ဟင်းလင်းပြင်ဓားသိုင်း၏လျှို့ဝှက်ချက်
Vol. 1 Ch. 7
ခန်းမထဲမှ ချိုးဝူယဲ့ထွက်လာပြီးနောက်........
"နယ်စားမင်းချိုး ခင်ဗျားတို့ချိုးအိမ်တော်က ပါရမီရှင်က လူတွေနဲ့ဆက်ဆံရတာသိပ်သဘောကျပုံမရဘူးပဲ"
ဤစကားအားပြောလိုက်သောသူမှာအခြားလူမဟုတ်ပေ ယဲ့အိမ်တော်၏ သခင်ကြီးယဲ့ ပင်ဖြစ်သည်။ သူတို့ချိုးအိမ်တော်လာရသည့်ရည်ရွယ်ချက်မှာအခြားအကြောင်းအရာများကြောင့်မဟုတ်ပေ ချိုးဝူယဲ့ အားစိန်ခေါ်တိုက်ခိုက်ပြီးရလဒ်အားမှတ်တမ်းတင်ရန်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သခင်ကြီးယဲ့နှင့်အတူ သောကန်ပါရမီရှင်စာရင်းအားစောင့်ကြည့်သတ်မှတ်သူပါရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ခန်းမကြီး၏အဓိကခုံတွင်ထိုင်နေသော ချိုးအိမ်တော်သခင်ကြီး က မဲမှောင်နေသောမျက်နှာပျက်ဖြင့်သခင်ကြီးယဲ့အား စိုက်ကြည့်လိုက်ပေမဲ့ မည်သည့်အရာမှပြန်မပြောနိုင်ခဲ့ပေ။
ယဲ့အိမ်တော်သခင်ပြောသည်မှာလည်းမှန်ပေ၏။ ဤချိုးဝူယဲ့မှာ ငယ်စဉ်ထဲကပင်တသီးတခြားနေတတ်ပြီး အခြားကလေးများနှင့်အတူဆော့ကစားခြင်းထက်သိုင်းကျင့်နေရခြင်းကိုပို၍နှစ်သက်သည်။ ထိုအချက်ကြောင့်ပင် ချိုးဝူယဲ့မှာ ၁၂ နှစ်သားအရွယ်ဖြင့်ချိုးအိမ်တော်၏ထိပ်တန်းပါရမီရှင်ဖြစ်လာခဲ့သည်။
ဘေးနားခုံရှိ ချိုးဝူယဲ့၏ဖခင်မဟာအကြီးအကဲမှာတော့သက်ပျင်းသာချ၍နေတော့သည်။ဤကောင်လေးအားအမှန်ပင်မထိန်းနိုင်တော့ချေ တစ်နေ့ထက်တစ်နေ့ပိုပို၍အေးစက်လာသောကြောင့်ပင်။
.......................
ချိုးဝူယဲ့သည် အိမ်တော်၏ခန်းမှအတွင်းမှထွက်လာပြီး နေ့တိုင်း သိုင်းကျင့်ရသောစိတ်ကြောင့် ယခုအပန်းဖြေချင်လာခဲ့သည်။ သူ၏ဝိဉာဉ်မှာ ဤခန္ဓာပိုင်ရှင်ချိုးဝူယဲ့၏ဝိဉာဉ်ဖြင့်ပေါင်းစည်းသွားခြင်းဖြစ်သောကြောင့်လားမသိပေသူ၏အကျင့်စရိုက်များသည်များစွာပြောင်းလဲသွား၏။အရင်ဘဝမှချိုးဝူယဲ့သည် မိဘမဲ့တစ်ကောင်ကြွက်ဖြစ်ပြီး ငယ်စဉ်ကပင် မိဘမဲ့ဂေဟာ ၌ကြီးပျင်းလာကာ အရွယ်ရောက်သည့်အခါတွင် သိပ်မကြီးသော ကုန်စုံဆိုင်တစ်ဆိုင်အားဖွင့်နိုင်ရန်များစွာကြိုးစားပြီးနောက် အတော်အတင့်ချမ်းသာသောသူတစ်ဦးဖြစ်လာခဲ့သည်။ သို့သော် ချမ်းသာသောဘဝမှာ သိပ်ကြာရှည်မခံလိုက်ပေ။ ဤလောကသို့ပို့လိုက်သော ဟင်းလင်းပြင်အက်ကွဲကြောင်း ကြောင့်ပင်ဖြစ်သည်။
