← Chapters

သေမျိုးတို့​၏ဘဝဒုက္ခ

Vol. 1 Ch. 12

သေမျိုးတို့​၏ဘဝဒုက္ခ

Vol. 1 Ch. 12

ချိုးဝူယဲ့ ချိုးရှင်းယွင်​၏ခြံဝင်းရှေ့ရောက်သောအခါ ရပ်တန့်လိုက်ပြီး ခြံဝင်းအားတစ်ချက်ကြည့်လိုက်သည။ ထိုအချိန်..

"သခင်လေးချိုးဝူယဲ့ရှင့် မဟာမကြီးအကဲသခင်က စာဖက်ခန်းထဲမှာစောင့်နေပါတယ်တဲ့ရှင့်"

အစေခံမလေးတစ်ယောက်ခြံဝင်းထဲမှထွက်လာပြီး ချိုးဝူယဲ့အား ဧည့်ကြိုကာ ချိုးရှင်းယွင် ပြောခိုင်းသည့်အတိုင်း အခေါ်တော်ပါးလိုက်သည်။

"ကောင်းပြီ"

ထို့နောက်ချိုးဝူယဲ့ ခြံဝင်းထဲသို့ဝင်သွားလိုက်ပြီး စာဖက်ခန်းရှိရာသို့ သွားလိုက်သည်။ ချိုးရှင်းယွင်​၏ ခြံဝင်းသည် စတုရန်းမီတာ ၁၀၀ လည်ရှိပြီး အိမ်တော်မှာအတော်ကြီးမှားသည်ဟုဆိုရပေမည်။ ခြံဝင်းရှေ့သွားလမ်း နဘေးတွင် ချယ်ရီပင်များအတန်းလိုက်ရှိနေပြီး မြင်ရသူအဖို့ ရင်အေးစေပါသည်။

........

"ဝင်ခဲ့"

ချိုးဝူယဲ့ တံခါးခေါက်လိုက်သောအခါ အခန်းတွင်းမှ ချိုးရှင်းယွင်​၏အသံထွက်ပေါ်လာခဲ့လေသည်။

ချိုးဝူယဲ့ တံခါးကိုဖွင့်လျှက်ဝင်သွားလိုက်ပြီးအခန်းတွင်းသို့ရောက်သောအခါတံခါးအားအသာအယာပြန်ပိတ်လိုက်သည်။

စာကြည့်ခန်းမှာသိပ်မကြီးမားပေ နံရံနဘေးတွင် စာအုပ်စင်များအစီအရီရှိနေပြီး အလယ်တွင် စားပွဲခုံပုလေးတစ်ခုနဲ့ အောက်တွင်ပိုးသားဖြင့်ရက်လုပ်ထားသောကြမ်းခင်းများပတ်ပတ်လည်ခင်းထားသည်။

"လာထိုင် ယဲ့အာ"

ချိုးရှင်းယွင်က ဖက်လက်စ စာအုပ်အားစားပွဲပေါ်တွင်ချ၍ပြောလိုက်သည်။

ချိုးဝူယဲ့ကလည်း ကြမ်းခင်းတွင်ထိုင်လိုက်ပြီး အကြမ်းရည်အိုးအား ကိုင်၍ သူ့အဖေအားတစ်ခွက် ငဲ့ပေးလိုက်ပြီးနောက်သူ့ခွက်ထဲတွင်ငဲ့လိုက်သည်။

ချိုးရှင်းယွင်က ချိုးဝူယဲ့ငဲ့ထားပေးအကြမ်းရည်အားတစ်ငုံသောက်ကာ.

"ယဲ့အား သိုင်းပညာတွေအတော်တိုးတက်လာပုံဘဲ ယဲ့ဖုန်းချီကိုတောင် သိုင်း ၅ ကွက်အတွင်းအနိုင်ယူနိုင်တယ် မဆိုးဘူး တကယ်မဆိုးဘူး ဟားဟား"

ချိုးရှင်းယွင်ကအားရဟန်ဖြင့် မေးစေ့အောက်တွင်ရှည်ထွက်နေသောနှုတ်ခမ်းမွေးရှည်ကြီးအားပွတ်သပ်၍အားရစွာပြောလိုက်သည်။

