← Chapters

လာပြန်ပြီဒီငနဲသားချိုးဟောက်

Vol. 1 Ch. 11

လာပြန်ပြီဒီငနဲသားချိုးဟောက်

Vol. 1 Ch. 11

"ဟမ်... နောက်ထပ်တစ်ခေါက် စီးမျှောခြင်းသိုင်းဈာန်လား..."

မိန်းမလှလေးမှာ ချိုးဝူယဲ့​၏ပုံရိပ်အားကြည့်ကာ မျက်မှောင်ကြုတ်၍ရေရွတ်မိလိုက်သည်။

"သေမျိုးတစ်ယောက်က စီးမျှောခြင်းသိုင်းဈာန်ထဲ ဘဝမှာတစ်ခါလောက်ဝင်ရောက်ဖို့တောင်ခတ်ခဲနေတာ ဒီကောင်လေးက...."

သူမ​၏မျက်နှာပေါ်တွင် စိတ်ဝင်စားမှုတစ်ချို့ပေါ်လာခဲ့သည်။"စိတ်ဝင်စားစရာဘဲ"

စီးမျှောခြင်းသိုင်းဈာန်ကြောင့် ချိုးဝူယဲ့မှာ ဆီးနှင်းလွမ်း ဓားသိုင်း​၏ အခြေခံအားလုံးကိုဖမ်းဆုတ်မိသွားခဲ့သည်။

'တကယ်လွှမ်းမိုးမှုကြီးလွန်းတဲ့ ဓားသိုင်းဘဲ ဒီလောက်ကြောက်စရာကောင်းတဲ့ဓားသိုင်းသာ သိုင်းလောကထဲမှာ ထွက်ပေါ်လာခဲ့ရင် သိုင်းလောကတစ်ခုလုံး ဂယက်ထ သွားမှာသေချာတယ်'

ချိုးဝူယဲ့ ​၏စိတ်ထဲတွင်အမှန်တကယ်အံ့ဩနေခဲ့သည်။ ထိုမိန်းမလှလေးမှာ မည်သူနည်း။ အဘယ်ကြောင့်ထိုမျှကြောက်စရာကောင်းသော ဓားသိုင်းအား အလွယ်တကူ ပေးပစ်နိုင်သနည်း။ မည်သို့ပင်ဖြစ်စေ ထိုမိန်းကလေးမှာ ရန်စလို့ကောင်းမည့်သူတော့မဟုတ်ချေ။

ချိုးဝူယဲ့ က မိန်းမလှလေးဘက်သို့လှည့်လိုက်ပြီး မျက်နှာသေဖြင့် လက်တီးစုကာကျေးဇူးတင်စကားပြောလိုက်​၏။ 

"ကျေးဇူးတင်ပါတယ် ခင်ဗျားအခု ဒီခြံဝင်းထဲမှာနေနိုင်တယ်"

ထို့နောက်ချိုးဝူယဲ့ လှည့်ထွက်သွားခဲ့သည်။ ဆုံးဖြတ်ထားသည့်အတိုင်းသူ့အဖေကို သွားတွေ့ရန်ဖြစ်သည်။ ချိုဝူယဲ့မှာထိုမိန်းကလေးအား နာမည်ရောလူပါ မည်သည့်အရာမှမမေးခဲ့ပေ။ သူလုပ်သည့်တစ်ခုတည်းသောအရာမှာ အပေးအယူပင်ဖြစ်သည်။ 

ချိုးဝူယဲ့​၏ ထရိုက်ချင်စရာအမူအရာများကြောင့် မိန်းမလှလေးမှာ နှုတ်ခမ်းဆူသွားခဲ့သည်။ သူမ​၏အေးစက်နေသောမျက်နှာပင် မကျေနပ်သောမျက်နှာအမူအရာသို့ပြောင်းလဲသွားခဲ့သည်။

"ဒီကောင်လေးတကယ်ပဲ..... ဟွန့် ငါအရှင်မကိုဒီလိုဆက်ဆဲရဲတာ နင်တစ်ယောက်ပဲရှိတယ် ဟိုးအရင်အချိန်တုန်းကဆို နင့်ကို တစ်ချက်ထဲရိုက်သတ်မိမှာ"