ချိုးဝူယဲ့သည် ချိုးအိမ်တော်အတွင်းဦးတည်ရာမဲ့စွာ လျှောက်သွားလျှက်ရှိပြီး သူ၏စိတ်သည်အတွေးထဲတွင် နှစ်မြုတ်နေပုံပင်။ ချိုးအိမ်တော်ခြံဝင်းမှာ အလွန်ကြီးမားသောကြောင့် လမ်းလျှောက်သွားလျှင် တစ်နေကုန်လျှောက်မှ ခြံဝင်းတစ်ပတ်ပတ်မိရန်ပင်မလွယ်ကူလှပေ။
ခနတာလမ်းလျှောက်ပြီးနောက် ချိုးဝူယဲ့ရပ်လိုက်သည်။ အကြောင်းအရင်းမှာ သူစိတ်ဝင်စားစရာတစ်ခုခုအားတွေ့လိုက်သောကြောင့်ဖြစ်သည်။ ဤသည်မှာ လေ့ကျင့်ရေးကွင်းထဲတွင်အသက် ၁၀နှစ်အရွယ်ကလေးနှစ်ယောက် ဓားသိုင်းပညာဖြင့်တိုက်ခိုက်နေကြခြင်းကြောင့်ဖြစ်သည်။ ချိုးဝူယဲ့မှာ ထိုကလေးနှစ်ယောက်အသုံးပြုနေသောဓားသိုင်းပညာ ၏ အားနည်းချက်အားသာချက်များကို မျက်လုံးဖြင့်ထင်းနေအောင်မြင် နေရသောကြောင့်ဖြစ်သည်။ ပထမလေးသည် ဓားကွက်ဖော်ရာတွင် နှေးကွေးပြီးအားနည်းချက်အပြည့်ပင် ။ ဒုတိယကလေးမှာ အနည်းငယ်တွက်လတ်သော်လည်း ဓားကွက်ဖော်နည်းမှားယွင်းနေခဲ့သည်။ချိုးဝူယဲ့မျက်ခုံးလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ပွဲပြီးအောင်ပင်မကြည့်ပဲ သူ၏ခြံဝင်းအတွင်းသို့လျှင်မြန်စွာပြန်သွားတော့သည်။
"ကျစ်"
ပထမကလေးသည် ဒုတိယကလေး၏ တိုက်ခိုက်မှုကြောင့်ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ရ၏။ ဒုတိယကလေးသည် ချက်ချင်းပထမကလေး၏ အနားသို့ကပ်လိုက်လာပြီး သစ်သားဓားဖြင့် ထောင့်ဖြတ်ခုတ်ချလိုက်၏။
ပထမကလေးသည် လျှင်မြန်စွာဖြင့်ရှောင်တိမ်းလိုက်ပြီး ဒုတိယကလေးအား ဖြတ်ကန်လိုက်သည်။
"ဘန်း"
ထို့နောက် ပထမကလေးသည်ဒုတိယကလေးအနားသို့ချက်ချင်းရောက်ရှိလာပြီးနောက်မထရသေးသောဒုတိယကလေးအား သစ်သားဓားဖြင့်ရွယ်ကာ....
"မင်းရှုံးပြီ"
ဒုတိယကလေးသည် ရှုံးသွားသော်လည်း မျကိနှာတွင်စိတ်ပျက်မှုများအားမတွေ့ရဘဲ ပြုံးပြုံးရွင်ရွင်ပင်။
"ချိုးကျင်း မင်းရဲ့ ဓားပညာထပ်တိုးတက်လာပြန်ပြီပဲ "
ပထမကလေးက ရယ်လိုက်ပြီး...
"ဟားဟား ချိုးဝူယဲ့နဲ့ယှဉ်ရင်တော့ငါ့ရဲ့သိုင်းပညာကဘာမှမဟုတ်သေးပါဘူးကွာ"
....................
