ကျုပ်နာမည်က ယီချိုး
Vol. 2 Ch. 15
ချိုးယီအား လူဆယ့်တစ်ယောက်ကဝိုင်းထားလိုက်ပြီး ဓားများ ဖြင့်ချိန်ရွယ်ထားခဲ့ကြသည်။
ချိုးယီသည် သူ၏ပတ်ပတ်လည်အား အေးစက်စက်ဖြင့်တစ်ချက်ကြည့်လိုက်သည်။
ရေခဲတမျှအေးစက်သောအရှိန်အဝါများက ချိုးယီ၏ပတ်ဝန်းကျင်တွင်ပျံ့နှံ့နေပြီးလေထုပင်အေးခဲတော့မလိုပင်။
ချိုးယီ လက်တစ်ဖက်အားနောက်ပစ်၍နောက်တစ်ဖက်အား လက်ဝါးဖြန့်ထုပ်ကာအသင့်ပြင်ထားလိုက်၏။ ထို့နောက်ဘေးဘီဝဲယာသို့ အာရုံစူးစိုက်လိုက်သည်။
"တိုက်"
ခေါင်းတုံးနှင့်လူက အော်လိုက်ပြီး သူအရင်ခုန်ဝင်သွားလိုက်၏။ သူ၏လက်ဝါးထဲတွင်အတွင်းအားအပြည့်ထည့်ပြီး ချိုးယီအား အပေါ်စီးမှတိုက်ခိုက်လိုက်၏။
"ဝုန်း"
ခေါင်းတုံးနှင့်လူ၏လက်ဝါးမှ အတွင်းအားအရှိန်အဝါ စွမ်းအင်လှိုင်းများသည် ဘေးပတ်ပတ်လည်သို့ပျံ့နှံ့သွားခဲ့သည်။
ချိုးယီသည် ထိုခေါင်းတုံးနှင့်လူအားတစ်ချက်ကြည့်လိုက်ပြီး သူ၏ လက်မောင်းအားဆန့်ကာ လက်ဝါးဖြန့်ထုတ်လိုက်၏။ အေးစက်သောအရှိန်အဝါများနှင့်တကွ ကြီးမားသော အေးစက်စက်စွမ်းအင်လှိုင်းများသည်လက်ဝါးတစ်ဝိုက်မှ ထွက်ပေါ်လာခဲ့သည်။
"ဘန်း"
"ဝုန်း..ဝုန်း"
သွေးပုဆိန်အဖွဲ့ခေါင်းဆောင်ခေါင်းတုံးနှင့်လူ၏ လက်ဝါးနှင့် ချိုးယီ၏ လက်ဝါး အချင်းချင်းရိုက်မိသွားခဲ့သည်။ ကြီးမားစွာတွန်းကန်နေသည့်စွမ်းအင်လှိုင်းများက ၎င်းတို့ နှစ်ယောက်လက်ဝါးများထံမှထွက်ပေါ်လာခဲ့သည်။သို့သော် ခေါင်းတုံးနှင့်လူ၏လက်ဝါးသည်ဆက်တိုက်နောက်ဆုတ်ပေးနေရပြီး နောက်ဆုံးတွင် ချိုးယီ၏အေးစက်စက်လက်ဝါးကြောင့် လွင့်ထွက်သွားခဲ့သည်။
"အုန်း"
ခေါင်းတုံးနှင့်လူသည်အစွမ်းထက်သောသိုင်းသမားဖြစ်သော်လည်း ချိုးယီနှင့် အချိန်အနည်းငယ်မျှပင် မတိုက်ခိုက်နိုင်ခဲ့ချေ။
ခေါင်းတုံးနှင့်လူသည် လွင့်ထွက်သွားပြီးနောက် ခြေလှမ်းများစွာနောက်ဆုတ်ပြီးမှသာ ခန္ဓာကိုယ်အားဟန်ချက်ညီအောင်ထိန်းနိုင်ခဲ့သည်။
"ညီအကိုတို့ အတူတူတိုက်ရအောင်"
ခေါင်းတုံးနှင့်လူကအော်လိုက်ပြီး အားလုံးတစ်ပြိုင်ထဲအတူတူတိုက်ရန်လှုံ့ဆော်လိုက်၏။
ကျန်သည့်လူဆယ်ယောက်ကလဲ လက်နက်များဖြင့် ချိုးယီထံသို့ပြေးသွားကာ တိုက်ခိုက်လိုက်သည်။
ချိုးယီသည်တိုက်ခိုက်မှုများအားလုံးကို ငရှဉ့်တစ်ကောင်ကဲ့သို့ကွေ့ကောက်ရှောင်ရှားကာ တိုက်ခိုက်မှုများလွတ်ကင်းသောအချိန်တွင်လေပေါ်သို့ ခန္ဓာကိုယ်ကိုလှည့်ပတ်၍ခုန်တက်လိုက်၏။သူ၏ခြေထောက်တစ်ဖက်သည် လူဆယ်ယောက်၏တိုက်ခိုက်သောလက်နက်များ၏ အလယ်ဆုံမှတ်တွင် ခြေဖျားထောက်၍ရပ်လိုက်သည်။