သူမကိုမြင်သည်နှင့် ငမ်းငမ်းတက်သွားရည်ကျနေသောလူငယ်ပါရမီရှင်ပေါင်းများစွာရှိပြီး သူမ​၏အပြုံကိုမြင်ရရန် တစ်လောကလုံးတွင်တစ်ပွင့်သာရှိသော နတ်သိဒ္ဓိကြွေပန်းကို ပင်မရရအောင်ရှာပြီးပေးခဲ့သူများရှိခဲ့ဖူးသည်။ တစ်ချက်ပြုံးလျှင် တစ်လောကလုံးဂယက်ရိုက်သွားစေနိုင်သောအလှမျိုးပိုင်ဆိုင်ထားသော်လည်း ယခုမှာမူ အလှတရားအားမခံစားတတ်သော ကြောင်တောင်တောင်လူစားမျိုးနှင့်တစ်အိမ်ထဲနေရပေတော့မည်။ သူမအမှန်တကယ်ပင်မကျေနပ်ချေ။

အမှန်မှာ ထိုမိန်းကလေးအား ချိုးဝူယဲ့ စိတ်မဝင်စားဟုပြောလျှင်လိမ်ရာကျပေမည်။ သို့သော်ချိုးဝူယဲ့မှာကိုယ့်အကန့်ကိုယ်သိသောသူဖြစ်သည်။ယခုသူ့ခန္ဓာကိုယ်သည် ၁၄ နှစ်သားအရွယ်သာရှိသေးပြီး ဤကိစ္စမျိုးသည် ကျင့်ကြံမှုလမ်းစဉ်ကိုစတင်ပြီးမှ စတင်လျှင်လည်း နောက်မကျသေးချေ။ ယခုသူ​၏ရည်မှန်းချက်မှာ အမြန်ဆုံးတာအိုလမ်းစဉ်သို့ဝင်ရောက်နိုင်ရန်ဖြစ်သည်။

......................

ချိုးဝူယဲ့သည် သူ့ဖေခြံဝင်းရှိရာသို့ထွက်လာခဲ့လိုက်သည်။သို့သော် လေ့ကျင့်ရေးကွင်းနားမှဖြတ်သွားသောအချိန်တွင်............

အသံပြဲပြဲတစ်သံထွက်လာပြီး

"ချိုးယီ ဟားဟားဒီနေ့ကောမင်းကိုဘယ်သူကယ်နိုင်မှာလဲ အရင်တစ်ခါကအကြွေးတွေကိုဒီနေ့အတိုးနဲ့ပေါင်းပြီးဆပ်ပေတော့"

ချိုးဟောက်နှင့်သူသူ​၏အပေါင်းအပါများဖြစ်သည်။ ချိုးဟောက်ဟူးသောသူမှာ မကောင်းသောနာမည်ဖြင့် ချိုးအိမ်တော်တွက်ကျော်ကြားနေသော သခင်ကြီးချိုး​၏သားဖြစ်သည်။ သူ့အားအပြစ်တစ်ခါလုပ်မိသောသူများအား အိမ်တော်မှ မထွက်သွားမချင်းလိုက်၍ဒုက္ခပေးတတ်လေသည်။ ချိုးယီဟူသောကောင်လေးမှာ ချိုးဟောက်​၏ အရှေ့တွင်ဖြတ်ပြေးသွားချိန် ပခုံးဖြင့်တိုက်မိသွားသောကြောင့်ဤအဖြစ်မျိုးရောက်ရှိသွားဖြင်းဖြစ်သည်။

ချိုးယီမှာလက်တီးသာဆုတ်၍အားတင်းကာ အံကြိတ်နေခဲ့ရသည်။ဤချိုးဟောက်အားတိုက်ခိုက်လျှင်လည်းသူမနိုင်ချေ။ ချိုးဟောက်မှာ သောကန်ပါရမီရှင်စာရင်းထဲမှတစ်ယောက်ဖြစ်ပြီး သူ​၏အပေါင်းအပါများလဲရှိသေးသည်။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ မကျေနပ်မှုများအားမြိုသိပ်ထားရန်ဖြစ်သည်။

....