ချိုးဝူယဲ့က သူ့အဖေပျော်နေတာမြင်တော့အလိုလိုပြုံးမိသွားသည်။ ယခင်ဘဝတုန်းကသူ့တွင် မိဘနှစ်ပါးဆိုတာဘာလဲပင်သေချာမသိရချေ။ ယခုဘဝတွင်တော့ သူ့မှာဖခင်ရှိနေပြီး ထိုဖခင်မှာ ချိုးဝူယဲ့အား အလွန်ဂရစိုက်လေသည်။ ငယ်စဉ်ဘဝတည်းကချိုးဝူယဲ့​၏ယခင်ခန္ဓာပိုင်ရှင်အလိုရှိသမျှအကုန်ဖြည့်စည်းပေးခဲ့သည်။ မကောင်းသည့် ကိစ္စများမှလွဲ၍တတ်နိုင်သမျှအရာအားလုံးဖြည့်ဆည်းပေးခဲ့သည်။ ယခု ချိုးဝူယဲ့ကောင်းစွာကြီးပျင်းလာသည်ကိုမြင်သောအခါ ချိုးရှင်းယွင်အလွန်ဝမ်းမြောက်မိသည်။

"ဒီတစ်လော ကျွန်တော် တံခါးပိတ်သိုင်းကျင့်နေတာ အဖေလဲသိတာပဲကို ဒီလောက်တိုးတက်လာတာမဆန်းပါဘူး"

ချိုးရှင်းယွင်ကသဘောကျစွာရယ်မိလိုက်သည်။

"ဟားဟားဟား ဟုတ်တာပေါ့ ငါ့သားဘဲဒီလောက်တော့ရှိမှာပေါ့ အခုတောင် ဒီပြည်နယ်ကြီးတစ်ခုလုံးရဲ့ ပါရမီရှင်တွေကိုဖိနှိပ်နိုင်တာ"

"နောက်လေးနှစ် သိုင်းလောကဆီနာမည်စိုက်ထူဖို့အိမ်တော်ကလွတ်လိုက်တဲ့အချိန် သိုင်းလောကမှာဂုဏ်သတင်းဘယ်လောက်များကြီးမားလာလိုက်မလဲ"

ချိုးရှင်းယွင်ကကျေနပ်အားရနေဟန်ဖြင့် အားရပါးရပြောဆိုနေခဲ့ပြီးချိုးဝူယဲ့နှင့် အချိန်အတော်ကြာသည်အထိရောက်တတ်ရာရာများပြောနေခဲ့ကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက်......

"ယဲ့အာ ညတောင်မှောင်တော့မယ် သားသွားနားတော့လေ"

"ဟုတ်ကဲ့"

ချိုးဝူယဲ့ပြန်ဖြေလိုက်ပြီးနောက်အကြမ်းရည်တစ်ခွက်အားမော့သောက်လိုက်ကာ စာကြည့်ခန်းထဲမှထွက်လာလိုက်သည်။ ယခုအချိန်မှာ ညနေစောင်းချိန်ဖြစ်ပြီး ကျနေထိုးချိန်ဖြစ်သည်။

ချိုးအိမ်တော်မှာတော့ မနက်ဖြစ်စေ နေ့လယ်ဖြစ်စေ ညဖြစ်စေ အချိန်တိုင်းလူမပြက်စည်ကားနေ​၏။ ချိုးဝူယဲ့ ချိုးရှင်းယွင်​၏ခြံဝင်းအတွင်းမှထွက်လာခဲ့ပြီးဘေးပတ်ဝန်းကျင်အားတစ်ချက် ကြည့်ရှုလိုက်​၏။

နေရာတိုင်းနီးပါးလူများရှိနေကြပြီး အထုပ်သယ်သည့်သူကသယ် ၊ သိုင်းကျင့်သည့်သူကကျင့် နှင့် ထမင်းဟင်းများ သယ်ကာကူးဖြတ်ကူးလာလုပ်နေသည့်အစေခံများနှင့် စည်ကားနေခဲ့သည်။

ချိုးဝူယဲ့​၏စိတ်ထဲတွင်အတွေးတစ်ခုဝင်လာခဲ့သည်။

ဤကဲ့သို့ထာဝရပျော်ရွင်ဖွယ်ဖြစ်နေလျှင်မည်မျှကောင်းလိမ့်မည်နည်း။ ယခုအခိုက်အတန့်များကရောမည်မျှကြာရှည်ခံမည်နည်း။ ဆယ်နှစ်လား နှစ်တစ်ရာလား မည်မျှကြာရှည်မခံပေ။

