိုင်တိုင်တိုင်သာဖြစ်နေပြီးသောကရောက်နေသည့်ပုံပင်။
ယဲ့ဝူချိုးသည် ခုနတုန်းက အထိတ်တလန့်ဖြင့်အော်နေသော ကောင်လေးအားစိတ်ပျက်စွာဖြင့်ကြည့်၍..
"ယဲ့ယွမ် မင်းကိုငါဘာမှမလုပ်ရသေးဘူးလေ မင်းဘာတွေပြောနေတာလဲ မင်းဟာမင်းငါ့ကိုလာစိန်ခေါ်ပြီး မင်းတိုက်တဲ့ တိုက်ကွက်အားနဲ့တန်ပြန်ပြီးခံလိုက်ရတာလေ"
ယခုချိန်ထိမြေပြင်ပေါ်မှပြန်မထနိုင်သေးသော ယဲ့ယွမ်က ရှက်ရွံ့စွာ ဖြင့် မျက်နှာကြီးနီရဲလျက်...
"မင်း..မင်း ဟက်မင်းပျော်ထားအုံး နောက်တစ်ခါထပ်တွေ့ရင် မင်းကိုအလွတ်မပေးဘူး"
ထိုသို့ကြုံးဝါးလျက် ယဲ့ယွမ်မှာ ခြေဖနှောင့်နှင့်ဖင်တစ်သားထဲကျအောင်ပြေးလေတော့သည်။
ချိုးဝူယဲ့ကစိတ်ပျက်စွာခေါင်းခါရမ်းလိုက်ပြီးနောက် လူမြင်ကွင်းမှ ထွက်သွားရန်ပြင်လိုက်သည်။ချိုးဝူယဲ့သည် ခေတ်မီသည့် ရာစုနှစ်မှလာသော လူတစ်ယောက်ဖြစ်ပီးသူရေချိုးနေရင်းဖြင့် ရုတ်တရက်ဟင်းလင်းပြင်အက်ကွဲကြောင်းကြီးပေါ်လာပီး ဆွဲယူခြင်းခံလိုက်ရ၏။
ချိုးဝူယဲ့ ဤလောကသို့ရောက်လာသည်မှာ တစ်လပင်ပြည့်တော့ပေမည်။ သူနိုးထထလာချင်းတွင် သူ၏ယခင်ဘဝနှင့်နာမည်တူချိုးအိမ်တော်မဟာအကြီးအကဲ၏ သား ချိုးဝူယဲ့ဖြစ်နေမှန်းသိလိုက်ရသည်။ ချိုးဝူယဲ့သည် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များကိုရရှိထားပြီး ချိုးအိမ်တော်လူငယ်မျိုးဆက်အားလုံးထဲတွင် ထိပ်တန်းဖြစ်နေသည့်အပြင် သောကန်ပြည်နယ် ၏ပါရမီရှင်စာရင်းတွင် အဆင့်၃ ပင်ဖြစ်နေပြန်၏။
သူ၏ ယခုဘဝမှာ လိုလေသေးမရှိ ဖြစ်ပြီး ကြိုက်သလိုကြမ်းရမ်းသောင်းကြမ်းနိုင်သောအခြေအနေဖြစ်သည်။ သို့သော် ချိုးဝူယဲ့ မှာ တာအိုကျင့်ကြံသူများနှင့် နတ်ဆိုးများ ဤလောကတွင်အမှန်တကယ်တည်ရှိနေကြောင်း သူ၏အမေမှအမွေချန်ထားခဲ့သော ဆွဲကြိုးလေးမှသိလိုက်ရသည်နှင့်တစ်ပြိုက်နက် မောက်မာထောင်လွားခြင်း အလျင်းပင်မရှိတော့ချေ။