ချိုးဝူယဲ့​၏မျက်နှာသေသည် မဲမှောင်သွားခဲ့သည်။ သူအပြင်ထွက်လာသည့်အချိန်တိုင်း အဘယ်ကြောင့် ထိုငနဲတစ်သိုက်နှင့်သာတိုးနေရသနည်း။ ချိုးဝူယဲ့မှာ ချိုးဟောက် ဟူသော ငနဲသားအား အမှန်တကယ် မနှစ်သက်တော့ချေ။ ချိုးအိမ်တော်​၏သခင်လေးဖြစ်ပါလျှက်အဘယ်ကြောင့် ထိုမျှအကျင့်ပျက်နေရသနည်း။ မိဘများကမဆုံးမဟုဆိုလျှင်လည်း သူ​၏အဖေအိမ်တော်သခင်ကြီးမှာ သုံးရာသီပတ်လုံးအလုပ်ရှုပ်နေသောကြောင့်နားလည်ပေး၍ရသေးသည်။ သူ့အမေကကော ချိုးဟောက်အားမဆုံးမဘဲ ဘာလုပ်နေသနည်း။

ချိုးဝူယဲ့ ​၏ပုံရိပ်သည် ခေါင်းငုံ့ကာအံကြိတ်နေသော ချိုးယီ​၏ ဘေးနားတွင်ပေါ်လာပြီး ချိုးယီ​၏လက်ကောက်ဝတ်အားကိုင်ကာ ထိုငနဲတစ်သိုက်ကြားမှဆွဲခေါ်လာလိုက်သည်။ဤအဖြစ်အပျက်များသည်ခနလေးအတွင်းသာ။

ချိုးယီသည်တော့ ကြောင်တောင်တောင်ဖြင့်ကြက်သေသေနေခဲ့သည်။

ချိုးဟောက်နှင့် သူ့အပေါင်းအပါများအားလုံးမှာ တောင့်ခဲနေခဲ့ကြပြီး အံဩနေခဲ့ကြသည်။ ဘယ်သကောင့်သားကဘသူ​၏ပစ်မှတ်အား ခေါ်ထုပ်သွားခဲ့သနည်း။ ထိုလူမှာအမှန်တကယ်ပင် သတ္တိရှိလေသည်။ ချိုးဟောက် ဆိုသော သူ့အားမကြောက်သည့်ပုံပင်။

"သခင်လေးချိုးဟောက် သခင်လေးချိုးဟောက် အဲ့တာ ချိုးဝူယဲ့ပဲ ဘာဆက်လုပ်ကြမလဲ ရှေ့ဆက်တိုးမှာလား"

ချိုးဟောက်​၏အပေါင်းအပါများကမျက်နှာပျက်ပျက်ဖြင့်ပြောလိုက်​၏။ချိုးဝူယဲ့ဟုဆိုလျှင်သူ​၏ ရန်သူဘက်အခြမ်းတွင်အမှန်တကယ်ပင်မနေချင်ကြပေ အသက်ရှည်ရှည်မနေချင်သောသူ မည်သူရှိသနည်း။

ချိုးဟောက်​၏မျက်နှာသည် အလွန် သုန်မှုန်နေခဲ့သည်။ သကောင့်သားချိုးဝူယဲ့မှာ သူ့ကိစ္စအားဝင်ရှုပ်တာအလွန်များနေချေပြီ။သို့သော် ချိုးဝူယဲ့အား ထိပ်တိုက် ရင်ဆိုင်ရန် ယုံကြည်ချက်သူ့မှာမရှိချေ။ လွန်ခဲ့သည့်ရက်ကမှ သောကန်ပါရမီရှင်စာရင်းမှ နံပတ်၂ အား သိုင်းကွက်အနည်းငယ်ဖြင့်တိုက်ခိုက်အနိုင်ယူခဲ့ပြီး နံပတ်၂ နေရာအားအရယူခဲ့သည်။ သောကန်ပါရမီရှင်စာရင်း​၏ ထိပ်တန်းသုံးနေရာဝင်ရန်မှာ ချိုးဟောက်​၏ အိမ်မက်ပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း သောကန်ပါရမီရှင်စာရင်းတွင် အဆင့် ၁၇ ဖြစ်ပြီး ထိပ်တန်း၁၀ ယောက်ထဲသို့ပင်မဝင်ရောက်နိုင်သေးချေ။ ယခုအခြေအနေဖြင့် နံပတ်၂ ရရှိထားသော ချိုးဝူယဲ့အားထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အရူးများသာလုပ်မည့်လုပ်ရပ်ပင်။

