← Chapters

ချိုးထျန်းကျီ

Vol. 1 Ch. 2

ချိုးထျန်းကျီ

Vol. 1 Ch. 2

အချိန်အနည်းငယ်ကြာပီးနောက် တောတောင်များ​၏ အလယ် ချိုင့်ဝှမ်းတွင် ခမ်းနားထည်ဝါစွာတည်ရှိနေသော နန်းတော်ကြီးတစ်ခုအားတွေ့မြင်လိုက်ရလေသည်။ နန်းတော်ဟုဆိုသည်ထက် ၇လွာရဲတိုက်ကြီးတစ်ခုဟုပြောလျှင်ပို၍မှန်ပေလိမ့်မည်။

ထိုရဲတိုက်​၏ ဘေးပတ်ပတ်လည်တွင် အလင်းတန်းများသည် ကြယ်စင်စုများသဖွယ် လှည့်ပတ်ကာမိတ်တုတ်မိတ်တုတ်ဖြင့်တည်ရှိနေကြ​၏။ ဤရဲတိုက်အား အဝေးမှကြည့်လျှင် နဂါးငွေ့တန်း တစ်ခုပေါ်တွင်တည်ဆောက်ထားသည်ဟုပင် ထင်မှတ်စရာရှိပေလိမ့်မည်။

ချိုးဝူယဲ့မှာ ကြယ်တာရာနန်းတော်သို့ အကြိမ်များစွာရောက်ဖူးခဲ့သော်လည်း ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် အံ့ဩမင်သက်ရဆဲပင်။ခနသာမင်သက်သွားသော်လည်းသတိပြန်လည်လာခဲ့ပြီးနောက် ထိုရဲတိုက်ဆီသို့တည့်တည့်သာလျှောက်သွားလိုက်​၏။

မိနစ်အနည်းငယ်ကြာပီးနောက် ရဲတိုက်​၏ ငွေရောင်တံခါးရှေ့သို့ရောက်ရှိသွားခဲ့သည်။ ငွေတံခါးကြီးသည်ရှေးဟောင်းအရှိန်အဝါများရစ်သန်းနေပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင်တည်ရှိခဲ့ပုံပင်။တံခါး​၏မျက်နှာပြင်၌ကြယ်ဆယ်လုံးရှိပြီးတစ်ခုခုကိုပုံဖော်ထားသည့်အတိုင်းပင်။

ချိုးဝူယဲ့သည် လက်ဆန့်ထုပ်၍ တံခါးဆီသို့ကပ်လိုက်သည်။ ထိုအချိန် တံခါး​၏မျက်နှာပြင်ရှိ ကြယ်ဆယ်လုံးမှာတစ်လုံးပြီးတစ်လုံးလင်းလာခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ၁၀လုံးမြောက်ကြယ်သည်လည်းလင်းလတ်သွား​၏။ 

ချိူးဝူယဲ့မှာ ဤလောကသို့စရောက်ချိန်မှစ၍ဤတံခါးအားပေါ်တွင် လက်တင်၍အကြိမ်များစွာစမ်းသပ်ခဲ့သော်လည်း ကြယ် ၁ လုံးသာလင်းလက်ခဲ့​၏။ ကြယ် ၁ လုံးမှ ၉ လုံးထိရောက်ရန်အစွမ်းကုန်ကြိုးစားလေ့ကျင့်ကာတစ်လမပြည့်မီတွင် ကြယ်၁၀ လုံးအားလင်းလတ်စေနိုင်ခဲ့သည်။

"ဝုန်း ဝုန်း"

ရဲတိုက်ကြီးမှာရုတ်တရက်တုန်ခါသွားပြီး....

"ဝုန်း"

ငွေတံခါးကြီးဟာအတွင်းဘက်သို့ရုတ်တရက်ပွင့်သွားခဲ့သည် ။ တံခါး​၏အတွင်းဘက်၌ မည်သည့်အရာမှရှိမနေဘဲ စွမ်းအင်သဏ္ဍာန်များလည်ပတ်နေသည့်ဂိတ်တံခါးဝ သာရှိနေပေသည်။ချိုးဝူယဲ့သည်ထိုတံခါးအားမြင်သည်နှင့် ပေါ်တယ်ဂိတ် ဆိုတာတန်သိလိုက်ပြီး အံ့ဩသင့်စွာ ခနလောက်တွေဝေမိသားသည် သို့သော် ခနကြာပြီးနောက်ဖြည်းညှင်းစွာလမ်းလျှောက်လျှက်ဝင်သွားလိုက်​၏။

.......

