အခန်း (၁၀)
Vol. 1 Ch. 10
ချိုးဝူယဲ့ သူ၏ ခြံဝင်းလေးအတွင်းသို့သာပြန်ခဲ့လိုက်ပြီး အေးဆေးအနားယူလိုက်သည်။ ထို့နောက် မေ့မျှောနေသော မိန်းကလေးကတစ်ချက်ကြည့်လိုက်၏။ မည်သည့်အချိန်ပဲကြည့်ကြည့် မှင်သက်သွားရစမြဲပင်။ ထိုမိန်းကလေးမည်သည့်နေရာမှလာသနည်း။ မည်သူကရော ဒီလောက်လှတဲ့မိန်းကလေးအား တိုက်ခိုက်အနိုင်ကျင့် ခဲ့သနည်း။ မည်သူပင်ဖြစ်ပါစေ ထိုလူမှာ အလွန်ရက်စက်ပြီးသွေးအေးသောသူဖြစ်လိမ့်မည်ဆိုတာသေချာပါသည်။
ချိုးဝူယဲ့ အတွေးလွန်ရင်းလွန်ရင်းဖြင့်ပင် အိပ်ပျော်သွားခဲ့လေသည်။......
..........................
"ဝါး"
ချိုးဝူယဲ့ကုတင်အောက် တွင်ခင်းထားသောကြမ်းခင်းပေါ်တွင်နိုးထလာခဲ့ပြီး အကြောဆန့်ကာသမ်းဝေလိုက်၏။
သူအိပ်ပျော်သွားသည့်အချိန်သည်မည်မျှကြာသည်ပင်မသိတော့ချေ။ ထိုကဲ့သို့ နှစ်နှစ်ခြိုက်ခြိုက်အိပ် မပျော်သည်မှာ ကြာရှည်လွန်းခဲ့ချေပြီ။ဤလောကသို့ရောက်လာတည်းက သိုင်းကျင့်ခြင်း စူးစမ်းရှာဖွေခြင်းဖြင့်သာအချိန်ကုန်ဆုံးခဲ့ရပြီး ထိုသို့နှစ်နှစ်ခြိုက်ခြိုက် တစ်ခါမှအိပ်မပျော်ဖူးချေ။
"ဘယ်အချိန်တောင်ရှိသွားပြီလဲမသိဘူး"
ချိုးဝူယဲ့ သူ၏မျက်လုံးအားပွတ်လိုက်ကာရေရွတ်မိလိုက်သည်။
ထိုအချိန်တွင်.......
"နင်အိပ်ပျော်နေတာ တစ်ရက်ကျော်သွားပြီ"
ဘေးမှ အေးစက်စက် ဖြင့် မိန်းကလေးအသံတစ်သံအားကြားလိုက်ရသည်။
ချိုးဝူယဲ့၏ ကျေနပ်နေသောမျက်နှာသည်ချက်ချင်းတောင့်ခဲသွားပြီး သူ့၏လှုပ်ရှားမှုများအေးခဲသွားခဲ့သည်။ သူ့ခေါင်းသည်ဘေးဘက်သို့အလိုအလျောက်လှည့်မိသွားသည်။ မြင်လိုက်ရသောအရာမှာ သူ၏ခေါင်းအားချာချာလည်သွားစေခဲ့သည်။ အလွန့်အလွန် လှပသော မိန်းကလေးတစ်ယောက် မျက်မှောင်ကြုတ်နေပုံမှာ တိုက်ခတ်နေသောလေများကိုပင် ရပ်တန့်သွားစေသယောင်ပင်။
သို့သော်လှည်းချိုးဝူယဲ့မှာ ထိုအလှတရားကို ငေးမောမှင်သက်ရန်ပင်မထားနှင့် သူ့ခန္ဓာကိုယ်သည်အနည်းငယ်ပင်လှုပ်မရတော့ချေ။ ကျောပြင်တွင်လည်းချွေးစေးများကျနေခဲ့သည်။
သူမြင်နေရသည်မှာ အေးစက်လွန်းသောမျက်နှာဖြင့် အလွန်လှပသောမိန်းကလေးတစ်ယောက်ကုတင်ပေါ်တွင်ထိုင်နေပြီး ချိုးဝူယဲ့အားအပေါ်စီးမှ မျက်မှောင်ကြုတ်ကာကြည့်နေခဲ့သည်။ ထိုမိန်းကလေး၏ ခန္ဓာကိုယ် အနားတွင် အေးစက်သောအဖြူရောင်အငွေ့အသက်များရစ်သိုင်းနေပုံမှာ နတ်သမီးတစ်ပါးအားမြင်နေရသယောင်ပင်။
