← Chapters

 ချိုးဟောက်

Vol. 1 Ch. 5

 ချိုးဟောက်

Vol. 1 Ch. 5

ချိုးထျန်းကျီ​၏အခန်းတွင် ချိုးဝူယဲ့ပျောက်ကွယ်သွားပြီးနောက်......

"ကံကောင်းပါစေလူငယ်လေးရေ မင်းလျှောက်ရမဲ့ခရီးကအဝေးကြီးကျန်သေးတယ် အချိန်ကျရင်မင်းသိလိမ့်မယ်"

အဖိုးကြီးလောင်မှာ ရေနွေးကြမ်းတစ်ခွက်ကိုသောက်ရင်း ကောင်းကင်ကိုမော့ကြည့်ကာ သက်ပျင်းတစ်ချက်ချလိုက်လေသည်။

"ဟင်း....ရှေးဟောင်းဥပဒေသတွေ ကျိုးပေါက်တော့မယ်"

...................

အချိန်တချို့ကြာပြီးနောက် ချိုးဝူယဲ့မှာသူ​၏ အခန်းတွင်ပြန်၍သတိလည်လာခဲ့လေသည်။ အသိစိတ်များအနည်းငယ်မှုန်ဝါးနေပြီး ပုံမှန်ပြန်ဖြစ်ဖို့အချိန်အတော်ပင်ယူလိုက်ရသည်။

"ချီးတဲ့မှ..ဒီအဖိုးကြီးကွာ နဲနဲလောက်ညင်သာလို့မရနိုင်ဘူးလား ကတောက်"

ချိုးဝူယဲ့မှာဒေါသသကြီးဖြင့်ကျိန်ဆဲလိုက်မိသည်။

"အဟမ်းဘယ်လိုဖြစ်ဖြစ် ဒီအဖိုးကြီးပေးတဲ့ ရှေးဦးခန္ဓာကျင့်စဉ်နဲ့ မဟာသိဒ္ဓိကျင့်စဉ်ကတော့အတော်လေးကိုမိုက်သားဘဲ ဒီကျင့်စဉ်နဲ့သာဆို ၁၀ နှစ်အတွင်းမှာတင် သိုင်းလောကတစ်ခုလုံးမှာ ပြိုင်ဘက်ကင်း သိုင်းသခင်ဖြစ်နေလောက်တယ်"

ထို့နောက် ချိုးဝူယဲ့သည် ကုတင်ပေါ်တွင်ပြန်ထိုင်၍ ယနေ့ဖြစ်ပျက်သမျှအဖြစ်အပျက်များကို ပြန်လည်သုံးသပ်နေခဲ့သည်။မထင်မှတ်ထားသော ချိုးထျန်းကျီ​၏ဟင်းလင်းပြင်ဓားသိုင်းကိုပင်တွေ့ရှိခဲ့သည်။

"ဓားတန်ခိုးရှင်ချိုးထျန်းကျီရဲ့ ကိုယ်ပိုင်ဓားသိုင်းဆိုဘဲ တစ်ချက်စမ်းကြည့်တာပေါ့"

"ဝှစ်" 

လက်နက်စင်ပေါ်တွင်တင်အစီအရီထားရှိသော သစ်သားဓားရှည်များထဲမှတစ်လက်ကိုဆွဲယူ၍ အိမ်ရှေ့ ခြံဝင်း​၏ လေ့ကျင့်ရာနေရာသို့အလျှင်အမြန်ပြေးသွားလိုက်သည်။

...............

"ဝှစ် ရွှက် "

မက်မွန်ပင်​၏ အောက်ခြေတွင် သစ်သားဓားတစ်လက်ဖြင့်လေ့ကျင့်နေခဲ့သည်မှာ နာရီအနည်းငယ်ပင်ရှိနေလေပြီ.......