ခြံဝင်းအတွင်းသို့ပြန်ရောက်လာချိန်တွင် ချိုးဝူယဲ့ပထမဆုံးလုပ်သောအရာမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်းပင် အလေးတုံးအပြည့်ထည့်ထားသော အိပ်တစ်လုံးအား ကျောတွင်တင်၍ သူ၏ခြံဝင်းအားစပတ်ပြေးလေတော့သည်။
တစ်ပတ်... နှစ်ပတ်... သုံးပတ်... ငါးပတ်... ဆယ်ပတ်... ဆယ့်ခုနှစ်ပတ်... နှစ်ဆယ့်သုံးပတ်ရောက်မှသာရပ်တန့်လိုက်လေ၏။ ဤကဲ့သို့လေ့ကျင့်ခြင်းကို လွန်ခဲ့သည့်ရက်အနည်းငယ်ကမှစ၍လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ချိုးဝူယဲ့သည် ချွေးတန်တရွဲရွဲဖြစ်နေသောကြောင့်ခနနားလိုက်ပြီးနောက် အတွင်းအားလေ့ကျင့်ရန်မက်မွန်ပင်အောက်ခြေတွင်နေရာတစ်ခုရှာ၍ထိုင်လိုက်၏။
မဟာသိဒ္ဓိကျင့်စဉ်၏နည်းလမ်းအတိုင်းအတွင်းအားများကို သွေးကြောအတွင်းတွင် တစ်ပတ်ပြည့်အောင်လည်ပတ်လိုက်သည်။ သေကြောလည်ပတ်ပုံနှင့် အတွင်းအားလွတ်နည်းများကွာဟမှုကြောင့်လားမသိပေ မဟာသိဒ္ဓိကျင့်စဉ်မှာ သိုင်းလောကရှိထိပ်တန်းကျင့်စဉ်များထက်ပင် နှစ်ဆ သုံးဆပို၍မြန်ပါသည်။အတွင်းအားလည်ပတ်ခြင်းအား အခေါက်နှစ်ဆယ်ပြည့်သည့်အခါတွင်ရပ်တန့်လိုက်ရ၏။
သူရပ်တန့်ချင်လွန်း၍တော့မဟုတ်ပေ။ သွေးကြောများဖောင်းလာသောကြောင့်ပင်ဖြစ်သည်။ ၁၄ နှစ်သားအရွယ်ဖြင့် အတွင်းအား အပတ်၂၀ လည်ပတ်နိုင်ခြင်းဆိုသည်မှာမယုံကြည်နိုင်စရာပင် သာမာန်အရွယ်ရောက်ပြီးသား လူတစ်ယောက်သာ အတွင်းအား အခေါက်၂၀ နှင့် ၃၀ ကြားလည်ပတ်နိုင်သည်။ ယခုလိုအသက် ၁၈ ပင်မပြည့်သေးသောသူများသည် အတွင်းအား ၁၀ ပတ်လှည့်နိုင်ရန်ပင်ခတ်ခဲနေချေပြီ။ သို့သော် ချိုးဝူယဲ့မှာ တစ်ထိုင်တည်းနှင့် အတွင်းအား အခါ ၂၀ လှည့်ပတ်နိုင်ခြင်းကြောင့် မျိုးဆက်တူ လူငယ်များထက် အတွင်းအားအရာတွင်အဆပေါင်းများစွာသာ၏။သူယခုအဓိကလိုအပ်နေသည်မှာ ခန္ဓာကြံ့ခိုင်အောင်လေ့ကျင့်ခြင်းပင်။
ချိုးဝူယဲ့သည် အတွင်းအားလေ့ကျင့်ပြီး နောက်တွင် သစ်သားဓားတစ်ချောင်းအားယူလိုက်ကာ ဓားသိုင်းအားစတင်လေ့ကျင့်တော့သည်။ ဇီးပန်းကြွေဓားကွက် ၄ ကွက်အား တစ်ကွက်ပြီးတစ်ကွက် ချောမွေ့စွာထုပ်ဖော်သွားခဲ့သည်။ ဇီးပန်းကြွေဓားသိုင်းအဆုံးတွင်လေ့ကျင့်မှုများအားမရပ်တန့်သေးဘဲ လှိုင်းကိုးလွာဓားသိုင်းအားစတင်လေ့ကျင့်တော့သည်။ လှိုင်းကိုးလွာဓားသိုင်းသည် သိုင်းကွက် ၉ ကွက်ပါဝင်ပြီးရန်သူအားကြီးမားသော ရေလှိုင်းလုံးကြီးများဖြင့်ရိုက်ခတ်ခံရသဖွယ်ပင်တိုက်ခိုက်နိုင်ပေ၏။ ရန်သူအား တစ်လှိုင်းပြီးတစ်လှိုင်း ရိုက်ခတ်စေနိုင်ပြီး ရန်သူဘက်ကလူများနေလျှင်ပင် ကူရာမဲ့စွာဖြင့်သာ အစွမ်းကုန်ခုခံကြရပေမည်။ ဤသည်မှာ ချိုးအိမ်တော်၏ ထိပ်တန်းသိုင်းပညာဖြစ်သည့် လှိုင်းကိုးလွာဓားသိုင်းပင်ဖြစ်သည်။
