← Chapters

လျှပ်တပြတ်လေမိစ္ဆာရှီဖုန်း

Vol. 2 Ch. 17

လျှပ်တပြတ်လေမိစ္ဆာရှီဖုန်း

Vol. 2 Ch. 17

 တစ်ရက်ပြီးတစ်ရက် လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်မှာ တစ်လပင်ရှိချေတော့မည်။

တိတ်ဆိတ်ငြိမ်သက်နေသောခြံဝင်းလေးအတွင်းမှ စီးချက်ကျကျ လှုပ်ရှားမှုအသံများထွက်ပေါ်နေခဲ့သည်။ 

ချိုးဝူယဲ့​၏ပုံရိပ်သည်တစ်နေရာပြီးတစ်နေရာပေါ်လိုက်ပျောက်လိုက်ဖြစ်နေခဲ့သည်မှာ ပုံရိပ်များစွာတစ်ပြိုင်တည်းထွက်ပေါ်လာသကဲ့သို့ပင်။ ကြွေကျလာသော မက်မွန်ရွက်လေးတစ်ရွက်ပေါ်တွင်ချိုးဝူယဲ့​၏ပုံရိပ်ထွက်ပေါ်လာပြီး ခြေထောက်ဖြင့်မက်မွန်ရွက်အား နင်းလိုက်သော်လည်းမက်မွန်ရွက်လေးသည် အလေးချိန်မရှိသည့်အတိုင်းလေတွင် စီးမျောနေဆဲပင်။ ချိုးဝူယဲ့သည် မက်မွန်ရွက်လေးပေါ်တွင်စီးနင်းလျက် လေနှင့်အတူစီးမျှောနေခဲ့လေသည်။

ဤခြေလှမ်းသိုင်းပညာမှာ လွန်ခဲ့သောနှစ်များက ချိုးဝူယဲ့ကိုယ်တိုင်ဖန်တီးထားခြင်းဖြစ်ပြီး တိမ်တိုက်စီးနင်းခြင်းခြေလှမ်းဟုခေါ်ဆိုလေသည်။ စီးမျှောခြင်းသိုင်းဈာန်အတွင်းတွင် ဟင်းလင်းပြင်ဓားသိုင်း​၏ခြေလှမ်းကွက်များအားဥပမာယူ၍ များစွာဖြည့်စွတ်ဖန်တီးထားသော ခြေလှမ်းသိုင်းပညာရပ်ဖြစ်သည်။ ချိုးဝူယဲ့သည် တိမ်တိုက်စီးနင်းခြင်းခြေလှမ်းအား အစွန်းဆုံးအဆင့်ထိလေ့ကျင့်နိုင်ခဲ့ပြီး သစ်ရွက်ကလေးတစ်ရွက် ကိုပင်စီးနင်းနိုင်သည်အထိတတ်မြောက်ခဲ့လေပြီ။

ချိုးဝူယဲ့သည် မက်မွန်ရွက်မြေကြီးပေါ်သို့ ဖြည်းညင်းစွာ ကျလာသည်အထိစီးမျှောလိုက်ပါလာခဲ့လေသည်။ ထို့နောက် ချိုးဝူယဲ့ကောင်းကင်ထက်သို့မော့ကြည့်လိုက်ပြီး...

"နောက်ဆုံးတော့ အားလုံးပြည့်စုံသွားပြီ သိုင်းလောကထဲထွက်ဖို့အချိန်ကျပြီ"

ချိုးဝူယဲ့တီးတိုးပြောလိုက်ပြီးနောက် သူ​၏အခန်းထဲသို့ဝင်သွားလိုက်သည်။ ယွင်ရှင်းမေသည် ကုတင်ပေါ်တွင်ထိုင်၍ ကျင့်ကြံနေခဲ့ပြီး သူမ​၏ဘေးတွင် နှင်းကဲ့သို့အဖြူရောင် အငွေ့အသက်လေးများရစ်သိုင်းနေခဲ့သည်မှာ နတ်သမီးလေးတစ်ပါးကိုမြင်နေရသည့်အတိုင်းပင်။

