တာအိုကျင့်ကြံခြင်းလမ်းစဉ်၏အခြေခံအုပ်မြစ်
Vol. 1 Ch. 4
အဖိုးကြီးလောင်၏စိတ်ထဲတွင် ချိုးဝူယဲ့ဟူသောကောင်လေးအား အမှန်ပင်အံ့အားသင့်မိပါသည်။
ထိုကောင်လေးမှာ အမှန်ပင် ကံကောင်းလွန်းသူလားမပြောပြတတ်တော့ချေ။ ကံကောင်းလွန်းသူဟူပြောရအောင်လည်း ထိုသကောင့်သား ၏တာအိုလမ်းကြောင်းမှာ မဟာတာအိုလမ်းကြောင်းကြီးဖြစ်နေပြန်၏။ ဤအရာမှာအမှန်တကယ်ပင်နောက်စရာမဟုတ်ပေ။
"အဟမ်းကောင်းပြီ စကားများတာတွေဒီမှာရပ်ကြရအောင် အခုလောလောဆယ် မင်းရဲ့တာအိုကျင့်ကြံမှုကို ဘယ်လိုအစပျိုးရမလဲဘဲပြောရမယ်"
ချိုးဝူယဲ့မှာ အဖိုးကြီးလောင်ပြောသည့်တာအိုကျင့်ကြံမှုအကြောင်း အနည်းငယ်မျှပင်မသိသေးချေ။ ထိုအကြောင်းမေးရန်အလွန်ပင်စိတ်အားထက်သန်နေလေပြီ.....
"တာအိုကျင့်ကြံခြင်းကဘယ်လိုစသလဲ ဘယ်လိုကျင့်ကြံရမလဲ"
အဖိုးကြီးလောင်မှာ သူ၏ရှည်ကျနေသော မုတ်ဆိတ်ဖြူများကို လက်ဖြင့်ပွတ်သပ်လိုက်ပြီး မာနကြီးသည့်ဆရာသခင်တစ်ပါး၏လေသံဖြင့်.....
"တာအိုကျင့်ကြံခြင်းလမ်းစဉ်ကိုမစတင်ခင်မှာအုပ်မြစ် ၂ ခုကိုအရင်ချရတယ် အဲ့ဒီနှစ်ဆင့်ကို အပြင်အား နဲ့ အတွင်းအားလို့ခေါ်တယ်"
ချိုးဝူယဲ့မျက်နှာမှာထူးထူးဆန်းဆန်းပြန်ဖြစ်သွားပြန်သည် ယခု သူတတ်မြောက်ထားသည်မှာ အပြင်အားနှင့်အတွင်းအားမဟုတ်လော ကျွမ်းကျင်၍လည်း လူငယ်ပေါင်း သန်းချီရှိသည့် သောကန်ပြည်နယ်ကြီးတစ်ခုလုံးမှာပါ အဆင့်၃ ပါရမီရှင်ပင်ဖြစ်နေချေသည်။
အဖိုးကြီးလောင်မှာ ချိုးဝူယဲ့၏အတွေးအားရိပ်မိပုံရသည်။
"အဟမ်း အတွေးမများပါနဲ့အုံး ဒီအဖိုးကြီးပြောတာအရင် နားထောင်ပါအုံး"
ချိုးဝူယဲ့ကခေါင်းတစ်ချင်ငြိမ့်လိုက်သည်။
"ကောင်းပီ ဆက်ရှင်းပြပါအုံး"
အဖိုးကြီးလောင်သည်ချောင်းတစ်ချက်ဟန့်လိုက်ပြီး စကားဆက်လိုက်၏။