ချိုးဝူယဲ့မှာ အလှတရားအားခံစားနေရန် အချိန်မရှိပေ။ သူ့၏မျက်နှာသေပေါ်မှ မျက်လုံးများကျဉ်းမြောင်းနေခဲ့ပြီး အလွန်ကြီးမားသော အန္တရာယ်ကြီးတစ်ခုအား ခံစားနေခဲ့ရသည်။ ထိုမိန်းကလေး၏ ပတ်ဝန်းကျင်မှအငွေ့အသက်သည်အေးခဲနေပြီး အအေးဓာတ်က အရိုးထဲအထိပင်ခိုက်ခိုက်တုန်စေနိုင်သည်။
"ငါသတိမေ့နေတုန်းဘာတွေလုပ်ထားသေးလဲ"
ထိုမိန်းမလှလေးက အေးစက်စက်အသံဖြင့်မေးလိုက်၏။
ချိုးဝူယဲ့မှာ ယခင်ဘဝတုန်းကနှင့်ပင် စွန့်စားရဲသူ သတ္တိရှိသူဖြစ်သည် ထို့ကဲ့သို့သတ္တိမရှိလျှင်မည်သို့ချမ်းသာပါတော့မည်နည်း။ အမှန်ပင် တစ်ဘဝသေဆုံးခြင်းကိုကြုံတွေ့ဖူးသောကြောင့် နောက်တစ်ခေါက်ထပ်သေမည့်အမှုကိစ္စဖြစ်လျှင်ပင်ကြောက်လန့်မနေတော့ချေ။ယခင်ဘဝတုန်းကနှင့်ပင်ထောက်ပံ့မည့်သူမရှိဘဲ ကံကြမ္မာကောင်းအားကိုယ်တိုင်ပုံဖော်ခဲ့ရသူဖြစ်သည်။ ချိုးဝူယဲ့မှာ ထိုမိန်းကလေးကြောင့် အနည်းငယ်ထိတ်လန့်နေသော်လည်း ကြောက်ရွံ့ခြင်းတော့မရှိချေ။ ကြောက်ရအောက်လည်း သူမည်သူ့အမှားမှ မလုပ်ထားခဲ့ပေ။
ချိုးဝူယဲ့ကထိုမိန်းကလေးအား မျက်နှာသေဖြင့်သာစိုက်ကြည့်၍ ပြန်ဖြေလိုက်သည်။
"ကျုပ်ကခင်ဗျားကိုကယ်ထားတယ်ဆိုရုံလေးဘဲ"
မိန်းမလှလေး၏မျက်နှာသုန်မှုန်သွားပြီး.....
"ဒါဆိုဒီအဝတ်စားတွေက.."
"အစေခံမလေးတွေကို လှဲခိုင်းထားတာ"
ချိုးဝူယဲ့ကစကားကြားဖြတ်ပြောလိုက်၏။ ထို့နောက်နှစ်ယောက်လုံးတိတ်ဆိတ်သွားခဲ့ကြသည်။
ခနကြာပြီးနောက်ချိုးဝူယဲ့က အရင်ထကာ ထုံးစံအတိုင်းသစ်သားဓားတစ်ချောင်းဆွဲယူ၍ အပြင်ထွက်ရန်ပြင်လိုက်သည်။
"ဘယ်သွားမှာလဲ"
မိန်းမလှလေးက အေးစက်စက်ဖြင့်မေးလိုက်၏။
ချိုးဝူယဲ့မှာ နောက်ပင်လှည့်မကြည်ပဲ ပြန်ဖြေလိုက်သည်။
"သိုင်းကျင့်မလို့"
ဤမြင်ကွင်းမှာအမှန်တကယ်ပင်စိတ်ဝင်စားဖို့ကောင်းပါသည်။ တစ်ယောက်က နှစ်တစ်ထောင်ရေခဲကဲ့သို့အေးစက်နေပြီး နောက်တစ်ယောက်မှာတော့ မျက်နှာသေဖြင့် အပိုးမကျိုးသောလူ ဖြစ်သည်။တွေးကြည့်လျှင်တကယ် ကြောင်တောင်တောင်ပင်ဖြစ်သည်။
ထို့နောက်ချိုးဝူယဲ့ကဘာမှဆက်မပြောတော့ချေ။ မိန်းမလှလေးနိုးလာပြီဖြစ်၍မကြာခင်သူ့အိမ်သူပြန်သွားပေလိမ့်မည်ဟုသာတွေးလိုက်သည်။ ထိုမိန်းမလှလေးမှာ ရူးလောက်အောင်လှပသော်လည်း ချိုးဝူယဲ့ ၏စိတ်ထဲတွင်သိုင်းပညာနှင့် တာအိုလမ်းစဉ်သာရှိသည် နောက်ထပ်ပြန်ဆုံခြင်း မဆုံခြင်းကတော့ကံကြမ္မာပင်။
..........................
