← Chapters

  စိတ်ညစ်နေသောချိုးဝူယဲ့ 

Vol. 2 Ch. 22

  စိတ်ညစ်နေသောချိုးဝူယဲ့ 

Vol. 2 Ch. 22

နောက်တစ်ရက်နံနက်ခင်းတွင် ချိုးဝူယဲ့ နှစ်ချိုက်စွာအိပ်ပျော်နေရာမှနိုးထလာခဲ့သည။သူနိုးထလာသည့်အချိန်မှာ နံနက်ခင်အာရုံဦးစထွက်ချိန်လေးသာရှိသေးသောကြောင့် ကောင်းကင်တစ်ခွင်လုံးမှောင်ရိပ်သန်းနေပါသေးသည်။ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် တည်းခိုခန်းခြံပြင်သို့ထွက်လာလိုက်သည်။ မနေ့ညက ချိုးဝူယဲ့​၏တည်းခိုခြံဝင်းရှေ့တွင်စောင့်နေသောအလုပ်သမားမှာပြောင်းလဲသွားပြီး တာဝန်ချိန်ပြောင်းသွားပုံရသည်။

ချိုးဝူယဲ့ ထွက်လာသည့်အချိန် ခြံရှေ့တွင်စောင့်နေသောအလုပ်သမားက ဦးညွတ်လိုက်ပြီး 

"နံနက်စာအဆင်သင့်ဖြစ်ပါပီ လူကြီးမင်း"

ချိုးဝူယဲ့ စင်္ကြံပေါ်သို့သွားလိုက်ပြီး အလုပ်သမားအားမကြည့်ဘဲ ပြောလိုက်သည်။

"မလိုပါဘူး ရပါပြီ ကျုပ်ဘာသာအပြင်မှာသွားစားမှာပါ"

"ကောင်းပါပြီလူကြီးမင်း"

အနီရောင်ဝတ်စုံနှင့်အလုပ်သမားကပြောလိုက်ပြီးနောက် ချိုးဝူယဲ့ ဝင်းတံခါးသော့တံအားသူဌေးထံသို့ပြန်အပ်ကာ တည်းခိုခန်းအပြင်ဘက်မြို့ထဲသို့ထွက်လာလိုက်သည်။

တည်းခိုခန်းတွင်ကျွေးသောအစားအစာများကိုသူမစားလိုပေ။ အလွန်အန္တရာယ်များသောကြောင့်ပင်။ မတော်တဆ အဆိပ်ပါသောဟင်းခွက်အားစားမိပါက သူ့အတွက်အဆင်မပြေလှပေ။ ယခုမှသိုင်းလောကထဲလည်ပတ်ပြီးရန်သူမရှိသေးဟူဆိုသော်လည်း သတိဆိုသည်မှာ ပိုသည်ဟူ၍မရှိချေ။ထို့ကြောင့်ချိုးဝူယဲ့ မစားခြင်းဖြစ်သည်။

ချိုးဝူယဲ့ မြို့ထဲသို့ခြေဦးတည့်ရာသွားနေခဲ့ပြီးနံနက်စာစားရန် လမ်းဘေးတွင်ဖွင့်ထားသော ဖက်ထုပ်ပေါင်းဆိုင်သေးသေးလေးအားရွေးချယ်လိုက်သည်။ ထိုဆိုင်​၏နံဘေးတွင်စားသောက်ဆိုင်အကြီးကြီးများရှိသောကြောင့် ထိုဆိုင်ကြီးများနှင့်ယှဉ်လျှင် လူသုံးယောက်ထိုင်စားရန်သာဝင်ဆံ့သော ထိုဆိုင်ကလေးမှာအားငယ်ဖွယ်ရာပင်။အနည်းဆုံးတော့ဤဆိုင်မှာစားခြင်းကသူ့အတွက်ပို၍လုံခြုံမှုရှိသည်ဟုခံစားမိသည်။

ချိုးဝူယဲ့ဆိုင်အတွင်းသို့ဝင်လာသောအခါဟောင်းနွမ်းနေသော အင်္ကျီများဖြင့်အဖိုးကြီးတစ်ယောက်သည် ချိုးဝူယဲ့အားဖော်ဖော်ရွေရွေဖြင့်ပြုံးကာနှုတ်ဆက်လိုက်သည်။

"ကြိုဆိုပါတယ် ထိုင်ပါအုံး"

ချိုးဝူယဲ့ ခေါင်းညိတ်ပြကာ ခုံတစ်ခုံတွင်ထိုင်ချလိုက်ပြီး..