လှိုင်းကိုးလွာဓားသိုင်းအား ၉ ကွက်လုံးထုပ်ဖော် ရန်ခတ်ခဲလှသည် ချိုးအိမ်တော်၏ ဒုတိယမြောက်ပါရမီရှင်သည်ပင် ယခုအချိန်ထိ လှိုင်း ၆လွာမြောက်သာထုပ်ဖော်နိုင်သေး၏။ ချိုးဝူယဲ့ပင်လျှင်ယခင်က လှိုင်း၇ လွာမြောက်သာထုပ်ဖော်နိုင်၏။ သို့သော်လွန်ခဲ့သည့် အပတ်အနည်းငယ်မှစ၍ ဤဓားသိုင်းအားအပြည့်အဝထုပ်ဖော်နိုင်ခဲ့၏။ ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ကြောင့် သူ၏နားလည်နိုင်စွမ်းသည်များစွာမြင့်တက်သွား၏။
လှိုင်းကိုးလွာဓားသိုင်းအားထုပ်ဖော်ပြီးသည်နှင့် ချိုးထျန်းကျီ၏ ဟင်းလင်းပြင်ဓားသိုင်းအားစတင် လေ့ကျင့်တော့သည်။
"ရွီး ရွီး"
"ဝှစ်"
ဓားချက်များသည်လေဟာနယ်၌နေရာအပြည့်အဝယူထား၏ ဤအချက်သည် မည်သည့်ဓားသိုင်းမှ မရှိဘူးသော အချက်ပင်ဖြစ်သည်။ ဟင်းလင်းပြင်ဓားသိုင်းတစ်ခုထဲသာ ဤသို့လုပ်ဆောင်နိုင်ပေ၏။ဓားသိုင်းလေ့ကျင့်ရာတွင်စီးမျှော နေသောချိုးဝူယဲ့၏ အတွေးထဲတွင် အတွေးတစ်ခုပေါ်လာ၏။ ချိုးဝူယဲ့မှာ ဓားသိုင်းတွင်စီးမျှောခြင်းမှတစ်ဆင့် သစ်သားဓားအပေါ်သို့ အတွင်းအားများစီးဝင်စေလိုက်ပြီး အတွင်းအားကြောင့်သစ်သားဓားမပြိုကွဲစေရန် ဟန်ချက်ညီညီဖြင့် လေ့ကျင့်နေခဲ့၏။ ထို့နောက်အတွင်းအားအလုံအလောက်ထည့်ပြီးသောအခါတွင်ချိုးဝူယဲ့က သစ်သားဓားအား ခြံဝင်းအတွင်းရှိ သစ်ပင်ရှိရာအရပ်သို့အားကုန် လှည့်ကာရမ်းလိုက်သည်။
"ရွမ်"
လေထုကိုတစ်ခုခုကဖြတ်တောက်သွားသည့်အသံပေါ်လာပြီးနောက် ပြန်လည်တိတ်ဆိတ်သွား၏။ ချိုးဝူယဲ့သည်ဓားသိုင်းလေ့ကျင့်နေရာမှရပ်တန့်လိုက်ပြီးနောက် သူ၏ဓားအားလှည့်ကာရမ်းလိုက်သည့်သစ်ပင်ရှိရာသို့ပြေးသွားလိုက်သည်။သစ်ပင်အားမြင်သောအခါ ချိုးဝူယဲ့မှာအလွန်အံ့ဩသွား၏။ အဘယ်ကြောင့်ဆိုသော်သစ်ပင်၏ အလယ်တွင် ဖြတ်တောက်ခံထားရသည့်ဓားရာတစ်ခုရှိနေသောကြောင့်ပင်ဖြစ်သည်။ ဓားရာသည် သိပ်မနက်ချေ ၃စင်တီမီတာလောက်သာနက်ပြီး အလျားလိုက်မှာတော့ သစ်ပင်တစ်ခုလုံးပင်ဖြစ်သည်။
ချိုးဝူယဲ့အလွန်ဝမ်းသာသွား၏။ ထိုအရာမှာသူ၏ ဓားသိုင်းတွင်စီးမျှောစေသောအကျိုးသက်ရောက်မှုနှင့် ဟင်းလင်းပြင်ဓားသိုင်း၏လျှို့ဝှက်ချက်ကိုပို၍နားလည်သွားစေခဲ့သည်။ သူ့မှာဝှက်ဖဲတစ်ချက်ရလေပြီ။
.................
ပြီး...