မိန်းမလှလေးသည်အတော်ကြာတိတ်ဆိတ်နေပြီးနောက်အေးစက်စက်ပြုံး၍......
"စိတ်ဝင်စားစရာဘဲ ငါအရှင်မကို ဒီလိုပုံစံနဲ့စကားပြောရဲတာ ဒီကောင်လေးပထမဆုံးဘဲ"
ထို့နောက် ကုတင်ပေါ်တွင်ထိုင်နေသော သူမ၏ပုံရိပ်သည် ဖျက်ကနဲပျောက်ကွယ်သွားတော့သည်။
............
မက်မွန်ပင် အောက်တွင်....
ချိုးဝူယဲ့လေ့ကျင့်နေသည်မှာအတော်ပင်ကြာနေလေပြီ။ သို့သော်သူမမောပန်းချေ။ သိုင်းဈာန်ထဲတွင် မျှောနေခြင်းမှာ ချိုးဝူယဲ့၏ သိုင်းပညာများကို မြန်မြန်ဆန်ဆန်တိုးတက်လာစေသည်။ သူ၏ဓားကွက်နှင့်လှုပ်ရှားမှုများက ပုံစံတစ်ခုပြီးတစ်ခုပြောင်းနေပြီး လှုပ်ရှားမှုတိုင်းသည်ချောမွေ့နေခဲ့သည်။
အချိန်အနည်းငယ်ထပ်ခါထပ်ခါကျင့်ပြီးနောက် သိုင်းပညာလေ့ကျင့်ခြင်းအားရပ်နားလိုက်သည်။ ထို့နောက်ရေချိုး အဝတ်လဲကာ အခန်းထဲသို့ဝင်လိုက်သည်။ သို့သော် အခန်းတံခါးဖွင့်လိုက်ပြီးနောက် ချိုးဝူယဲ့တောင့်ခဲသွားခဲ့သည်။
ထိုမိန်းကလေးကမပြန်ပဲ သူ့အခန်းထဲမှာဘာလို့ရှိနေရသေးတာလဲ။ချိုးဝူယဲ့က မျက်မှောင်ကြုတ်ကာမေးလိုက်၏။
"ခင်ဗျား မထွက်သွားသေးဘူးလား"
"ငါ...ငါမှာသွားစရာနေရာရှိဘူး ငါ့နေရာက ဒီကုန်းမြေကြီးရဲ့အခြားတစ်ဖက်မှာ အခုငါ့အခြေအနေနဲ့ပြန်လို့မရဘူး"
မိန်းမလှလေးက အနည်းငယ်ရှက်နေသော်လည်း အေးစက်စက်ဖြင့်သာပြောလိုက်သည်။
ချိုးဝူယဲ့ ခနတာတိတ်ဆိတ်သွားခဲ့သည်။ ဤမိန်းကလေး၏နေရာသည် အခြားကုန်းမြေမှ ဖြစ်သောကြောင့် ထိုမိန်းမလှလေးသည်မရိုးရှင်းပါ။မည်သည့်နည်းနှင့်မှသာမန်မဖြစ်နိုင်ချေ။
"အဲ့တော့ကျုပ်က ခင်ဗျားကို အိမ်ပေါ်ခေါ်တင်ပြီးကျွေးထားရမယ်ပေါ့" ချိုးဝူယဲ့ခနဲလိုက်သည်။
မိန်းမလှလေးက မျက်မှောင်ကြုတ်သွားပြီး ခနတာစဉ်းစားလိုက်သည်....
"ခုနကနင်ဓားသိုင်းလေ့ကျင့်နေတာတွေ့တယ် ဒါဆိုဒီလိုလုပ် ငါနင့်ကို ဓားသိုင်းတစ်ခုသင်ပေးမယ် အနဲဆုံးတော့ ရွှေထက်အဖိုးတန်တယ်"
ချိုးဝူယဲ့မျက်လုံးများတောက်ပသွားခဲ့ပြီး..
