သိုင်း ၅ ကွက်
Vol. 1 Ch. 9
ချိုးဝူယဲ့မှာ လေ့ကျင့်ရေးကွင်းဆီသို့ ဖြည်းဖြည်းသာသာဖြင့်သာလမ်းလျှောက်လာခဲ့သည်။ မျက်နှာတွင်လည်း မျက်နှာသေတစ်ခုသာဆင်မြန်းထား၏။ ချိုးဝူယဲ့လမ်းလျှောက်နေပုံမှာ နှေးကွေးပြီး မည်သူ့ကိုမှဂရုမစိုက်သောပုံစုံဖြစ်နေသောကြောင့် သည်းခံအားကောင်းသော ယဲ့ဖုန်းချီပင်လျှင် စိတ်အလိုမကျဖြစ်လာခဲ့သည်။ ဘေးနားမှပရိသတ်များမှာတော့ အသက်ရှုရန်မေ့လုနီးပါးပင်။
....
ချိုးဝူယဲ့ လေ့ကျင့်ရေးကွင်း ထဲသို့ ဖြည်းညင်းစွာလျှောက်သွားလိုက်သည်။ ချိုးဝူယဲ့မှာမျက်နှာသေဖြင့်ပင် ပြောလိုက်၏။
"အဆင်သင့်ဖြစ်ရင် မင်းအရင်စတိုက်လို့ရတယ်"
အရင်စတိုက်ခိုင်းသည့်အဓိပ္ပာယ်မှာတစ်ဖက်ကရန်သူထက် အင်အားပိုကြီးသည်ဟု ယုံကြည်ချက်ရှိသောသူများသာပြောသည့်စကားဖြစ်သည်။
"ကောင်းပီလေ"
ယဲ့ဖုန်းချီမှာ သူ့အားအထင်သေးနေသောပုံစုံဖြစ်နေသည့် ချိုးဝူယဲ့၏အမူအရာအားစိတ်မဆိုးဘဲ ပြုံးကာလက်ခံလိုက်သည်။ထို့နောက်သူကဓားဆွဲထုပ်လိုက်ပြီး....
"ရွမ်း...."
"တိုက်ကွက်ကိုကြည့်"
ယဲ့ဖုန်းချီအလျှင်အမြန်ပဲ ချိုးဝူယဲ့ ၏အရှေ့သို့ခုန်လိုက်ပြီး ဓားဖြင့်ခုတ်ချလိုက်၏။ သို့သော်ချိုးဝူယဲ့မှာ လှုပ်ရှားမှုတစ်ခုပင်မပြုလုပ်ပဲ ခေါင်းနှင့် ခန္ဓာကိုယ်အား ဘေးသို့အနည်းငယ်လှည့်ကာ ထိုဓားချက်အားရှောင်ရှားလိုက်သည်။ ယဲ့ဖုန်းချီ၏ခုတ်ချလိုက်သောဓား မြေကြီးသို့မထိခင်မှာတင် ယဲ့ဖုန်းချီက ရုတ်တရက်ရပ်တန့်လိုက်ပြီး ဓားသွားအား ဒေါင်လိုက်မှ အလျားလိုက်သို့ အနေအထားပြောင်းလိုက်ကာ အလျားလိုက်ရမ်းချလိုက်၏။ ယဲ့ဖုန်းချီ၏ လှုပ်ရှားမှုများသည် အလွန်မြန်ဆန်သော်လည်း ချိုးဝူယဲ့၏မျက်လုံးထဲတွင်အလွန်နှေးကွေးနေဆဲပင်။
ချိုးဝူယဲ့မှာ သူ၏ ခေါင်းနှင့် ခန္ဓာကိုယ်အား ပတ်လက် ကိုင်းညွတ်လိုက်ပြီး ယဲ့ဖုန်းချီ၏ ဓားကွက်အားရှောင်ရှားလိုက်သည်။ ယဲ့ဖုန်းချီ ဆွဲရမ်းလိုက်သော ဓားချက်မှကင်းလွတ်သွားသောအခါ ချိုးဝူယဲ့က လေပေါ်သို့ချက်ချင်းခုန်လိုက်ပြီး ခန္ဓာကိုယ်အားတစ်ပတ်လည်ကာ ဟာကွက်ဖြစ်နေသော ယဲ့ဖုန်းချီ၏ ရင်ဘက်သို့ ဘယ်ခြေထောက်ဖြင့်ပိတ်ကန်လိုက်၏။
"ဘန်း"