အစပိုင်းတွင်လေ့ကျင့်မှုသည် နည်းစနစ်မကျနိုင်သော်လည်း တဖြည်းဖြည်းနှင့်လှုပ်ရှားမှုများသည်ချောမွေ့လာခဲ့သည်။ ဓားသိုင်းကွက်များမှာ အလွန် နူးညံ့သိမ်မွေ့သလိုအလွန်ရက်စက်ပေ​၏ ရန်သူကိုထွက်ပေါက် ပင်မပေးဘဲ လေဟာနယ်တစ်လျှောက်လုံးတွင် ဓားကွက်များကနေရာအပြည့်ယူထားခဲ့သည်။ 

ဓားသိုင်းကွက်မှာ လေဟာနယ်တွင်နေရာအပြည့်ယူထားသည်ဖြစ်၍ ခုခံမှုနှင့် တိုက်ခိုက်မှုများကိုပါတစ်ပြိုင်ထဲလုပ်ဆောင်နိုင်သောကြောင့် လူပေါင်းများစွာကိုတစ်ပြိုင်ထဲတိုက်ခိုက်နိုင်​၏။

ဓားသိုင်းလေ့ကျင့်ရာ၌ ချိုးဝူယဲ့စီးမျှောနေသည်မှာ ၇ နာရီပင်ပြည့်ပေတော့မည် ညအချိန်တည်းမှလေ့ကျင့်ခဲ့ရာ နံနက် ၆ နာရီကျော်သည်ထိပင်မရပ်တန့်နိုင်ဘဲစီးမျှောနေခဲ့လေသည်။ 

အချိန်အနည်းငယ်ကြာပြီးနောက် အိမ်သန့်ရှင်းရန်လာသောအစေခံမလေးသည် ခြံဝင်းအားလှမ်းကြည့်လိုက်ရာ စောစောထ၍ချိုးဝူယဲ့ဓားသိုင်းလေ့ကျင့်နေသည်ကိုမြင်သောအခါ ချိုးဝူယဲ့ဓားသိုင်းလေ့ကျင့်ပြီးသောအခါမှသာဝင်ရန်ဆုံးဖြတ်လိုက်သည်။

သို့သော် ၇ နာရီကျော်အထိ ချိုးဝူယဲ့မှာမရပ်တန့်သေးပေ သန့်ရှင်းရေးအစေခံမလေးသည် မတက်နိုင်သည့်အဆုံး ချိုးဝူယဲ့အားအသိပေးရန် ခြံပေါက်ဝမှ လမ်းအော်လိုက်​၏။

"သခင်လေးချိုးဝူယဲ့ရှင့် နေ့စဉ်ခြံဝန်းသန့်ရှင်းရေးလေးလာလုပ်တာခွင့်ပြုပေးပါအုံးရှင့်"

ဓားသိုင်းတွင်စီးမျှောနေသောချိုးဝူယဲ့မှာ အစေခံမလေး​၏အသံကိုကြားမှသာလှုပ်ရှားမှုများကိုရပ်တန့်လိုက်​၏။

"ကောင်းပီဝင်လာခဲ့"

ဓားသိုင်းလေ့ကျင့်နေရာမှရပ်တန့်လိုက်ပြီး နောက် ရေချိုးကန်သို့ ဦးတည်သွားလိုက်ကာ ရေခေတ္တချိုးလိုက်​၏။ ထို့နောက် ဝတ်စုံအသစ်တစ်စုံအားလှဲပြီးနောက် ခြံဝင်း ထဲရှိမက်မွန်ပင်အောက်တွင် ကုချင်အား ထိုင်၍တီးခတ်နေခဲ့သည်။

ချိုးဝူယဲ့မှာ ခေတ်သစ်မှ ကုချင်တီးခတ်ခြင်းသင်တန်းများနှင့် ဂီတသင်တန်းများကိုတက်ရောက်ထားခဲ့သည့် ဂီတဝါသနာပါသူတစ်ဦးပင်ဖြစ်သည်။

နာရီအနည်းငယ် ဂီတတွင်စီးမျှောပြီးနောက်.......

ကုချင်ပေါ်မှ သူ​၏လက်များဖယ်ခွာပြီးနောက် အသက်ပျင်းပျင်းတစ်ချက်ရှိုက်ထုပ်လိုက်သည်။ ဂီတသည်သောကကိုပြေပျောက်စေရုံသာမက စိတ်တည်ငြိမ်ရန်ပင်အထောက်အကူပြု သည်။

..........................

ဤသို့ဖြင့် တစ်ပတ်ဟူသောအချိန်မှာလျှင်မြန်စွာကုန်ဆုံးခဲ့ချေပြီ.........