"အဟမ်း... အပြင်အားနဲ့အတွင်းအားမှာ သေမျိုးသိုင်းသမားတွေက နှစ်ခုလုံးကိုကျွမ်းကျွမ်းကျင်ကျင်ဖြစ်မြောက်တဲ့ လူတွေမရှိသလောက်ဘဲ တကယ်တော့ အတွင်းအားထက်အပြင်အားကိုအရင်လေ့ကျင့်ရတယ် အပြင်အားကိုလေ့ကျင့်ရာမှာ အဆင့်တစ်ခုထိရောက်သွားတာနဲ့ အတွင်းအားကိုပါတစ်ပြိုင်ထဲတွဲကျင့်ရတယ် အပြင်အားကိုအရင်ကျင့်ရတဲ့အကြောင်းအရင်းကလဲ ခန္ဓာကိုယ်လေ့ကျင့်မှုများမှ ခန္ဓာကိုယ်တွင်းကအညစ်အကြေးတွေကလည်းလျှော့နည်းလာမှာလေ"
အဖိုးကြီးလောင်ကစကားတစ်ထောက်ရပ်လိုက်ပြီးရေနွေးကြမ်းတစ်ကြိုက်သောက်ကာ စကားထပ်ဆက်လိုက်၏။
"အညစ်အကြေးတွေ အနည်းငယ်ဖြစ်ဖြစ်လျှော့နည်းသွားတဲ့အခါ မရီးဒန်သွေးကြောတွေက ခန္ဓာကိုယ်လေ့ကျင့်မှုကြောင့် ပိုကျယ်လာတယ်ဆိုတာ မင်းသိထားရမယ် ပိုကျယ်လာတဲ့မရီးဒန်သွေးကြောတွေဟာ အတွင်းစွမ်းအင်တွေကိုချောချောမွေ့မွေ့လှည့်ပတ်စေဖို့များစွာအထောက်အကူပြုတဲ့အပြင် အခြားလူတွေထက်အတွင်းစွမ်းအင်တွေကို လျှင်မြန်စွာလှည့်ပတ်စေနိုင်တယ် အဲ့တာက မင်းရဲ့ အတွင်းအားလေ့ကျင့်မှု က အခြားလူတွေထက်အဆများစွာသာတယ်ဆိုတာ သိသာစေတယ်"
ချိုးဝူယဲ့၏မျက်လုံးများဟာတောက်ပနေပြီး အဖိုးကြီး၏ ရှင်းပြမှုများထဲတွင် နှစ်မြုတ်နေသည့်ပုံပင်။
"အတွင်းအားနဲ့အပြင်အားကို အစွန်းဆုံးအထိ နှစ်ပေါင်းများစွာလေ့ကျင့်ပြီးရင် တာအိုကျင့်ကြံမှုလမ်းစဉ်ထဲဝင်ရောက်နိုင်ဖို့ အရည်အချင်းပြည့်မှီပြီလို့ပြောလို့ရတယ်"
ချိုးဝူယဲ့သည်မရှင်းမလင်းဖြစ်နေသောအရာအား မေးလိုက်ပြန်၏။
"ဒါဆို တာအိုကျင့်ကြံမှုလမ်းစဉ်ထဲဝင်ရောက်နိုင်ဖို့ ဘယ်လောက်ထိလေ့ကျင့်ဖို့လိုတာလဲ"
အဖိုးကြီးလောင်သည်ရယ်ရယ်ပြုံးပြုံးဖြင့် လက်တစ်ချောင်းထောင်ပြလိုက်၏။
ချက်ချင်းပင် ချိုးဝူယဲ့ပြောလိုက်သည်။
"ဆယ်နှစ်လား"
အဖိုးကြီးလောင်က ခေါင်းခါရမ်းလိုက်ပြီး အက်သဲ့သဲ့အသံဖြင့်....