ယဲ့ဖုန်းချီ လည်းမသက်သာသည့်ဆုံး ကျန်နေသောဘယ်လက်ဖြင့်သာရင်ဘက်အားကာ၍ နောက်သို့ ခြေ ၅ လှမ်းခန့်ဆုတ်ပေးလိုက်ရသည်။ နှစ်ယောက်လုံး၏ ကြားထဲတွင်အကွာအဝေးတစ်ခုကွာခြားသွားခဲ့လေပြီ။ဘေးနားမှကြည့်နေသောပရိသတ်များမှာမူ ပြောစရာစကားပင်ပျောက်ရှနေလေပြီ။ ချိုးအိမ်တော်၏ ချိုးဝူယဲ့မှာ ယဲ့ဖုန်းချီ ဖြင့်သိုင်းတစ်ကွက်ဖလှယ်ခဲ့ပြီး အဆုံးတွင် လူငယ်ပါရမီရှင်ဟုကျော်ကြားနေသော ယဲ့ဖုန်းချီမှာ နောက်ဆုတ်ပေးလိုက်ရသည်လား။
ပရိသတ်များထက်ပို၍အံ့ဩနေကြသူများမှာ ချိုးအိမ်တော်မှ အိမ်တော်သခင်များနှင့် အကြီးအကဲ စီနီယာများပင်ဖြစ်သည်။ ထိုလူကြားထဲ ယဲ့အိမ်တော် သခင်သည်ပင်ပါသေး၏။ ယဲ့အိမ်တော်သခင်မှာ အလွန်ပင်အံ့ဩနေတော့သည် သူသိသလောက်ပြောရရင် ပထမတိုက်ကွက် စတိုက်သည့်အချိန်တိုင်းယဲ့ဖုန်းချီ၏ ပြိုင်ဘက်များကနောက်ဆုတ်ပေးခဲ့ရသာကြီးသာ။ ချိုးရှင်းယွင်မှာတော့ ပြုံးမိသည်ထက်ပို၍ပျော်နေမိသည် ချိုးဝူယဲ့မှာသူ့သားမဟုတ်ပါလား။ မည်သည့်ဖခင်က သူ့သားအနိုင်ရရှိနေသည်ကို မပျော်ဘဲနေမည်နည်း။
....................
ယခုယဲ့ဖုန်းချီကိုယ်တိုင်ပင်အလွန်အံ့ဩနေခဲ့သည်။
သကောင့်သားမှာ သူ၏တိုက်ကွက်အား နောက်ဆုတ်၍မရှောင်ပဲနှင့် တန်ပြန်၍ပင်တိုက်ခိုက်ကာ သူ့အားနောက်ဆုတ်စေခဲ့သည်မဟုတ်လား။ ယဲ့ဖုန်းချီ၏မျက်နှာသည်အလေးအနက်ဖြစ်သွားပြီး သူ၏ဓားအားတင်းကျပ်နေအောင်ကိုင်ကာအသင့်ပြင်လိုက်၏။
ချိုးဝူယဲ့မှာ မျက်နှာသေဖြင့်သာရပ်တန့်နေခဲ့သည်။ တိုက်ခတ်လာသော လေပြေများက ပခုံးအောက်ထိပင်ရှည်လျားနေပြီဖြစ်သော သူ၏ဆံနွယ်များ နှင့် အဖြူရောင်ဝတ်လုံအား လွင့်မျှောစေသည့်ပုံမှာ သဘာဝအလွန်ကျပြီး မျက်စိပဒေဿ ဖြစ်စရာပင်။ ချိုးဝူယဲ့ ရုတ်တရက်လှုပ်ရှားလိုက်သည်။
ယဲ့ဖုန်းချီသည် တိုက်ကွက်များအားချင့်ချိန်နေတုန်းမှာပင် ချိုးဝူယဲ့သည် သူ၏မျက်လုံးရှေ့တွင် ဘွားကနဲပေါ်လာခဲ့သည်။ ယဲ့ဖုန်းချီ၏မျက်နှာသည်ချက်ချင်းပင်ပြောင်းလဲသွားပြီး လက်နှစ်ဖက်အား ကြက်ခြေခတ်သဏ္ဍာန်လုပ်ကာ ခုခံလိုက်ရသည်။
ချိုးဝူယဲ့သည် ယဲ့ဖုန်းချီ၏ ရှေ့တည့်တည့်သို့ မြင့်မားသောအမြန်နှုန်းဖြင့်ပြေးလွားလိုက်ကာ လေပေါ်သို့ခုန်လိုက်ပြီးညာခြေထောက်ဖြင့်ယဲ့ဖုန်းချီ၏ မျက်နှာတည့်တည့်သို့ ကန်ချလိုက်သည်။
"ဘန်း..."
