နတ်မိမယ်လိုမိန်းမပျို
Vol. 1 Ch. 8
ချိုးဝူယဲ့သည် ဓားသိုင်းလေ့ကျင့်ရာတွင်ဆက်လက်စီးမျှောလိုက်ပြီး ညရောက်သည့်အချိန်မှသာရပ်တန့်လိုက်လေသည်။ ချိုးဝူယဲ့ကရေမိုးချိုးပြီးနောက် အိပ်ယာထဲသို့လှဲရန်ပြင်လိုက်ချိန်တွင် အခန်းတံခါးခေါက်သံအားကြားလိုက်ရသည်။ ချိုးဝူယဲ့သည် ချက်ချင်းထ၍ တံခါးအားသွားဖွင့်လိုက်သည်။
တံခါးရှေ့တွင်ရပ်နေသူမှာအခြားလူမဟုတ်ပေ။ ချိုးဝူယဲ့၏ ဖခင် မဟာအကြီးအကဲ ချိုးရှင်းယွင်ပင်။ ချိုးဝူယဲ့အနည်းငယ်အံ့ဩသွားသည်။ သူ့ဖခင်ကညအချိန်ကြီးဘာလာလုပ်တာလဲ။
"အဖေ လာအထဲမှာလာထိုင်ဦး"
ချိုးဝူယဲ့ကချက်ချင်းပင် ချိုးရှင်းယွင်အား အခန်းထဲသို့ခေါ်သွားလိုက်ပြီး စားပွဲရှေ့တွင်ထိုင်ခုံနေရာချပေးလိုက်ကာ ရေနွေးကြမ်းတစ်ခွက်အားငဲ့ပေးလိုက်၏။ ဤအချက်ကြောင့်ပင်ချိုးရှင်းယွင်၏မျက်နှာသည် ပြုံသယောင်သန်းနေပြီး ချိုးဝူယဲ့အားကြည့်လိုက်၏။
"ယဲ့အာ သားလေး..မင်းအမေနဲ့တကယ်တူတာဘဲ"
ချိုးဝူယဲ့မှာ ချိုးရှင်းယွင်၏စကားအားကြားလိုက်သည့်အချိန် သူ၏လှုပ်ရှားမှုအားလုံးရပ်တန့်သွားခဲ့သည်။ မှန်ပေ၏ချိုးဝူယဲ့မှာအတွေးကမ္ဘာထဲဝင်သွားခြင်းဖြစ်ပြီး ဤခန္ဓာပိုင်ရှင် ချိုးဝူယဲ့အမေရှိစဉ်အချိန်အခါကိုပြန်တွေးမိသွားခြင်းပင်။
သူ၏အမေနာမည်မှာ ချိုးယွင်လော့ ဖြစ်ပြီး လွန်ခဲ့သည့် ၅ နှစ်ကျော် သူအသက် ၉နှစ်အရွယ်မတော်တဆမှုတစ်ခုတွင် သေဆုံးသွားခဲ့သည်။ သေဆုံးသွားသည်ဟုသတ်မှတ်ထားကြသော်လည်း ချိုးယွင်လော့ ၏ အလောင်းအား မတွေ့ခဲ့ရချေ။ သို့သော်ယခု ချိုးဝူယဲ့၏မျက်နှာမှာအလွန်ထူးဆန်းနေခဲ့ပြီး သူ့အဖေမျက်နှာအားတစ်လှည့်ကြည့် ၍မျက်လုံးတစ်ခါမိတ်လျှက် လုပ်နေသည်မှာ အကြ်မ်ပေါင်းများစွာပင်။ သူ၏အမေမှာအလွန်တရာပင်လှပပြီး နတ်သမီးသယောင်ဖြစ်၏။ သူ့အဖေ၏မျက်နှာမှာ တည်ကြည်ခံ့ငြားသော်လည်း သူ့အမေနှင့် မထိုက်တန်သေးချေ။
"အနူလက်နဲ့ရွှေခွက်နှိုက်ထားတာပဲ"
ချိုးဝူယဲ့ရေရွတ်မိလိုက်သည်။ ရေနွေးကြမ်းသောက်နေသော ချိုးရှင်းယွင်က ချိုးဝူယဲ့အားရုတ်တရက်ကြည့်လိုက်ပြီး...