"အတွင်းအား နှစ်၁၀၀ နဲ့ ခန္ဓာကိုယ်သန်မာမှုက လူသားအကန့်အသက်ထိရောက်နေရမယ်"
မူလက ပျော်ရွင်နေသော ချိုးဝူယဲ့၏ မျက်နှာသည် ရှုံ့တွသွားခဲ့သည်။
အဖိုးကြီးလောင်ကရယ်ရင်းဆက်ရှင်းပြသည်။
"အတွင်းအားနှစ်၁၀၀ နဲ့လူသားအကန့်အသက်သန်မာမှုဆိုတာမရှိမဖြစ် တာအိုကျင့်ကြံခြင်းလမ်းစဉ်ရဲ့အခြေခံဘဲ အတွင်းအားရော ခန္ဓာကိုယ်ရောအကန့်အသက်ထိရောက်သွားပီဆိုရင် သေမျိုးခန္ဓာကိုယ်ကို ကျင့်ကြံခြင်းခန္ဓာအဖြစ်ပြန်လည်တည်ဆောက်ရတယ် အဲ့ဒီအဆင့်ကို ပြန်လည်မွေးဖွားခြင်းအဆင့်လို့ခေါ်တယ် အဲ့ဒီအဆင့်မှာ သေမျိုးခန္ဓာရဲ့အင်္ဂါအစိတ်အပိုင်းကြီးငါးခုဖြစ်တဲ့ အရိုး အကြော အရွတ် ကြွက်သား အရေပြား တွေကို ကိုးကြိမ်တိတိနှစ်၁၀၀ အတွင်းအားနဲ့ဖိအားပေးပြီးအညစ်အကြေးတွေစွန့်ထုပ်သန့်စင်ရတယ် အဲ့ဒီအဆင့်ကို ပြန်လည်မွေးဖွားခြင်းကိုးလွာ လို့ခေါ်တယ် အဲ့ဒီကိုယ်တွင်းအင်္ဂါငါးခုလုံးကို ကိုးကြိမ်တိတိသန့်စင်ပြီးမှ အညစ်အကြေးကင်းစင်တဲ့ တာအိုခန္ဓာရရှိလာမယ်"
ချိုးဝူယဲ့က မယုံကြည်နိုင်မှုများဖြင့်အံ့အားသင့်စွာကြက်သေသေနေမိသည်။ သောကန်ပြည်နယ်ရှိ အသန်မာဆုံးသိုင်းသမားပင် နှစ်ပေါင်း၈၀ အတွင်းအားအပြင် ပြင်ပအားခန္ဓာကိုယ်လေ့ကျင့်ခြင်းတွင် တစ်ပြိုင်ထဲလေ့ကျင့်ပြီးကျွမ်းကျင်ခဲ့သော ပါရမီရှင် သိုင်းသမား ချင်းဖုန်းတောင် တာအိုကျင့်ကြံမှုစတင်ရန် အရည်အချင်းမပြည့်မီသေးဟု ထင်မိပါသည်။ ထိုကျင့်ကြံခြင်းဆိုသည်မှာ အမှန်တကယ်ပင် ခတ်ခဲလွန်းသော အရာဖြစ်သည်။
ထိုအချိန်အဖိုးကြီးလောင်၏အသံသည်ပြန်ဆက်လာခဲ့သည်။
"အဟမ်း... အဲ့တာကြောင့်နှစ်၁၀၀ အတွင်းအားရဲ့ဖိအားဒဏ်ကို ခံနိုင်ရည်ရှိဖို့အတွက်ခန္ဓာကိုယ်ကို လူသားအကန့်အသက်ထိလေ့ကျင့်ဖို့လိုတာ အဲ့တာမှမဟုတ်ဘဲ ခန္ဓာကိုယ်ကိုအကန့်အသက်အထိမလေ့ကျင့်ဘဲ နှစ် ၁၀၀ အတွင်းအားနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုဖိအားသွားပေးလိုက်ရင် အဲ့ဒီကိုယ်တွင်းအင်္ဂါတွေက တစ်စစီကွဲကြေပြီး သေဆုံးရလိမ့်မယ် "
