← Chapters

ပျောက်ကွယ်ခြင်းကျေးရွာ

Vol. 2 Ch. 23

ပျောက်ကွယ်ခြင်းကျေးရွာ

Vol. 2 Ch. 23

 "ကြည့်ကောင်းတယ် အရမ်းလှတယ်"

စစ်သားလေးယောက်သည်သားရေကျနေသောပါးစပ်များဖြင့်ပြန်ဖြေလိုက်​၏။

"အလှလေး ဒီကအကိုကြီးတို့နဲ့လိုက်ခဲ့ပါလား လိုလေသေးမရှိအောင်ထားပေးပါ့မယ်"

ချိုးဝူယဲ့သည်ပြောစရာစကားအမှန်တကယ်ပင်ပျောက်ဆုံးနေချေပြီ။ ချိုးဝူယဲ့နှုတ်ခမ်းမဲ့သွားပြီစိတ်ထဲတွင်..

'ဒီလူတွေဘာဖြစ်နေကြတာလဲ ဘာတွေမှားနေတာလဲ

ယွင်ရှင်းမေ ​၏စင်ရော်မျက်တောင်များနှင့် တောက်ပစင်ကြယ်နေသည့်အပြာနုရောင်မျက်လုံးများသည်ပို၍ပင်အေးစက်လာပြီး  သတ်ဖြတ်ခြင်းအငွေ့အသက်များထွက်ပေါ်လာခဲ့သည်။ ယွင်ရှင်းမေ​၏ ဘေးနားမှ ချိုးဝူယဲ့သည်ပင် ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး ချွေးစေးများကျလာခဲ့သည်။

'သွားပြီမကောင်းတော့ဘူးဒီငနဲတစ်သိုက်တော့သေပြီ'

ချိုးဝူယဲ့စိတ်ထဲတွေးရုံလေးရှိသေးသော်လည်းယွင်ရှင်းမေသည်သူမ​၏ ညာဘက်လက်အားဝှေ့ရမ်းလိုက်​၏။

"ဝုန်း...အုန်း" 

အလွန်အေးစက်သောစွမ်းအင်လှိုင်းကြီးတစ်ခုသည် စစ်သားလေးယောက်အားရိုက်ခတ်သွားခဲ့ပြီး အလွန်ပြင်းထန်သောအရှိန်ဖြင့်လွင့်စင်သွားစေခဲ့သည်။

ထိုရေခဲတမျှအေးစက်သောစွမ်းအင်လှိုင်းကြီးသည်အလွန်ပြင်းထန်သောကြောင့် အရှေ့ဘက်ရှိ အိမ်များနှင့် သစ်ပင်များကိုပင် ပြိုကျသွားစေခဲ့သည်။ ထိုမျှကြီးမားသောအတွင်းအားဖြင့်ရိုက်ခတ်ခြင်းခံလိုက်ရသော စစ်သားလေးယောက်သည် ချက်ချင်းပင်အသက်ပျောက်သွားပြီးရေခဲကဲ့သို့တောင့်ခဲသွား​၏။သူတို့​၏ခန္ဓာကိုယ်များသည်  ပြိုကျသွားသောအိမ်များနှင့်ဝင်တိုက်မိလိုက်သည်။ တစ်မြို့လုံးဆူညံနေသောအသံများသည်ပင်တိတ်ဆိတ်သွားသယောင်ပတ်ဝန်းကျင်ရှိအသံများအားလုံးတိတ်ဆိတ်သွား​၏။

ချိုးဝူယဲ့ အတော်ပင်ထိပ်လန့်သွားလေသည်။ ထိုမိန်းမမှာ ဤမျှကြီးမားသောအတွင်းအားများနှင့်ဖျက်စီးနိုင်စွမ်းရှိနေသည်။ အကယ်၍သူမသာ သူမနှင့်အဆင့်တူသည့်တစ်ယောက်နှင့်တိုက်ခိုက်ပါက မြို့များကိုပင်ဖျက်စီးနိုင်လောက်သည်။ ဤအကြောင်းအားတွေး၍ချိုးဝူယဲ့​၏ လက်ဖျားခြေဖျားများပင်အေးစက်သွားသည်။ 