"ထားလိုက်တော့ ချိုးယီကို ထပ်တွေ့ရင်ဒုက္ခမပေးနဲ့တော့ ချိုးဝူယဲ့ သူ့ကိုကူညီတာ နှစ်ခါရှိပြီ အကြောင်းကိစ္စတစ်ခုခုမရှိပဲနဲ့တော့ ကူညီမှာမဟုတ်ဘူး"

ဘေးမှ သူ့အပေါင်းအဖော်များမှာလည်း ခေါင်းတငြိမ့်ငြိမ့်ဖြင့် လုပ်နေကြ​၏။ သူတို့လည်းချိုးဝူယဲ့​၏ရန်သူမဖြစ်လိုပါ အကယ်၍ချိုးဝူယဲ့​၏ရန်သူလုပ်မည်ဟု ရည်မှန်းထားပါက အသက်ကိုဖက်နှင့်ထုပ်ကာ အသက်မထွက်စေရန်ခန္ဓာကိုယ်တွင်ရှိသမျှအပေါက်များအားအကုန်ပိတ်ထားရမည့်အတိုင်းပင်ပြောဆိုနေခဲ့ကြသည်။

...............

ချိုးဟောက်​၏အတွေးများတက်တက်စင်အောင်လွဲမှားသွားခဲ့သည်။ အမှန်မှာ ချိုးဝူယဲ့သည် ထိုသို့တစ်ဖက်သတ်အနိုင်ကျင့်ခြင်းအား မကြိုက်သောကြောင့်ချိုးယီအားကူညီခဲ့ခြင်းဖြစ်သည်။

ကြားထဲမှ အကျိုးအမြတ်ရရှိသွားသူမှယ ချိုးယီဖြစ်သွားခဲ့သည်။

ချိုးယီမှာ လေ့ကျင့်ရေးကွင်းအပြင်ရောက်လာမှသာသတိဝင်လာပြီး အလျှင်အမြန်ဘဲကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်ပါတယ် သခင်လေးချိုးဝူယဲ့ ဒီညီလေးကိုကူညီတာဒါနဲ့ဆို နှစ်ခါရှိပါပြီ ၊ ကျေးဇူးဘယ်လိုတင်ရမှန်းမသိတော့ပါဘူး"

ထို့နောက်ချိုးဝူယဲ့အားဦးညွတ်လိုက်​၏။ 

ချိုးဝူယဲ့မှာ ချိုးယီအား ပခုံးပုတ်တာ ချိုးရှင်းယွင်​၏ ခြံဝင်းဆီသို့ ဆက်ပြီးထွက်သွားတော့သည်။

ချိုးယီမှာ ချိုးဝူယဲ့​၏ ဝတ်လုံဖြူနှင့် သူရဲကောင်းသဖွယ် ခန့်ညားသောပုံရိပ်အားကြည့်ကာ သူ့လက်အားတင်းကျပ်နေအောင် ဆုတ်ထားမိလိုက်တော့သည်။ သူ​၏မျက်လုံးများသည်ရည်မှန်းချက်များနှင့်တောက်လောင်လာခဲ့သည်။တစ်နေ့ကျရင် သူသည် ချိုးဝူယဲ့နှင့် အထွတ်အထိပ်တွင် ပခုံးချင်းကပ်လျှက်တည်ရှိနိုင်ရမည်။

................

ပြီး...

All Chapters