ချိုးထျန်းကျီ
Vol. 1 Ch. 2
အချိန်အနည်းငယ်ကြာပီးနောက် တောတောင်များ၏ အလယ် ချိုင့်ဝှမ်းတွင် ခမ်းနားထည်ဝါစွာတည်ရှိနေသော နန်းတော်ကြီးတစ်ခုအားတွေ့မြင်လိုက်ရလေသည်။ နန်းတော်ဟုဆိုသည်ထက် ၇လွာရဲတိုက်ကြီးတစ်ခုဟုပြောလျှင်ပို၍မှန်ပေလိမ့်မည်။
ထိုရဲတိုက်၏ ဘေးပတ်ပတ်လည်တွင် အလင်းတန်းများသည် ကြယ်စင်စုများသဖွယ် လှည့်ပတ်ကာမိတ်တုတ်မိတ်တုတ်ဖြင့်တည်ရှိနေကြ၏။ ဤရဲတိုက်အား အဝေးမှကြည့်လျှင် နဂါးငွေ့တန်း တစ်ခုပေါ်တွင်တည်ဆောက်ထားသည်ဟုပင် ထင်မှတ်စရာရှိပေလိမ့်မည်။
ချိုးဝူယဲ့မှာ ကြယ်တာရာနန်းတော်သို့ အကြိမ်များစွာရောက်ဖူးခဲ့သော်လည်း ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် အံ့ဩမင်သက်ရဆဲပင်။ခနသာမင်သက်သွားသော်လည်းသတိပြန်လည်လာခဲ့ပြီးနောက် ထိုရဲတိုက်ဆီသို့တည့်တည့်သာလျှောက်သွားလိုက်၏။
မိနစ်အနည်းငယ်ကြာပီးနောက် ရဲတိုက်၏ ငွေရောင်တံခါးရှေ့သို့ရောက်ရှိသွားခဲ့သည်။ ငွေတံခါးကြီးသည်ရှေးဟောင်းအရှိန်အဝါများရစ်သန်းနေပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင်တည်ရှိခဲ့ပုံပင်။တံခါး၏မျက်နှာပြင်၌ကြယ်ဆယ်လုံးရှိပြီးတစ်ခုခုကိုပုံဖော်ထားသည့်အတိုင်းပင်။
ချိုးဝူယဲ့သည် လက်ဆန့်ထုပ်၍ တံခါးဆီသို့ကပ်လိုက်သည်။ ထိုအချိန် တံခါး၏မျက်နှာပြင်ရှိ ကြယ်ဆယ်လုံးမှာတစ်လုံးပြီးတစ်လုံးလင်းလာခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် ၁၀လုံးမြောက်ကြယ်သည်လည်းလင်းလတ်သွား၏။
ချိူးဝူယဲ့မှာ ဤလောကသို့စရောက်ချိန်မှစ၍ဤတံခါးအားပေါ်တွင် လက်တင်၍အကြိမ်များစွာစမ်းသပ်ခဲ့သော်လည်း ကြယ် ၁ လုံးသာလင်းလက်ခဲ့၏။ ကြယ် ၁ လုံးမှ ၉ လုံးထိရောက်ရန်အစွမ်းကုန်ကြိုးစားလေ့ကျင့်ကာတစ်လမပြည့်မီတွင် ကြယ်၁၀ လုံးအားလင်းလတ်စေနိုင်ခဲ့သည်။
"ဝုန်း ဝုန်း"
ရဲတိုက်ကြီးမှာရုတ်တရက်တုန်ခါသွားပြီး....
"ဝုန်း"
ငွေတံခါးကြီးဟာအတွင်းဘက်သို့ရုတ်တရက်ပွင့်သွားခဲ့သည် ။ တံခါး၏အတွင်းဘက်၌ မည်သည့်အရာမှရှိမနေဘဲ စွမ်းအင်သဏ္ဍာန်များလည်ပတ်နေသည့်ဂိတ်တံခါးဝ သာရှိနေပေသည်။ချိုးဝူယဲ့သည်ထိုတံခါးအားမြင်သည်နှင့် ပေါ်တယ်ဂိတ် ဆိုတာတန်သိလိုက်ပြီး အံ့ဩသင့်စွာ ခနလောက်တွေဝေမိသားသည် သို့သော် ခနကြာပြီးနောက်ဖြည်းညှင်းစွာလမ်းလျှောက်လျှက်ဝင်သွားလိုက်၏။
.......
