← Chapters

ချိုးယီနှင့်ရှီဖုန်း

Vol. 2 Ch. 19

ချိုးယီနှင့်ရှီဖုန်း

Vol. 2 Ch. 19

လက်ဝါးနှစ်ခုရိုက်ခတ်မိသွားပြီး ကြီးမားသောစွမ်းအင်လှိုင်းနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံပြီးအချင်းချင်းရိုက်ခတ်မိသွား​၏ သူတို့နှစ်ယောက်​၏အတွင်းအားတိုက်ခိုက်မှုကြောင့် ဘေးမှ ကျောက်ခဲများနှင့်သစ်သားစများသည် ပေပေါင်းများစွာလွင့်စင်သွားပြီး ၎င်းတို့နှစ်ယောက်ကိုဗဟိုပြု၍ပေ၃၀ ဝန်းကျင်တွင်အရာအားလုံးပြောင်ရှင်းသွားခဲ့သည်။

"ဝုန်း"

တိုက်ခိုက်မှုအပြီးတွင်အတွင်းအားနှစ်မျိုးသည်အချင်းချင်းတွန်းကန်သွားပြီး အဝါရောင်ဝတ်ရုံနှင့်လူသည် ပေဒါဇင်ချီကာလွင့်ထွက်သွားပြီး သွေးတစ်လုပ်အန်ချလိုက်ရသည်။ သူ​၏ ညာဖက်လက်အား ရှိသည်ဟုပင်မခံစားရတော့ချေ။ ယင်ကိုးပါးအတွင်းအား​၏အကျိုးသက်ရောက်မှုကြောင့်ပင်ဖြစ်​၏။

ရှီဖုန်းသည်လည်းမသက်သာချေ။ သွေးတစ်လုပ်အန်လိုက်ရပြီးနောက် အတွင်းအားတွန်းကန်မှုအရှိန်အား ကိုးထား၍ လမ်းဘေးရှိခုံတစ်ခုအား နင်းကာ အရှိန်ကိုစုစည်း၍ ဘေးစောင်းခုန်လိုက်​၏။ အရှိန်စုစည်းထားမှုကြောင့် ရှီဖုန်း​၏ခန္ဓာကိုယ်သည် လေထုအား လျင်မြန်စွာဖြတ်သန်းသွား​၏။ ရှီဖုန်း လူများအားလုံး​၏မြင်ကွင်းမှလျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။ 

ဤအဖြစ်အပျက်များလွန်စွာမြန်ဆန်လွန်းသောကြောင့် စားသောက်ဆိုင်လေး​၏ပတ်ဝန်းကျင်တွင်ကြည့်ရှုနေကြသော လူများပင်ကြောင်အနေရာမှသတိပြန်မဝင်လာကြသေးချေ။ သွေးအန်လိုက်ရသော ဝတ်စုံဝါနှင့်လူလတ်ပိုင်းက ချောင်းဆိုးလိုက်ပြီး အော်ပြောလိုက်​၏။

"သူ့နောက်ကိုအမြန်လိုက်"

ကျန်သည့်ထိပ်တန်းသိုင်းသမားများသတိပြန်ဝင်လာပြီး ရှီဖုန်းထွက်ခွာသွားသည့်အရပ် သို့ ခြေလှမ်းသိုင်းကွက်များဖြင့်အလျင်အမြန်လိုက်ကြတော့သည်။

ဆိုင်လေးထဲတွင်ထိုင်ကာအကြမ်းရည်သောက်နေသော လူငယ်လေးက ရှီဖုန်းထွက်ခွာသွားသည့်အရပ်သို့ကြည့်လိုက်ပြီး...

"စိတ်ဝင်စားစရာပဲ"

ထို့နောက် ထိုလူငယ်လေး​၏ပုံရိပ်သည် မရှိခဲ့သည့်အလားဖျက်ကနဲပျောက်ကွယ်သွားပြီး စားပွဲပေါ်တွင်လည်း ငွေတစ်စရှိနေခဲ့သည်။

..........................