 လူတွေတဖြည်းဖြည်းနှင့်အသက်ကြီးလာကြသည်  ၊အိုကြသည် ၊ သေကြသည် ကောင်းကင်ကအဆုံးအဖြတ်ပေးသည့် သံသရာလမ်းစဉ်အတိုင်းသွားနေကြသည်။ သေခြင်းသည် သာမန်လူကအစ သိုင်းသများကအဆုံးမည်သူမှမလွတ်မြောက်နိုင်၊ လောကနံပတ်တစ် သိုင်းပညာရှင်သည်ပင်လျှင် မလွတ်မြောက်နိုင်ချေ။ 

သို့သော် ချိုးဝူယဲ့မှာ ကောင်းကင်ကအဆုံးအဖြတ်ပေးသော ဘဝသံသရာထဲတွင် လိုက်၍လည်နေဖို့ အစီစဉ်မရှိချေ။ သူ သေမျိုးဘဝမှအမြန်ဆုံးထိုးဖောက်ရချေမည်။ သူမည်သို့ကူးပြောင်းလာသနည်း ဆန်းကြယ်သော အကြောင်းအရာများနှင့် ယခင်ဘဝဖြစ်စဉ်ယခင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိနိုင်ရန် ၊ အရာအားလုံး​၏သော့ချက်မှာ တာအိုကျင့်ကြံခြင်းဖြစ်သည်။ သူယခင်ဆွဲကြိုးလောကတွင်ရှိစဉ် အနန္တကြယ်တာရာကောင်းကင်များနှင့် ကြယ်စင်စုတန်းကြီးများကြားတွင် ယခင်ကမ္ဘာရှိလိမ့်မည်ဟုသေချာပေါက်ယုံကြည်နေခဲ့လေသည်။ သူသည် စကြာဝဠာကြီး​၏ ကျယ်ပြန့်မှုအားတွေ့မြင်ခဲ့ရပြီးဖြစ်သောကြောင့် ဤအရာများအားစူးစမ်းရန် တာအိုကျင့်ကြံမှုတွင် အထွတ်အထိပ်ရောက်နေမှဖြစ်ပေလိမ့်မည်။

ချိုးဝူယဲ့စိတ်ကိုတည်ငြိမ်အောင်သာလုပ်၍ သူ​၏ခြံဝင်းလေးရှိရာအရပ်သို့သာခြေဦးလှည့်လိုက်လေသည်။

...................

ချိုးဝူယဲ့​၏ခြံဝင်းအတွင်း၌.......

ချိုးဝူယဲ့ခြံဝင်းထဲသို့ဖြည်းညင်းစွာဝင်လာလိုက်သည်။ သူသည်သေမျိုးတို့​၏ ဘဝဖြစ်စဉ် ဒုက္ခတရားအားနားလည်သွားပြီဖြစ်သောကြောင့် ကြောက်ရွံ့ခြင်းဟူသည်မရှိတော့ချေ။သူ​၏စိတ်နေစိတ်ထားသည် အရင်ကထက်စာလျှင် အရွယ်နှင့်မလိုက်အောင် တည်ငြိမ်နေခဲ့သည်။ 

ချိုးဝူယဲ့​၏အိပ်ခန်းရှိ ကုတင်ပေါ်တွင် ထိုင်ကာမျက်လုံးမှိတ်ထားသော မိန်းမလှလေး​၏ မျက်လုံးများပွင့်လာပြီးရေရွတ်လိုက်သည်။

"ဟမ်... ဒီကောင်လေးဉာဏ်အလင်းပွင့်သွားတာလား စိတ်နေစိတ်ထားနဲ့အရှိန်အဝါက အရမ်းတည်ငြိမ်လာတယ်"

......................

ချိုးဝူယဲ့ပြန်ရောက်လာပြီးနောက် ပထမဆုံးပြုလုပ်သည်မှာ မက်မွန်ပင်အောက်တွင်ထိုင်၍ကုချင်တီးခတ်ခြင်းပင်။ ဂီတအပေါ်ဈာန်ဝင်သွားပြီးနောက် သူ​၏တီးခတ်မှုတီးလုံးများသည်တစ်ခုပြီးတစ်ခုပိုမိုကြည်လင်ရှင်းလင်းလာကာ သံစဉ်များသည် ခတ်ခဲကြမ်းတမ်းပြီး ကူဖော်ရာမဲ့သော ဘဝတစ်ခု လောကဓံ​၏ဖိအားအောက်တွင်ကြံ့ကြံ့ခံ၍ အမြင့်သို့တက်လိုက်အောက်သို့ကျလိုက်ဖြင့် ဘဝတစ်ခု​၏ခတ်ခဲကြမ်းတမ်းမှုများကို ပုံဖော်တီးခတ်နေခဲ့သည်။

