ယွင်ရှင်းမေ
Vol. 2 Ch. 16
ချိုးအိမ်တော်၏ အနောက်ဘက်....
တောင်ကုန်းငယ်လေးတစ်ခုတွင် အရွယ်ရောက်ပြီးပုံရသော လူငယ်လေးတစ်ယောက်သည် လက်နှစ်ဖက်အားနောက်ပစ်ထားလျှက် မနက်ခင်းအာရုံဦးတွင်ထွက်ပေါ်လာသော နေမင်းကြီးအား မျက်နှာမူကာ ငေးကြည့်လျှက် တစ်ခုခုအားရေရွတ်နေခဲ့သည်။
"နေဝင်ပြီးနေထွက်တယ် လူတွေဟာလည်းရှင်သန်ပြီးရင်သေကြတယ် တစ်ချို့လူတွေကနောက်ဘဝသာရှိခဲ့ရင်ဆိုတဲ့အစွဲကိုကိုင်ဆွဲပြီးကောင်းတဲ့အရာတွေ နဲ့ မကောင်းတဲ့အရာတွေလုပ်ကြတယ် အချို့လူတွေက ရှင်သန်နေစဉ်အတွင်း မြတ်နိုးတန်ဖိုးထားကြတဲ့အရာတွေကိုကာကွယ်ကြတယ် ဒါပေမဲ့လည်းနောက်ဆုံးတော့ နှစ်၁၀၀ ကျော်ပြီးရင် တန်ဖိုးထားရတဲ့အရာတွေ လုပ်လက်စဖြစ်စေလုပ်ပြီးသည်ဖြစ်စေ အာရာအားလုံးကိုထားပြီးပျောက်ကွယ်သွားရမှာဘဲ"
လူငယ်လေးကသက်ပျင်းချလိုက်၏။ အညစ်အထေးမရှိလေသောဝတ်လုံဖြူ ၊ တိုက်ခတ်နေသောလေပြေလေးများနှင့်အတူ ယိမ်းထိုးလွင့်နေမျှာနေသော ဆံနွယ်များ၊နက်မှောင်နေသောမျက်လုံးတစ်စုံနှင့် လူငယ်ပီပီ နုပျိုခန့်ညားသောရုပ်ရည်ကိုပိုင်ဆိုင်ထားသောသူမှာ အခြားလူမဟုတ်ပေ ချိုးဝူယဲ့ ဖြစ်ပေ၏။
သူ၏မျက်နှာထားသည်သုံးနှစ်ကြာသော်လည်းမပြောင်းလဲချေ။ ရှိရင်းစွဲမျက်နှာသေဖြင့်သာဖြစ်၏။ သူ၏ပတ်ပတ်လည်တွင်မျက်လုံးဖြင့်မမြင်နိုင်သည့်တည်ငြိမ်သောအရှိန်အဝါကိုထုပ်လွတ်နေခဲ့သည်။ချိုးဝူယဲ့သည်ယခုအသက် ၁၇ သာရှိသေးသော်လည်း အရွယ်တစ်ခုသို့ရောက်ပြီးသော လူကြီးကဲ့သို့ရင့်ကျက်တည်ငြိမ်လျှက်ရှိနေခဲ့သည်။
ချိုးဝူယဲ့သည် အာရုံဦးနေမင်းကြီးအားအချိန်အတော်အကြာစိုက်ကြည့်နေခဲ့သည်။
"နင်ဘယ်အချိန်သွားမှာလဲ"
ငြင်သာ၍အေးစက်စက် အသံတစ်ခုချိုးဝူယဲ့၏နောက်ကျောမှထွက်ပေါ်လာခဲ့သည်။
ချိုးဝူယဲ့သည်ခေါင်းကိုပင်နောက်သို့မလှည့်ဘဲထိုအသံပိုင်ရှင်၏မေးခွန်းအားပြန်ဖြေပေးလိုက်သည်။ ဤအသံကြားရုံနှင့်မည်သူဆိုတာသိပုံရသည်။
"ကျုပ်မှာ အချိန် ၇ လကျန်သေးတယ် ပြီးရင်ကျုပ်အဖေပြောတဲ့အတိုင်းပဲ ကျုပ်နယ်စပ်ကို သွားမယ်"
"ကောင်းပြီ ငါလည်းနင်နဲ့လိုက်ခဲ့မယ်"
ချိုးဝူယဲ့၏ဘေးနားတွင် မည်သည့်အချိန်တည်းကရောက်နေမှန်းမသိသောမဖော်ပြနိုင်အောင်လှပသည့်မိန်းမပျိုလေးတစ်ယောက် ရောက်ရှိနေပြီး ချိုးဝူယဲ့စိုက်ကြည့်ရာနေမင်းဆီသို့ ချိုးဝူယဲ့နှင့်အတူစိုက်ကြည့်နေခဲ့သည်။
ဤလုပ်ရပ်သည် အလဟသပြုလုပ်ချင်းမဟုတ်ပေ။ ချိုးဝူယဲ့ ထိုမိန်းမပျိုလေးဆီမှလွန်ခဲ့သောနှစ်များက ယင်-ယန် မျက်လုံးကျင့်စဉ်အားရရှိခဲ့ပြီး ဤနှစ်များတစ်လျှောက်သူကျင့်ကြံနေခဲ့ခြင်းပင်။