ချိုးဝူယဲ့ ရွေတုံးအနည်းငယ်နှင့်ရွေစငွေစအနည်းငယ်ပါသော အိပ်လေးအားခါးနားတွင်ချိတ်လိုက်ကာ မက်မွန်သားဖြင့်သူကိုယ်တိုင်ပြုလုပ်ထားသောဓားတစ်ချောင်းအား ဆွဲယူ၍ခါးတွင်ချိတ်လိုက်သည်။ ထို့နောက် ခြံဝင်းအပြင်ဆီသို့ခြေလှမ်းကျဲကျဲဖြင့်လျှောက်သွားလိုက်သည်။

အခန်းထဲတွင်ထိုင်၍ကျင့်ကြံနေသော ယွင်ရှင်းမေ ​၏မျက်လုံးများပွင့်လာပြီး ထွက်သွားသောချိုးဝူယဲ့​၏ပုံရိပ်အားတစ်ချက်ကြည့်ကာ မျက်လုံးပြန်ပိတ်လိုက်သည်။

.....................

ချိုးဝူယဲ့မှာ အပြင်မထွက်ခင် သူ​၏အဖေ ရှိရာခြံဝင်းလေးထဲသို့သွားကာ စာကြည့်ခန်းထဲဝင်သွားလိုက်​၏။

ချိုးရှင်းယွင် သည်ပုံမှန်အပိုင်း အခင်းပေါ်တွင်ထိုင်ကာစာဖက်နေခဲ့ပြီးရှေ့စားပွဲခုံတွင် အကြမ်းရည်ခွက်နှစ်ခွက်နှင့် ရေနွေးကြမ်းတစ်အိုးရှိနေသည်။

ချိုးဝူယဲ့ဝင်လာသည်ကိုမြင်တော့ ချိုးရှင်းယွင်ချိုးဝူယဲ့​၏အခြေအနေကိုတစ်ချက်ကြည့်ကာပြုံးလိုက်သည်။

"ယဲ့အာ သိုင်းလောကထဲ ထွက်ခွာတော့မယ်ပေါ့"

ချိုးဝူယဲ့ အခင်းပေါ်တွင်ထိုင်လိုက်ပြီး အကြမ်းရည် နှစ်ခွက်ငဲ့ကာ....

"ဟုတ်တယ်အဖေ ကျွန်တော် အပြင်ခနထွက်ပြီးရှုခင်းကြည့်မလို့ သိုင်းလောကနဲ့ဇာတ်ရှုတ်ဖို့ထိတော့စိတ်မဝင်စားသေးဘူး"

ချိုးရှင်းယွင် ချိုးဝူယဲ့ငဲ့ပေးသောအကြမ်း

ည်ခွက်အားသောက်လိုက်ပြီး.....

"ယဲ့အာ သားအခြေအနေမကောင်းဘူးဆို အိမ်ကိုချက်ချင်းပြန်လာနော် တစ်ယောက်တည်းတင်းခံနေစရာမလိုဘူး သားနောက်မှာ ချိုးအိမ်တော်တစ်ခုလုံးရှိတယ်"

ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီးနောက် အကြမ်းရည်အားမော့သောက်လိုက်သည်။

...........................

ဖုန်းဟွာမြို့တော်...

ပုံမှန်လူသွားလူလာအနည်းငယ်သာရှိသောစားသောက်ဆိုင်လေးတစ်ဆိုင်တွင်...

"ရောင်းရင်းဟန် တောထဲမှာ သွေးပုဆိန်တစ်ဖွဲ့လုံးကို ရိုက်ပြီးဖမ်းခေါ်လာတဲ့ထိပ်တန်းသိုင်းသမားကျိုးရွေ အကြောင်းသိပြီးပြီလား"

"အော် တော်ဝင်သိုင်းပညာရှင်အဖြစ်ဧကရာဇ်မင်းကြီးက ဘွဲ့ချီးမြင့်ထားတဲ့ သိုင်းပညာရှင်ကိုပြောတာမို့လား အဲ့ဒီကိစ္စကျုပ်သိပီးပါပြီ"

"အချို့လူတွေပြောကြတာတော့ ကျိုးရွေက အဆင့်လွန်ထိပ်သီးသိုင်းသမားတွေနဲ့ သိုင်းပညာညီမျှတယ်တဲ့"

ဆိုင်ထဲတွင် ရောက်တတ်ရာရာ သတင်းမျိုးစုံအားဆွေးနွေးပြောဆိုနေကြသောသူများရှိပြီး စားသောက်ဆိုင်သည်သတင်းစုံစမ်းရန်အလွယ်ကူဆုံးနေရာဟုအများပြောကြသည်မှာမဆန်းပေ။

ထိုစဉ်...

