ထိပ်တန်းသိုင်းသမား ၃ ယောက်
Vol. 2 Ch. 18
ယင်-ယန်ဓားအမွာညီအကိုနှစ်ယောက်သည် စိတ်နှလုံးထဲတွင်အမှန်တကယ်တုန်လှုပ်သွားသည်။ထိုလျှပ်တပြတ်လေမိစ္ဆာရှိဖုန်းမှာ လွန်ခဲ့သည့် ၁ နှစ်ကျော်လောက်က သူတို့နှစ်ယောက်နှင့်သိုင်းပညာယှဉ်ပြိုင်ရာတွင်သားရေရလဒ်ဖြင့်အဆုံးသတ်ခဲ့ရ၏။ ယခုမှာမူ သိုင်းကွက်အနည်းငယ်အတွင်းပင်သူတို့ကိုနောက်ဆုတ်သွားအောင်ပြုလုပ်နိုင်၏။ ဤသည်မှာထိပ်လန့်ဖွယ်တိုးတက်မှုပင်။
သူတို့နှစ်ယောက်တည်းဖြင့် ဤအနက်ရောင်မိစ္ဆာသိုင်းသမားအားမည်သို့မျှမယှဉ်နိုင်တော့ချေ။ ထိုအချိန်တွင်....
"အနက်ရောင်မိစ္ဆာသိုင်းသမား မင်းကများအဖြူရောင်သိုင်းသမားနယ်မြေထဲကိုတစ်ယောက်ထဲလာရဲတယ်ပေါ့"
ကျယ်လောင်သော အော်ဟစ်ခြိမ်းခြောက်သံတစ်ခုအား အားလုံးကြားလိုက်ရသည်။ ထိုအသံသည်အတွင်းအားဖြင့်အော်ဟစ်လိုက်သောကြောင့် အသံလှိုင်းသက်ရောက်မှုဧရိယာမှာအလွန်ပင်ကျယ်ပြန့်လှသည်။ ဤအချက်အားကြည့်ချင်းဖြင့် ထိုအသံပိုင်ရှင်မှာသေချာပေါက်ထိပ်တန်းသိုင်းသမားဖြစ်ရချေမည်။
ဆိုင်အပြင်တွင် သိုင်းသမားများအားလုံးတည်ကြည်လေးနက်သွားကြသည်။ယနေ့ဤနေရာတွင် ထိပ်သီးသိုင်းယှဉ်ပြိုင်မှုကြီးတစ်ခုဖြစ်ပေတော့မည်။ အားလုံးက အသံလာရာဘက်လို့လှည့်ကြည့်လိုက်ကြသည်။
အစက်အပြောက်လေးသုံးသည်လျင်မြန်စွာကြီးလာနေပြီး ကိုယ်ဖော့သိုင်းဖြင့်လျင်မြန်စွာလာနေသောလူရိပ်၃ ခုအားမြင်လိုက်ရသည်။
သိပ်မကြာချေအစိမ်းရောင်ဝတ် အဝါရောင်ဝတ် အဖြူရောက်ဝတ်ရုံများအားဝတ်ဆင်ထားသောလူရိပ်သုံးခုသည် ရှီဖုန်း၏ အရှေ့တွင်ရောက်ရှိလာပြီးရှီဖုန်းအားတိုက်ခိုက်ရန်အသင့်ပြင်လိုက်ကြသည်။
ဤသုံးယောက်မှာ ထိပ်တန်းသိုင်းသမားများဖြစ်ပြီး လူလတ်ပိုင်းအရွယ် များဖြစ်ကြသည်။
ရှီဖုန်း သည်အေးစက်စက်ပြုံးလိုက်ပြီး သူ့ရှေ့မှထိပ်တန်းသိုင်းသမားသုံးယောက်ထဲမှဝတ်စုံဝါနှင့်တစ်ယောက်အားကြည့်ကာပြောလိုက်၏။
"ဘာလဲ ခင်ဗျား အရင် တစ်လတုန်းကမှကျုပ်ဆီကနေရှုံးနိမ့်ထားတာ အခုပြန်ချချင်လို့လား"
ဝတ်စုံဝါနှင့်သတ်လတ်ပိုင်းလူကြီး၏မျက်နှာသည်နီရဲသွားပြီးအလွန်ဒေါသထွက်သွားသည်။ သူအလွန်ရှက်မိသည် ထိုကိစ္စကြောင့်သူ၏နာမည်ဂုဏ်သတင်းမှာများစွာကျဆင်းသွား၏။ထို့ကြောင့်ထိုအရှက်တရားအားပြန်လည်ပေးဆပ်ရန် ဤတစ်လလုံးလုံးနေရာအနှံ့ ရှီဖုန်းအားလိုက်ရှာနေခဲ့သည်။ နောက်ဆုံးတော့တွေ့ခဲ့ချေပြီ။သူ၏အရှက်တရားအားပြန်လည်ပေးဆပ်ပြီး ကောင်းမွန်သောဂုဏ်သတင်းအားရယူနိုင်ပေတော့မည်။
