ယဲ့ဖုန်းချီ ၏စိန်ခေါ်မှု
Vol. 1 Ch. 6
မြေပြင်ပေါ်တွင်လှဲကျနေသောကောင်လေးက တုန်တုန်ရီရီဖြင့်မတ်တပ်ထရပ်လိုက်ပြီး ချိုးဝူယဲ့အားကျေးဇူးတင်သောမျက်လုံးများဖြင့်ကြည့်ကာ...
"သခင်လေးဝူယဲ့ အခုလိုကူညီပေးလို့ ညီငယ်လေးကတကယ်ကိုကျေးဇူးတင်ပါတယ်"
"ရပါတယ်မလိုပါဘူး"
ချိုးဝူယဲ့မှာ မျက်နှာသေဖြင့်သာ ပြော၍ အဓိကခန်းမဆီသို့ ထွက်လာလိုက်သည်။ဘေးနားကလူအုပ်ကြီးမှာတော့ အပြင်အထန်ဆွေးနွေးနေကြဆဲပင်။
"ချိုးဟောက်ကဒီလိုဘဲအလျှော့ပေးသွားတာလား"
"မင်းရူးနေတာလား ချိုးဟောက်က ဒီလိုအခြေအနေမှာနောက်မဆုတ်ဘဲပြန်ချရမှာလား ချရင်ကော ချိုးဝူယဲ့ကိုနိုင်မှာမို့လို့လား"
"ဟူး.. ချိုးဝူယဲ့ကတော့ငါတို့လူငယ်မျိုးဆက်ထဲမှာ လိုက်မမှီနိုင်တဲ့ထိပ်တန်းပါရမီရှင်ပဲ"
ချိုးအိမ်တော်မှ သောကန်ပြည်နယ်ပါရမီရှင်စာရင်းတွင် အဆင့် ၅၆ ဖြစ်သည့် ချိုးရန် က ကူရာမဲ့စွာဖြင့်ပြောလိုက်၏။
.....................
ချိုးအိမ်တော်၏အဓိကခန်းမအတွင်း၌...........
ခန်းမအတွင်းပိုင်းရှေ့တည့်တည့်တွင် အဓိကခုံကြီးတစ်ခုရှိပြီး ကျန်ဘေး နှစ်ဘက်တွင်တော့ အရေးကြီးသည့်သူများထိုင်ရန်အတွက်စီစဉ်ပေးထားသော ခုံနှင့်စားပွဲများအသီးသီးရှိနေ၏။ ယခင်ကဆိုလျှင်ထိုခုံများသည် အိမ်တော်အစည်းအဝေးမရှိလျှင် ထိုင်မည့်သူမရှိနေရာလွတ်နေ၏။ ယခုမှာ မူ ထိုခုံများသည်လူများဖြင့် ပြည့်နှက်နေပြီး အချို့ဆိုလျှင်ထိုင်စရာခုံမရှိတော့သဖြင့် သက်ဆိုင်ရာလူများ၏အနားတွင်သာ မတ်တပ်ရပ်နေကြရ၏။
ထိုလူများသည် အကြောင်းအရာတစ်ခုခုကိုဆွေးနွေးနေကြဟန်ရှိပြီး ထိုဆွေးနွေးမှုများမှာ ချိုးဝူယဲ့မလာခင်အထိသာဖြစ်၏။
........