ချိုးဝူယဲ့သည် ခြံဝင်းအတွင်းရှိ လေ့ကျင့်နေကျနေရာ မက်မွန်ပင်အောက်ခြေ၌ ဓားသိုင်းလေ့ကျင့်နေပြီးနောက်အချိန်ခနအကြာတွင်ရပ်တန့်လိုက်​၏။

အဘယ်ကြောင့်မှန်းမသိချေ ဓားသိုင်းလေ့ကျင့်ရာတွင် သိုင်းဈာန်ဝင်လာပြီးနောက် ဟိုးအရင်အချိန်မှသူနားမလည်ခဲ့သော ဓားကွက်​၏ လျှို့ဝှက်ချက်များနှင့် လှုပ်ရှားရန်ခတ်ခဲသော ဓားနှင့်ခြေလှမ်းကွက်ကိုဟန်ချက်ညီညီပေါင်းစည်းနိုင်ပြီး ချိုးအိမ်တော်မှငယ်စဉ်ကတည်းမှသင်ယူခဲ့သော ဇီးပန်းဓားသိုင်းနှင့် လေပြေမုန်တိုင်းဓားသိုင်း များကိုကျွမ်းကျင်အဆင့်အထိပင်အသုံးပြုနိုင်လေပြီ။ ထို့အပြင် ဟင်းလင်းပြင်ဓားသိုင်း​၏ ဓားကွက် ငါးကွက်ကိုပါ ချောချောမွေ့မွေ့ပင်အသုံးပြုနိုင်လေပြီ။

သူ​၏အတွင်းအားအပြင်အားလေ့ကျင့်မှုအမြန်နှုန်းသည် အရင်ထက်စာလျှင်ကြောက်မက်ဖွယ်ရာ သုံးဆ လောက်ပိုမိုမြန်ဆန်လာပြီး ၂၅ နှစ်တာအတွင်းအားအဆင့်သို့ရောက်ရှိနေခဲ့လေသည်။ဤသည်မှာ သိုင်းလောကထဲတွင်နာမည်ရှိသော သိုင်းသမားတစ်ယောက်ဤ လေ့ကျင့်မှုနှင့်ပင်ညီမျှလုနီးနီးပင်။

ခန္ဓာကိုယ်လေ့ကျင့်မှုတွင်လည်းနောက်ကျမနေခဲ့ပေ သူ​၏ခန္ဓာကိုယ်သည် အရွယ်ရောက်ပြီးလူကြီးများထက်ပင် နှစ်ဆလောက်ပို၍မာကျော​၏။

အထိုအချိန်ခြံဝင်းရှေ့တွင်အစေခံမလေးတစ်ယောက် ရောက်ရှိလာကာ.......

"သခင်လေးယဲ့ချိုးဝူယဲ့ရှင့် မဟာအကြီးအကဲသခင် ကအခေါ်တော်ပါးလိုက်ပါတယ်ရှင့်"

ချိုးဝူယဲ့သည် ထိုအစေခံမလေးအားတစ်ချက်ကြည့်လိုက်ပြီးနောက်

"ကောင်းပြီ အခုချက်ချင်းလာခဲ့မယ်လို့ ပြန်ပြောပေးပါ"

အစေခံမလေးက ချိုးဝူယဲ့အားတစ်ချက် ဦးညွတ်ကို အကြောင်းပြန်ရန်ပြန်သွားလေသည်။

"အဖေကငါ့ကိုဘာလို့ခေါ်တာပါလိမ့် ငါတံခါးပိတ်သိုင်းကျင့်မယ်လို့ပြောခဲ့ပါသေးတယ် အရေးကြီးကိစ္စမရှိရင်တော့ခေါ်မှာမဟုတ်လောက်ဘူး "

ချိုးဝူယဲ့မှာတစ်ချက်စဉ်းစားလိုက်ပြီးနောက် ရေချိုးအဝတ်လဲကာ ချိုးအိမ်တော်အဓိကခန်မကြီးဆီသို့ထွက်လာလိုက်သည်။

