ချိုးယီနှင့်ရှီဖုန်း
Vol. 2 Ch. 19
လက်ဝါးနှစ်ခုရိုက်ခတ်မိသွားပြီး ကြီးမားသောစွမ်းအင်လှိုင်းနှစ်ခုသည် ထိပ်တိုက်တွေ့ဆုံပြီးအချင်းချင်းရိုက်ခတ်မိသွား၏ သူတို့နှစ်ယောက်၏အတွင်းအားတိုက်ခိုက်မှုကြောင့် ဘေးမှ ကျောက်ခဲများနှင့်သစ်သားစများသည် ပေပေါင်းများစွာလွင့်စင်သွားပြီး ၎င်းတို့နှစ်ယောက်ကိုဗဟိုပြု၍ပေ၃၀ ဝန်းကျင်တွင်အရာအားလုံးပြောင်ရှင်းသွားခဲ့သည်။
"ဝုန်း"
တိုက်ခိုက်မှုအပြီးတွင်အတွင်းအားနှစ်မျိုးသည်အချင်းချင်းတွန်းကန်သွားပြီး အဝါရောင်ဝတ်ရုံနှင့်လူသည် ပေဒါဇင်ချီကာလွင့်ထွက်သွားပြီး သွေးတစ်လုပ်အန်ချလိုက်ရသည်။ သူ၏ ညာဖက်လက်အား ရှိသည်ဟုပင်မခံစားရတော့ချေ။ ယင်ကိုးပါးအတွင်းအား၏အကျိုးသက်ရောက်မှုကြောင့်ပင်ဖြစ်၏။
ရှီဖုန်းသည်လည်းမသက်သာချေ။ သွေးတစ်လုပ်အန်လိုက်ရပြီးနောက် အတွင်းအားတွန်းကန်မှုအရှိန်အား ကိုးထား၍ လမ်းဘေးရှိခုံတစ်ခုအား နင်းကာ အရှိန်ကိုစုစည်း၍ ဘေးစောင်းခုန်လိုက်၏။ အရှိန်စုစည်းထားမှုကြောင့် ရှီဖုန်း၏ခန္ဓာကိုယ်သည် လေထုအား လျင်မြန်စွာဖြတ်သန်းသွား၏။ ရှီဖုန်း လူများအားလုံး၏မြင်ကွင်းမှလျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
ဤအဖြစ်အပျက်များလွန်စွာမြန်ဆန်လွန်းသောကြောင့် စားသောက်ဆိုင်လေး၏ပတ်ဝန်းကျင်တွင်ကြည့်ရှုနေကြသော လူများပင်ကြောင်အနေရာမှသတိပြန်မဝင်လာကြသေးချေ။ သွေးအန်လိုက်ရသော ဝတ်စုံဝါနှင့်လူလတ်ပိုင်းက ချောင်းဆိုးလိုက်ပြီး အော်ပြောလိုက်၏။
"သူ့နောက်ကိုအမြန်လိုက်"
ကျန်သည့်ထိပ်တန်းသိုင်းသမားများသတိပြန်ဝင်လာပြီး ရှီဖုန်းထွက်ခွာသွားသည့်အရပ် သို့ ခြေလှမ်းသိုင်းကွက်များဖြင့်အလျင်အမြန်လိုက်ကြတော့သည်။
ဆိုင်လေးထဲတွင်ထိုင်ကာအကြမ်းရည်သောက်နေသော လူငယ်လေးက ရှီဖုန်းထွက်ခွာသွားသည့်အရပ်သို့ကြည့်လိုက်ပြီး...
"စိတ်ဝင်စားစရာပဲ"
ထို့နောက် ထိုလူငယ်လေး၏ပုံရိပ်သည် မရှိခဲ့သည့်အလားဖျက်ကနဲပျောက်ကွယ်သွားပြီး စားပွဲပေါ်တွင်လည်း ငွေတစ်စရှိနေခဲ့သည်။
..........................