အဖိုးကြီးလောင်ကကြောက်စရာကောင်းသောအသံဖြင့် အသံကိုတမင်ပိုအက်စေလိုက်သည်။
ဒါကြောင့် သေမျိုးခန္ဓာကနေတာအိုအုပ်မြစ်ခန္ဓာ ကိုရရှိဖို့ ကို့ခန္ဓာနဲ့ကိုဖျက်စီးလုနီးပါးအထိ အတိဒုက္ခကိုခံစားကြရတယ် ကိုယ်တွင်းအင်္ဂါငါမျိုးကိုဖိအားပေးဖို့ အတွင်းအားတွေကို မတူညီတဲ့သွေးကြော ဆုံမှတ်တွေမှာဖိအားပေးရတယ် အဲ့ဒီ သွေးကြောဆုံမှတ်တွေက စုစုပေါင်း ၂၄၆ ခုရှိတယ် အဲ့ဒီသွေးကြောတစ်ခုချင်းစီရဲ့ ဆုံမှတ်တွေကို အစဉ်လိုက် ဖိအားပေး ရတယ် သွေးကြောတစ်ခုမှားပြီးဖိအားပေးမိရင် သွေးကြောကနေအတွင်းအားဖောက်လွဲဖောက်ပြန်ဖြစ်သွားလိမ့်မယ် ဒါကြောင့် အတိဒုက္ခငါးပါးဆိုတဲ့ အခြေခံအကျဆုံး ဖိအားလမ်းညွှန်ကိုတီထွင်ခဲ့ကြတယ်"
ချိုးဝူယဲ့သည်သူမသိသောအကြောင်းအရာများကိုနားထောင်ရသည်ဖြစ်သောကြောင့် အလွန်ပင်မှင်သက်နေမိသည် အချိန်တချို့ကြာပြီးနောက်မှာတော့ချိုးဝူယဲ့၏မျက်လုံးများသည်အဖိုးကြီးလောင်၏ရှင်းပြချက်များကြောင့်မျက်လုံး လင်းလတ်သွားပြီး.....
"အဲ့ဒီလမ်းညွန်ကိုကျွန်တော်ကြည့်လို့ရမလား"
အဖိုးကြီးလောင်က ခေတ္တတုံ့ဆိုင်းသွားပြီးနောက်...
"ကောင်းပီလေ ဒါပေမဲ့ဘာမှလျှောက်မလုပ်ဖို့တော့ ငါအကြံပေးလိုက်မယ် အမ်း ခနလေး မင်းအတွက်ဒီကျင့်စဉ်ကိုပါပေးလိုက်မယ် ဒီကျင့်စဉ်နဲ့ဆို မင်းအလျှင်အမြန်ဘဲ နှစ်၁၀၀ အတွင်းအားနဲ့လူသားအကန့်အသက်သန်မာမှုကိုရရှိနိုင်လိမ့်မယ်"
ချိုးဝူယဲ့မှာမူ ယခုသေလောက်အောင်ပျော်ရွှင်နေချေပြီ အစွမ်းထက်ကျင့်စဉ်နဲ့ တာအိုကျင့်ကြံမှုဂိတ်တံခါး၏ လက်မှတ်ဟုပင်တင်စားနိုင်သည့် အတိဒုက္ခငါးပါးလမ်းညွှန်ကိုပင်ရရှိပေတော့မည်။ထို့အပြင် ပြန်လည်မွေးဖွားဖြင်းအဆင့်အထက်မှ နယ်ပယ်ကိုလဲသိလိုပါသေးသည်။ချိုးဝူယဲ့စိတ်လှုပ်ရှားစွာပင်မေးလိုက်မိသည်။
"ဒါဆိုအဖိုးကြီးလောင် ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့အထက်မှာကော ဘာအဆင့်ရှိလဲ"
"အို...လူငယ်လေးမင်းရဲ့သိခြင်တဲ့စိတ်ကအတော်များသားပဲကွဟေ"
ထို့နောက်အဖိုးကြီးလောင်မှာခနသာတိတ်ဆိတ်သွားပြီး.....