ချိုးအိမ်တော် သုံရာသီနှင့် နေ့ည လူစည်ကားသောအိမ်တော်ကြီးဖြစ်ပြီး ချိုးအိမ်တော်ကြီး​၏ ဝင်းအကျယ်မှာ ၃ စတုရန်းကီလိုမီတာ နီးနီးပင်ရှိလေသည်။ အဓိကခန်းမကြီးမှာ အိမ်တော်​၏အလယ်တည့်တည့်တွင်ရှိပြီး ကျန်အရေးကြီးသည့် အိမ်တော်ခန်းမနှင့်သက်ဆိုင်ရာအရေးကြီးသည့် ဌာနဝင်းများမှာ ဘေးပတ်ပတ်လည်တွင်တည်ရှိနေ​၏။

"အား... ချိုးဟောက် မင်းငါ့ကိုဘာလို့အလွတ်မပေးရသေးတာလဲ မင်းငါ့ကိုဒီလိုနှိပ်ဆက်နေတာ သုံးလကျော်နေပီ ငါတကယ်သည်းမခံနိုင်တော့ဘူး"

ဘေးတွင်ကြည့်နေသောလူများကတီးတိုးပြောနေကြပြီး မည်သည့်အရာမှမတက်နိုင်သလိုကူရာမဲ့စွာရပ်ကြည့်နေကြရသည်။

ချိုးဝူယဲ့ အိမ်တော်လေ့ကျင့်ရေးကွင်းနားသို့ဖြတ်သွားချိန်တွင် နာကျင်စွာအော်ဟစ်ငိုယိုနေသော ကောင်လေးတစ်ယောက်​၏အသံအားကြားလိုက်ရ​၏။ ချိုးဝူယဲ့လေ့ကျင့်ရေးကွင်းအား ခေါင်းတစ်ချက်စောင်းကာကြည့်လိုက်သည်။

ချိုးဟောက်ဟုခေါ်သော ၁၄ နှစ်အရွယ်ကောင်လေးမှာ ၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်အား ကန်ကျောက်နေသည်။ ကန်ကျောက်ခြင်းခံနေရသော ကောင်လေးမှာ လက်နှစ်ဖက်နှင့်ခေါင်းကိုအုပ်၍ ချိုးဟောက်အား ငိုယိုကျိန်ဆဲနေလေသည်။ ဤထူးဆန်းသောမြင်ကွင်းအား ချိုးဝူယဲ့ကြောင်တောင်တောင်ရပ်ကြည့်နေပြီး သူ​၏ကိုယ်ပိုင်အတွေးထဲရောက်သွားလေတော့သည်။

'ဒီဘက်ခေတ်မှာလဲ ဒီလိုအနိုင်ကျင့်တဲ့ ကြီးနိုင်ငယ်ညင်း ကောင်တွေရှိသေးတာလား အမ်... ခနနေပါအုံး ဒီချိုးဟောက်ဆိုတဲ့ကောင်က ချိုးမိသားစုခေါင်းဆောင်ရဲ့သားမဟုတ်လား ဘာလို့ မိသားစုအချင်းချင်းအနိုင်ကျင့်နေရတာလဲ'

ချိုးဝူယဲ့မှာအလျှင်အမြန်ပင် ကိုယ်ဖော့သိုင်းဖြင့် လေ့ကျင့် ရေးကွင်းဆီသို့ပြေးသွားလိုက်ပြီး နောက်တစ်ချက်ကန်ကျောက်ရန်ပြင်နေသော ချိုးဟောက်​၏ခြေထောက်ကို ကိုင်ကာ အတွင်းအားအနည်းငယ်ဖြင့် တွန်းလိုက်​၏။

"ဘန်း"

ချိုးဟောက်မှာမည်သည့်အရာများဖြစ်ပျက်သွားသည်ကိုပင်မသိလိုက်ပဲ အနောက်သို့တစ်ခုခုဖြင့်တွန်းထုပ်ခြင်းခံလိုက်ရသလိုခံစားလိုက်ရပြီး ခြေလှမ်းပေင်းများစွာနောက်ဆုတ်လိုက်ရ​၏။ ဘေးတွင်ကြောင်တက်တက်ဖြင့်ရပ်ကြည့်နေကြသော လူများကလည်းရုတ်တရက် လူရိပ်တစ်ခုပေါ်လာပြီး ချိုးဟောက်အားတွန်းထုပ်လိုက်သည့်အတွက်အံ့ဩမင်သက်နေကြရသည်။