ဖုန်းဟွာမြို့အပြင်ဘက်တောထဲတွင် ရှီဖုန်းတစ်ယောက် အစွမ်းကုန် သစ်ပင်များအားခုန်ကူးကာ ပြေးလွားနေခဲ့သည်။ ဤအရှိန်ဖြင့်ပြေးနေခဲ့သည်မှာ တစ်နာရီပင်ပြည့်တော့မည်။ ယခုဖုန်းဟွာမြို့နှင့်မိုင်ဆယ်ချီဝေးနေပြီဖြစ်သောကြောင့် ရှီဖုန်းသစ်ပင်တစ်ခုပေါ်တွင်ရပ်တန့်လိုက်၏။
သူရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စိတ်အာရုံသည်မဲမှောင်လာပြီးနောက်ဆုံးတွင်လဲကျသွားတော့သည်။
ထိုအချိန်အပြာရောင်ဝတ်စုံနှင့်လူငယ်လေးတစ်ယောက်သည်သစ်ပင်တစ်ခုပေါ်တွင်ဆင်းသက်လိုက်ပြီး...
"ဟမ် လူတစ်ယောက် ဒဏ်ရာရနေတဲ့ပုံပဲ"
ငယ်ရွယ်သောရုပ်ရည် ၊ ရှည်လျားသောဆံပင်နှင့်လူငယ်လေးမှာအခြားလူမဟုတ်ပေ ချိုးယီဖြစ်ပေ၏။ ယခုမှ ရှင်းယာမြို့တော်တွင်အရေးကြီးသောစာစောင်တစ်ခုသွားယူခဲ့ပြီး အပြန်လမ်းတွင် လဲကျနေသောရှီဖုန်း အားတွေ့ရှိခဲ့ခြင်းပင်။
ချိုးယီ ရှီဖုန်းနားသို့ကပ်လိုက်ပြီး သွေးကြောများအားစမ်းသပ်ကြည့်လိုက်၏။ ချိုးယီ၏မျက်နှာသည်အနည်းငယ်တည်တံ့သွားပြီးရေရွတ်လိုက်သည်။
"ဒီလူအတွင်းအားတော့မြင့်တာပဲ ဒါပေမဲ့ အဆိတ်မိထားတယ် သူ့အတွင်းအားနဲ့သူအဆိပ်ထုပ်မယ်ဆိုရင်တော့ပြဿနာမရှိဘူး ဒါပေမဲ့သတိမေ့နေတယ်"
ချိုးယီခေါင်းခါရမ်းလိုက်ပြီး..
"ထားလိုက်ပါ သူ့ကိုဟိုအဘိုးကြီးဆီအရင်ခေါ်သွားတာဘဲကောင်းတယ်"
ထို့နောက်ချိုးယီ ရှီဖုန်းအားသယ်ဆောင်၍ သစ်ပင်တစ်ပင်နှင့်တစ်ပင်ခုန်ကူးကာထွက်သွားတော့သည်။ထိုအချိန် အနီးနားမှသစ်ကိုင်းတစ်ခုတွင် ရင်းနီးနေသောမျက်နှာသေဖြင့် စားသောက်ဆိုင်မှာလူငယ်လေး၏ပုံရိပ်သည်ထွက်ပေါ်လာခဲ့သည်။ မှန်ပေ၏အခြားလူမဟုတ်ပေ ထိုလူငယ်လေးမှာ သိုင်းလောကထဲယခုမှစဝင်လာသော ချိုးဝူယဲ့ဖြစ်ပေသည်။
ချိုးဝူယဲ့ ရှီဖုန်းအားသယ်ဆောင်သွားသော ချိုးယီ၏နောက်ကျောအားကြည့်လိုက်ပြီး.