ချိုးအိမ်တော်သည် သောကန်ပြည်နယ်ရှိ အင်အားကြီးအိမ်တော် ၃ ခုအနက်မှ တစ်ခုဖြစ်ပြီ သောကန်ပြည်နယ်မှာ တာ့ယွမ်အင်ပါယာ ၏ ပြည်နယ်ကြီး ၆ ခုထဲမှ အလယ်အလတ်ရှိသော ပြည်နယ်ကြီးဖြစ်သည်။ ချိုး အိမ်တော်သည် တော်ဝင်မိသားစုမှချီးမြောက်ခြင်းခံထားရသော မှူးမတ် အိမ်တော်ဖြစ်ပြီး ချိုးအိမ်တော်၏ မိသားစုခေါင်းဆောင်မှာနယ်စားမင်းအဖြစ်ခန့်အပ်ခြင်းခံထားရသည်။
ချိုးဝူယဲ့ သူ၏ ခြံဝင်းသို့ပြန်ရောက်လာသောအခါတွင် ခြံဝင်းထဲတွင်စိုက်ထားသော မက်မွန်ပင်ကြီးအား ငေးကာကြည့်လိုက်၏။
"ဟူး.. ငါဒီလိုဖြစ်နေတာ ကောင်းတာလားဆိုးတာလားတောင်မသိတော့ဘူး"
မချိုမချဉ် အပြုံဖြင့် သက်ပျင်းချကာခေါင်းခါရမ်းလိုက်ပြီးနောက်သူ၏ အခန်းထဲသို့သာဝင်သွားလိုက်တော့သည်။
သူ၏ခြံဝင်းထဲရှိအစေခံများအား သိုင်းပညာအားတိတ်ဆိတ်စွာလေ့ကျင့်မည်ဟူသောအကြောင်းပြချက်ခြင့် မောင်းထုပ်ထားခဲ့သည်မှာ တစ်ပတ်ပင်ကျော်နေလေပီ မည်သူမှမရှိသော ခြံဝင်းလေးမှာ တိတ်ဆိတ်ငြိမ်သက်လျက် လေတိုးသံသဲ့သဲ့နှင့် မက်မွန်ရွက်လှုပ်ခါသံတို့ဖြင့် အထီးကျန်လျက်ရှိနေပေ၏။
......
ညနေစောင်း၍ ညပိုင်းသို့ပင်ရောက်ရှိ၍လာပေတော့မည်။ ချိုးဝူယဲ့သည် သစ်သားကုတင်လေးပေါ်တွင်ထိုင်၍လေ့ကျင့်နေသည်မှာ ၆ နာရီပင်ပြည့်တော့မည် သို့သော် ရပ်တန့်မည့်ပုံမရှိသေးချေ။
သူ၏ အသိစိတ်ဝိဉာဉ်မှာ အပြင်ဘက်တွင်မတည်ရှိနေချေ သူ့လည်ပင်းမှ ဆွဲ ကြိုးလေးတွင်းတွင်သာတည်ရှိနေပါသည်။
မှန်ပေ၏ ဆွဲကြိုးလေးမှာသာမာန်မဟုတ်ပေ။ အထဲ တွင် လောကတစ်ခုရှိနေပြီး ထိုလောကတွင် ချိုးဝူယဲ့၏ အသိစိတ်ဝိဉာဉ် သည်ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။
ဆွဲကြိုး၏အတွင်းလောကတွင်.....
