← Chapters

သိုင်းပညာအရမ်းမြင့်လွန်းတယ်

Vol. 2 Ch. 20

သိုင်းပညာအရမ်းမြင့်လွန်းတယ်

Vol. 2 Ch. 20

"အား...ဘယ်ကောင်လုပ်ရဲတာလဲကွအစောင့်အရှောက်တွေဘယ်မှာလဲ မင်းတို့ဘာတွေလုပ်နေကြတာလဲ"

ရထားလုံးပေါ်မှ လူဝကြီးတစ်ယောက်သည် ဒေါ်သသကြီးအော်ဟစ်ကာ ခန်းဆီးအားဖွင့်၍  အောက်သို့ဆင်းလာခဲ့သည်။ သူ​၏ ဘယ်ဘက်လက်တွင်လည်း မြားထိမှန်ထားသောဒဏ်ရာတစ်ခုရှိပြီး ဘယ်လက်သည်အကြောသေသွားကာတွဲလောင်းကျနေခဲ့သည်။

ဘေးနားမှ မြင်းငါးကောင်ဖြင့်လိုက်ပါလာသော ထိပ်တန်းသိုင်းသမားများသည် မျက်နှာပျက်ပျက်နှင့်...

"ကျုပ်တို့တောင်းပန်ပါတယ် တိုက်ခိုက်မှုကလျင်မြန်လွန်းတော့ ခုခံကာကွယ်ဖို့အာရုံစိုက်ချိန်တောင်မရလိုက်ဘူး ပြီးတော့တစ်ဖက်ရန်သူကအင်အားမသေးလှဘူး"

လူဝကြီးမှာ ဒေါသထွက်နေဆဲဖြစ်ပြီး ထိုထိပ်တန်းသိုင်းသမားအားကြည့်ကာ ကျိန်ဆဲလိုက်သည်။

"မင်းဖင်ကြီးကို အာရုံမစိုက်မိပါလား မင်းတို့ကိုကျုပ်က အလကားကာကွယ်ခိုင်းထားတာမဟုတ်ဘူးနော် ကြီးမားတဲ့တန်ရာတန်ကြေးပေးပြီးငှားထားတာ မင်းတို့ငါးယောက်လုံးကျော်ကြားတဲ့ထိပ်တန်းသိုင်းသမား ၅ ဖော်ဖြစ်ပါလျက်နဲ့ ဒီမြားတံလေးကာကွယ်ဖို့တောင်စောက်ဖြစ်မရှိကြဘူးလား..ဟမ်"

ကျန်ထိပ်တန်းသိုင်းသမား ၄ ယောက်သည် မြားကိုင်ထားသော ထိပ်တန်းသိုင်းသမားအား မျက်ထောင့်နီကြီးများဖြင့်ကြည့်လိုက်ကြသည်။ ထိုထိပ်တန်းသိုင်းသမားမှာကြက်သိမ်းဖျန်းသွား​၏။ သူသတိဖြင့်မတော်တဆပစ်လိုက်သောမြားတစ်ချောင်းသည် ထိုမျှပင်ဖြစ်သွားမည်ဟုမမျော်လင့်ထားပေ။

သို့သော်ယခုအချိန်မှာအချင်းချင်းအပြစ်တင်ကြိမ်းမောင်းနေရမည့်အချိန်မဟုတ်သေးပေ။

"ဘယ်သူလဲထွက်ခဲ့စမ်း"

လူဝကြီးက ဘေးဘီဝဲယာသို့ကြည့်ကာအော်လိုက်ပြီးပတ်ဝန်းကျင်အားအကဲခတ်လိုက်သည်။

"ဘာကိစ္စလဲ"

တိုးညင်းသောအသံတစ်ခုသည် သူတို့နံဘေးမှ သစ်ပင်ပေါ်မှထွက်ပေါ်လာခဲ့သည်။  လူဝကြီးနဲ့ ထိပ်တန်းသိုင်းသမား ၅ ယောက်လုံးထိုသစ်ပင်ဆီသို့ အာရုံစိုက်လိုက်ကြသည်။

ချိုးဝူယဲ့သည် ရထားလုံးနှင့် မီတာနှစ်ဆယ်လောက်ကွာဝေးသော သစ်ပင်တစ်ပင်​၏ သစ်ကိုင်းတစ်ခုတွင် ရပ်နေပြီး လူဝကြီးနှင့်အခြားလူများအားငုံ့ကြည့်လိုက်လေသည်။

ချိုးဝူယဲ့​၏ အမြင်ကတ်စရာမျက်နှာသေကြောင့် လူဝကြီး​၏မျက်နှာသည်မကျေမနပ်ဖြစ်သွားပြီး.....