မျက်စိကျိန်းမတက်အလင်းများဟာမျက်လုံးထဲသို့ရုတ်တရက် ဝင်ရောက်လာသောကြောင့် ချိုးဝူယဲ့ သူ​၏မျက်လုံးအားအလျင်အမြန်ပိတ်လိုက်ရသည်။

အချိန်အတော်ကြာသည့်အခါမှသာ စူးရှလွန်းသောအလင်းများပျောက်ကွယ်သွားသည်ကို ခံစားမိသောကြောင့် မျက်လုံးအားဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်​၏။......

မြင်လိုက်ရသည်မှာ ချိုးဝူယဲ့အားချက်ချင်းပင်ကြက်သေသေသွားစေခဲ့သည်။

အဆုံးမရှိသော အာကာသဟင်းလင်းပြင်...... ကြယ်စင်စုပေါင်းများစွာဝန်းရံလျှက်လည်ပတ်နေသောမဟာကြယ်စင်စုနဂါးငွေ့တန်းကြီး နှင့်အဆုံးမရှိသော ကြယ်တာရာ နယ်နမိတ်များ.......

ထို့အပြင် အာကာသဟင်းလင်းပြင်​ကြယ်စင်စုတန်းများ၏ အပြင်ဘက် တွင် ထည်ဝါစွာတည်ရှိနေသော  ကြယ်နက္ခတ် ၁၂ ခုသည် ကြယ်စင်စုများထက်ပင် ပိုမိုလင်းလတ်၍တည်ရှိနေခဲ့သည်။ သို့သော်ဤအခိုက်အတန့်မှာ ကြာရှည်မခံလိုက်ချေ။

ဤမြင်ကွင်းများသည် အလျင်အမြန် ကျယ်ပြန့်သွားပြီး နောက်ဆုံး ယခုချိုးဝူယဲ့တည်ရှိနေသော ကမ္ဘာကြီး အားတွေ့လိုက်ရ​၏။ ဤမျှပင်မရပ်တန့်သေးဘဲ အရှေ့ဘက်တိုက်ကြီး.....တာ့ယွမ်အင်ပါယာ.....သောကန်ပြည်နယ်..... ချိုးအိမ်တော်..... နောက်ဆုံးချိုးဝူယဲ့သည် ကုတင်ပေါ်တွင်ထိုင်နေသော သူ​၏ခန္ဓ​၏ကိုယ်ကိုပြန်၍တွေ့မြင်လိုက်ရပြီးနောက် မြင်ကွင်းမှာ အမှောင်ကျသွားခဲ့သည်။.....

အချိန်တချို့ကြာပီးနောက်....

............

"လူငယ်လေး .... လူငယ်လေး ထတော့ နိုးထဖို့အချိန်ကျပီ"

အက်ကွဲနေသောအသံတစ်သံကြားမှသာ ချိုးဝူယဲ့ဟာ ငေါက်ကနဲမျက်လုံးဖွင့်လိုက်မိသည်။

'ဟမ် ခုနကမြင်ကွင်းတွေက.... အိမ်မက်များလား'

ချိုးဝူယဲ့စိတ်ထဲတွင်အတွေးတစ်ချို့ဖြတ်ပြေးသွားသော်လည်း အလျင်အမြန်ပင်ခေါင်းခါရမ်းလိုက်ပြီးနောက် ယခုအခြေအနေအားအာရုံစိုက်လိုက်​၏။

ယခုမြင်နေရသည်မှာ ခမ်းနားထည်ဝါသော နန်းတော်အတွင်းပိုင်တွင်ရှိနေသည်ဟုမထင်ရသော ရိုးရှင်းသော အခန်းကျယ် .. သစ်သားကုတင်တစ်လုံး  ထိုင်ခုံနှစ်လုံးနှင့်စားပွဲတစ်လုံး အလယ်တွင်ရေနွေးကြမ်းတစ်အိုးနှင့်ခွက် ၂ ခွက်သာရှိနေခဲ့သည်မှာ ချိုးဝူယဲ့ကိုပင် ထူးဆန်းသောခံစားချက်များကိုပေးစွမ်းနေခဲ့ချေပြီ။

ပို၍ထူးဆန်းသည်မှာ ဆံပင်ဖြူမုတ်ဆိတ်ဖြူ ဝတ်စုံအပြဲကြီးနှင့် အဖိုးကြီးတစ်ယောက်မှာစားပွဲတွင်ထိုင်၍ရေနွေးကြမ်းသောက်နေခဲ့ခြင်းပင်.....