အိပ်ခန်းအတွင်းရှိမိန်းမလှလေးသည်ပင် အပြင်ထွက်လာပြီး ကုချင်တီးခတ်နေသေူ ချိုးဝူယဲ့​၏ ပုံရိပ်အား ငေးမောနေခဲ့သည်။

'ဟွန့်ကောင်စုတ်လေး ဒီလိုကျတော့လည်းမဆိုးဘူးဘူးပဲ ဒီလောက်အရည်အချင်းနဲ့ဆို ဒီအရှင်မကို နေ့တိုင်းဖျော်ဖြည်ပေးဖို့ အရည်အချင်းပြည့်မီတယ်'

ထိုမိန်းမလှလေး​၏ စိတ်ထဲတွင် တွေးလိုက်သော်လည်း အပြင်ပိုင်းတွင်တော့ အေးစက်မာနကြီးသော မျက်နှာပိုးတစ်ခုကရှိနေဆဲပင်။

ထို့နောက်ချိုးဝူယဲ့မှာ အလွတ်တမ်းသိုင်းအချို့လေ့ကျင့်လိုက်ပြီး နောက် ဓားသိုင်း ခန္ဓာကျင့်စဉ် အတွင်းအားလေ့ကျင့်မှုများကို တစ်ခုပြီးတစ်ခုလေ့ကျင့်လိုက်သည်။ လေ့ကျင့်မှုတိုင်းသည် သိုင်းဈာန်ရမြဲပင်။ ငေးကာကြည့်နေသောမိန်းမလှလေး​၏မျက်နှာမှာ အံ့ဩမှုများအထင်းသားနှင့်ပင်။

'ဒီကောင်......" မိန်းမလှလေးမှာပြောစရာစကားများပင်ပျောက်ရှနေခဲ့သည်။ စီးမျှောခြင်းသိုင်းဈာန်ဆိုသည်မှာ သေမျိုးများတွင်ရှိသင့်သောအရာမဟုတ်ပေ။ သကောင့်သားချိုးဝူယဲ့မှာ မည်သည့်သိုင်းကျင့်ကျင့် သိုင်းဈာန်ထဲစီးမျှောဆဲပင်။

ပို၍ထူးဆန်းသည်မှာ ထိုကောင်လေးကျင့်ကြံနေသော ဓားသိုင်းပညာနှင့် အတွင်းအား ခန္ဓာကျင့်စဉ်သိုင်းများသည် သိုင်းလောကရှိသိုင်းပညာများနှင့်မတူဘဲ တာအိုသဘောသဘာဝအနည်းငယ်ပါဝင်နေခြင်းပင်။ မိန်းမလှလေး​၏မျက်နှာသည် အနည်းငယ်လေးနက်သွားခဲ့သည်။ဤသိုင်းပညာများသည် သေမျိုးသိုင်းလောကတွင်ရှိသင့်သောအရာများမဟုတ်ပေ။ထို့ပြင် ထိုသိုင်းပညာများသည် တာအိုကျင့်ကြံခြင်းလမ်းစဉ်ထဲခြေချမိသွားသည်နှင့်တပြိုင်နက်ဘစစ်မှန်သောစွမ်းအားများကိုထုတ်လွတ်နိုင်ပေလိမ့်မည်။ မိန်းမလှလေးမှာသိချင်သော်လည်း ချိုးဝူယဲ့​၏မျက်နှာသေအားတစ်ချက်ကြည့်လိုက်သောအခါ မေးချင်စိတ်များပျောက်ကွယ်သွားခဲ့ရသည်။ သူဖြေမည်မဟုတ်မှန်းသူမကြိုသိပါသည်။

ချိုးဝူယဲ့သည်ခေတ္တအနားယူလိုက်ပြီးနောက် မနားမနေထပ်လေ့ကျင့်နေခဲ့သည်။ မိန်းမလှလေးသည်ပင်တစ်ရက်တည်းနှင့်အကြိမ်ကြိမ်အံ့ဩနေခဲ့ရသည်။

"သေမျိုးလူသားတွေထဲမှာ နင်တစ်ယောက်ထဲ ဒီအရှင်မရဲ့အထင်ကြီးမှုကိုခံယူဖို့ထိုက်တန်တယ်"

 သူမတိုးတိုးတိတ်တိတ်ရေရွတ်မိလိုက်သည်။ မှန်ပေ​၏ ချိုးဝူယဲ့မှာ ယနေ့ ဘဝ​၏ဒုက္ခတရားအားနားလည်လိုက်ရပြီးနောက် သေမျိုးဘဝမှအမြန်ဆုံးလွတ်မြောက်ရန် အစွမ်းကုန်စကြိုးစားပေတော့မည်။

ဤသည်မှာ ချိုးဝူယဲ့​၏ရည်မှန်းချက်ပင်။........