"ဘုရားရေ ချိုးဟောက်ကိုတွန်းထုပ်လိုက်တာလား သူကဘယ်သူလဲ ချိုးဟောက်ကအိမ်တော်သခင်ကြီးရဲ့သားဆိုတာမသိဘူးလား"

"သူကတော့ဒုက္ခရောက်တော့မယ်"

"ချိုးဟောက်စိတ်တိုလာရင်သူပါ အနိုင်ကျင့်ခံရတော့မယ်"

လူအုပ်ကြီးမှာဆူညံဆူညံဖြစ်သွားပြီး ချိုးဝူယဲ့ခေါင်းမော့လိုက်သောအခါမှသာ ကျောက်စိမ်းလိုကြည်လင်ချောမွေ့သည့် မျက်နှာတစ်ခုသည် လူအုပ်ကြီးရှေ့ပေါ်လာခဲ့​၏။

"ဟင်..သူ...သူက ချိုးဝူယဲ့မဟုတ်လား"

"မဟာအကြီးအကဲရဲ့သားပဲ ချိုးဟောက်ကိုတွန်းထုပ်ရဲတာအံ့ဩစရာမဟုတ်တော့ပါဘူး"

လူအုပ်ကြီးမှာပို၍ဆူညံဆူညံဖြစ်သွားပြီးမည်သည့်အရာများဖြစ်လာမည်ကိုစိတ်ဝင်စားစွာဖြင့်ဆွေးနွေးနေကြသည်။

ချိုးဟောက်မှာရုတ်တရက်တွန်းထုပ်ခံလိုက်ရသောကြောင့် ဒေါသသကြီးဖြစ်သွားပြီးသူ့အရှေ့မှလူအားကြည့်လိုက်သည်။ ချိုးဝူယဲ့အားတွေ့လိုက်ရသည့်အချိန်တွင် ချိုးဟောက်​၏ဒေါသထွက်နေသောမျက်နှာမှာ မှုန်ကုပ်ကုပ်ဖြစ်သွားပြီး....

"ညီလေးဝူယဲ့ မတွေ့တာကြာပီနော် ဘာကြောင့်ကို့လမ်းကိုမသွားတာလဲ"

ချို့ဝူယဲ့မှာ ချိုးဟောက်အားမျက်နှာသေဖြင့်ကြည့်ပြီး မေးလိုက်​၏။

"ဒါဆို သခင်လေးချိုးဟောက်ကရော ဘာကြောင့်မိသားစုအချင်းချင်းအနိုင်ကျင့်နေရတာလဲ ဆိုတယလေးတစ်ချက်ရှင်းစမ်းပါအုံး"

ချိုးဟောက်​၏မျက်နှာမှာပို၍ပင်မှုန်ကုပ်သွားပြီး မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်။

"ဒါကမင်းကိစ္စမဟုတ်ပါဘူး ဟမ့်"

ချိုးဟောက်က သူ​၏ဝတ်ရုံအားတစ်ချက်ခါရမ်းကာလှည့်ထွက်မည့်ဟန်ပြင်လိုက်​၏ သို့သော် ချိုးဟောက်ကတစ်ခုခုကိုသတိရသွားဟန်ဖြင့်မြေပြင်ပေါ်တွင် လှဲနေသောကောင်လေးအား ခေါင်းတစ်ချက်စောင်း၍ကြည့်လိုက်ပြီး.......

"အဟက်.... ချိုးယီ ချိုးယီမင်းဒီနေ့ကံကောင်းသွားတယ်မှတ် နောက်နေ့တွေမှာ မင်းကိုဘယ်သူကကူညီနိုင်အုံးမလဲကြည့်ကြသေးတာပေါ့"

ထို့နောက်ချိုးဟောက်မှာ ချိုးဝူယဲ့အားတစ်ချက်ကြည့်လိုက်​၏။ချိုးဝူယဲ့မှာ မျက်နှာသေဖြင့်သာကြည့်နေသည်ကိုမြင်လိုက်ရသောကြောင့် စိတ်အလိုမကျဖြစ်ကာ မျက်မှောင်ကြုတ်၍အလျှင်အမြန်ပဲ လှည့်ထွက်သွားလိုက်တော့သည်။

....................

ပြီး...

All Chapters