"ဝုန်း"

"အုန်း..အုန်း"

"ရှီဖုန်း မင်းဖုန်းဟွာမြို့ထဲလာရဲတယ်ပေါ့ သေချင်နေတာလား"

ဒေါသ သကြီးအသံတစ်ခုသည် ထိုစားသောက်ဆိုင်​၏ ထောင့်တစ်နေရာလေးမှဟိန်းထွက်လာပြီးနောက် တိုက်ခိုက်သံများထွက်ပေါ်လာခဲ့သည်။

ဆိုင်ရှင်နှင့်စားပွဲထိုးလေးများထိပ်လန့်သွားကြပြီးချက်ချင်းကောင်တာအနောက်သို့ပြေးဝင်ကာရှောင်ပုန်းလိုက်ကြသည်။

စားသောက်ဆိုင်လေးတွင်လူ ၃ ယောက်သည် စားပွဲနှင့်ထိုင်ခုံများကျိုးကြေမွသည်အထိ တိုက်ခိုက်နေကြပြီးအတွင်းအားလှိုင်းများကြောင့်ဆိုင်ရှိ သေရည်အိုးများနှင့်ပစ္စည်းအတော်များများပျက်စီးသွားခဲ့သည်။ ဆိုင်တွင်ထိုင်၍စားသောက်နေသောသိုင်းသမားတော်တော်များများသည် ချက်ချင်းရှောင်ရှားသွားကြပြီး အပြင်ဘက်တွင်တိုက်ပွဲအားကြည့်ရှုနေခဲ့ကြသည်။

လူ၃ယောက်သည် ဆိုင်ထဲတွင်တိုက်ခိုက်နေကြပြီး အခြားတစ်ယောက်အားကျန်သည့်နှစ်ယောက်ကအတူတူတိုက်ခိုက်နေကြပုံပင်။

ဤသည်မှာ ဝတ်ရုံအနက်နှင့်လူငယ်တစ်ယောက်အားသက်လတ်ပိုင်းလူရွယ်နှစ်ယောက်ကတိုက်ခိုက်နေခြင်းဖြစ်ပြီးထိုသက်လတ်ပိုင်းနှစ်ယောက်အတူတကွတိုက်ခိုက်နေသော်လည်း ဝတ်ရုံနက်နှင့် ချောမောသောလူငယ် အားယခုချိန်ထိ နောက်ဆုတ်အောင်မပြုလုပ်နိုင်သေးချေ။ ထိုလူရွယ်နှစ်ယောက်သာနောက်ဆုတ်နေရပေသည်။

ဆိုင်ပြင်ရှိသိုင်းသမားများ​၏ဆွေးနွေးသံများကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

"အဲ့တာ လျှပ်တပြက်လေမိစ္ဆာရှီဖုန်းမို့လား ငါကြားတာတော့ သူထိပ်တန်းသိုင်းသမားအချို့နဲ့ပြဿနာဖြစ်ထားတယ်ဆိုပဲ"

ထိုစဉ်နောက်လူတစ်ယောက်က အံ့ဩတကြီးထအော်လိုက်သည်။

"ဟမ်.. ခနနေပါအုံး ရှီဖုန်းနဲ့တိုက်နေတဲ့ ၂ ယောက်ကိုငါသိသလိုဘဲ... ယင်-ယန်အမွာဓားသမားနှစ်ယောက်မို့လား"

ထိုနေရာတွင်ရှိနေသော သိုင်းသမားများ အံ့ဩသကြီးနဲ့အပြင်းအထန်ဆွေးနွေးနေကြသည်။

ယင်-ယန်အမွာဓားသမားနှစ်ယောက်ဆိုသည်မှာ သိုင်းလောကတွင်ထိပ်တန်းသိုင်းသမားအဖြစ်သတ်မှတ်ခံထားရသောအဆင့်မြင့်သိုင်းသမားနှစ်ယောက်ပင်။တစ်ယောက်ချင်းဆိုလျှင် အဆင့်မြင့်သိုင်းလောက်သာရှိသော်လဲ နှစ်ယောက်ဖက်စပ်သိုင်းနှင့်ဆိုလျှင် ထိပ်တန်းသိုင်းသမားများနှင့်ပင် တန်းတူတိုက်ခိုက်နိုင်​၏။

