← Chapters

အုတ်တံတိုင်းထဲမှငွေတစ်စ  

Vol. 2 Ch. 24

အုတ်တံတိုင်းထဲမှငွေတစ်စ  

Vol. 2 Ch. 24

ချိုးဝူယဲ့ လက်ရှိကိစ္စကိုပဲအလျင်အမြန်အာရုံစိုက်လိုက်သည်။ချိုးဝူယဲ့က ယွင်ရှင်းမေဘက်သို့လှည့်ကာလေးနက်သောအသံဖြင့်ပြောလိုက်သည်။

"သွားကြည့်ကြမလား"

ယွင်ရှင်းမေကမျက်မှောင်ကြုတ်ကာအေးစက်စက်အသံဖြင့်...

"နေဦး နောက်နှစ်နဲနဲကြာမှသွားလဲကိစ္စမရှိဘူး အခုတော့နဲနဲထပ်စောင့်လိုက်အုံး"

"ကောင်းပြီကိစ္စမရှိဘူး"

ချိုးဝူယဲ့ခေါင်းငြိမ့်ကာပြောလိုက်သည်။ အစွမ်းထက်လွန်းသောယွင်ရှင်းမေလိုမိန်းမပင်လျှင်သွားချင်စိတ်မရှိသောနေရာသည်ရိုးရှင်းမည်မဟုတ်ပေ။ ထို့ကြောင့် ချိုးဝူယဲ့သည်သူ့အသက်အန္တရာယ်နှင့်ဆိုင်သောကိစ္စအားမစွန့်စားချင်ပေ။

ထို့နောက်ချိုးဝူယဲ့နှင့်ယွင်ရှင်းမေသည် နေစရာနေရာတစ်ခုခုရှာရန်စတင်ထွက်ခွာလာခဲ့ကြသည်။

................

ရက်အနည်းငယ်ကြာပြီးနောက်.....

လောဟန်မြို့တော်​၏အဝင်ဝတွင် ဝါးခမောက်နှင့်ဝတ်ရုံနက်ခြုံထားသောလူနှစ်ယောက်သည် တံခါးဝရှေ့တွင်ရပ်နေကြသည်။ တံခါးဝရှေ့ ဂိုဏ်းဝတ်စုံဖြစ်ပုံရသော ဝတ်စုံအနီနှင့် လူ ၇ ယောက်သည် မြို့ထဲသို့ဝင်မည့်သူမှန်မျှအားလုံးဆီမှ အဝင်ဝတွင်ရပ်ကာ ဝင်ခအဖြစ်ငွေစလိုက်တောင်းနေ​၏။ 

အမှန်ဤလုပ်ရပ်မှာ ဓားပြကဲ့သို့ဖြစ်ပြီး တာ့ယွမ်အင်ပါယာ​၏တော်ဝင်ဥပဒေအရ မပြုလုပ်သင့်သောအရာဖြစ်သည်။သို့သော် ဤအနီရောင်ဖြင့်ဂိုဏ်းဝတ်စုံများဝတ်ဆင်ထားသောသူများကတော့ ထိုသို့ရွံ့ရှာဖွယ်ကိစ္စရပ်များအားပြုလုပ်နေခဲ့သည်။

"ဟိုနှစ်ယောက် ဝင်မယ်ဆို ငွေတစ်စ ပေးရမယ် မြန်မြန်လုပ်ငါတို့မှာအချိန်မရှိဘူး"

ချိုးဝူယဲ့ဆီသို့ လာတောင်းသောအခါ ယွင်ရှင်းမေ​၏ လက်တွင်စွမ်းအင်များလည်ပတ်နေခဲ့ပြီးအချိန်မရွေးသတ်ရန်ပြင်ဆင်နေသည့်ပုံပင်။ ချိုးဝူယဲ့ ချက်ချင်းယွင်ရှင်းမေ​၏လက်အားလှမ်းကိုင်လိုက်ပြီး ခေါင်းခါရမ်းကာ တားလိုက်သည်။ ယွင်ရှင်းမေဤလူများကိုသတ်လိုက်သည်ကအကြောင်းမဟုတ်ပေ

လောဟန်မြို့တော်​၏ ပင်မတံခါးကြီးကျိုးကြေမွသွားမည်ကိုစိုးရိမ်နေရခြင်းပင်။ထို့ပြင် သူတို့နှစ်ယောက်အားမှတ်မိသွားကြမည်စိုးခြင်းဖြစ်ပြီး လွန်ခဲ့သည့်ရက်အနည်းငယ်ကမှသူတို့နှစ်ယောက်ကြောင့်သိုင်းလောကကြီးလှိုင်းဂရက်ထနေခဲ့ပြီမဟုတ်လား။

ထို့ကြောင့်သာလှမ်းတားလိုက်ရခြင်းဖြစ်ပြီး ဤလူများကိုသတ်ချင်လျှင်တော့ ယွင်ရှင်းမေလှုပ်ရှားရန်မလိုအပ်ပေ။ ချိုးဝူယဲ့​၏ သိုင်းတစ်ကွက်နှင့်ပင်ဤလူများအားလုံးကိုတစ်ချက်တည်းနှင့်အသေသတ်ပစ်နိုင်​၏။