"ဖက်ထုပ်ပေါင်းတစ်ပွဲချပေးပါ ဆိုင်ရှင်"

"ကောင်းပါပြီ"

ဆိုင်ရှင်အဖိုးကြီးက ပြုံး၍ပြောကာ စတင်၍အလုပ်လုပ်လိုက်သည်။

ချိုးဝူယဲ့ ဖက်ထုပ်ပေါင်းတစ်ပွဲမှာလိုက်ပြီးနောက် မကြာပေ ဆိုင်ရှင်အဖိုးကြီးကလာချပေးသည်။ချိုးဝူယဲ့ရှေ့ဆက်လုပ်ရမည့်အကြောင်းအား တွေးရင်းငြိမ်သက်စွာစားသောက်နေခဲ့သည်။

ချိုးဝူယဲ့ခေါင်းငုံ့၍စားသောက်နေတုန်းတစ်ခဏလေးမှာတင် လေအေးတစ်ချက်တိုက်ခတ်သွားပြီးအေးစက်စက်အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"စားလို့ကောင်းလား"

ချိုးဝူယဲ့ အမူအရာသည်ချက်ချင်းတောင့်ခဲသွားပြီး ကျောက်ရုပ်တစ်ခုလိုဖြစ်သွားခဲ့သည်။သူစိတ်အတော်ပင်ညစ်သွားလေသည်။

'ဒီမိန်းမဘာလိုက်လုပ်ပြန်တာတုန်းဟ ပြဿနာဘဲ'

မှန်ပေ​၏ ဤအသံပိုင်ရှင်မှာအခြားလူမဟုတ်ပေ နှစ်တစ်ထောင်ရေခဲတောင်ကဲ့သို့အေးစက်လှပသော မိန်းမပျိုလေး ယွင်ရှင်းမေဖြစ်ပေ​၏။

ဆိုင်ရှင်အဖိုးကြီးလဲရုတ်တရက်ရောက်ရှိလာသော ယွင်ရှင်းမေကြောင့်ကြောင်အသွားသော်လည်းမည်သည့်အရာမှမပြောဘဲသူ့ကိစ္စသူအာရုံပြန်စိုက်လိုက်​၏။ဤအဖိုးကြီးသည်လည်းအခြားလူကိစ္စအားစပ်စုရတာဝါသနာပါသည့်ပုံမပေါ်ချေ။

ချိုးဝူယဲ့စိတ်ညစ်သွားသော်လည်း ဝါးခမောက်အားချွတ်ထားသောကြောင့် သူ​၏မျက်နှာသေမှာမပြောင်းမလဲရှိနေဆဲပင်။ယွင်ရှင်းမေ အားပြန်မကြည့်ဘဲ အစားဆက်စားရင်းသာပြန်ပြောလိုက်​၏။

"အင်း.စားလို့ကောင်းတယ် ဒါနဲ့ခင်ဗျားက ဒီကိုဘာလို့လိုက်လာတာလဲ"

"ပျင်းလို့"

ယွင်ရှင်းမေအကြောဆန့်ကာပြောလိုက်​၏။ လက်နှစ်ဖက်အားဆန့်တန်းလိုက်သောကြောင့် သူမ​၏ပြီးပြည့်စုံသောခန္ဓာကိုယ်ရှိ ရှိုက်ကြီးဖိုငယ်အသွယ်သွယ်အား လစ်ဟာပြသမိသလိုဖြစ်သွားခဲ့သည်။ ယခုမှစားသောက်၍ခေါင်းမော့လာသောချိုးဝူယဲ့မှာ ဤမြင်ကွင်းကြောင့်ချက်ချင်းအေးခဲသွားပြီး ခေါင်းများပင်ပူထူသွားခဲ့လေသည်။ သူချက်ချင်းခေါင်းပြန်ငုံ့ပြီးဖက်ထုပ်ပေါင်းများအားဆက်၍စားလိုက်သော်လည်း အရသာပျောက်နေသလိုပင်ခံစားလာရ​၏။

