သုံးနှစ်တာကာလ
Vol. 2 Ch. 13
အချိန်စက်ဝန်းသည်ဖြည်းညင်းစွာလည်ပတ်နေခဲ့သည်မှာကြာရှည်လွန်းခဲ့ချေပြီ။
သုံးနှစ်ကြာပြီးနောက်......
"နောက်ဆုံးတော့ ထွက်သွားဖို့အချိန်ကျပြီပဲ"
ကျောက်ဆောင်အသေးလေးတစ်ခုတွင် ထိုင်ကာ အတွင်းအားကျင့်နေသော ချိုးယီသည် ရုတ်တရက် ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်ပြီး ဖြည်းညင်းစွာရေရွက်လိုက်သည်။ ထို့နောက်ချိုးယီ၏ပုံရိပ်သည် ဖျက်ကနဲပျောက်ကွယ်သွားခဲ့သည်။
ချိုးယီသည် ချောက်ကမ်းပါးထဲသို့ ငလျင်ကြောင့် ကျဆင်းခဲ့ရသော်လည်း ကံကောင်းထောက်မစွာ ချောင်းတစ်ခုထဲသို့ပြုတ်ကျခဲ့လေသည် ထိုချောင်းထဲတွင် သူသုံးရက်တိတိမေ့မျှောနေခဲ့ပြီးမှသာသတိရလာခဲ့သည်။ ထို့နောက် သူ တစ်ပတ်တိတိ လျှောက်သွားနေခဲ့သည်။ ဗိုက်ဆာလွန်းသဖြင့် အပင်တစ်ခုတွင်သီးနေသောတစ်ခုတည်းသော သစ်သီးအားစားသုံးခဲ့လေသည်။ မထင်မှတ်ပဲထိုသစ်သီးသည်။ ဒြပ်ကြီးငါးပါးဖလှယ်ခြင်းကို ညီမျှစွာ တိုးတက်စေသည့် အဟာရနတ်ဝိဇ္ဇာသစ်ပင်မှ နတ်သစ်သီးဖြစ်နေခဲ့သည်။
ထိုနတ်သစ်သီး ကြောင့်ချိုးယီ၏အတွင်းအားသည် အဆပေါင်းများစွာထိုးတက်သွားပြီး အတွင်းအားကျင့်ခြင်းကိုပိုမိုမြန်ဆန်စေခဲ့သည်။ ယခုချိုးယီသည်အသက်၁၇ ပြည့်ရန်လအနည်းငယ်အလို ၁၆ နှစ်သားအရွယ်တွင် နှစ် ၆၀ ကျော်အတွင်းအားရှိသည့် အင်အားကြီးသည့်သိုင်းပညာရှင်ဖြစ်နေချေပြီ။ အတွင်းအားမြင့်သော်လည်း သိုင်းပညာနှင့်ကျင့်စဉ်မရှိလျှင် အခွံသာရှိပြီး အနှစ်မပါသည့် ကြက်ဥအတိုင်းပင် အတွင်းအားမြင့်မားပြီးနည်းစနစ်မရှိလျှင် အဆင့်တူပြိုင်ဘက်ပင် မပြောနှင့် ကိုယ့်ထက်အတွင်းအားနိမ့်သောသူကိုပင်နိုင်လိမ့်မည်မဟုတ်ပါ။
ထို့ကြောင့်ချိုးယီသည် ချိုးအိမ်တော်မှ သူသင်ယူလေ့လာထားသော အေးခဲတိမ်လွာအတွင်းအားသိုင်းပညာ ၊ လှိုင်းကိုးလွာဓားသိုင်း နှင့် ကျောက်စိမ်းလက်တီး သိုင်းကျင့်စဉ်တို့ကိုသာ အဆုံးအထိလေ့ကျင့်ရန်တက်နိုင်ခဲ့သည်။ ယခုအချိန်တွင်သူသည် ထိုသိုင်းကျင့်စဉ် ၃ မျိုးလုံးအား သခင်အဆင့်အထိတတ်ကျွမ်းခဲ့လေပြီ။ ယခုချိုးယီ၏အနေအထားသည် သိုင်းလောကတွင် ထိပ်တန်းပြိုင်စံရှားအနေနှင့်ပင်သတ်မှတ်၍ရနိုင်ပေလိမ့်မည်။