ဤမျက်လုံးသည် နတ်နှင့်မိစ္ဆာများအားမြင်နိုင်စွမ်းရှိပြီး ကောင်းခြင်းဆိုးခြင်း နှင့် ပုံရိပ်ယောင်များအားထိုးဖောက်မြင်နိုင်ပေသည်။
အာရုံဦးအချိန်တွင် ထွက်ပေါ်လာသော ခရမ်းရောင်ယန်စွမ်းအင်အဆီအနှစ်များပါသည့် နေမင်းကြီး၏ စွမ်းအင်ကိုစုတ်ယူပြီး ညအချိန်တွင် ယင်စွမ်းအင်အငွေ့အသက်များပေါများလှသည့် လမင်း ကြီး၏ စွမ်းအင်များကိုစုတ်ယူလျက်ကျင့်ကြံနေခဲ့သည်မှာ ၂ နှစ်ပင်ရှိနေလေပြီ။
ချိုးဝူယဲ့၏ညာဖက်မျက်လုံးသည်အလွန်တောက်ပနေပြီး ဘယ်ဘက်မျက်လုံးသည် တွင်းနက်ကြီးအလား နက်မှောင်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ချိုးဝူယဲ့ သူ၏ခေါင်းအားဘေးသို့လှည့်ကာ လှပလွန်းသောမိန်းမပျိုအား.....
"ယွင်ရှင်းမေ..."
"ဟမ်"
ဘေးနားမှ နှစ်တစ်ထောင်ရေခဲကဲ့သို့ အေးစက်နေသော မိန်းမပျိုလေးက ချိုးဝူယဲ့အားတစ်ချက်စောင့်ကြည့်ကာ ပြောလိုက်သည်။
"ဘာပြောမလို့လဲ"
"ဘာမှမဟုတ်ဘူး ခေါ်လို့ကောင်းလို့ခေါ်ကြည့်တာ"
ချိုးဝူယဲ့မျက်နှာသေဖြင့်ပြောလိုက်ပြီးချက်ချင်း အကြည့်လွဲလိုက်သည်။
ဘေးမှ မိန်းမပျိုလေးယွင်ရှင်းမေသည် နှုတ်ခမ်းအားဖိကိုက်လိုက်ပြီး အေးစက်စက်အသံဖြင့်..
"နင်လိမ်နေတယ် ပြောစရာရှိတာသေချာတယ်"
ချိုးဝူယဲ့ခေတ္တမျှချိတုံချတုန်ဖြစ်သွားပြီးနောက် ယွင်ရှင်းမေ အားတည့်တည့်ကြည့်လျက် ဖြည်းညင်းစွာပြောလိုက်၏။
"ခင်ဗျားဘယ်အချိန်ထွက်သွားမှာလဲ "
ယွင်ရှင်းမေအေးစက်စက်ဖြင့်သာဖြေလိုက်လေသည်။
"မကြာခင်"
ချိုးဝူယဲ့ခေါင်းကိုက်သွားသည် ဤမိန်းမသည် ထိုစကားပြောနေသည်မှာ ၂ နှစ်ပင်ကျော်နေခဲ့ချေပြီ။ ယခုလည်း "မကြာခင်" ဆိုသောစကားကိုထပ်သုံးနေဆဲပင်။
ချိုးဝူယဲ့လွန်ခဲ့သည့်နှစ်များအတွင်း မိန်းမပျိုယွင်ရှင်းမေအားမည်သည့်အရာမျှမမေးခဲ့ပေ။ချိုးဝူယဲ့သည်အခြားလူအကြောင်းစပ်စုတတ်သောသူတစ်ယောက်မဟုတ်ချေ။ သူသိသည်မှာ သူမ၏နာမည်နှင့် သူမသည်ယခုသိုင်းလောကတွင်ထွက်ပေါ်လာမည်ဆိုပါက သိုင်းလောကကြီးဖွတ်ဖွတ်ညက်ညက်ကြေသွားနိုင်သည်ဟူသောအရာပင်။
ချိုးဝူယဲ့ထပ်မမေးတော့ပဲ ပြန်၍အာရုံစိုက်ကာ နေမင်းဆီသို့စူးစိုက်ကြည့်လိုက်၏။ အချိန်အနည်းငယ်ကြာလေ့ကျင့်ပြီးနောက်ချိုးဝူယဲ့သူ၏ခြံဝင်းလေးထဲသို့ပြန်လာလိုက်သည်။