"ဘာဖြစ်လို့လဲ ယဲ့အာ"
"ဘာမှမဟုတ်ပါဘူး ဒါနဲ့အဖေဒီကိုလာတာ ဘာကိစ္စရှိလို့လဲ"
ချိုးဝူယဲ့က ချိုးရှင်းယွက်အားကြည့်ကာ လာရင်းကိစ္စသာမေးလိုက်၏။ချိုးရှင်းယွင်က ချိုးဝူယဲ့ကို ခြေထောက်မှစ၍ခေါင်းထိတစ်ချက်ကြည့်ကာသက်ပျင်းချလိုက်လေသည်။
"ဟင်း... နောက် ၃ ရက်နေရင်ပြိုင်မဲ့ပွဲမှာ ယဲ့ဖုန်းချီနဲ့ ပြိုင်တိုက်ခိုက်နိုင်ဖို့ယုံကြည်ချက်ရှိရဲ့လား ယဲ့အာ ယဲ့ဖုန်းချီကို ရှုံးသွားခဲ့ရင်လဲစိတ်ဓာတ်မကျနဲ့နော် သားကသူ့ထက် ၂ နှစ်တောင်ငယ်သေးတာပဲ သူနဲ့အရွယ်တူသာဆိုရင် သားကသူ့ကို တစ်ချက်ရိုက်ရုံနဲ့တင် သူရှုံးသွားလောက်တယ်"
ချိုးရှင်းယွင်က ရယ်ရယ်ပြုံးပြုံးနှင့်ပင်ပြောလိုက်သည်။ လာမည့်ပြိုင်ပွဲအတွက် ချိုးဝူယဲ့ ဖိအားများနေသည်ဟုထင်သောကြောင့် ချိုးဝူယဲ့ စိတ်သက်သာရာရလိုရငြားပြောလိုက်ခြင်းဖြစ်သည်။ အမှန်တကယ် ချိုးရှင်းယွင်ပင် သူ့သားအနိုင်ရရှိနိုင်မည်ဟုအများကြီးမမျှော်မှန်းရဲပေ။ ချိုးဝူယဲ့မှာ အလွန်တော်သည့်ပါရမီရှင်ဖြစ်သော်လည်း ယဲ့ဖုန်းချီနှင့်အသက်ကွာဟမှုများလွန်းလှ၏။
"စိတ်မပူပါနဲ့အဖေ ကျွန်တော်နိုင်မယ်ဆိုတာသေချာပါတယ်"
ချိုးဝူယဲ့က ချိုးရှင်းယွင် အားပေးနေသည်ကိုမြင်သောအခါပြုံးမိလိုက်ပြီး သေသေချာချာလေးပြန်ဖြေပေးလိုက်၏။ ချိုးဝူယဲ့ပြောသည်မှာအမှန်ပင် ယခုချိုးဝူယဲ့မှာ ယခင် ပါရမီရှင်ချိုးဝူယဲ့မဟုတ်တော့ချေ။ တာအိုလမ်းစဉ်နဲ့ထိတွေ့မိသောချိုးဝူယဲ့ဖြစ်နေချေပြီ။ ယဲ့ဖုန်းချီလို လူမျိုးတစ်ယောက်မပြောနှင့် သုံးယောက်ပေါင်းလျှင်တောင် ချိုးဝူယဲ့အားအနိုင်မယူနိုင်သေးပေ။
ချိုးရှင်းယွင်က သူ့သား ယုံကြည်မှုအလွန်ပြင်းထန်နေသည်ကိုမြင်ရသောအခါအလိုလိုပြုံးမိလိုက်ပြီး စိတ်ထဲတွင် မျှော်လင့်ချက်လေးများဖြစ်ပေါ်လာခဲ့ပါသည်။
..................