အေးခဲတိမ်လွာသိုင်းပညာသည် သိုင်းလောကတွင်လေ့ကျင့်သူသိပ်မရှိချေ။ သိုင်းလောကတွင်ထိပ်တန်းသိုင်းပညာတစ်ခုအနေဖြင့်သတ်မှတ်ခံရသော်လည်းလေ့ကျင့်ရန်အတွင်းအားပမာဏများများလိုအပ်သောကြောင့် လေ့ကျင့်သူအလွန်နည်းပါးပါသည်။
ထို့အပြင် အေးခဲတိမ်လွာသိုင်းပညာသည် အအေးသဘာဝပါရှိသောသိုင်းပညာဖြစ်သောကြောင့် ချိုးယီ၏အတွင်းအားသည် အေစက်ခြင်း အရှိန်အဝါရှိလေသည်။ ဤမျှကြီးမားသောခွန်အားဖြင့် ချိုးယီသာ သိုင်းလောကတွင် ထွက်ပေါ်လာပါက သိုင်းလောက၏ ထိပ်တန်းပညာရှင်အနေဖြင့်သတ်မှတ်ခံရမှာ မလွဲမသေပင်။
.................
ချိုးယီသည် ကျောက်ဆောင်၏ အထစ်အငေါ့အများကို တွယ်တာကာ နောက်ဆုံးတွင် ချောက်နက်ကြီး၏အပေါ်သို့ရောက်ရှိလာခဲ့သည်။ ချောကိနက်ကြီး၏အောက်ခြေမှတွယ်တက်ခဲ့ရသော်လည်း ချိုးယီသည် မောပန်းပုံမရချေ။ ယခုချိုးယီ၏ ရုပ်ရည်သည် ရိုးရှင်း၍ခန့်ညားပုံရသည်။ ခါးကိုထိလုနီးပါးဆံရှည်များနှင့် စိတ်ပျက် နေသော အဝတ်အစားနှင့်ကြည့်ရသည်မှာ သူတောင်းစားလား ဂုဏ်သိက္ခာရှိသောချိုးအိမ်တော်မှ မျိုးဆက်တစ်ယောက်လားပင်မသဲကွဲတော့ချေ။
ချိုးယီ သည်ဘေးပတ်ပတ်လည်အားတစ်ချက်အကဲဖြတ်လိုက်သည်။ ချောက်နက်၏အစပ်နားတွင်သစ်ပင်များပြောင်ရှင်းနေပြီး ရှေ့မီတာ၁၀၀ လောက်တွင် တောအုပ်ကြီးရှိနေသည်။ ချိုးယီသည်မည်သည့်နေရာရောက်လို့ရောက်နေမှန်းပင်မသိချေ။ ချောက်နက်၏ဘေးပတ်ပတ်လည်တွင် သစ်ပင်များသာရှိပြီးကျန် မည်သည့်အရာမှရှိမနေချေ။
ချိုးယီ ခါးသက်သက်ပြုံးမိလိုက်သည်။ သူ မည်သည့်အရာကိုမှမမှတ်မိတော့ချေ။ သူချောက်ကမ်းပါးမှပြုတ်ကျခဲ့သည့်နေရာသည် ဤနေရာမဟုတ်ပေ။ သူချောက်နက်၏အခြားတစ်ဘက်မှတက်ခဲ့မိပုံရသည်။
ချိုးယီခေါင်းခါရမ်းလိုက်ပြီးနောက် လေပေါ်သို့ခုန်လိုက်သည်။ သူ၏ပုံရိပ်သည် အရိပ်တစ်ခုပမာ လေပေါ်မှလျှင်မြန်စွာရွေ့လျားသွား၏။ ချိုးယီ ရှေ့တောအုပ်ဆီသို့ သွားရန်ဆုံးဖြတ်ထားပြီး အခြေအနေအားတစ်ချက်စူးစမ်းကြည့်ရန်ဆုံးဖြတ်လိုက်သည်။
သူ၏ပုံရိပ်သည် ငှက်မွေးလေးပမာ သစ်ပင်တစ်ခုမှတစ်ခုသို့ ခုန်ကူးနေပြီး သွားနှုန်းမှာလျင်မြန်လှသည်။ အချိန်အနည်းငယ်အတွင်း သုံးမိုင်အထိပင်ခရီးပေါက်နေချေပြီ။ ထိုအချိန်......