"ကောင်လေး ငါ့ကိုတိုက်ခိုက်တာ မင်းပေါ့ "

ချိုးဝူယဲ့ ​၏မျက်နှာသည်မပြောင်းမလဲရှိနေပြီး လူဝကြီးကိုပင်မကြည့်ချေ။ သူ​၏အကြည့်သည် သူ့အားတိုက်ခိုက်သောလေးသမားဆီသို့ရောက်သွားပြီး တစ်လုံးချင်းပြောလိုက်လေသည်။

"ကျုပ်ကဘာကိစ္စနဲ့ခင်ဗျားကိုတိုက်ခိုက်ရမှာလဲ ကျုပ်မှာအချိန်တွေအများကြီးရှိတယ်လို့ခင်ဗျားထင်နေတာလား"

"ခင်ဗျားလူခင်ဗျားထိန်းထား"

လူဝကြီးနှင့်ထိပ်တန်းသိုင်းသမားများဆွံ့အသွားကြသည်။

'ဒီကောင်စုတ်လေးကဘယ်သူတုန်းဟ တော်တော့်ကိုလျှာစောင်းထက်လှပါလား'

ပြောချင်သည့်စကားများပြောပြီးနောက် ချိုးဝူယဲ့ သည် ထိုလူဝကြီးတို့တစ်သိုက်ကိုဂရုမစိုက်တော့ဘဲ ရှေ့သစ်ပင်ဆီသို့ခုန်ကာထွက်သွားရန်ပြင်လိုက်​၏။

လူဝကြီး​၏မျက်နှာသည်နီရဲနေပြီး အတော်ဒေါသထွက်နေဟန်ပင်။သူ​၏ဒေါသသည်ငယ်ထိပ်ရောက်နေချေပြီ။ သကောင့်သားမှာ သူ့ကိုတိုက်ခိုက်ပြီး သူ့ကိစ္စမဟုတ်သလိုရှောင်ထွက်သွားတော့မည်မဟုတ်လား။

"ဘယ်သွားမှာလဲ အစောင့်အရှောက်တွေ အဲ့ကောင်လေးကိုချက်ချင်းတားထားကြ"

မြင်းပေါ်မှာထိပ်တန်းသိုင်းသမား ၅ ယောက်သည် ချက်ချင်းလှုပ်ရှားလိုက်ကြသည်။

ထိပ်တန်းသိုင်းသမားများထဲမှ တစ်ယောက်သည်ချိုးဝူယဲ့ ​၏ရှေ့သို့ချက်ချင်းကိုယ်ဖော့ကာသွားလိုက်သည်။ 

"မိတ်ဆွေလေးမင်းသွားမယ်ဆိုရင်လဲရှင်းပြချက်လေးတော့ပေးသွားသင့်တယ်"

ချိုးဝူယဲ့ မျက်မှောင်ကြုတ်လိုက်ကာ..

"ခင်ဗျားတို့ဘဲကျုပ်ကိုအရင်စတိုက်တာမဟုတ်ဘူးလား ကျုပ်ကဘာကိစ္စရှင်းပြချက်ပေးရမှာလဲ ပေးချင်ပေး ခင်ဗျားတို့ကဘဲကျုပ်ကိုရှင်းပြချက်ပြန်ပေးရအုံးမယ်"

ခါတိုင်းဆိုလျှင်ချိုးဝူယဲ့ဤမျှစကားမပြောပေ သို့သော်ယခုမှာ ဤဖက်တီးသည် သာမန်လူဟုတ်ပုံမရချေ။ ထိပ်တန်းသိုင်းသမား၅ ယောက်ကိုပင်အစောင့်ရှောက်လုပ်နိုင်သည်ဆိုကတည်းက တော်ရုံလူမဖြစ်နိုင်ပေ။ ဖြစ်နိုင်လျှင် သူဤသိုင်းလောကနှင့်ဇာတ်မရှုပ်ချင်သေးပေ။ ထို့ကြောင့်သာ ဤကိစ္စအား မသိသလိုကျော်သွားပေးဖြင်းဖြစ်သည်။သို့သော်ယခုအခြေအနေမှာ မကောင်းချေ။ ဒေါသအလွန်ထွက်လွယ်သောဤလူဝကြီးမှာ တော်ရုံနှင့်အလျှော့ပေးမည့်ပုံမရှိချေ။