ချိုးရှင်းယွင်ပြန်သွားပြီးနောက် ချိုးဝူယဲ့မှာ ကုတင်ပေါ်သို့တက်၍အိပ်မည်ပြင်လိုက်သော်လည်းရုတ်တရက် သူ၏ခေါင်းကို ခြံဝင်းအဝင်ဝအတွင်းသို့လှည့်ကာ အာရုံစိုက်လိုက်သည်။ ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်အားလေ့ကျင့်ထားသည့်သူ၏ အာရုံမှာ သာမာန်လူများထက်အဆပေါင်းများစွာအားကောင်းပြီး ခြံဝင်းအတွင်းမှ သစ်ရွက်လှုပ်သံသဲ့သဲ့ကိုပင်ခံစားနိုင်လေ၏။
ချိုးဝူယဲ့ချက်ချင်းပင် ဓားတစ်လက်အားဆွဲယူလိုက်ပြီး အသံမထွက်စေရန် ခန္ဓာကိုယ်ကိုအတက်နိုင်ဆုံးဖော့၍ အနောက်ဘက်ပြတင်းပေါက်မှတစ်ဆင့် ခုန်ထွက်လိုက်သည်။ခြံစည်းရိုးအားဖြည်းညင်းစွာခုန်ကျော်လိုက်ပြီး ခြံတံခါးရှေ့သို့ ကွေ့ဝိုက်ကာသွား၍စောင့်ကြည့်လိုက်၏။
သို့သော်မည်သည့်အရာကိုမှမတွေ့ရဘဲ မြေပြင်ပေါ်တွင်လဲလျောင်းနေသောပုံရိပ်တစ်ခုကိုသာတွေ့လိုက်ရသည်။ သို့သော်ချိုးဝူယဲ့မှာအလျင်စလို မသွားပဲ ထိုပုံရိပ်အားအချိန် ကြာမြင့်စွာ စောင့်ကြည့်နေခဲ့သည်။ နာရီအနည်းငယ်စောင့်ကြည့်ပြီးနောက် ထိုပုံရိပ်မှာ လုံးဝမလှုပ်ရှားပဲငြိမ်သက်စွာလဲလျောင်းနေတုန်းပင်။ချိုးဝူယဲ့အနည်းငယ်စိတ်အေးသွားပြီး အနီးနားသို့ကပ်၍ကြည့်လိုက်သည်။အနီးနားသို့ရောက်သောအခါ ချိုးဝူယဲ့မှာ ချက်ချင်းပင်ငေးကြောင်သွားခဲ့သည်။
လဲလျောင်းနေသောပုံရိပ်မှာ မိန်းကလေးတစ်ယောက် မဟုတ်သေးပေ အလွန်လှပလွန်းသောမိန်းကလေးတစ်ယောက်ဖြစ်သည်။ ပါးစပ်နားတွင်သွေးများပေပွ၍ ဒဏ်ရာဒဏ်ချက်များရှိနေသော်လည်း လှပလွန်းသော ကျောက်စိမ်းလိုမျက်နှာအား မှေးမှိန်စေနိုင်ခြင်းမရှိချေ။ ဇင်ယော်မျက်တောင်များနှင့် ဖြောင့်တန်းနေသော နှာတံ ၊နီရဲနေသော နှုတ်ခမ်းသားများသည် မို့မောက်နေသော ခန္ဓာကိုယ်အချိုးစားနှင့်တွဲဖက်လိုက်လျှင် အပြီးပြည့်စုံဆုံးသော နတ်မိမယ်လေးသဖွယ်ပင်။
ယဲ့ဝူချိုးအချိန်အတော်ကြာငေးကြည့်နေမိပြီး သူ့မျက်နှာမှာနီရဲလျှက်ရှိသည်။ သူ့ဘဝနှစ်ခုပေါင်းတာတောင် ထိုမျှလှပကျက်သရေရှိသော မိန်းမပျိုးလေးအားမမြင်ဘူးခဲ့ချေ။ သူမြင်ဖူးသမျှအလှဆုံးမိန်းကလေးသည်ပင် သူမရှေ့တွင် ဘဲရုပ်ဆိုးလေးသဖွယ်ဖြစ်သွားပေလိမ့်မည်။
ချိုးဝူယဲ့မှာထိုမိန်းမပျိုအားပွေ့ချီလိုက်သောအခါ နှလုံးခုန်နှုန်းမှာအတော်အပင်မြန်ဆန်လာခဲ့သည်။ ထိုမိန်းကလေး၏ မျက်နှာအားအနီးကပ်မြင်လိုက်ရသည့်အခိုက်အတန့်မှာ ချိုးဝူယဲ့အားကျက်သေသေသွားစေခဲ့သည်။ သူမလှုပ်မရပ်ဘဲ မိန်းမပျိုလေး၏မျက်နှာအားစိုက်ကြည့်နေသည်မှာအချိန်အတော်ကြာသွားပြီး သယ်သွားရန်ပင်မေ့နေလေ၏။
ထိုမိန်းမပျိုလေး ၏အဝတ်အစားများသည်ပေါက်ပြဲနေပြီး ဒဏ်ရာများစွာလည်းရထားသေး၏။ ကြည့်ရသည်မှာအပြင်းအထန်တိုက်ခိုက်လာသည့်ပုံပင်။ချိုးဝူယဲ့တက်နိုင်သလောက်ထိုမိန်းကလေး၏ မျက်နှာနှင့် ဒဏ်ရာများသန့်စင်၍ဆေးလိမ်းထားပေးလိုက်သည်။ ပြန်သက်သာသည် မသက်သာသည်ကတော့ကံကြမ္မာပင်ဖြစ်သည်။ အဝတ်အစားများကိစ္စကတော့ မနက်ဖြန် သန့်ရှင်းရေးလုပ်ပေးသောအစေခံမလေးအားအဝတ်လှဲပေးရန်ပြောရမည့်ပုံပင်။ယနေ့ညချိုးဝူယဲ့မှာကြမ်းခင်းပေါ်တွင်သာ အိပ်လိုက်ရ၏။
.........................