........................

ချိုးအိမ်တော်​၏အပြင် တောင်ဘက်အရပ်တွင်....

သေးသေးသွယ်သွယ်နှင့်နောက်ကျောတွင် ခြင်းတောင်းထမ်းထားသော ပုံရိပ်တစ်ခုသည်ဆေးပင်များခူးဆွတ်နေခဲ့​၏။ ဤလူမှာအခြားလူမဟုတ်ပေ။ ချိုးယီပင်ဖြစ်သည်။ အတွင်းအားအလျင်အမြန်ကျင့်နိုင်ရန် ဆေးမြစ်ဆေးရွက်များလာရှာခြင်းဖြစ်ပြီး သူ​၏ရည်မှန်းချက်များအကောင်အထည်ဖော်ရန် သူအမှန်အကန်ကြိုးစားနေခဲ့သည်။

သူဆေးပင်လာခူးသောနေရာသည် ချောက် အစွန်းနားဖြစ်၍ သေချာဂရုစိုက်၍ခူးနေရသည်။ သူ့သူငယ်ချင်းအပေါင်းအပါများနှင့်အတူဆေးပင်လာခူးကြသော်လည်း သူတစ်ယောက်ထဲသာချောက်ကမ်းနားဘေးခူးနေခြင်းဖြစ်စည်။ထိုအချိန်မထင်မှတ်ထားသောအရာတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဝုန်း....ဝုန်း"

ငလျင်လှုပ်ခတ်လာခြင်းဖြစ်ပြီး ငလျင်လှိုင်းသည်အတော်ကြမ်းသည့်ပုံပင်။ ချောက်ကမ်းပါးစပ်နားတွင် ဆေးပင်ခူးနေသော ချိုးယီသည် ရုတ်တရက်ငလျင်လှုပ်ရမ်းလာသောကြောင့်ပြင်ဆင်ချိန်ပင်မရှိဘဲ ချောက်ကမ်းပါးထဲသို့ယိုင်ကျသွားတော့သည်။ ချိုးယီအတင်းကြိုးစား၍ချောက်ကမ်းပါးနံရံများအားကုတ်ခြစ်သွယ်တက်ရက်ကြိုးစားနေပါစေ ငလျင်မှာလှုပ်ရမ်းနေဆဲဖြစ်သောကြောင့် ချောက်ထဲသို့သာကျဆင်းခဲ့ရသည်။

"ချိုးယီ"

"ချိုးယီမဟုတ်ဘူး"

ချိုးယီ​၏သူငယ်ချင်းများထိတ်လန့်သွားပြီး ချောက်ကမ်းပါးနားသွားကာအဆက်မပျက် အော်နေခဲ့သည်။ သူတို့နှစ်ယောက် ငိုင်နေခဲ့ကြသည်။ မျက်နှာမှာခံစားချက်မရှိတော့သလိုပင်။ သူတို့တစ်ခုသိလိုက်ရသည်မှာ သူတို့သူငယ်ချင်းချိုးယီမှာသေဆုံးသွားလေပြီ။ အမှန်တကယ်ပင်သေဆုံးရပေတော့မည်။ ချောက်ကမ်းပါးထဲသို့ပြုတ်ကျ၍အသက်ရှင်သူဟူ၍မရှိသေးပေ။

နောက်ဆုံးတွင် သူတို့နှစ်ယောက် ချိုးအိမ်တော်တို့သာ ဝမ်းနည်း သောမျက်နှာထားဖြင့်ပြန်ခဲ့ကြလေသည်။ သူတို့နှစ်ယောက် အခြားလူများအားဤအကြောင်းပြောပြလိုက်သော်လည်း အကြီးအကဲများသည်သိပ်ဂရုမစိုက်ပေ။ ချိုးယီဟူသောနာမည်ပင်သူတို့မကြားဖူးချေ။ချိုးယီကိုသိသောလူတစ်ချို့သည်သာ ဝမ်းနည်းနေခဲ့ကြသည်။ ဤကလေးမှာ အမှန်ပင်ကံဆိုးလွန်းလှပေသည်။ငယ်ငယ် ရွယ်ရွယ်နှင့်သေဆုံးခဲ့ချေပြီ။ ဤသည်မှာစိတ်မကောင်းစရာပင်။

.......................

ပြီး...

All Chapters