ဖုန်းဟွာမြို့အပြင်ဘက်တောထဲတွင် ရှီဖုန်းတစ်ယောက် အစွမ်းကုန် သစ်ပင်များအားခုန်ကူးကာ ပြေးလွားနေခဲ့သည်။ ဤအရှိန်ဖြင့်ပြေးနေခဲ့သည်မှာ တစ်နာရီပင်ပြည့်တော့မည်။ ယခုဖုန်းဟွာမြို့နှင့်မိုင်ဆယ်ချီဝေးနေပြီဖြစ်သောကြောင့်  ရှီဖုန်းသစ်ပင်တစ်ခုပေါ်တွင်ရပ်တန့်လိုက်​၏။

သူရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ​၏စိတ်အာရုံသည်မဲမှောင်လာပြီးနောက်ဆုံးတွင်လဲကျသွားတော့သည်။

ထိုအချိန်အပြာရောင်ဝတ်စုံနှင့်လူငယ်လေးတစ်ယောက်သည်သစ်ပင်တစ်ခုပေါ်တွင်ဆင်းသက်လိုက်ပြီး...

"ဟမ် လူတစ်ယောက် ဒဏ်ရာရနေတဲ့ပုံပဲ"

ငယ်ရွယ်သောရုပ်ရည် ၊ ရှည်လျားသောဆံပင်နှင့်လူငယ်လေးမှာအခြားလူမဟုတ်ပေ ချိုးယီဖြစ်ပေ​၏။ ယခုမှ ရှင်းယာမြို့တော်တွင်အရေးကြီးသောစာစောင်တစ်ခုသွားယူခဲ့ပြီး အပြန်လမ်းတွင် လဲကျနေသောရှီဖုန်း အားတွေ့ရှိခဲ့ခြင်းပင်။ 

ချိုးယီ ရှီဖုန်းနားသို့ကပ်လိုက်ပြီး သွေးကြောများအားစမ်းသပ်ကြည့်လိုက်​၏။ ချိုးယီ​၏မျက်နှာသည်အနည်းငယ်တည်တံ့သွားပြီးရေရွတ်လိုက်​သည်။

"ဒီလူအတွင်းအားတော့မြင့်တာပဲ ဒါပေမဲ့ အဆိတ်မိထားတယ် သူ့အတွင်းအားနဲ့သူအဆိပ်ထုပ်မယ်ဆိုရင်တော့ပြဿနာမရှိဘူး ဒါပေမဲ့သတိမေ့နေတယ်"

ချိုးယီခေါင်းခါရမ်းလိုက်ပြီး..

"ထားလိုက်ပါ သူ့ကိုဟိုအဘိုးကြီးဆီအရင်ခေါ်သွားတာဘဲကောင်းတယ်"

ထို့နောက်ချိုးယီ ရှီဖုန်းအားသယ်ဆောင်၍ သစ်ပင်တစ်ပင်နှင့်တစ်ပင်ခုန်ကူးကာထွက်သွားတော့သည်။ထိုအချိန် အနီးနားမှသစ်ကိုင်းတစ်ခုတွင် ရင်းနီးနေသောမျက်နှာသေဖြင့် စားသောက်ဆိုင်မှာလူငယ်လေး၏ပုံရိပ်သည်ထွက်ပေါ်လာခဲ့သည်။ မှန်ပေ​၏အခြားလူမဟုတ်ပေ ထိုလူငယ်လေးမှာ သိုင်းလောကထဲယခုမှစဝင်လာသော ချိုးဝူယဲ့ဖြစ်ပေသည်။

ချိုးဝူယဲ့ ရှီဖုန်းအားသယ်ဆောင်သွားသော ချိုးယီ​၏နောက်ကျောအားကြည့်လိုက်ပြီး.