"ညီအကိုအဲ့ကောင်ကိုအတူတူတိုက်ကြရအောင်"
ကျန်သည့်ထိပ်တန်းသိုင်းသမားနှစ်ယောက်လည်းချက်ချင်းခေါင်းငြိမ့်လိုက်ပြီး သုံးယောက်သားပူးပေါင်းကာ ရှီဖုန်းအားတိုက်ခိုက်လိုက်ကြသည်။
ရှီဖုန်းသည်သူ့ဆီသို့ခွန်အားကုန်ဖြင့်တိုးဝင်လာနေသောလူသုံးယောက်အားကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
"ခင်ဗျားတို့က အင်အားသုံးပြီးအနိုင်လိုချင်တယ်ပေါ့လာစမ်းပါ ဟားဟားဟား"
ရှီဖုန်းလည်းချက်ချင်းလှုပ်ရှားလိုက်ပြီး ထိုလူလတ်ပိုင်းအရွယ်ထိပ်တန်းသိုင်းသမားသုံးယောက်ဖြင့်တိုက်ခိုက်လိုက်သည်။ ရှီဖုန်း၏နာမည်မှာ လျှပ်တပြတ်လေမိစ္ဆာဆိုသည့်အတိုင်း အလွန်လျင်မြန်ပေ၏။သူ၏အရှိန်မှာတော်ရုံထိပ်တန်းသိုင်းသမားများထက်အပြတ်အသတ်သာပြီး တိုက်ပွဲတွင်အသာစီးမှတိုက်ခိုက်နိုင်လေသည်။
ရှီဖုန်းသည် အဝါရောင်ဝတ်စုံနှင့်လူ၏တိုက်ခိုက်မှုအား ခေါင်းကိုဘေးစောင်းကာရှောင်ရှားလိုက်ပြီးအောက်သို့လျှောကာ အဝါရောင်ဝတ်စုံနှင့်လူ၏ခြေထောက်အား ခြေထိုးလိုက်၏။ အဝါရောင်ဝတ်စုံနှင့်လူနောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ထိုအချိန်တွင် အပေါ်ဘက်နှင့်ဘေးဘက်မှ တိုက်ခိုက်မှုများ၏လေတိုးသံသဲ့သဲ့အားရှီဖုန်းကြားလိုက်ရသည်။ သူချက်ချင်းပင် မြေကြီးပေါ်တွင်လိမ့်ကာတိုက်ခိုက်မှုနှစ်ခုအားရှောင်ရှားလိုက်သည်။ထို့နောက် အပေါ်မှတိုက်ခိုက်လာသောအစိမ်းရောင်ဝတ်ရုံနှင့်လူအားရှီဖုန်းခြေထောက်ဖြင့်ဘေးတစ်စောင်းကန်လိုက်၏။
"ဘန်း"
အစိမ်းရောင်ဝတ်စုံနှင့်သိုင်းသမားရော ရှီဖုန်းပါခြေလှမ်း၃ လှမ်းနောက်သို့ဆုတ်လိုက်ရသည်။
ကျန်နေသော အဖြူရောင်ဝတ်စုံနှင့်လူက ရှီဖုန်းနောက်သို့ချက်ချင်းလိုက်လာကာ အတွင်းအားသိုင်းပညာဖြင့်တိုက်ခိုက်လိုက်လေသည်။
"ဘုန်း"
များပြားသော အတွင်းအားများသည်နေရာတစ်ခုထဲတွင်စုစည်းသွားပြီး ရှီဖုန်းအားတွန်းကန်လိုက်သည်။ ရှီဖုန်းချက်ချင်းပင်သိုင်းကွက်ပြောင်းကာအတွင်းအားအရှိန်အား လက်ဝါးဖြင့်တား၍ အရှိန်လမ်းကြောင်းအတိုင်းလက်ဝါးဖြင့်နှုးညံ့စွာလည်ပတ်လိုက်ပြီး ထိုတွန်းကန်နေသောအတွင်းအားရိုက်ချက်အားဖယ်ထုပ်လိုက်၏။
ထို့နောက်ရှီဖုန်းသည် သူ၏ဘေးနားတွင်တိုက်ခိုက်လျှက်သားပုံစံဖြင့်ရှိနေသေးသော အဖြူရောင်ဝတ်လုံးနှင့်လူအား လေပေါ်သို့ခုန်၍ခြေဆုတ်ပစ်ကန်လိုက်သည်။
"ဘန်း"