ချိုးဝူယဲ့ သူ​၏အတွေးများမှအမြန်ပဲသတိဝင်လာပြီးနောက် ပတ်ဝန်းကျင်အားတစ်ချက်အကဲခတ်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိလူအားလုံးမှာကြောင်အနေကြပြီး အချို့ကစစ်သားလေးယောက်ဆီသို့ကြည့်နေပြီးအချို့ကချိုးဝူယဲ့တို့ဆီအာရုံစိုက်နေကြသည်။ ချိုးဝူယဲ့​၏မျက်နှာသေမှာချက်ချင်း မျက်နှာပျက်နေသည့်အမူအရာပြောင်းသွားပြီး သူ​၏ဝါးခမောက်အားချက်ချင်းကောက်ကာဆောင်းလိုက်သည်။ထို့နောက် သတ်ဖြတ်ခြင်းအငွေ့အသက်များရစ်သိုင်းနေသော ယွင်ရှင်းမေ ​၏လက်အားချက်ချင်းဆွဲယူလိုက်သည်။ 

လက်ဆွဲခံလိုက်ရသဖြင့် ယွင်ရှင်းမေကြောင်အသွားသည်။ သူမ​၏လက်များအားပြန်ဆွဲ၍ရုန်းရန်လုပ်လိုက်သော်လည်း သူမချိုးဝူယဲ့​၏ မပြောင်းလဲသောမျက်နှာသေတွင် ပျက်ယွင်းနေသောမျက်နှာအားတွေ့လိုက်ရသဖြင့်မရုန်းတော့ချေ။ ထို့နောက် ချိုးဝူယဲ့နဲ့ ယွင်ရှင်းမေတို့​၏ပုံရိပ်သည် မှုန်ဝါးပြီးလူအများအမြင်မှချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ သူတို့ထွက်သွားပြီးအချိန်အနဲငယ်ကြာသည်အထိ မြို့ထဲရှိလူများကြက်သေသေနေကြတုန်းပင်။ ဤမျှကြီးမားသော စွမ်းအားများကိုမည်သို့ထုတ်နိုင်သနည်း။ သူတို့မြင်လိုက်ရသည်မှာ လူငယ်လေးနှင့် မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူတို့မြင်မြင်ချင်းပင်ထွက်ပြေးသွားကာ သူတို့အမြင်မှပျောက်ကွယ်သွားခဲ့သည်။

ဆိုင်ထဲရှိအဖိုးကြီးသည်ယခုထိထိပ်လန့်နေဆဲဖြစ်သည်။သတိပင်ပြန်ဝင်မလာသေးချေ။

သို့သော်ဆိုင်တစ်နေရာရှိ အသက်၁၂ အရွယ်ကလေးတစ်ယောက်သည် ချိုးဝူယဲ့နှင့်ယွင်ရှင်းမေပျောက်ကွယ်သွားသောနေရာသို့စူးစိုက်ကြည့်နေခဲ့ပြီး မျက်လုံးများတောက်ပနေခဲ့သည်။ 

....................

ချိုးဝူယဲ့နှင့် ယွင်ရှင်းမေတို့ဖုန်းဟွာမြို့တော်​၏အပြင်ဘက်သို့ရောက်သွားချိန်တွင် တစ်မြို့လုံးသည်ထိပ်လန့်တကြားဆူညံနေပြီး စစ်သားလေးယောက်အားတိုက်ခိုက်သွားသည့်လူများအကြောင်းဆွေးနွေးနေကြလေသူတို့သိချင်နေသည်မှာ ထိုမိန်းကလေးနှင့်လူငယ်လေးအကြောင်းပင်။

ချိုးဝူယဲ့အတော်ပင်စိတ်ဆင်းရဲသွားလေသည်။ သူသိုင်းလောကသို့စရောက်ရောက်ချင်းပြဿနာမများချင်သော်လည်း ယွင်ရှင်းမေက ရောက်ရောက်ချင်းမှာတင်ဝုန်းဒိုင်းကျဲပစ်လိုက်လေသည်။ချိုးဝူယဲ့အမှန်တကယ်ပင်စိတ်ညစ်နေလေသည်။ ထိုသို့မဖြစ်စေရန်ထိုမိန်းမအားအိမ်တွင်ချန်ခဲ့သော်လည်း ထိုမိန်းမမှာ ပျင်းနေသည်ဟုပြောကာသူ့နောက်လိုက်ခဲ့လေသည်။ ချိုးဝူယဲ့ သူ​၏မျက်နှာအားလက်ဖြင့်အုပ်မိလိုက်သည်။

ဤကိစ္စများအပြီးတွင် အစွမ်းထက်လွန်းသောလူနှစ်ယောက်အကြောင်းသိုင်းလောကတွင်လှိုင်းဂရက်ထ၍ပျံ့နှံ့နေဦးမည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ခေတ္တခြေရာဖျောက်ရန် လူမြင်ကွင်းမှခေတ္တပျောက်ကွယ်ရန်လိုအပ်ပေသည်။ ထို့ကြောင့်ချိုးဝူယဲ့သည်နေစရာနေရာတစ်ခုရှာရပေဦးမည်။