"ကြည့်ရတာကိစ္စအကြီးကြီးတစ်ခုအစပျိုးနေပုံပဲ"

ချိုးဝူယဲ့လည်းသူသိုင်းလောကသို့စစ ဝင်ချင်းမှာပင် ကိစ္စအကြီးကြီးတစ်ခုအားဖမ်းဆုတ်မိရန်မမျှော်လင့်ထားခဲ့ပေ။

ထို့နောက်ချိုးဝူယဲ့​၏ပုံရိပ်သည်ဖျက်ကနဲပျောက်ကွယ်သွားခဲ့သည် သူမည်သည့်အရပ်ကိုသွားလဲမည်သူမှမသိနိုင်ချေ။

.................

ချိုးဝူယဲ့ ဖုန်းဟွာမြိုတော်ဆီသို့ပြန်၍ခြေဦးတည့်လိုက်​၏။ အချိန်အနည်းငယ်ခရီးဆက်ပြီးနောက် အောက်မှလှုပ်ရှားမှု အသံများကြားရသဖြင့်သစ်ကိုင်းတစ်ခုပေါ်တွင်ရပ်ကာအောက်သို့ကြည့်၍အခြေအားတစ်ချက်သုံးသပ်လိုက်သည်။

မြင်းရထားတွဲတစ်ခုသည် အရှိန်မြင့်စွာသွားနေခဲ့သည် ဘေးတွင်လည်း မြင်းများဖြင့်လိုက်ပါလာသော ထိပ်တန်ူသိုင်းသများ ၅ ယောက်လည်းလည်းပါသေး​၏။

ချိုးဝူယဲ့သူတို့ကိုဂရုမစိုက်တော့ပေ သူ့လမ်းသူဆက်သွားလိုက်​၏။ မြင်းရထားလုံးအားကျော်ကာသစ်ပင်တစ်ပင်ပြီးတစ်ပင်လျင်မြန်စွာ ခုန်ကူးသွား​၏။

သို့သော်...

"ဘယ်သူလဲ"

မြင်းရထား​၏နံဘေးမှလိုက်ပါလာသောထိပ်တန်းသိုင်းသမား ၅ယောက်အနက်မှ လေးကိုင်ထားသောတစ်ယောက်သည်မြားတစ်ချောင်းအားလျင်မြန်စွာဆွဲယူ၍  အတွင်းအားဖြင့် ချိုးဝူယဲ့သွားမည့်လမ်းကြောင်းအားကြိုပစ်လိုက်သည်။

"ဝှစ်.."

ချိုးဝူယဲ့သူသွားနေရင်းရုတ်တရက်သူ့ဆီသို့တိုးဝင်လာနေသော မြားတံတစ်ခုအားအာရုံခံမိလိုက်သည်။

ချိုးဝူယဲ့မျက်မှောင်ကြုတ်သွားပြီး မြားတံအားရှောင်ရှားလိုက်သည်။ထို့နောက်လက်ချောင်းနှစ်ချောင်းဖြင့်မြားတံအားညပ်လိုက်ပြီး တစ်ပတ်လည်ကာ တူညီသည့်အတွင်းအားပမာဏ နှင့်အရှိန်အတိုင်းလာရာလမ်ကြောင်းသို့ဦးတည်ချက်ပြန်လှည့်ပေးလိုက်သည်။

မြင်းပေါ်မှ လေးဖြင့်ပစ်လိုက်သော ထိပ်တန်းသိုင်းသမားမှာခံစားချက်မကောင်းတော့ချေ။ သူချက်ချင်း ထိုမြားတံအားရှောင်ရှားရန် မြင်းကိုနင်း၍လေပေါ်သို့ခုန်ကာရှောင်ရှားလိုက်သည်။ သို့သော်ထိုလေးသမား​၏မျက်နှာချက်ချင်းပျက်သွားသည်။

"မဟုတ်ဘူး"

မြားတံသည် မြင်းရထားလုံးထဲသို့ဝင်ရောက်သွားပြီးတစ်ခုခုအားစိုက်မိသွားပုံပင်။

ထိုအချိန်မြင်းရထားလုံးပေါ်မှမချိမဆန့်အော်သံကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။

"အား..."

......................

ပြီး...

All Chapters