ဘေးနားမှကြည့်နေသော မိန်းကလေးနှင့်လူငယ်လေးတို့မှာ တအံတဩဖြစ်၍ပါးစပ်များကိုပင်လက်ဖြင့်ပိတ်ထားလိုက်သည်။
ချိုးယီအားနောက်ကျောမှ ချောင်းတိုက်ရန်ပြင်နေသော ခေါင်းတုံးနှင့်လူပင်လှုပ်ရှားမှုများရပ်တန့်သွား၏။
တိုက်ခိုက်နေသော သွေးပုဆိန်အဖွဲ့သားဆယ်ယောက်သည် ကြောင်အသွားကြပြီး သူတို့၏လက်နက်များအားပြန်ဆွဲယူလိုက်၏။ သို့သော်လက်နက်ဆယ်ခုလုံးသည် ချိုးယီ၏ အေးခဲခြင်းအတွင်းအားဖြင့် တောင့်ခဲနေပြီးလက်နက်များအား ကပ်လျှက်ထားလိုက်၏။
သွေးပုဆိန်အဖွဲ့သားများ သူတို့၏လက်နက်များကိုမည်မျှပင်ဆွဲယူစေကာမူ လက်နက်များသည်တုတ်တုတ်မျှပင်မလှုပ်ချေ။
ချိုးယီသူ၏ခြေထောက်အားရုပ်သိမ်းလိုက်ပြီး လေပေါ်တွင်ခန္ဓာကိုယ်အားလှလှပပဖြင့်တစ်ပတ်လည်ကာ လက်နက်များစုနေသော ဆုံမှတ်ဆီသို့ အတွင်းအားလက်ဝါးဖြင့်လေပေါ်မှရိုက်ထုတ်လိုက်၏။
"ဘန်း...."
အလွန်အစွမ်းထက်သော အေးစက်စက်အတွင်းအားများသည်။ ပတ်ဝန်းကျင်တစ်လျှောက်ပြန့်နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိသစ်ကိုင်းသစ်ရွက်များအား လွင့်စင်သွားစေခဲ့သည်။
သွေးပုဆိန်အဖွဲ့သားဆယ်ယောက်သည် ချိုးယီ၏ပြင်းထန်သောလက်ဝါးကြောင့် လက်နက်များပင်မကိုင်နိုင်တော့ဘဲလွင့်ထွက်သွားခဲ့သည်။ စုစည်းနေသောလက်နက်များသည် ချိုးယီ၏အတွင်းအားရိုက်ခတ်မှုကြောင့် အရပ်မျက်နှာအသီးသီးသို့လွင့်ထွက်သွား၏။
"အုန်း...အုန်း"
လူဆယ်ယောက်ထဲမှအချို့သည် သစ်ပင်များနှင့်တိုက်မိသောကြောင့်သတိမေ့သူကမေ့ ဒဏ်ရာအပြင်းအထန်ရသူကရဖြင့် ညည်းသံပေါင်းစုံတောထဲမှထွက်ပေါ်လာတော့သည်။
ခေါင်းတုံးနှင့်လူသည် တောင့်ခဲနေပြီး မယုံကြည်နိုင်သောမျက်လုံးများဖြင့် ချိုးယီအားထိပ်လန့်စွာကြည့်နေခဲ့သည်။
ဤသူဖုန်းစားဝတ်စုံနှင့်ကောင်လေးအားသူမည်သို့မှမနိုင်နိုင်ချေ။ သူ၏အဖွဲ့တစ်ခုလုံးပင်ယခု ထိုကောင်လေး၏လက်ချက်ဖြင့် အတုန်းအရုန်းလဲကျကုန်ပြီမဟုတ်လော။
ချိုးယီ သူ၏နောက်သို့လှည့်ကာ ခေါင်းတုံးနှင့်လူအားကြည့်လိုက်သည်။ ခေါင်းတုံးနှင့်လူချက်ချင်းကြက်သီးထသွားပြီး နောက်ကျောတွင်ချွေးစေးများထွက်လာခဲ့သည်။ ချိုးယီ၏အကြည့် သည်သူ၏စိတ်ထဲတွင်လွန်စွာကြောက်စရာကောင်းသော သားရဲကြီးတစ်ကောင်လိုပင်။
"ကျုပ်မလုပ်......"