"ချိုးဝူယဲ့ မင်းရဲ့စိတ်ဝိဉာဉ်ဟာ စစ်မှန်တဲ့ တာအိုကျင့်ကြံခြင်းလောကထဲဝင်ရောက်ဖို့အခြေအနေတွေအားလုံးကိုက်ညီသွားခဲ့ပြီ ကြယ်တာရာ နန်းတော်ထဲလာပြီး အမွေဆက်ခံခြင်းကိုပြုလုပ်ပေတော့"
ကျောက်တောင်ထိပ်တစ်ခုတွင် ထိုင်၍ စိတ်ဝိဉာဉ် ခွဲထွက်ခြင်းကျင့်စဉ်အားလေ့ကျင့်နေသော ချိုးဝူယဲ့မှာ ထိုအသံအက်အက်အားကြားလိုက်သည်နှင့်တစ်ပြိုင်နက် ထိုင်နေရာမှ ပျောက်ကွယ်သွားပြီး သစ်ပင်သစ်တောများဖုံးလွမ်းနေသော တောင်အသွယ်သွယ်ကို ဖြတ်သန်း၍ ကြယ်တာရာနန်းတော်ဆီသို့ အစွမ်းကုန်ပြေးလေတော့သည်။
သူဤလောကသို့ရောက်ရှိနေသည်မှာ တစ်လပင်ပြည့်တော့မည်ဖြစ်၍ တောင်တန်းနယ်မြေများနှင့် ဤလောကအကြောင်းများစွာလေ့လာထားခဲ့သည်။
ချိုးဝူယဲ့ဤလောကသို့ရောက်ရောက်ချင်းမှာပင် အသံအက်အက်နှင့်အဖိုးကြီးတစ်ယောက်ပေါ်လာပြီး မပြောမဆိုနှင့် သူ၏ခေါင်းဆီသို့ အလင်းတန်းနှင့်ပစ်ချလိုက်၏။ ချိုးဝူယဲ့မှာအလွန်ထိပ်လန့်သွားခဲ့ပြီး ထိုလူအိုကြီး အားပြေးထိုးမိမတက်ပင်ဖြစ်ခဲ့သည်။ သို့သော်သူ၏ စိတ်ထဲတွင် မည်သည့်နေရာမှလာမှန်းမသိသော ပညာရပ်တစ်ခုရှိနေသည်အားသိလိုက်ရ၏။
အမှန်ပင်ထိုအဖိုးကြီးမှာ ချိုးဝူယဲ့အား ကျင့်စဉ်တစ်ခုလွဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး ထိုကျင့်စဉ်မှာ ကျောက်တောင်ပေါ်တွင် ချိုးဝူယဲ့လေ့ကျင့်နေသော ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ဖြစ်လေသည်။
ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်မှာ တာအိုကျင့်ကြံမှုလမ်းစဉ်အား အလွန်ခိုင်ခံ့သောအခြေခံအုပ်မြစ်ဖြစ်စေလိမ့်မယ်ဟု ထိုလူအိုကြီးကပြောခဲ့သောကြောင့်ပင်။ အမှန်တကယ်ပင် ထိုလူအိုကြီးပြောသည့်အတိုင်း ချိုးဝူယဲ့၏ စိတ်ဝိဉာဉ်စွမ်းအားမှာ သာမာန်လူများထက်အဆပေါင်းများစွာ သာနေခဲ့၏ သာမာန်လူများမြင်ဖို့ရန်မဖြစ်နိုင်သော အမုန်အမွှားများကိုပင် သူ၏မျက်လုံးဖြင့်သဲသဲကွဲကွဲမြင်နေရ၏။ထို့အပြင်သာမာန်လူများ မခံစားနိုင်သည့်ထူးခြားသော အငွေ့အသက်များနှင့်ထူးဆန်းသောအရာများကိုပင် သေသေချာချာခံစားနိုင်လာခဲ့သည်။
ထိုအေးစက်စက်နှင့်ထူးဆန်းသော ထိပ်လန့်စရာအငွေ့အသက်များကြောင့် ချိုးဝူယဲ့မှာတစ်ပတ်လောက် စားမဝင်အိပ်မပျော်ဖြစ်ခဲ့ရသေးသည်။ ကောင်းမွန်သော အထက်တန်းစားဘဝဖြစ်သော်ငြား သရဲ
သစ္ဆေများအားကြောက်ရွံ့နေခဲ့ရသည်။
ဤသည်မှာ ကောင်းကင်လား ငရဲလားပင် မသိတော့ချေ။.......
ပြီး...