မျက်စိကျိန်းမတက်အလင်းများဟာမျက်လုံးထဲသို့ရုတ်တရက် ဝင်ရောက်လာသောကြောင့် ချိုးဝူယဲ့ သူ၏မျက်လုံးအားအလျင်အမြန်ပိတ်လိုက်ရသည်။
အချိန်အတော်ကြာသည့်အခါမှသာ စူးရှလွန်းသောအလင်းများပျောက်ကွယ်သွားသည်ကို ခံစားမိသောကြောင့် မျက်လုံးအားဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။......
မြင်လိုက်ရသည်မှာ ချိုးဝူယဲ့အားချက်ချင်းပင်ကြက်သေသေသွားစေခဲ့သည်။
အဆုံးမရှိသော အာကာသဟင်းလင်းပြင်...... ကြယ်စင်စုပေါင်းများစွာဝန်းရံလျှက်လည်ပတ်နေသောမဟာကြယ်စင်စုနဂါးငွေ့တန်းကြီး နှင့်အဆုံးမရှိသော ကြယ်တာရာ နယ်နမိတ်များ.......
ထို့အပြင် အာကာသဟင်းလင်းပြင်ကြယ်စင်စုတန်းများ၏ အပြင်ဘက် တွင် ထည်ဝါစွာတည်ရှိနေသော ကြယ်နက္ခတ် ၁၂ ခုသည် ကြယ်စင်စုများထက်ပင် ပိုမိုလင်းလတ်၍တည်ရှိနေခဲ့သည်။ သို့သော်ဤအခိုက်အတန့်မှာ ကြာရှည်မခံလိုက်ချေ။
ဤမြင်ကွင်းများသည် အလျင်အမြန် ကျယ်ပြန့်သွားပြီး နောက်ဆုံး ယခုချိုးဝူယဲ့တည်ရှိနေသော ကမ္ဘာကြီး အားတွေ့လိုက်ရ၏။ ဤမျှပင်မရပ်တန့်သေးဘဲ အရှေ့ဘက်တိုက်ကြီး.....တာ့ယွမ်အင်ပါယာ.....သောကန်ပြည်နယ်..... ချိုးအိမ်တော်..... နောက်ဆုံးချိုးဝူယဲ့သည် ကုတင်ပေါ်တွင်ထိုင်နေသော သူ၏ခန္ဓ၏ကိုယ်ကိုပြန်၍တွေ့မြင်လိုက်ရပြီးနောက် မြင်ကွင်းမှာ အမှောင်ကျသွားခဲ့သည်။.....
အချိန်တချို့ကြာပီးနောက်....
............
"လူငယ်လေး .... လူငယ်လေး ထတော့ နိုးထဖို့အချိန်ကျပီ"
အက်ကွဲနေသောအသံတစ်သံကြားမှသာ ချိုးဝူယဲ့ဟာ ငေါက်ကနဲမျက်လုံးဖွင့်လိုက်မိသည်။
'ဟမ် ခုနကမြင်ကွင်းတွေက.... အိမ်မက်များလား'
ချိုးဝူယဲ့စိတ်ထဲတွင်အတွေးတစ်ချို့ဖြတ်ပြေးသွားသော်လည်း အလျင်အမြန်ပင်ခေါင်းခါရမ်းလိုက်ပြီးနောက် ယခုအခြေအနေအားအာရုံစိုက်လိုက်၏။
ယခုမြင်နေရသည်မှာ ခမ်းနားထည်ဝါသော နန်းတော်အတွင်းပိုင်တွင်ရှိနေသည်ဟုမထင်ရသော ရိုးရှင်းသော အခန်းကျယ် .. သစ်သားကုတင်တစ်လုံး ထိုင်ခုံနှစ်လုံးနှင့်စားပွဲတစ်လုံး အလယ်တွင်ရေနွေးကြမ်းတစ်အိုးနှင့်ခွက် ၂ ခွက်သာရှိနေခဲ့သည်မှာ ချိုးဝူယဲ့ကိုပင် ထူးဆန်းသောခံစားချက်များကိုပေးစွမ်းနေခဲ့ချေပြီ။
ပို၍ထူးဆန်းသည်မှာ ဆံပင်ဖြူမုတ်ဆိတ်ဖြူ ဝတ်စုံအပြဲကြီးနှင့် အဖိုးကြီးတစ်ယောက်မှာစားပွဲတွင်ထိုင်၍ရေနွေးကြမ်းသောက်နေခဲ့ခြင်းပင်.....