ထိုထိပ်တန်းသိုင်းသမားမှာ ညစ်အတော်ညစ်သွားလေသည်။ အမှန်တကယ်ပင်ဤကိစ္စသည် သူတို့ညီ ၄ မှဤလူငယ်လေးအားအရင်တိုက်ခိုက်ခြင်းဖြစ်ပြီး လူဝကြီးမှာလည်း ချိုးဝူယဲ့အားဒေါသထွက်နေခြင်းကြောင့် သူမည်သည့်အရာကိုလုပ်သင့်မှန်းမသိတော့ချေ။

"အဲ့ဒီကောင်လေးကိုဒီခေါ်လာခဲ့"

လူဝကြီးသည်ရထားလုံးနံဘေးမှအော်ပြောလိုက်သည်။

ချိုးဝူယဲ့သည် ဤလူများအားအမှန်တကယ်စိတ်မဝင်စားတော့ချေ။ သူ့လမ်းသူသာသွားပေတော့မည်။ ချိုးဝူယဲ့သည်သူ့ရှေ့မှထိပ်တန်းသိုင်းသမားအား ဖြတ်ကျော်သွားလိုက်သည်။ ဤကိစ္စဤနေရာတွင်အဆုံးသတ်သင့်ပေသည်။

ချိုးဝူယဲ့ ထွက်သွားသည်အားမြင်လိုက်ရသော လူဝကြီးမှာ ဒေါသသကြီးဖြင့်အော်ပြောလိုက်သည်။

"ခေါ်လို့မရရင် သူ့ကိုဖမ်းခေါ်လာခဲ့"

ထိပ်တန်းသိုင်းသမားနှစ်ယောက်သည်ချိုးဝူယဲ့နောက်မှလိုက်သွားပြီး လက်များအားဆန့်ထုပ်ကာ ချိုးဝူယဲ့အားဆွဲခေါ်ရန်လုပ်လိုက်သည်။သို့သော် ချိုးဝူယဲ့​၏ အေးစက်စက်မျက်နှာသေသည် အနောက်သို့လှည့်လာပြီးသူ​၏လက်ဝါးဖြင့် လေထုအားရိုက်ချလိုက်သည်။

"ဘန်း"

ချိုးဝူယဲ့နောက်မှထိပ်တန်းသိုင်းသမားများ​၏မျက်နှာသည်ချက်ချင်းပျက်သွားပြီး ရှောင်ရှားရန်လုပ်လိုက်သော်လည်း အရာမထင်ခဲ့ချေ။

"ဝုန်း..ဝုန်း"

ကြီးမားသော စွမ်းအင်လှိုင်းတစ်ခုသည် ထိပ်တန်းသိုင်းသမားနှစ်ယောက်အား တွန်းကန်လိုက်ကာ အဝေးသို့လွင့်ထွက်သွားစေပြီး အောက်သို့ချက်ချင်းပြုတ်ကျသွားစေသည်။

ချိုးဝူယဲ့ ခေါင်းကိုရှေ့လှည့်လိုက်ပြီးနောက်သို့မကြည့်ပဲ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

"ခင်ဗျားတို့ကျုပ်ကိုနောက်တစ်ခါထပ်ပြီးနှောင့်ယှက်မယ်ဆို ကျုပ်ကိုအဆိုးမဆိုနဲ့"

ထို့နောက်ချိုးဝူယဲ့​၏ပုံရိပ်သည် ဖျက်ကနဲပျောက်ကွယ်သွားတော့သည်။သူမည်သို့ထွက်သွားသည်ကို ကျန်ထိပ်တန်းသိုင်းသမားများပင်မမြင်လိုက်ရချေ။

"ညီ၃ နဲ့ ညီ၅ အဆင်ပြေကြလား ဘယ်လိုနေလဲ"

ချိုးဝူယဲ့နှင့်စကားပြောခဲ့သော ထိပ်တန်းသိုင်းသမားက ချိုးဝူယဲ့​၏ရိုက်လွင့်ခြင်းခံရသော ထိပ်တန်းသိုင်းသမားနှစ်ယောက်ဆီသို့အပြေးသွားလိုက်ပြီးအခြေအနေအားမေးမြန်းလိုက်သည်။

ညီ၃ ဆိုသူမှချောင်းတစ်ချက်ဆိုးရင်းထိပ်လန့်တစ်ကြားအသံဖြင့်.....

"အဟွတ်...အဟွတ် အဲ့ဒီလူငယ်လေးကဘယ်သူလဲ သိုင်းပညာအရမ်းမြင့်လွန်းတယ်"

....................

ပြီး

All Chapters