မနက်ပိုင်းရောက်သောအခါအစေခံမလေးအားခေါ်၍ မြင့်မြတ်သောအထက်တန်းစားမိန်းကလေးဝတ်စုံတစ်စုံဝယ်ခိုင်းလိုက်ပြီး မနေ့ညကဒဏ်ရာရထားသောမိန်းကလေးအားအဝတ်လဲစေလိုက်၏။ အစေခံမလေးမှာ ထိုမိန်းကလေးအားမြင်၍ထူးထူးဆန်းဆန်းပင် ချိုးဝူယဲ့အားကြည့်သွားသေးသည်
ချိုးဝူယဲ့မှာလည်းအထင်မလွဲစေရန် မည်သူ့ကိုမှပြန်မပြောရန်နှင့် သူမကို မနေ့ညက ဒဏ်ရာများအပြည့်ဖြင့်တွေ့ရှိခဲ့၍ ကယ်ထားကြောင်းပြောလိုက်ရသေးသည်။
ချိုးဝူယဲ့သည် လုပ်စရာများမရှိတော့၍ သိုင်းကိုစတင်၍လေ့ကျင့်တော့သည်။ ရှေးဦးခန္ဓာကျင့်စဉ် ထို့နောက် အတွင်းအားကျင့်ပြီး နောက်ဆုံးတွင်ဓားသိုင်းနဲ့ အလွတ်တမ်းသိုင်းများကဆက်တိုက်လေ့ကျင့်နေခဲ့၏။ သူ့အတွက်အနားယူရန်အချိန်မအားလပ်လောက်အောင်ပင်။
.........
၂ရက်ကြာပြီးနောက်......
ဤနေ့မှာ ယဲ့ဖုန်းချီနှင့်တိုက်ခိုက်ရမည့်နေ့ဖြစ်ပြီး မနက်စောစော ထ၍လုပ်နေကြအတိုင်း သတိမေ့နေဆဲဖြစ်သော မိန်းကလေးအား ဆေးလိမ်းပေး၍ ဆေးရည်အားတိုက်လိုက်သည်။ လွန်ခဲ့သည့်ရက်များက ချိုးဝူယဲ့၏ ဆေးများကြောင့် မျက်နှာပေါ်ရှိဒဏ်ရာများအားလုံး ပျောက်ကင်းသွားပြီး အမာရွတ်ပင်ကျန်မနေခဲ့ချေ။ လှပကာပြီးပြည့်စုံသော မျက်နှာသည်အပြည့်အဝပေါ်လွင်လာခဲ့သည်။ခန္ဓာကိုယ်မှ ကြီးမားသောဒဏ်ရာအချို့သာကျန်ထားခဲ့၏။
ချိုးဝူယဲ့သည် လုပ်နေကျအတိုင်း ရှေးဦးခန္ဓာကျင့်စဉ်ကိုအရင်ကျင့်လိုက်ပြီး အတွင်းကျင့်လိုက်၏။ သူ၏အတွင်းအားတိုးပွားနှုန်းမှာအလွန်ကြောက်စရာကောင်းပြီးသာမာန်ထက် ဆယ်ဆလောက်ထိမြန်ဆန်လာခဲ့သည်။ ဓားသိုင်းသည်ပို၍ပင်ကြောက်ဖို့ကောင်းသေးသည် ဟင်းလင်းပြင်ဓားသိုင်းအား သတ်ဖြတ်ခြင်း ဓားကွက်တစ်ခုအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။ထိုဓားကွက်အား ဟင်းလင်းပြင်ဖြတ်တောက်ခြင်းဓားကွက်ဟုအမည်ပေးထားခဲ့သည်။ အကြောင်းမှာ ဝေးကွာသောအကွာအဝေးကိုပင် ဓားဖြင့်လှမ်းခုတ်နိုင်သောကြောင့်ဖြစ်သည်။