သိပ်အဖြူရောင်ဝတ်ရုံနှင့်လူသည်လက်နှစ်ဖက်ဖြင့် အလျင်အမြန်ခုခံလိုက်ပြီး ခြေစုံပစ်ကန်ချက်၏ တွန်းကန်အားကြောင့်ခြေလှမ်းပေါင်းဒါဇင်လောက်နောက်ဆုတ်ပေးလိုက်ရသည်။
သိပ်မကြာပေ သုံးယောက်လုံးအတူတူပြန်စုလိုက်ပြီးအသင့်ပြင်လိုက်၏။ထိုအချိန်မထင်မှတ်ထားသည်မှာ ယင်-ယန်ဓားအမွာညီကိုနှစ်ယောက်ပါ ပါဝင်လာခြင်းပင်။ ယခုဆိုလျှင်ရှီဖုန်းသည် ငါးယောက်တစ်ယောက်ဖြစ်နေပြီးအခြေအနေမကောင်းတော့ပေ။
ရှီဖုန်း၏မျက်နှာသည်လေးနက်နေပြီး ကိုယ်နေဟန်ထားအားအသင့်ပြင်ထားလိုက်၏။
"ရောင့်ရင်းတို့ ဒီမိစ္ဆာကောင်ကိုကျုပ်တို့အတူတူပူးပေါင်းပြီး အဖြူရောင်သိုင်းသမားတို့ကိုယ်စားရှင်းလိုက်ကြရအောင်"
ယင်ဓားအမွာမှထိုသို့ပြောလိုက်ပြီးနောက် ၅ ယောက်လုံးခေါင်းအတူငြိမ့်လိုက်ကြ၏။
ရှီဖုန်းသည် အတွင်းအားနှင့်သိုင်းပညာကုန်ထုပ်သုံးကာ ထို ၅ ယောက်၏တိုက်ခိုက်မှုများအားခုခံရင်းပြန်လည်တိုက်ခိုက်နေရသည်။ ရှီဖုန်း၏အခြေအနေသည်အသက်ရှုမချောင်လှပေ။
ကျန် ၅ ယောက်ကလဲသူတို့၏တတ်စွမ်းသောသိုင်းပညာအမျိုးမျိုးအားအသုံးပြုကာရှီဖုန်းအားတိုက်ခိုက်နေကြ၏။ ရှီဖုန်း၏ အရှိန်လမ်းကြောင်းသွေးဖယ်ခြင်းအားနားလည်မှုနှင့်အတွင်းအားမြင့်မားမှုကြောင့်သာ ပြန်လည်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။ ဤအခြေအနေမှာအဆင့်လွန်ထိပ်သီးသိုင်းပညာရှင်တစ်ယောက်အတွက်ပင်ရင်ဆိုင်ရခတ်ခဲအခြေအနေဖြစ်၏။
သိုင်းကွက်အနည်းငယ်ကြာတိုက်ခိုက်ပြီးနောက် အစိမ်းရောင်ဝတ်ရုံနှင့်လူ၏။အတွင်းအားလက်ဝါးကြောင့် ရှီဖုန်းနောက်သို့လွင့်သွားပြီး ခြေ ၇ လှမ်းခန့်ဆုတ်ပေးလိုက်ရ၏။
ယခုရှီဖုန်းအခြေအနေမှာမကောင်းတော့ချေ။ သူ၏ခန္ဓာကိုယ်တွင်လည်းဒဏ်ရာအနည်းငယ်ရထားပြီး အစိမ်းရောင်ဝတ်ရုံနှင့်လူ၏ကင်းမြီးကောက်အဆိပ်လက်ဝါးသိုင်းလည်းမိထား၏။
ထိုစဉ်အဝါရောင် ဝတ်ရုံနှင့်လူသည်လျင်မြန်စွာ ရှီဖုန်း၏အရှေ့သို့ရောက်လာပြီးတောက်ပသောအတွင်းအားများရစ်သိုင်းနေသည့်လက်ဝါးသိုင်းကွက်တစ်ခုအားထုပ်ဖော်ကာ ရှီဖုန်းအား ရိုက်လိုက်သည်။
"ရွှေနဂါးသုံးကောင်လက်ဝါး"
ရှီဖုန်းသည် ထွက်ပြေးရန်အခွင့်အရေးအားတွေ့သွားသည်။ သူချက်ချင်းပင် သူ၏ခန္ဓာကိုယ်များအတွင်းအားအများစုအား လက်ဝါးထိပ်တွင်စုစည်းလိုက်ပြီး ဝတ်စုံဝါနှင့်လူ၏လက်ဝါးသိုင်းအားခုခံလိုက်သည်။
"ယင်ကိုးပါးအတွင်းအား- တွန်းကန်"
"အုန်း..."
.......................
ပြီး...