ထို့ကြောင့် သိုင်းလောကတွင် ထိပ်တန်းသိုင်းသမားများနှင့်အပြိုင်တိုက်ခိုက်နိုင်သည့် ယင်-ယန်ဓားအမွာသည် ကျော်ကြားလှသည်။

လျှပ်တပြတ်လေမိစ္တာရှီဖုန်းသည် ထိပ်တန်းသိုင်းပညာဖြစ်သည့် အကြောက်အရွံ့ကင်းမဲ့သော ယင်ကိုးပါးသိုင်းကျမ်းအား နောက်ဆုံးအဆင့်ထိလေ့ကျင့်ပြီးသော ထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်ပြီး နောင်နှစ်အနည်းငယ်အတွင်း ပြိုင်စံရှားသိုင်းသမားဆယ်ယောက်စာရင်းဝင်နိုင်တော့မည်ဖြစ်​၏။

ထိပ်လန့်ဖွယ်ကောင်းသည်မှာသူ​၏အသက်သည် နှစ်ဆယ်ကျော်သာရှိသေးပြီး ထိုကဲ့သို့ထိပ်တန်းသိုင်းပညာရှိနေခြင်းပင်။

၃ ယောက်သားအပြင်းအထန်တိုက်ခိုက်နေကြသော်လည်း စားသောက်ဆိုင်လေး​၏ ထောင့်တစ်နေရာတွင် လူငယ်လေးတစ်ယောက်သည်​အစားအသောက်မပျက်ပဲစားလက်စများကိုသာဆက်လက်စားသုံးနေခဲ့သည်။ ထိုက်တိုက်ပွဲအားသူဂရုမစိုက်ပေ။ဆိုင်အပြင်ရှိလူများအားလုံးသည်တိုက်ပွဲကိုသာစိတ်ရောက်နေပြီး ထိုလူငယ်လေးအားမည်သူမျှအာရုံမစိုက်ကြချေ။

အချိန်မည်မျှပင်မကြာသေးချေ...

"ဝုန်း....."

ယင်-ယန်ဓားအမွာနှစ်ယောက်ခြေလှမ်းပေါင်းများစွာနောက်ဆုတ်လိုက်ရပြီးသွေး တစ်လုတ်စီအန်လိုက်ရသည်။

ဝတ်ရုံနက်နှင့်လူငယ်​၏ အေးစက်စက်အသံထွက်ပေါ်လာခဲ့သည်။

"ခင်ဗျားတို့ရှုံးပီ ဒီကနေလစ်လိုက်တော့ မဟုတ်ရင်ကျုပ်ကိုအဆိုးမဆိုနဲ့"

ဆိုင်အပြင်ရှိလူများအားလုံးသက်ပျင်းချလိုက်ရသည်။

"ဟူး... ရှီဖုန်းကတကယ်သိုင်းပညာတော်လွန်းတယ်"

"အဆင့်လွန်ထိပ်သီးသိုင်းပညာရှင်တွေကလွဲရင်သူနဲ့ပြိုင်တိုက်နိုင်တဲ့ထိပ်တန်းသိုင်းသမားအချို့ဘဲရှိတော့တယ်"

ဆိုင်ထောင့်တွင် အစားအစာများထိုင်စားနေသောလူငယ်လေးက ရှီဖုန်းဆီသို့တစ်ချက်ကြည့်လိုက်ပြီးနောက် ရှီဖုန်း​၏ ကျောဘက်အရပ်မျက်နှာဆီသို့စိုက်ကြည့်လိုက်​၏။ထို့နောက်လူငယ်လေးက စိတ်ဝင်စားဟန်ဖြင့်...

"ပွဲတော့ကြည့်ကောင်းတော့မှာဘဲ"

.........................

ပြီး...

All Chapters