သွေးပုဆိန်အဖွဲ့ခေါင်းဆောင်ခေါင်းတုံးနှင့်လူကတစ်ခုခုပြောရန်ပြင်လိုက်သော်လည်း ချိုးယီမှာ ရုတ်တရက်သူ့ရှေ့တွင်ရောက်ရှိလာခဲ့သည်။ ခေါင်းတုံးနှင့်လူကထိပ်လန့်တကြားနောက်ဆုတ်ရန်လုပ်လိုက်သော်လည်း ချိုးယီက လက်သီးဖြင့်သူ၏မျက်နှားအားထိုးချလိုက်၏။
"ကျောက်စိမ်းလက်တီး"
"ဘုန်း.."
ခေါင်းတုံးနှင့်လူချက်ချင်းလွင့်ထွက်သွားပြီး သစ်ပင်များနှင့်ဝင်ဆောင့်လိုက်မိ၏။ သူဝင်ဆောင့်မိသောသစ်ပင်တစ်ပင်သည်ချက်ချင်းကျိုးသွားပြီး နောက်သစ်ပင်တစ်ခုအားဝင်ဆောင့်မိလိုက်ပြန်၏။
"အုန်း."
ခေါင်းတုံးနှင့်လူ၏မျက်နှာသည် စုတ်ပျက်သတ်သွားပြီး သွားအများစုမှာကျွတ်ထွက်သွားခဲ့သည်။မျက်နှာတစ်ခုလုံးသွေးသံရဲရဲဖြင့်မြင်မကောင်းလှပေ။ထို့နောက်ခေါင်းတုံးနှင့်လူမှာသတိမေ့သွားခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့်အရိုးမည်မျှကျိုးကျေ သွားမည်ကိုပင်မသိနိုင်တော့ချေ။
အဝေးမှ မိန်းကလေးနှင့်လူငယ်လေးတို့မှာမှင်သက်နေပြီးယခုချိန်ထိသတိမဝင်သေးချေ။
ချိုးယီကထိုနှစ်ယောက်အားတစ်ချက်ကြည့်၍ သစ်ပင်တစ်ပင်ပေါ်သို့ခုန်တက်ကာထွက်သွားရန်ပြင်လိုက်၏။
"ခနနေပါအုံး သူရဲကောင်းလေး"
လူငယ်လေးမှာသတိအမြန်ဝင်လာပြီးနောက် ချိုးယီထံသို့အပြေးသွားကာ ခနရပ်တန့်ပေးရန်ပြောလိုက်၏။ထို့နောက်...
"ဒီက သူရဲကောင်းညီအကို ကျုပ်ကချင်ဖန် ပါ ဒီကသူရဲကောင်းညီအကိုနာမည်လေးသိခွင့်ရှိမလား နောက်ကြုံကြိုက်ရင်ကျေးဇူးပြန်ဆပ်ပါရစေ"
ချိုးယီက နောက်သို့ခေါင်းလှည့်လိုက်ပြီးနောက် လူငယ်လေးချင်ဖန်အားကြည့်ကာ.
"ကျုပ်နာမည်က ယီချိုး"
ချိုးယီသည် သိုင်းလောကတွင်ပြိုင်စံရှားမဖြစ်သေးခင် သူ၏နာမည်အစစ်အားသုံးခြင်းသည် မကောင်းဟူထင်မြင်မိသည်။ထို့ကြောင့်ချိုးယီသည် နာမည်ပြောင်းကာ ပြောလိုက်၏။ သူယနေ့မှစ၍သိုင်းလောကတွင်ဤနာမည်ဖြင့်ကျင်လည်တော့မည်ဖြစ်၏။
ထို့နောက် ချိုးယီ၏ ပုံရိပ်သည် အရိပ်တစ်ခုပမာ သစ်ပင်တစ်ပင်နှင့်တစ်ပင်အား လျင်မြန်စွာခုန်ကူးလျက် ချင်းဖန်၏အမြင်အာရုံမှပျောက်ကွယ်သွားတော့သည်။
ချင်းဖန်သက်ပျင်းချ၍ရေရွှတ်လိုက်သည်။
"ဒီလူငယ်သူရဲကောင်းကဘယ်သူလဲ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ပြိုင်စံရှားသိုင်းသမားတစ်ယောက်လို သိုင်းပညာကထိပ်တန်းရောက်နေပြီ"
"အကိုဖန် ညီမတို့သွားသင့်ပြီး ဟိုလူတွေ သတိမေ့နေကြပေမဲ့အန္တရာယ်များသေးတယ် အိမ်မြန်မြန်ပြန်ပြီးအဖိုးကိုဒီကိစ္စပြောပြရအောင်"
နောက်မှ မိန်းကလေးကပြောလိုက်ပြီးနောက် ချင်ဖန်၏လက်မောင်းအားဖက်လိုက်၏။
ချင်ဖန်ခေါင်းငြိမ့်လိုက်ပြီး...
"ကောင်းပြီအကိုတို့မြန်မြန်ပြန်ပြီးအဖိုးကိုဒီကိစ္စပြောပြကြမယ်"
......................
ပြီး...