"အား.....ကယ်ကြပါအုံး"
အတန်ငယ်ဝေးသောနေရာမှ မိန်းကလေးတစ်ယောက်၏အသံသည် ချိုးယီ၏နားထဲသို့ရောက်ရှိလာခဲ့သည်။
"ဟမ်.."
ချိုးယီ သစ်ပင်အကိုင်းအခတ်တစ်ခုတွင် ရပ်တန်းလိုက်ပြီး မိန်းကလေး၏အသံကြားရာနေရာသို့အာရုံစိုက်လိုက်သည်။ ထို့နောက် အသံလာရာနေရာသို့အလျင်အမြန်ထွက်ခွာလာလိုက်သည်။
..........
"ဟား ကြိုက်သလောက်အော်စမ်း မင်းတို့ကိုဘယ်သူမှလာမကယ်နိုင်ဘူး ဒီနေရာက ဘယ်နေရာလဲမင်းတို့သိပြီးလောက်မှာပါ"
ခေါင်းတုန်းနှင့် မျက်နှာတွင် ရှရာဒဏ်ရာ တစ်ခုရှိသော လူကြီးကလူယုတ်မာရယ်သံဖြင့်ပြောလိုက်လေသည်။ သူ့နောက်တွင်လည်း လူဆယ့်တစ်ယောက်ခန့် သည် ရယ်မောနေကြပြီး အနိုင်ကျင့်ရသည်အားပျော်နေသည့်ပုံပင်။ ထိုလူများသည် နာမည်ကြီးရာဇဝတ်သားဓားပြများဖြစ်ပြီး ဧကရာဇ်ရုံးတော်မှ ဖမ်းဝရမ်းထုပ်ထားသည့် နာမည်ဆိုးဖြင့်သိုင်းလောကတွင်ကျော်ကြားသော သွေးပုဆိန်ဓားပြဆယ့်နှစ်ယောက်ဖြစ်ပြီး တစ်ဖွဲ့လုံးသိုင်းပညာတော်ကြသည့်သူများစုပေါင်း၍ဆိုးသွမ်းနေသောဓားပြအဖွဲ့ဖြစ်သည်။
ထိုလူများရှေ့တွင် လူငယ်လေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်သည်သွေးပုဆိန်အဖွဲ့အား အလွန်ကြောက်ရွံ့နေသော မျက်လုံးများဖြင့်ကြည့်၍ တစ်ယောက်ယောက်လာကူညီရန်မျှော်လင့်ချက်ဖြင့် အကူအညီအားအော်ဟစ် တောင်းခံနေခဲ့ကြသည်။
ဓားပြဆယ့်နှစ်ယောက်သည်ရယ်မောနေကြပြီး သူတို့နှစ်ယောက်အား လှောင်ပြောင်ကာကြိုက်သလိုအော်ခွင့်ပေးထားကြသည်။ မုဆိုးများသည် သားကောင်များအား လိုက်၍ဖမ်းရသည်ကိုပို၍သဘောကျကြသည်မဟုတ်လား။
"ကောင်းပီ မင်းတို့မှာရှိသမျှ တန်ဖိုးရှိတဲ့အရာတွေကိုအခုချွတ်လိုက် နောက်ကကောင်မလေးကို ငါတို့ဆီထားခဲ့ပြီး မင်းထွက်သွားလို့ရပြီ"
ရှေ့မှခေါင်းဆောင်ဖြစ်ပုံရသော ခေါင်းတုံးနှင့်လူကြီးကပြောလိုက်လေသည်။
ထိုအချိန် လူငယ်လေး၏ဘေးနားရှိ ကောင်မလေး၏မျက်နှာသည် အလွန်ထိန့်လန့်ကာပျာယာခတ်သွားခဲ့သည်။ သူမအားဤနေရာတွင်နေခိုင်းသည်မှာအကြောင်းအရင်းတစ်ခုသာရှိပေသည်။
ထိုလူများသည်အလွန်ရက်စက်လှပေသည်။
လူငယ်လေး၏မျက်နှာသည် ကူရာမဲ့မှုများနှင့် စိတ်ပျက်မှုများထွက်ပေါ်လာခဲ့သည်။ ယနေ့ သူတို့ကယ်နိုင်မည့်သူ အမှန်တကယ်ပင်မရှိတော့သည်လား။ ဤနေရာတွင်သူမြတ်နိုးရသောမိန်းကလေးအား ဆုံးရှုံးရတော့မည်လား။ သူ၏စိတ်သည်အလွန်တင်းကြပ်သွားခဲ့သည်။
သို့သော်ထိုအချိန်တွင်......