ချိုးဝူယဲ့မှာမျက်နှာသေဖြင့်သာ ခန်းမထဲသို့ဝင်လာလိုက်သည်။ အခြားမည်သူ့ကိုမှဂရုမစိုက်သလို မည်သူ့ကိုမှလဲ ရှိသည်ဟုမထင် သူ၏အဖေ ရှိရာသို့သာ ခပ်တည်တည်ဖြင့်သွားလိုက်၏။ ထိုအပြုအမူများကြောင့် ခန်းမအတွင်းရှိလူများမှာ ပါးစပ်ဟလျှက်သားဖြစ်သွားခဲ့သည်။
"ဒီကလေးကဘယ်သူလဲမာနကြီးလှချေလား"
"အကြီးတွေကိုတွေ့တာတောင်ပြုံးမပြသွားဘူး"
"သက်ဆိုးရှည်အုံးမယ်"
ခန်းမတစ်ခုလုံးမှာ များစွာသောဝေဖန်မှုအသံများဖြင့် ပြည့်နက်သွား၏။
ထိုအချိန်တွင် ဩဇာအာဏာ များဖြင့်ဖြည့်နက်နေသောအသံတစ်ခုဟိန်းထွက်လာခဲ့သည်။
"အားလုံးပဲ တိတ်တိတ်နေပေးကြပါ"
ဆူညံနေသောအသံများမှာတိတ်ဆိတ်သွားခဲ့ပြီး အားလုံးမှာထိုအသံအား အာရုံစိုက် လိုက်ကြသည်။ထိုအသံမှာ ခနတာစကားရပ်သွားပြီးနောက် စကားတစ်ခွန်းထပ်ပြောလိုက်၏။
"အခုရောက်လာတဲ့ကောင်လေးက ခင်ဗျားတို့အားလုံတွေ့ချင်နေကြတဲ့ ချိုးအိမ်တော်ရဲ့ ချိုးဝူယဲ့ ပဲ"
ချိုးဝူယဲ့အားမီးမောင်းထိုးပြပြီးသည်နှင့် ခန်းမတွင်းရှိဆွေးနွေးသံများမှာပိုမိုကျယ်လောင်လာခဲ့သည်။
"အဲ့တာကြောင့်ဒီကောင်လေးရဲ့အပြုအမှုတွေကအများနဲ့မတူ တစ်မူထူးခြားနေတာကိုး"
"ဟုတ်တာပေါ့ ပါရမီရှင်တွေရဲ့ပြုမူပုံကတကယ် နားမလည်နိုင်စရာပဲ"
"ချိုးအိမ်တော်ရဲ့ ချိုးဝူယဲ့ကဒီလိုဘဲပြုမူနေထိုင်တယ်ဆိုတာ အစတည်းကသိခဲ့သင့်တယ် ဒီပုံစံကသူနဲ့တကယ်လိုက်ဖက်ညီတာပဲ"
ချိုးဝူယဲ့မှာ ကြွက်အားကြောင်ဖြစ်အောင်ပြောပြီး ကြောင်အားကြွက်ဖြစ်အောင်ပြောတတ်သော ဤကြောင်သူတော်လိုလူများအားအမှန်ပင်မနှစ်သက်ပေ။
'နောက်ဆုံးတော့လည်း မျက်နှာကြီးရာဟင်းဖက်ပါတဲ့လူစားမျိုးတွေပါပဲလား'
ချိုးဝူယဲ့မှာ စိတ်ထဲတွင်ဤလူများအားအမှန်ပင်မနှစ်သက်သော်လည်း အပြင်ပိုင်းမျက်နှာအမူအရာသည်တော့မပြောင်းလဲချေ။ ဤအချက်မှာ ၁၄ နှစ်အရွယ်နှင့်မလိုက်အောင် ရင့်ကျက်တည်ငြိမ်သည့်စရိုက်ကိုဖော်ပြနေလေပြီ။
အရေးကြီးသည့်ပုဂ္ဂ်ုလ်များထိုင်ရန်ပြုလုပ်ပေးထားသည့် ခုံများထဲမှ တစ်ခုံတွင်ထိုင်နေသော သက်လတ်ပိုင်းအရွယ် ခန့်ညားသော လူကြီးက ပြုံးလိုက်ပြီး အေးစက်တည်ငြိမ်သော ချိုးဝူယဲ့၏အပြုအမူကိုသဘောကျနေသည့်နှယ်ရေရွှတ်လိုက်၏။
'ဒီလိုတည်ကြည်ခန့်ငြားတဲ့ လူမျိုးတွေကဘဲ မေအာနဲ့လိုက်ဖက်တာ'
..............
ချိုးဝူယဲ့သည် အရေးကြီးပုဂ္ဂိုလ်များရှိရာ ခုံများဆီသို့သွားလိုက်ပြီး ရုပ်တည်ဖြင့်ထိုင်၍အကြမ်းရည်သောက်နေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ၏အရှေ့သို့သွားလိုက်ကာအကြောင်းအရင်းအားတန်းမေးလိုက်၏.......
"အဖေ ကျွန်တော့်ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ "
ချိုးဝူယဲ့၏ အကြောမတင်းသောမျက်နှာသေသည် အနည်းငယ်ပြေလျှော့သွားပြီးဖြည်းညှင်းစွာပြောလိုက်လေသည်။ မျက်နှာသေဖြင့်နေခြင်းသည် သူ၏ယခင်ဘဝနှင့်ယခုဘဝနှစ်ခုလုံး၏ ပုံစံဖြစ်ပြီး ပြုပြင်မလွယ်ချေ။
"ပြီးတော့ဒီလူတွေကရော ဘယ်သူတွေလဲ ဆူညံနေတာပဲ"
............