"ကြည့်ရတာကိစ္စအကြီးကြီးတစ်ခုအစပျိုးနေပုံပဲ"
ချိုးဝူယဲ့လည်းသူသိုင်းလောကသို့စစ ဝင်ချင်းမှာပင် ကိစ္စအကြီးကြီးတစ်ခုအားဖမ်းဆုတ်မိရန်မမျှော်လင့်ထားခဲ့ပေ။
ထို့နောက်ချိုးဝူယဲ့၏ပုံရိပ်သည်ဖျက်ကနဲပျောက်ကွယ်သွားခဲ့သည် သူမည်သည့်အရပ်ကိုသွားလဲမည်သူမှမသိနိုင်ချေ။
.................
ချိုးဝူယဲ့ ဖုန်းဟွာမြိုတော်ဆီသို့ပြန်၍ခြေဦးတည့်လိုက်၏။ အချိန်အနည်းငယ်ခရီးဆက်ပြီးနောက် အောက်မှလှုပ်ရှားမှု အသံများကြားရသဖြင့်သစ်ကိုင်းတစ်ခုပေါ်တွင်ရပ်ကာအောက်သို့ကြည့်၍အခြေအားတစ်ချက်သုံးသပ်လိုက်သည်။
မြင်းရထားတွဲတစ်ခုသည် အရှိန်မြင့်စွာသွားနေခဲ့သည် ဘေးတွင်လည်း မြင်းများဖြင့်လိုက်ပါလာသော ထိပ်တန်ူသိုင်းသများ ၅ ယောက်လည်းလည်းပါသေး၏။
ချိုးဝူယဲ့သူတို့ကိုဂရုမစိုက်တော့ပေ သူ့လမ်းသူဆက်သွားလိုက်၏။ မြင်းရထားလုံးအားကျော်ကာသစ်ပင်တစ်ပင်ပြီးတစ်ပင်လျင်မြန်စွာ ခုန်ကူးသွား၏။
သို့သော်...
"ဘယ်သူလဲ"
မြင်းရထား၏နံဘေးမှလိုက်ပါလာသောထိပ်တန်းသိုင်းသမား ၅ယောက်အနက်မှ လေးကိုင်ထားသောတစ်ယောက်သည်မြားတစ်ချောင်းအားလျင်မြန်စွာဆွဲယူ၍ အတွင်းအားဖြင့် ချိုးဝူယဲ့သွားမည့်လမ်းကြောင်းအားကြိုပစ်လိုက်သည်။
"ဝှစ်.."
ချိုးဝူယဲ့သူသွားနေရင်းရုတ်တရက်သူ့ဆီသို့တိုးဝင်လာနေသော မြားတံတစ်ခုအားအာရုံခံမိလိုက်သည်။
ချိုးဝူယဲ့မျက်မှောင်ကြုတ်သွားပြီး မြားတံအားရှောင်ရှားလိုက်သည်။ထို့နောက်လက်ချောင်းနှစ်ချောင်းဖြင့်မြားတံအားညပ်လိုက်ပြီး တစ်ပတ်လည်ကာ တူညီသည့်အတွင်းအားပမာဏ နှင့်အရှိန်အတိုင်းလာရာလမ်ကြောင်းသို့ဦးတည်ချက်ပြန်လှည့်ပေးလိုက်သည်။
မြင်းပေါ်မှ လေးဖြင့်ပစ်လိုက်သော ထိပ်တန်းသိုင်းသမားမှာခံစားချက်မကောင်းတော့ချေ။ သူချက်ချင်း ထိုမြားတံအားရှောင်ရှားရန် မြင်းကိုနင်း၍လေပေါ်သို့ခုန်ကာရှောင်ရှားလိုက်သည်။ သို့သော်ထိုလေးသမား၏မျက်နှာချက်ချင်းပျက်သွားသည်။
"မဟုတ်ဘူး"
မြားတံသည် မြင်းရထားလုံးထဲသို့ဝင်ရောက်သွားပြီးတစ်ခုခုအားစိုက်မိသွားပုံပင်။
ထိုအချိန်မြင်းရထားလုံးပေါ်မှမချိမဆန့်အော်သံကြီးတစ်ခုထွက်ပေါ်လာခဲ့သည်။
"အား..."
......................
ပြီး...