ချိုးဝူယဲ့နှင့်ယွင်ရှင်းမေတို့ရှေ့သို့ဆက်သွားလိုက်ပြီးအချိန်အနည်းငယ်အကြာတွင် ရွာတစ်ရွာအားတွေ့လိုက်ရသည်။ သို့သော်ထူးဆန်းသည်မှာ ထိုရွာသည်မြူများဖြင့်အုံ့မိုင်းလျှက်ရှိပြီး သာမာန်လူများ​၏အမြင်အာရုံကိုလှည်းစားနိုင်ပေသည်။  

ယွင်ရှင်းမေကမျက်မှောင်ကြုတ်၍ပြောလိုက်သည်။

"ဖုံးကွယ်ခြင်းအစီအရင် ဒါပေမဲ့မပြည့်စုံဘူး"

"ဖုန်းကွယ်ခြင်းအစီအရင်"

ချိုးဝူယဲ့အံ့ဩသကြီးဖြင့်ပြောလိုက်သည်။ ယွင်ရှင်းမေက ခေါင်းငြိမ့်ပြပြီး...

"မှန်တယ် သာမန်သေမျိုးလူသားတွေမမြင်နိုင်ဘူး နင်တောင် ယင်-ယန် မျက်လုံးအတတ်ကိုကျင့်ကြံထားလို့မြင်နိုင်တာ" 

ချိုးဝူယဲ့စိတ်လှုပ်ရှားသွားသည် အပြင်လောကတွင်စစ်မှန်သော တာအိုလမ်းစဉ်ကျင့်ကြံသူများနှင့်ထိတွေ့မိတာယခုအကြိမ်ပင်။ချိုးဝူယဲ့စိတ်လှုပ်ရှားနေတုန်း ယွင်ရှင်းမေကပြောလိုက်သည်။

"ဒါပေမဲ့ အစီအရင်ကမပြည့်စုံဘူး ဒါ့အပြင်စွမ်းအင်ကုန်ဆုံးမှုကြောင့်နှစ်အနည်းငယ်ကြာတိုင်းပေါ်ပေါ်လာတတ်တယ်"

ချိုးဝူယဲ့စိတ်ထဲသုံးသပ်မိလိုက်သည် သိုင်းလောကတွင် ထူးဆန်းမှုလေးခုရှိလေသည်။ ထိုထူးဆန်းမှုလေးခုသည် အဖြေရှာမရသောအရာလေးခုအားရည်ညွန်းခြင်းဖြစ်ပြီး ပျောက်ကွယ်ခြင်းကျေးရွာ သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ သိုင်းလောကသားများအဆိုအရပျောက်ကွယ်ခြင်းကျေးရွာသည် နှစ်အနည်းငယ်တိုင်းပေါ်လာလေ့ရှိပြီး ရက်အနည်းငယ်အတွင်းပြန်၍ပျောက်ကွယ်သွားလေ့ရှိသည်ဟူ၍ပင်။ ပျောက်ကွယ်ခြင်းကျေးရွာသို့ဝင်သွားမိသူတိုင်း ပြန်မလာကြပဲ ပျောက်ကွယ်ခြင်းကျေးရွာနှင့်အတူထာဝရပျောက်ကွယ်သွားလေ့ရှိသည်။

၎င်းသည်သာမန်လူများအနေဖြင့်မည်သို့မှအဖြေရှာမရနိုင်သောကိစ္စဖြစ်သော်လည်း ယွင်ရှင်းမေသည် တစ်ချက်ကြည့်ရုံနှင့်အားနည်းချက်ကိုပင်မြင်သွားသေးသည်။ချိုးဝူယဲ့အတွေးနက်သွားသည်။ သူမသည်မည်သို့သောဖြစ်တည်မှုနည်း။

ချိုးဝူယဲ့ခေါင်းခါရမ်းလိုက်သည်။ သူသည်လည်းတစ်နေ့ တန်ခိုးရှင်တစ်ပါးဖြစ်ရပေမည်။ မည်သို့ပင်ဖြစ်စေ သူသည်လည်းတာအိုလမ်းကြောင်းဖွင့်ထားသောသူတစ်ယောက်ဖြစ်သောကြောင့် တာအိုကျင့်ကြံခြင်းလမ်းစဉ်ကိုလျှောက်လမ်းရန်ကံပါလာပြီးသားပင်ဖြစ်သည်။

........................

ပြီး

All Chapters