ယဲ့ဖုန်းချီချက်ခြင်းပင် နောက်သို့လွင့်ထွက်သွားပြီး ခြေလှမ်းပေါင်းဒါဇင်လောက်နောက်ဆုတ်ပြီးမှသာ အရှိန်သတ်နိုင်လိုက်၏။ ယဲ့ဖုန်းချီ၏ စိတ်သည်ခြောက်ခြားသွားခဲ့သည်။ ထိုကန်ချက်မှာ ကြောက်စရာကောင်းလောက်အောင်ပြင်းထန်သော အင်အားများပါဝင်နေခဲ့ပြီး သူသာ မခုခံမိလျှင် မျက်ခွက်စုတ်သွားနိုင်သည်။ယခုသူ၏လက်များသည် တုန်ခါနေပြီး အကန်ခံလိုက်ရသောနေရာတွင်ထုံကျဉ်နေခဲ့သည်။ယဲ့ဖုန်းချီသူ၏ဓားအားခတ်မြန်မြန်ပြင်ဆင်လိုက်ပြီး ချိုးဝူယဲ့ဆီသို့ဓားထိပ်ဖြင့်ချိန်၍မြန်ဆန်သောအရှိန်ဖြင့် ဓားဖျားနှင့်အတူတိုးဝင်လာခဲ့သည်။
"ရွှမ်း"
ရုတ်တရက် ယဲ့ဖုန်းချီသည် ဘေးသို့ အရှိန်သတ်လိုက်ပြီး ဓားဖြင့် ချိုးဝူယဲ့ဆီသို့ ခုတ်ချလိုက်၏။ ဓားချက်ပင်မရောက်သေးချေ။ ယဲ့ဖုန်းချီက လေပေါ်သို့ခုန်တက်လိုက်ကာ အပေါ်မှ ဓားဖြင့်ချိုးဝူယဲ့၏ဦးခေါင်းတည့်တည့်သို့ထိုးချလိုက်သည်။ ထူးဆန်းသည်မှာ တိုက်ခိုက်မှုသုံးခုလုံးသည်ယခုထိ တပြိုင်တည်း ဖြစ်နေသည့်ပုံပင်။ ဤသည်မှာ ယဲ့အိမ်တော်၏ ပုံရိပ်ယောင်ဓားသိုင်းပင်ဖြစ်သည်။ သာမာန်လူများဆိုလျှင်တော့ တစ်ပြိုင်တည်းတိုက်ခိုက်မှုသုံးခုအား မည်သို့ခုခံရမှန်းမသိဖြစ်သွားပေလိမ့်မည်။ သို့သော် ချိုးဝူယဲ့၏မျက်စိထဲတွင် ယဲ့ဖုန်းချီမှာ လျှောက်ပြေးနေသောကောင်လေးသာသာပင်။
ချိုးဝူယဲ့သည် တစ်ပြိုင်နက်တိုက်ခိုက်လာသော တိုက်ခိုက်မှုသုံးခုအား တစ်ချက်မျှပင်မကြည့်ချေ။ မျက်နှာရှေ့တည့်တည့်သို့သာစူးစိုက်ကြည့်လိုက်ပြီး လက်ညိုးနှင့်လက်ခလယ်အား ရှေ့ထုပ်ကာ ရှေ့မှတိုက်ခိုက်လာသော ဓားချက်ကိုသာ လက်နှစ်ချောင်းဖြင့်ညပ်လိုက်၏။ ဤဓားချက်သည်သာအစစ်ဖြစ်ပြီး ကျန်ပုံရိပ်ယောင်များလျှင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
ယဲ့ဖုန်းချီလည်းမကောင်းသောခံစားချက်များ ရလိုက်သော်လည်း တိုက်ခိုက်မှုထဲသို့အတွင်းအားများစွာပေါင်း ထည့်လိုက်၏။ အလွန်ကြီးမားသောအင်အားကြီးတစ်ခုက ချိုးဝူယဲ့၏ ဓားတွင်ညပ်ထားသော လက်နှစ်ချောင်းအားတွန်းဖယ်နေခဲ့သည်။ ချိုးဝူယဲ့သည်လည်း ချက်ချင်းပင်လက်ချောင်းထဲသို့အတွင်းအားတစ်ဝက်ခန့်ပေါင်းထည့်လိုက်၏။ အတွင်းအားပြိုင်ဆိုင်မှုသည်စတင်ဖြစ်ပေါ်လာခဲ့သည် နှစ်ဦးလုံး၏ ဆံနွယ်များသည် အနောက်သို့ လူးလွင့်နေသည်မှာ အတွင်းအားပြိုင်ဆိုင်နေသည်မှန်းသိသာလှသည်။