လွန်ခဲ့သည်နှစ်များအတွင်း ချိုးဝူယဲ့သည်ပုံမှန်အတိုင်း သိုင်းပညာ လေ့ကျင့်ခြင်းဖြင့်သာကုန်ဆုံးခဲ့၏။ အပြင်သို့ထွက်ခဲသော်လည်း ချိုးဝူယဲ့အားမသိသူမရှိပေ။ ထို့အပြင် သောကန်ပြည်နယ်၏လူငယ်ပါရမီရှင်စာရင်းတွင် ချိုးဝူယဲ့သည်အဆင့် ၁ နေရာသို့အလိုအလျောက်တက်သွားခဲ့သည်။
အကြောင်းမှာ သောကန်ပြည်နယ်ပါရမီရှင်စာရင်းသည် အသက်၁၈ မပြည့်သေးသောလူငယ်များအတွက်သာဖြစ်သည်။ အရင်အဆင့် ၁ လူငယ်ပါမီရှင်မှာ အသက် ၁၈ ပြည့်သွားသောကြောင့် သောကန်ပါရမီရှင်စာရင်းတွင်ပါဝင်ခွင့်မရတော့ချေ။ ချိုးဝူယဲ့အဆင့် ၁ နေရာသို့အလိုအလျောက်ရခဲ့သော်လည်း မည်သူမျှစောဒကမတက်ရဲကြပေ။ အကြောင်းမှာ ဤအဆင့်ဖော်ပြချက်အားမကျေနပ်သောကြောင့်ချိုးဝူယဲ့အားလာရောက်စိန်ခေါ်သောသူများသည်အခြားသူများမဟုတ်ချေ။ပါရမီရှင်စာရင်းမှ ထိပ်တန်းအဆင့်များဖြစ်သည်။
ချိုးဝူယဲ့လုပ်ချလိုက်သောအရာသည်ပို၍ပင်ထိပ်လန့်ဖွယ်ကောင်းသေး၏။
အဆင့် ၅ အတွင်း၌ရှိသောသူများအားလုံးကိုတစ်ပြိုင်တည်းတိုက်ခိုက်အနိုင်ယူပြခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကြောင့်ပင် ချိုးဝူယဲ့နှင့်ပတ်သက်သော အရာအားလုံးတိတ်ဆိတ်သွားခဲ့သည်။ ဤလူများသည် သရဲသဘက်ဆန်သော ချိုးဝူယဲ့အား မစော်ကားလိုကြပေ။ ထို့ကြောင့် ချိုးဝူယဲ့နှင့်ပတ်သက်သော မကောင်းသတင်းများအားလုံးရပ်တန့်သွားခဲ့သည်။
ချိုးအိမ်တော်မှ အကြီးအကဲများနှင့်ချိုးအိမ်တော်သခင်ကြီးပင်လျှင်ချိုးဝူယဲ့အားမကန့်သတ်နိုင်ပဲ သိုင်းလောကသို့ထွက်ခွင့်ပေးထားရသည်။ ပုံမှန်ဆိုလျှင် ချိုးအိမ်တော်မှ လူငယ်များသည်အသက်ပြည့်မှသာ သိုင်းလောကတွင်နာမည်တစ်ခုစိုက်ထူရန် စေလွတ်ခံရလေ့ရှိသည်။ သို့သော်ချိုးဝူယဲ့သည် ထိုစည်းမျဉ်းများအားလိုက်နာစရာမလိုပေ။
ချိုးဝူယဲ့မျက်လုံးမှိတ်ကာ မက်မွန်ပင်အောက်တွင်ကုချင်အားစတင်တီးခတ်လိုက်သည်။ ငြင်သာသော သံစဉ်လှိုင်းများကရေစီးကဲ့သို့ဖြည်းညင်းစွာစီးမျှောလျက်ရှိပြီးသံစဉ်များတစ်ခုပြီးတစ်ခုပြောင်းလဲလျက်ရှိသည်။ရှုမောဖွယ် သာယာသောသံစဉ်အားဖော်ထုပ်နေခဲ့လေသည်။
ယွင်ချင်းမေ စားပွဲတွင်လက်ဖြင့်မေးထောက်ကာ မက်မွန်ပင်အောက်တွင် ကုချင်တီးခတ်နေသော ချိုးဝူယဲ့၏ပုံရိပ်အားငေးကြည့်နေခဲ့သည်။အတွေးတစ်ခုသည်ယွင်ရှင်းမေ၏စိတ်ထဲတွင်ဖြတ်ပြေးသွားခဲ့သည်။
'ဒီလိုလေးပဲထာဝရအေးအေးချမ်းချမ်းနေလိုက်ရရင်'
ယွင်ရှင်းမေချက်ချင်းခေါင်းခါရမ်းလိုက်ပြီးနောက်ချိုးဝူယဲ့အားကြည့်ကာသက်ပျင်းချလျှက်ရေရွတ်လိုက်၏။
"ဝမ်းနည်းစရာဘဲ ဒီအရှင်မမှာ မပြီးပြတ်သေးတဲ့ကိစ္စတွေများလွန်းတယ်"
.....................
ပြီး...