အခြားသူများဆိုလျှင်တော့ ချိုးဝူယဲ့​၏အမူအရာအားသတိထားမိမည်မဟုတ်ပေ။ သို့သော်ယွင်ရှင်းမေမှာ မြင်ဖြစ်အောင်မြင်လိုက်သေးသည်။ယွင်ရှင်းမေ အေးစက်စက်ပြုံးလိုက်ပြီးစိတ်ထဲတွင်လှောင်လိုက်သည်။

'အဟက်ကောင်စုတ်လေး နင်က ငါအရှင်မရဲ့အလှမှာ အတောင့်ခံနိုင်ဆုံးသေမျိုးလူသား ဆိုရင်တောင်အချို့စိတ်ဆန္ဒတွေကိုတော့တောင့်ခံနိုင်မှာမဟုတ်ဘူး'

ထို့နောက်နေရခတ်သောလေထုဖြစ်လာပြီးနောက်နှစ်ယောက်လုံးတိတ်ဆိတ်သွားကြသည်။

စားသောက်ပြီးနောက်ချိုးဝူယဲ့ငွေတစ်စအားစားပွဲပေါ်တွင်တင်လိုက်ပြီးနောက်ထသွားရန်ပြင်လိုက်သည်။သို့သော်ထိုအချိန်တွင်ရိုင်းစိုင်းသောအသံတစ်သံအားကြားလိုက်ရသည်။

"အဖိုးကြီး ထွက်လာစမ်း နေဦးခဗျားကြီးမလာရင်ကျုပ်လာမယ်"

ဆိုင်ထဲသို့ စစ်ဝတ်စုံများနှင့်လူ ၄ ယောက်ဝင်လာပြီး ဆိုင်အခြေအနေအားအကဲခတ်လိုက်သည်။ လူနှစ်ယောက်သာရှိသောကြောင့် ထိုစစ်သားဝတ်စုံနှင့်လူများသည် ပိုပို၍ပင်မောက်မာလာခဲ့သည်။ထို့ပြင်ထိုစစ်သားများ​၏အကြည့်သည် ယွင်ရှင်းမေထံ၌သာရှိပြီး သဏှာရာဂ တောက်လောင်နေသောမျက်လုံးများဖြင့် ယွင်ရှင်းမေ​၏ ခန္ဓာကိုယ်အားစုံဆန်ချီကာစိုက်ကြည့်နေခဲ့သည်။

ချိုးဝူယဲ့ သည်သူ့ကိစ္စမဟုတ်လျှင်မည်သူ့ကိုမှဂရုမစိုက်သော်လည်း ထိုစစ်သားများအား အမှန်တကယ်ပင်သနားမိသွားသည်။ထို့နောက် ချိုးဝူယဲ့အဖိုးကြီးအားတစ်ချက်ကြည့်လိုက်သည်ထိုအဖိုးကြီးမှာ စိတ်လှုပ်ရှားနေဟန်ရပြီး ထိုစစ်ဝတ်စုံနှင့်လူ ၄ ယောက်အားကြည့်ကာ ထိပ်လန့်နေသည့်ပုံပင်။

သို့သော်ထိုအဖိုးကြီးက သတ္တိခဲကာပြောလိုက်လေသည်။

" ကာကွယ်ကြေးကနောက်တစ်ပတ်မှမဟုတ်လားဘာလို့စောပြီးလာတောင်းကြတာလဲ"

သို့သော်လည်း ထိုစစ်သားများမှာ အဖိုးကြီး​၏တုန်ယင်နေသော စကားများအားကြားပုံမရပဲ သူတို့ ၄ ယောက်​၏အာရုံများသည်ယွင်ရှင်းမေထံသို့သာရောက်ရှိနေခဲ့သည်။ 

ယွင်ရှင်းမေသည် ထိုစစ်သားများထံသို့ခေါင်းလှည့်လိုက်ပြီး ချိုးဝူယဲ့နှင့်စကားပြောချိန်ကထက် အဆတစ်ရာလောက်ပို၍အေးစက်သော အသံဖြင့်တစ်လုံးချင်းပြောလိုက်သည်။

"ကြည့်လို့ကောင်းလား"

.....................

ပြီး...

All Chapters