"လူငယ်လေး လာထိုင်ပါအုံး"
ထိုလူအိုကြီးမှ အသံအက်အက်ထွက်ပေါ်လာခဲ့ပြီးနောက် ချိုးဝူယဲ့မှာအနည်းငယ်စိတ်သက်သာရသွားပုံပင်။ မှန်ပေ၏ ချိုးဝူယဲ့မှာထိုလူအိုကြီးနှင့် မစိမ်းပေ ချိုးဝူယဲ့အား ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ပေးခဲ့သလို သူနဲ့ သုံးလေးကြိမ်ခန့်ကြုံဖူးပြီး ထိုကျင့်စဉ်၏ အခတ်အခဲများအား လမ်းညွန်ပြသပေးခဲ့၏။
"အဖိုးကြီးလောင် ခင်ဗျားဘယ်လိုလုပ်ဒီကိုရောက်နေတာလဲ"
ထိုအဖိုးကြီး၏ နာမည်မှာ အဖိုးကြီးလောင်ဖြစ်သည်။ချိုးဝူယဲ့မျက်နှာမှာ ထူးထူးဆန်းဆန်းဖြစ်သွားပြီး ထိုလူအိုကြီးလောင်အားကြည့်ကာကောက်မေးလိုက်ရာ....
"ဖွီး"
အဖိုးကြီးလောင် ရေနွေးကြမ်းသောက်နေရာမှရုတ်တရက် နင်သွားပြီး.
"ကောင်စုတ်လေး ငါကဒီလောကရဲ့ အစောင့်အရှောက်ကွ ငါလာလို့မရတဲ့နေရာ တစ်နေရာမှမရှိဘူးမင်းဒီကိုမရောက်လာခင်ထဲက ငါကဒီနေရာမှ ရေနွေးကြမ်းသောက်နေကျကွ...ဟမ့်"
အဖိုးကြီးလောင်မှာ နှာတစ်ချက်မှုတ်လိုက်ပြီးမာနကြီးဟန်ဖြင့် ချို့ဝူယဲ့အားပြန်ကြည့်လိုက်၏။ အဖိုးကြီးလောင်၏ စကားများကိုကြားလိုက်ရသည့်အခါမှသာ ချိုးဝူယဲ့မှာရှက်ရွံ့သွားပြီး ရယ်ကျဲကျဲပြုံးလိုက်လေသည်။
"ထားပါ အခု ကျွန်တော်ဘယ်နေရာရောက်နေတာလဲ"
ချိုးဝူယဲ့ဘေးပတ်ဝန်းကျင်အားကြည့်လျှက် စားပွဲဆီသို့လျှောက်သွားကာ ထိုင်ခုံတွင်ထိုင်လိုက်၏။
အဖိုးကြီးက ရေနွေးကြမ်းတစ်ခွက်ငဲ့၍ချိုးဝူယဲ့အားပေးလိုက်ပြီးနောက်...
"လူငယ်လေးမင်းရောက်နေတာ ထျန်းလန်ကြယ်တာရာနယ်နိမိတ်နဲ့ ထျန်းလန်ကမ္ဘာရဲ့ နောက်ဆုံးသော ဓားတန်ခိုးရှင်ဖြစ်တဲ့ ချိုးထျန်းကျီရဲ့ နောက်ဆုံးနေသွားတဲ့ အိမ်ခန်းလေးဘဲ"
"ချိုးထျန်းကျီ..."
ချိုးဝူယဲ့ ရေရွတ်လိုက်ပြီးနောက်အတွေးနက်သွားခဲ့သည်......ထို့နောက်
"ချိုးထျန်းကျီကသေသွားလို့လားသူနောက်ဆုံးနေသွားတာဆိုတော့"
ယဲ့ဝူချိုးမှာဤမျှကြောင်တောင်တောင်နိုင်သောမေးခွန်းကိုအဘယ်ကြောင့်မေးမိမှန်းမသိပေ။
အဖိုးကြီးလောင်မှာခေါင်းတစ်ချက်ခါရမ်းလိုက်ပြီးနောက်....
"ကောင်လေးမင်းဦးနောက်ကဘာလို့ ထူးဆန်းတာတွေဘဲတွေးနေရတာလဲ "
အဖိုးကြီးလောင်စကားခနရပ်သွားခဲ့ပြီး....
" ချိုးထျန်းကျီက သေသွားတာမဟုတ်ဘူး ထျန်းလန်ကြယ်တာရာနယ်နိမိတ်ရဲ့အပြင်ဘက်တခြား
ကြယ်တာရာကောင်းကင်တွေဆီထွက်သွားခဲ့တာ"
ချိုးဝူယဲ့မှာတော့ ထိုအဖိုးကြီးမည်သည့်အရာကိုပြောနေမှန်းသိပ်နားမလည်သလိုသိပ်လဲစဉ်းစားမနေပေ။ချိုးထျန်းကျီအကြောင်းတွေးနေရအောင်လည်းထိုလူမှာ သူ့အဖေမဟုတ်ပေ။
................
ပြီး...