အချိန်အနည်းငယ်ကြာ သူမသာကိုယ်မသာ အတွင်းအားပြိုင်ဆိုင်နေခဲ့ပြီး တစ်ယောက်ကဓားတစ်ယောက်ကလက်ချောင်းလေးနှစ်ချောင်း ဖြင့်ပြိုင်ဆိုင်နေခဲ့၏။ ချိုးဝူယဲ့ မျက်မှောင်ကြုတ်သွားခဲ့သည် ဤသို့ကြာရှည်စွာယှဉ်ပြိုင်မှုအားသဘောမကျချေ။ ချိုးဝူယဲ့အတွင်းအား အနည်းငယ်ပိုထည့်လိုက်သည်။ ယဲ့ဖုန်းချီသည်ရုတ်တရက် ထိတ်လန့်သွားခဲ့ပြီး အားကုန်ခုခံလိုက်၏။ သို့သော်မည်မျှပင်မကြာချေချိုးဝူယဲ့ လက်နှစ်ချောင်းမှ အတွင်းအားတွန်းကန်မှုကြောင့် မထိန်းနိုင်တော့ဘဲ ယဲ့ဖုန်းချီ၏လက်ထဲမှ ဓားလွတ်သွားကာ ပြင်းထန်သောအတွင်းအားကြောင့် နောက်သို့လွင့်ထွက်သွားခဲ့သည်။
ယဲ့ဖုန်းချီလွင့်ထွက်သွား၍ မြေပေါ်ပင်ပြန်မကျသေးချေ။ ချိုးဝူယဲ့မှာ သူ့ရှေ့သို့ဘွားကနဲပြန်ပေါ်လာပြီး အတွင်းအားပါသော လက်ဖဝါးဖြင့် ရိုက်လွင့်လိုက်၏။
"ဘန်း"
ယဲ့ဖုန်းချီ လေ့ကျင့်ရေးကွင်း၏ အပြင်ဖက်သို့ လွင့်ထွက် သွားပြီး သစ်သားတုံးများဖြင့်ဝင်ဆောင့်မိလိုက်သည်။ ယဲ့ဖုန်းချီသွေးတစ်လုပ်အန်ချလိုက်ရပြီး ပြန်ထရန်ပြင်လိုက်သည်။ သို့သော်မည်သည့်အချိန်တည်းကရောက်ရှိနေမှန်းမသိသော ချိုးဝူယဲ့၏ လက်ဖဝါးသည် သူ၏လည်ဂုတ် အားချိန်ရွယ်ထားခဲ့သည်။
ဤပြိုင်ပွဲတွင်သူရှုံးသွားခဲ့လေပြီ။ အပြတ်အသတ်ပင်ရှုံးနိမ့်သွားချေပြီ။ ယဲ့ဖုန်းချီ၏ မျက်လုံးသည်ဗလာဖြစ်နေပြီး မယုံကြည်နိုင်မှုများဖြင့်ပြည့်နက်နေခဲ့သည်။ သူတိုက်ကွက် ၅ ခုအတွင်းအမှန်တကယ်ပင်ရှုံးနိမ့်သွားခဲ့သည်။ အမှန်တကယ်တိုက်ကွက် ၅ ခုပင်မခံနိုင်ခဲ့ချေ ထို့အပြင် သူ၏ပြိုင်ဘက်မှာ ခါးတွင်ချိတ်ထားသောဓားကိုပင်မသုံးရသေးပေ။ သူ၏ဂုဏ်သိက္ခာအားလုံး ယနေ့ ဤနေရာတွင်ရေစုန်မြောရပေတော့မည်။