လေ့ကျင့်စရာသိုင်းပညာများအကုန်အစင် လေ့ကျင့်ပြီးသောအခါမှသာ ချိုးဝူယဲ့ကရေမိုးချိုးလိုက်ပြီး သက်သောင့်သက်သာ ခနအနားယူလိုက်၏။ နေ့လည်ပိုင်းသို့ရောက်သောအခါမှသာ လေ့ကျင့်ရေးကွင်းရှိရာသို့ ချိုးဝူယဲ့စတင်ထွက်ခွာလာခဲ့သည်။
....................
လေ့ကျင့်ရေးကွင်းအတွင်းထဲတွင်......
ယဲ့ဖုန်းချီမှာ မနက်ပိုင်းထဲက စောင့်နေခြင်းဖြစ်ပြီး ဘေးမှ ပရိသတ်များသည်လည်းအတူတူပင်ဖြစ်သည်။ ယဲ့ဖုန်းချီ၏မျက်နှာသည် ကြည့်ရအတော်ဆိုးနေပြီး စိတ်မရှည်တော့ဟန်ပင်။ဘေးနားမှ ပရိသတ်များသည်တော့ ပါရမီရှင်များတိုက်ပွဲကိုကြည့်ရမည်ဖြစ်သောကြောင့်လားမသိ တစ်မနက်မပြောနှင့် မနက်ဖြန်ထိစောင့်ခိုင်းလျှင်ပင်စောင့်ကြမည်ဖြစ်သည်။
ယဲ့ဖုန်းချီသည် လေ့ကျင့်ရေးကွင်းထဲတွင် မျက်လုံးမိတ်၍ဓားတစ်ချောင်းပိုက်ကာ ချိုးဝူယဲ့အားရပ်စောင့်နေခဲ့သည်မှာ တစ်မနက်ပင်ရှိနေချေပြီ။ သကောင့်သားချိုးဝူယဲ့မှာမူယခုထိရောက်ရှိမလာခဲ့သေးချေ။ ရပ်စောင့်နေကြသောသူများထဲတွင် ယဲ့အိမ်တော်သခင် ချိုးအိမ်တော်သခင်နှင့် မဟာအကြီးအကဲချိုးရှင်းယွင်တို့ပင်လျှင်ပါသေး၏။ ယခုသူတို့မျက်နှာသည်လည်းမကောင်းတော့ပေ။ သကောင့်သားမှာ သူတို့အားတစ်မနက်လုံးမတ်တတ်ရပ်စောင့်ခိုင်းထား၏။
"ရှက် ရှက်"
ထိုအချိန်အဝေးမှ လမ်းလျှောက်သံများကြားလိုက်ရသည်။ လူအားလုံး ထိူအရပ်သို့ငေးကြည့်လိုက်ကြသည်။ ဝတ်ရုံဖြူနှင့် ခန့်ညားသောလူငယ်တစ်ယောက်သည် ဓားတစ်ချောင်းအား ခါးတွင်ချိတ်ကာဖြည်းညင်းစွာလမ်းလျှောက်လာခဲ့၏။ ချိုးအိမ်တော်သခင် မဟာအကြီးအကဲနှင့် အခြားအကြီးအကဲများ၏မျက်လုံးများသည်တောက်ပလာခဲ့သည်။ သူတို့၏မျှော်လင့်ချက်မှာနောက်ဆုံးတော့ရောက်ရှိလာခဲ့လေပြီ။
............................
ပြီး....