"ကောင်းပီလေ"
ချိုးဝူယဲ့ချက်ချင်းသဘောတူလိုက်သည်။ ဤမိန်းမလှလေးသည်သူစတွေ့တည်းကပင် အဖြူရောင် အရှိန်အဝါများရစ်သိုင်းနေသည်ဖြစ်သောကြောင့် သေချာပေါက်စွမ်းအားကြီးရမည်။တာအိုကျင့်ကြံသူပင်ဖြစ်နိုင်သေးသည်။ ထို့အပြင်ယခုသူအလိုအပ်ဆုံးမှာလည်းဓားသိုင်းပင်မဟုတ်လား။
.....................
မက်မွန်ပင်အောက်တွင် ကျက်သရေရှိစွာလှပနေသော မိန်းမလှလေးနှင့် အဖြူရောင်ဝတ်လုံ အားဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးတို့မှာ ဓားသိုင်းတစ်ခုအားကစားနေခဲ့ကြသည်။
"ဒါ ဆီးနှင်းလွှမ်းဓားသိုင်းရဲ့အခြေခံတွေပဲ "
အေးစက်စက်နှင့်မိန်းမလှလေးက ချိုးဝူယဲ့အားတစ်ချက်ကြည့်ကာပြောလိုက်သည်။ ချိုးဝူယဲ့သူ သူမပြောသည်ကိုအာရုံမရသည့်ပုံပင် သူ့မျက်လုံးများသည်ပိတ်ထားပြီး အတွေးကမ္ဘာထဲတွင် မိန်းမလှလေးကစားပြသော ဆီးနှင်းလွှမ်းဓားသိုင်းအားအကြိမ်ကြိမ်သရုပ်ဖော်နေခဲ့သည်။ ခနကြာပြီးမှ သူမျက်လုံးပြန်ဖွင့်လိုက်ကာ.....
"ကောင်းပီ ကျုပ်ထပ်စမ်းကြည့်မယ် မှားနေတဲ့နေရာရှိရင်လဲ လမ်းညွန်ပေးပါဦး"
ထို့နောက်ချိုးဝူယဲ့က သစ်သားဓားတစ်လက်အားကိုင်ကာ ဆီးနှင်းလွှမ်းဓားသိုင်းအားစတင်လေ့ကျင့်လိုက်သည်။ ဆီးနှင်းလွှမ်းဓားသိုင်းသည် ဆောင်းရာမှဆီးနှင်းခဲများသည် မြေကြီးများကိုအပေါ်မှဖုန်းလိုက်သကဲ့သို့ အပေါ်စီးမှ လွှမ်းမိုးစွာတိုက်ခိုက်နိုင်သောဓားသိုင်းပညာတစ်ခုဖြစ်သည်အပေါ်စီးမှလည်းတိုက်နိုင်သလို မပြိုကွဲနိုင်သည့်ရေခဲတောင်တန်းကြီးတစ်ခုလိုလည်း ခုခံနိုင်သေး၏။ ပို၍ထူးဆန်းသည်မှာ ထိုဓားသိုင်းသည် အတွင်းအားများကိုအေးခဲသော စွမ်းအင်များအဖြစ်သို့ပြောင်းလဲပေးနိုင်ပါသည်။
ချိုးဝူယဲ့ ပထမဆုံးစတင်လေ့ကျင့်သည်မှာသိပ်မချောမွေးသော်လည်း အခေါက်ခေါက်အခါခါလေ့ကျင့်ပြီးနောက် တဖြည်းဖြည်းချောမွေ့လာခဲ့သည်။
မိန်းမလှလေးသည်တော့ ခုံတွင်ထိုင်နေခဲ့သည် ဖျာကျနေသောနေရောင်များနှင့် သူမ၏မျက်နှာသည်လိုက်ဖက်ညီစွာရှိနေတော့သည်။ သူမသည်ချိုးဝူယဲ့သိုင်းကျင့်နေသောပုံအား စိုက်ကြည့်နေပြီး အံ့ဩနေဟန်ပင်။
"အိုး.. ဒီကောင်လေးနားလည်နိုင်စွမ်းကတော်တော်မြင့်တာဘဲပထမဆုံးအကြိမ်မှာတင် ဓားသိုင်းကိုဖမ်းဆုတ်မိသွားပြီ ဂိုဏ်းကပါရမီရှင်တွေတောင် နားလည်နိုင်စွမ်းဒီလောက်မမြင့်ဘူး"
..........................
ပြီး...