ဘေးနားတွင်ဝိုင်းကြည့်နေကြသောသူများသည် အံ့ဩရုံတင်မကတော့ပေ အလွန်ပင်ထိပ်လန့်သွားခဲ့သည် ယဲ့ဖုန်းချီကို သိုင်းကွက် ၅ ကွက်အတွင်း အနိုင်ရရှိသွားခဲ့လေပြီ။ သိုင်းလောကတွင်ပေါက်ကြားသွားပါက လူတိုင်းထိပ်လန့်သွားကြပေမည်။ ယဲ့အိမ်တော်၏ သခင်ကြီးယဲ့မှာတော့ မျက်လုံးပင်ပြူးနေခဲ့ပြီး အံ့ဩလွန်းသဖြင့် ပါးစပ်ကြီးဟလျှက်သားဖြစ်နေခဲ့သည်။ ဤပြိုင်ပွဲမှာ လုံးဝအဓိပ္ပာယ်မရှိချေ။ ဤသည်မှာတစ်ဖက်သတ်အနိုင်ယူခြင်းသာဖြစ်ပြီး တစ်ဖက်ကဘာမှပင်လုပ်ချိန်မရလိုက်ချေ။
မဟာအကြီးအကဲ ချိုးရှင်းယွင်နှင့်ချိုးအိမ်တော်မှ လူအိုကြီးတစ်သိုက်မှာတော့ ကျေနပ်အားရလျှက်ရှိပြီး ရယ်ရယ်မောမောဖြင့် ချိုးဝူယဲ့အကြောင်းဆွေးနွေးနေခဲ့ကြသည်။
...............
ချိုးဝူယဲ့အချိန်အနည်းငယ်ကြာနှုတ်ဆိတ်နေပြီးနောက် ခံစားချက်မပါသောအသံဖြင့်.....
"မင်းရှုံးပြီ မင်းရဲ့အထုပ်တွေသိမ်း မင်းအဖေကိုခေါ်ပြီး ဒီနေရာကနေလစ်လိုက်တော့"
"ချီအာ"
ယဲ့အိမ်တော်သခင်ကြီးကလျှင်အမြန်လှုပ်ရှားလိုက်ပြီး ယဲ့ဖုန်းချီနားသွားလိုက်၏။ ထို့နောက် ယဲ့ဖုန်းချီ၏အနောက်တွင်ထိုင်၍ အတွင်းအားဖြင့် ကျောနောက်တွင်ကပ်ကာ ကုသပေးနေခဲ့သည်။
ယဲ့ဖုန်းချီသွေးတစ်လုပ်အန်လိုက်ပြီး နောက် ကမောက်ကမဖြစ်နေသော သူ၏အတွင်းအားများကိုအချိန်မှီ ထိန်းညိနိုင်ခဲ့သည်။ထို့နောက်ယဲ့ဖုန်းချီက ထရပ်လိုက်ပြီး ချိုးဝူယဲ့ဘက်သို့လှည့်ကာ မလိုလားသောမျက်နှာဖြင့်အရှုံးအားဝန်ခံလိုက်ရသည်။
"ငါရှုံးသွားပြီ မင်းနိုင်တယ်"
ထို့နောက် ယဲ့ဖုန်းချီသည် လှည့်ထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက် ယဲ့ဖုန်းချီခေါင်းပြန်လှည့်လာခဲ့ပြီး...
"တစ်နေ့ကျရင် ပြန်လာခဲ့မယ် မင်းကို စိန်ခေါ်ပြီးအနိုင်ယူပြမယ်"
ချိုးဝူယဲ့မှာ ယဲ့ဖုန်းချီအားတစ်ချက်ပင်မကြည့်ပဲ အခြားတစ်ဖက်သို့သာမျက်နှာမူနေခဲ့သည်။ ချိုးဝူယဲ့၏အမူရာသည် အလွန်အမင်း ရိုက်သတ်ချင်စရာကောင်းနေခဲ့သည်။ဘေးမှ ယဲ့အိမ်တော်သခင်သည်ပင် လက်ယားလာခဲ့သည်။
ချိုးဝူယဲ့လဲကြာကြာမနေတော့ချေ။ ချက်ချင်းပင် သူ၏ခြံဝင်းဘက်သို့သာလှည့်ထွက်လာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှသွားနှုတ်ဆက်မနေခဲ့ချေ။ ဤနေရာတွင်လူရှုပ်လွန်းပေသည်။ နောက်မှသူ့အဖေဆီသို့သွားမည်ဟုဆုံးဖြတ်ထားလိုက်သည်။
.......................
ပြီး...