"ချိုးဝူယဲ့ မင်းကိုငါစိန်ခေါ်တယ် မင်းငါ့စိန်ခေါ်မှုကိုလက်ခံလား"
မည်သည့်နေရာမှထွက်လာမှန်းမသိသောအသံတစ်ခုသည် ခန်းမတစ်ခုလုံးအားပဲ့တင်ထပ်သွားစေခဲ့သည်။
ချိုးဝူယဲ့မှာဤအသံအား ဂရုမစိုက်ပဲ သူမေးစရာရှိသည်ကိုသာထပ်မေးလိုက်၏။
"အဖေ ဘာကိစ္စရှိလို့ ကျွန်တော့်ကိုခေါ်တာလဲ"
ချိုးဝူယဲ့မျက်နှာသေဖြင့် နောက်တစ်ခေါက်ထပ်မေးလိုက်၏။
အကြမ်းရည်ကိုတည်တည်တံ့တံ့ဖြင့်သောက်နေသော ချိုးဝူယဲ့၏အဖေဖြစ်သူ အိမ်တော်၏မဟာအကြီးကဲ ချိုးရှင်းယွင် ပင် ချိုးဝူယဲ့အားအံ့ဩတကြီး ကြည့်လျှက်ပါးစပ်ကြီးဟကာ ပြောစရာစကားပျောက်ဆုံးနေခဲ့လေသည်။ အမှန်ပင်ချိုးဝူယဲ့အား အကြောင်းကိစ္စရှိ၍ခေါ်သော်လည်း အရှုပ်ထုပ်ကိစ္စကြီးကိုယ်တိုင်ကသူ၏ရှေ့ရောက်လာသည်ကိုပင် ဖုတ်လေသည့်ငပိရှိသည်ဟုမထင်ခြင်းမှာ ပြောစရာစကားများပင်ပျောက်ဆုံးသွားစေ၏။
ဆွံ့အသွားခြင်းမှာ ချိုးဝူယဲ့၏ ဖခင်ဖြစ်သူတစ်ယောက်တည်းပင်မကချေ ခန်းမတစ်ခုလုံးတိတ်ဆိတ်သွားသည်မှာ အပ်ကျသံပင်မကြားရတော့ချေ။
ထိုအချိန်တွင် လူတစ်ယောက်သည် အရေးကြီးပုဂ္ဂိုလ်များထိုင်ရာ နေရာသို့တစ်ချက်ခုန်ကာရောက်ရှိလာခဲ့သည်။
"ငါကယဲ့အိမ်တော်က ယဲ့ဖုန်းချီပဲ မင်းကိုစိန်ခေါ်ဖို့လာခဲ့တာ"
ယဲ့ဖုန်းချီမှာ သောကန်ပြည်နယ် ၍အင်အားကြီးအိမ်တော် ၃ ခုမှတစ်ခုဖြစ်သည့် ယဲ့အိမ်တော်မှ သခင်ကြီး ယဲ့၏ သားဖြစ်ပြီး ယဲ့အိမ်တော်၏သခင်လေးဖြစ်သည်။သူသည်ငယ်စဉ်ကတည်းကသိုင်းပညာတွင်အလွန်ထူးချွန်ပြီး သောကန်ပါရမီရှင်စာရင်းတွင် အဆင့် ၂ လည်းဖြစ်၏။ အသက် ၁၄ နှစ်အရွယ်တွင် ယဲ့အိမ်တော်၏ လူငယ်မျိုးဆက်အားလုံးထဲတွင် နံပတ်တစ် အဖြစ်ရပ်တည်နိုင်ခဲ့သူလည်းဖြစ်သည်။ ယခင်နှစ်ကသတ်မှတ်သော ပါရမီရှင်စာရင်းတွင်အဆင့် ၂ ရရှိထားသော ယဲဖုန်းချီမှာ ယခုအသက်၁၆ ရှိပြီဖြစ်သောကြောင့်ယခု မည်မျှသန်မာသည်ကိုပင်မသိရတော့ချေ။
သို့တော်ချိုးဝူယဲ့မှာမူ အသက် ၁၂ နှစ်သားအရွယ်ဖြင့် ချိုးအိမ်တော်၏ နံပတ်တစ်ပါရမီရှင်အဖြစ်ရပ်တည်နိုင်ခဲ့သည်မှာ ယဲ့ဖုန်းချီ၏ စစ်မှန်သော ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ကိုပင်ပျောက်ကွယ်သွားစေလုနီးပါးပင်။ ထိုအချက်ကြောင့်ပင် ယဲ့ဖုန်းချီမှာ သူ၏နာမည်ကောင်းအားခိုးယူသွားသူဟုမှတ်ကာ ချိုးအိမ်တော်မှ လူငယ်များအားပစ်မှတ်ထားခဲ့၏။သူ၏လက်ထဲတွင်ချိုးအိမ်တော်၏ပါရမီရှင်ပေါင်းများစွာရှုံးနိမ့်ခဲ့ပြီးနောက် ယခုအလှည့်ကျသော ချိုးဝူယဲ့အားစိန်ခေါ်ရန်ရောက်ရှိလာခဲ့ခြင်းပင်။
ယခုခေတ်သိုင်းလောကတွင် ယဲ့ဖုန်းချီမှာ ဂုဏ်သတင်းမွေးနေပြီး သူရဲကောင်းတစ်ယောက်သဖွယ်သတ်မှတ်ခြင်းခံနေရ၏။ ယခုသူ၏ နောက်ဆုံးပစ်မှတ်မှာ ချိုးဝူယဲ့အားအနိုင်ယူကာ လူငယ်မျိုးဆက်၏ စစ်မှန်သောပါရမီရှင်ဟူသောဂုဏ်ပုဒ်အားရယူရန်ပင်ဖြစ်သည်။ သိုင်းလောကတွင်နာမည်မကြီးချင်သောသူမည်သူရှိမည်နည်း။
....................