"ပြန်လည်မွေးဖွားခြင်းအဆင့် ရဲ့အထက်မှာ သဘာဝလွန်မြောက်ခြင်းအဆင့်ရှိတယ် ဒြပ်စင်ငါးပါးနဲ့အခြားသောဒြပ်စင်တွေ ကိုသိမြင်ပြီးအသုံးပြု ထိန်းချုပ်နိုင်တယ် ကောင်းကင်နဲ့မြေပြင်မှာအဆုံးမဲ့ပျံသန်းနိုင်ကြတယ် အရှင်းဆုံးနည်းနဲ့ပြောရရင် အဲ့ဒီအဆင့်ကလူတစ်ယောက်က တောတွေ တောင်တွေ မြို့တွေကိုဒြပ်စင်စွမ်းအားတွေနဲ့ဖျက်စီးပစ်နိုင်တယ် သေမျိုးတွေရဲ့အမြင်မှာနတ်ဘုရားသဖွယ်ကြီးမြတ်ကြတယ် ဒါ့အပြင် အဲ့ဒီအဆင့်ကိုရောက်သွားရင် စစ်မှန်တဲ့ တာအိုကျင့်ကြံသူဖြစ်ပြီလို့သတ်မှတ်လို့ရတယ်......ကဲထားပါလေ မင်းရဲ့အဆင့်နဲ့ဆို အရမ်းကိုအလှန်းဝေးလွန်းတယ် အခုလောလောဆယ်မင်း တာအိုကျင့်ကြံခြင်းလမ်းစဉ်ကိုစဝင်နိုင်ဖို့ဘဲတွေးသင့်တယ်"
မည်သို့ပင်ဖြစ်စေ ချိုးဝူယဲ့မှာ တောတောင်မြစ်ချောင်းများကိုဖျက်စီးကာ သဘာဝကိုကွဲလွဲစေနိုင်သော တန်ခိုးရှင်များအကြောင်းကြားလိုက်ရရုံဖြင့် သွေးများပင် ပွက်ပွက်ဆူလာခဲ့သည်။
"အဟမ်း အဟမ်း"
ထိုအချိန်တွင်အတွေးကောင်းများကို အဖိုးကြီးလောင်မှာနှောင့်ယှက် ဖျက်စီးလိုက်လေသည်။ ချိုးဝူယဲ့မှာ အတွေးလွန်နေခြင်းမှ မျက်နှာသည်ချက်ချင်းပင်တည်တည်တံ့တံ့ပြန်ဖြစ်သွားခဲ့သည်။
"ကောင်းပြီ ဒီမှာ"
"ဝှစ်"
အဖိုးကြီးလောင်ပစ်လွှတ်လိုက်သော အလင်းတန်းတစ်ခုဟာ ချိုးဝူယဲ့၏ ခေါင်းထဲသို့ရောက်ရှိသွားခဲ့သည်။
အချိန်ခနကြာပြီးနောက် ချိုးဝူယဲ့မျက်လုံးပြန်ပွင့်လာခဲ့သည် သူ၏မျက်လုံးများသည် တောက်ပလျှက်ရှိပြီး အဖိုးကြီးလောင်ပေးလိုက်သောကျင့်စဉ်များကိုအလွန်သဘောကျသည့်ပုံပင် သူသည်အလျင်အမြန်ဘဲပြန်၍လေ့ကျင့်ချင်နေလေပြီ......
ထိုအချိန်အဖိုးကြီးလောင်၏ အသံထပ်မံထွက်ပေါ်လာပြန်သည်။
"ဟင်းလင်းပြင်ဓားတန်ခိုးရှင်ချိုးထျန်းကျီရဲ့ အိမ်ကိုရောက်လာပြီး သူရဲ့အခြေခံအမွေလေးတောင်မရဘူးဆို ယုတ္တိမကျပေဘူး ရော့ ဒီမှာ"
အဖိုးကြီးလောင်ဆီမှ အလင်းနဲ့ပြန်ပစ်ခံလိုက်ရပြီးနောက် အဖိုးကြီးလောင်က လက်တစ်ချက်ပြန်၍ဝေ့ရမ်းလိုက်သည်။
"ပြန်လည်မွေးဖွားခြင်းအဆင့်ကိုရောက်မှပြန်လာခဲ့အဲ့ဒီအချိန်မှမင်းရဲ့တကယ့်အမွေဆက်ခံခြင်းကစတင်မှာ"
"ဝုန်း"
ချိုးဝူယဲ့၏အသိစိတ်သည်လွင့်ထွက်သွားပြီး မှောင်မိုက်သွားခဲ့သည်။
..........................
ပြီး...