"လူငယ်လေး လာထိုင်ပါအုံး"

ထိုလူအိုကြီးမှ အသံအက်အက်ထွက်ပေါ်လာခဲ့ပြီးနောက် ချိုးဝူယဲ့မှာအနည်းငယ်စိတ်သက်သာရသွားပုံပင်။ မှန်ပေ​၏ ချိုးဝူယဲ့မှာထိုလူအိုကြီးနှင့် မစိမ်းပေ ချိုးဝူယဲ့အား ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ပေးခဲ့သလို သူနဲ့ သုံးလေးကြိမ်ခန့်ကြုံဖူးပြီး ထိုကျင့်စဉ်​၏ အခတ်အခဲများအား လမ်းညွန်ပြသပေးခဲ့​၏။

"အဖိုးကြီးလောင် ခင်ဗျားဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"

ထိုအဖိုးကြီး​၏ နာမည်မှာ အဖိုးကြီးလောင်ဖြစ်သည်။ချိုးဝူယဲ့မျက်နှာမှာ ထူးထူးဆန်းဆန်းဖြစ်သွားပြီး ထိုလူအိုကြီးလောင်အားကြည့်ကာကောက်မေးလိုက်ရာ....

"ဖွီး"

အဖိုးကြီးလောင် ရေနွေးကြမ်းသောက်နေရာမှရုတ်တရက် နင်သွားပြီး.

"ကောင်စုတ်လေး ငါကဒီလောကရဲ့ အစောင့်အရှောက်ကွ ငါလာလို့မရတဲ့နေရာ တစ်နေရာမှမရှိဘူးမင်းဒီကိုမရောက်လာခင်ထဲက ငါကဒီနေရာမှ ​ရေနွေးကြမ်းသောက်နေကျကွ...ဟမ့်"

အဖိုးကြီးလောင်မှာ နှာတစ်ချက်မှုတ်လိုက်ပြီးမာနကြီးဟန်ဖြင့် ချို့ဝူယဲ့အားပြန်ကြည့်လိုက်​၏။ အဖိုးကြီးလောင်​၏ စကားများကိုကြားလိုက်ရသည့်အခါမှသာ ချိုးဝူယဲ့မှာရှက်ရွံ့သွားပြီး ရယ်ကျဲကျဲပြုံးလိုက်​လေသည်။

"ထားပါ အခု ကျွန်တော်ဘယ်နေရာရောက်နေတာလဲ"

ချိုးဝူယဲ့ဘေးပတ်ဝန်းကျင်အားကြည့်လျှက် စားပွဲဆီသို့လျှောက်သွားကာ ထိုင်ခုံတွင်ထိုင်လိုက်​၏။

အဖိုးကြီးက ရေနွေးကြမ်းတစ်ခွက်ငဲ့၍ချိုးဝူယဲ့အားပေးလိုက်ပြီးနောက်...

"လူငယ်လေးမင်းရောက်နေတာ ထျန်းလန်ကြယ်တာရာနယ်နိမိတ်နဲ့ ထျန်းလန်ကမ္ဘာရဲ့ နောက်ဆုံးသော ဓားတန်ခိုးရှင်ဖြစ်တဲ့ ချိုးထျန်းကျီရဲ့ နောက်ဆုံးနေသွားတဲ့ အိမ်ခန်းလေးဘဲ"

"ချိုးထျန်းကျီ..."

ချိုးဝူယဲ့ ရေရွတ်လိုက်ပြီးနောက်အတွေးနက်သွားခဲ့သည်......ထို့နောက်

"ချိုးထျန်းကျီကသေသွားလို့လားသူနောက်ဆုံးနေသွားတာဆိုတော့"

ယဲ့ဝူချိုးမှာဤမျှကြောင်တောင်တောင်နိုင်သောမေးခွန်းကိုအဘယ်ကြောင့်မေးမိမှန်းမသိပေ။

အဖိုးကြီးလောင်မှာခေါင်းတစ်ချက်ခါရမ်းလိုက်ပြီးနောက်....

"ကောင်လေးမင်းဦးနောက်ကဘာလို့ ထူးဆန်းတာတွေဘဲတွေးနေရတာလဲ "

အဖိုးကြီးလောင်စကားခနရပ်သွားခဲ့ပြီး....

" ချိုးထျန်းကျီက သေသွားတာမဟုတ်ဘူး ထျန်းလန်ကြယ်တာရာနယ်နိမိတ်ရဲ့အပြင်ဘက်တခြား

ကြယ်တာရာကောင်းကင်တွေဆီထွက်သွားခဲ့တာ"

ချိုးဝူယဲ့မှာတော့ ထိုအဖိုးကြီးမည်သည့်အရာကိုပြောနေမှန်းသိပ်နားမလည်သလိုသိပ်လဲစဉ်းစားမနေပေ။ချိုးထျန်းကျီအကြောင်းတွေးနေရအောင်လည်းထိုလူမှာ သူ့အဖေမဟုတ်ပေ။

................

ပြီး...

All Chapters