ယဲ့ဖုန်းချီ၏စိန်ခေါ်မှုအားကြားပီးနောက်...
ချိုးဝူယဲ့က စကားမပြောသေးသော သူ၏ဖခင်အားတစ်ချက်ကြည့်လိုက်ပြီး ယဲ့ဖုန်းချီ ဘက်သို့လှည့်ကာ......
"စိတ်မဝင်စားဘူး"
ယဲ့ဖုန်းချီမှာ ချိုးဝူယဲ့၏ သိုင်းပညာမှာ သူ့အားမမှီ၍လက်မခံခြင်းဖြစ်သည်ဟုထင်ကာ ရယ်၍ပြောလိုက်၏။
"ဟား ဟား ဟား ကောင်းပီလေ ကြည့်ရတာတော့ သောကန်ပြည်နယ်မှာ ယဲ့အိမ်တော်က လူငယ်မျိုးဆက်တွေကိုလိုက်မှီနိုင်တဲ့ သူတွေမရှိတော့ဘူးထင်တယ် ဟားဟား"
ထိုစကားမှာ ချိုးအိမ်တော်တစ်ခုလုံးအား ဖိနှိပ်လိုက်ခြင်းဖြစ်ပြီး ချိုးအိမ်တော်၏လူငယ်ပါရမီရှင်များအား မသုံးမကျဟုပြောနေသယောင်ပင်။
"ကောင်းပြီလေ လက်ခံတယ် ဘယ်အချိန်ဘယ်နေရာလဲ မင်းဆုံးဖြတ်လိုက်"
ချိုးဝူယဲ့မှာ ယဲ့ဖုန်းချီကိုပင်မကြည့်ဘဲ ပြန်ပြောလိုက်သည့်အမူအရာမှာ ဒေါသထွက်ချင်စရာပင်။
သို့သော် ယဲ့ဖုန်းချီမှာ သည်းခံအားအတော်ကောင်းသည့်လူစားမျိုးပင် ချိုးဝူယဲ့၏အမူအရာအားစိတ်မဆိုးသည့်အပြင် ရယ်ရယ်ပြုံးပြုံးနှင့်ပင်ဖြစ်နေသေး၏။
"ဟားဟား ကောင်းပြီလေ ဒါဆိုနောက် ၃ ရက်ကြာရင် ချိုးအိမ်တော်လေ့ကျင့်ရေးကွင်းမှာပဲတိုက်ကြတာပေါ့"
ချိုးဝူယဲ့မှာ သူ၏ဖခင်အားတစ်ချက်ပြန်ကြည့်လိုက်သည်။ထိုကိစ္စမှာ သူ၏ဖခင်ပြောချင်နေသည့်အကြောင်းအရာဖြစ်သည်ကိုသိရှိလိုက်၏။
"ဒါအဖေပြောချင်တဲ့ကိစ္စဆိုကျွန်တော်ပြန်ပြီ"
ချိုးဝူယဲ့မှာ သူ၏အဖေကိုသာနှုတ်ဆက်ပြီးကျန်သည့်လူများအားတစ်ချက်ပင်မကြည့်ဘဲလှည့်ထွက်သွား၏။ ချိုးအိမ်တော်သခင်သည်ပင်ဆွံ့အနေလေပြီ။သကောင့်သားမှာ ကျန်သည့်လူများအား အရေးမစိုက်ချင်းလား ရှိနေသည်ကိုပင်မသိခြင်းလား မသိတော့ချေ။
ချိုးဝူယဲ့၏ ပြန်မဖြေဘဲထွက်သွားမှုကြောင့် ယဲ့ဖုန်းချီ၏စိတ်ထဲတွင် ဘဝင်မကျဖြစ်သွား၏။
..........
ပြီး...