"အိုပွဲကောင်းပဲ...ဖျောင်း.ဖျောင်း.ဖျောင်း"
အသံတစ်ခုသည်ရုတ်တရက် လက်ခုတ်သံများနှင့်တကွထွက်ပေါ်လာခဲ့သည်။
"ဘယ်သူလဲ ထွက်ခဲ့စမ်း"
ခေါင်းတုံးနှင့် လူးကြီးအပါအဝင်လူဆယ့်နှစ်ယောက်သည်။ ထိပ်လန့်သွားပြီး စိတ်လေးလံသွားခဲ့သည်။ လက်နက်များအားချက်ချင်းအသင့်ပြင်လိုက်ပြီး ဘေးဘီဝဲယာကြည့်လိုက်ကြသည်။
သူတို့တစ်ဖွဲ့လုံးမသိအောင်ရောက်လာနိုင်သောသူသည်သာမန်မဖြစ်နိုင်ချေ။ ကျွမ်းကျင်သိုင်းပညာရှင်တစ်ယောက်ပေလား။
"ကြည့်မနေနဲ့ ကျုပ်ကဒီမှာ"
နုပျိုသောအသံတစ်သံအားထပ်ကြားလိုက်ရသည်သည့်။ တစ်ဖွဲ့လုံးတူညီသောဦးတည်ရာတစ်ခုထံသို့ကြည့်မိလိုက်သည်။ ဤသည်မှာ မြင့်မားသောအပင်တစ်ခုပေါ်ရှိ သစ်ကိုင်းတစ်ခုတွင်ပင်စည်အားကျောမှီကာထိုင်နေသော လူငယ်လေးတစ်ယောက်ဖြစ်သည်။
ထိုအချိန်မှသာ သွေးပုဆိန်အဖွဲ့သည်စိတ်အေးသွားသလိုခံစားလိုက်ရပြီး သတိများအားအနည်းငယ်ဖြေလျှော့လိုက်ကြသည်။ဤမျှငယ်ရွယ်သော်ကောင်လေးတစ်ယောက်က သူတို့ကိုဘာလုပ်နိုင်မည်နည်း။ သိုင်းအိမ်တော်တစ်ခုမှ ပါရမီရှင်ဆိုပင်လျှင် သူတို့အားတိုက်ခိုက်ရန်အဆင့်မမှီသေးချေ။ သို့သော် သွေးပုဆိန်အဖွဲ့သည် သိုင်းအိမ်တော်ကြီးတစ်ခုနှင့် တိုက်ခိုက်ရန်ဆန္ဒမရှိကြပေ။ သို့သော်ဤကောင်လေးသည် သူတောင်းစားလိုစုတ်ပျက်သတ်နေသော အဝတ်အစားများနှင့်သိုင်းအိမ်တော်မှလူတစ်ယောက် မည်သည့်နည်းနှင့်မျှမဖြစ်နိုင်ချေ။
"ကောင်လေးမင်းက သေချင်နေတာပဲ"
..........................
ပြီး