ချိုးဝူယဲ့ သူအိတ်ကပ်အတွင်းမှ ငွေတစ်စအားထုပ်လိုက်ပြီး လေပေါ်သို့မြောက်လိုက်သည်။ချိုးဝူယဲ့​၏အပြုအမူကြောင့် ဂိုဏ်းသား ၇ ယောက်နှင့် ယွင်ရှင်းမေ ပင်အံ့အားသင့်သွား​၏။

ငွေစအောက်သို့ပြန်မကျလာသေးချင်ချိုးဝူယဲ့က အနီရောင်ဝတ်စုံနှင့်ဂိုဏ်းသား ၇ ယောက်အားကြည့်ကာပြောလိုက်​၏။

"ယူလိုက်"

ထို့နောက်ချိုးဝူယဲ့သည် အောက်သို့ကျလာသောငွေစအား အတွင်းအားအနည်းငယ်ထည့်ထားသော လက်ခလယ်ဖြင့်တောက်ချလိုက်​၏။

"ဘန်း"

အနီရောင်ဝတ်စုံဖြင့် ဂိုဏ်းသားများသည် ကြက်သိမ်းဖျန်းသွားပြီး အလွန်ကြီးမားသော အန္တရာယ်တစ်ခုအားခံစားမိလိုက်သည်။ သို့သော် မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကိုပင်မသိလိုက်ရသေးချေ။

"ဝှစ်"

ငွေစသည်အဖြူရောင်အလင်းတန်းအသွင်ပြောင်းသွားပြီး ၎င်းတို့​၏နားဘေးတစ်လက်မ အကွာမှဖြတ်သန်းသွားခဲ့သည်။

အနီရောင်ဝတ်ဆုံနှင့်ဂိုဏ်းသား ၇ ယောက်သည် မည်သည့်အရာမှဖြစ်ပျက်သွားမှန်းမသိဘဲ၎င်းတို့ ဘေးမှ လေအေးဖြတ်တိုက်သံတစ်ချက်ကိုသာကြားလိုက်ရသည်။

သူတို့​၏ ခန္ဓာကိုယ်များသည်တောင့်တောင့်ကြီးဖြစ်နေပြီး ကျောရိုတစ်လျှောက်အေးစိမ့်နေခဲ့သည်။ ၎င်းတို့​၏မျက်နှာအမူအရာမှာအေးခဲနေခဲ့​၏။သို့သော်မကြာပေ အားလုံးသတိပြန်ဝင်လာပြီး အနောက်သို့လှည့်ကြည့်မိလိုက်ကြသည်။

ယခင်ကသူတို့မြင်ထားသော ငွေစလေးသည်အုတ်တံတိုင်းတွင်စိုက်နေပြီး ငွေစလေးစိုက်နေသည့် နေရာတစ်လျှောက်တွင် အက်ကြောင်းများစွာထနေ​၏။ ချိုးဝူယဲ့သာပို၍အားစိုက်ထုတ်လိုက်လျှင် ထို ၂မီတာ ခန့်ထူသော အုတ်တံတိုင်းကြီးထုတ်ချင်းပေါက်သွားနိုင်​၏။

အနီရောင်ဝတ်စုံနှင့်ဂိုဏ်းသား ၇ ယောက်သည် ၎င်းတို့​၏နောက်ကျောတွင်ချွေးစေးများ ထွက်နေပြီး အလွန်ထိပ်လန့်သွားသောကြောင့် ၎င်းတို့ တို့​၏ခန္ဓာကိုယ်များတုန်ခါလျှက်ရှိနေသည်။ သူတို့အလွန်ကြောက်လန့်သွား၍စကားပင်မပြောနိုင်တော့ပဲ ကြက်သေသေလျက်ရှိနေခဲ့သည်။

ငွေစလေးတစ်စအား ထိုကဲ့ အုတ်နံရံအားပေါက်သွားအောင် ပြုလုပ်နိုင်သောကြောင့် ထိုလူမှာ မည်မျှပင်အတွင်းအားမြင့်မားလိမ့်မည်နည်း။ ထိပ်တန်းသိုင်းသမားပေလော။ အဆင့်လွန်ထိပ်သီးတစ်ယောက်ပေလော မသိတော့ချေ။ ယခုသူတို့လူမှား၍ ဓားပြတိုက်မိပြီဆိုတာတော့သေချာနေလေပြီ။

ဤလူထူးဆန်းနှစ်ယောက်သည် ထိုမျှအင်အားကြီးမှန်းသိလျှင် အစတည်းက ငွေမတောင်းခဲ့ပါချေ။ 

ထို့ပြင်ချိုးဝူယဲ့ထိုသို့ပြုလုပ်ရသည့်အကြောင်းအရင်းမှာလည်း သူတို့နှစ်ယောက်သည် တော်ရုံအနိုင်ကျင့်ရန်စ၍မရသောသူများဖြစ်သည်ဟု နားလည်စေချင်ရုံပင်။

"ကျုပ်တို့သွားလို့ရပြီလား"

ချိုးဝူယဲ့ ထိုအနီရောင်ဝတ်စုံနှင့်ဂိုဏ်းသား ၇ ယောက်ကိုပင်မကြည့်ပဲ အေးစက်စက်ဖြင့်သာမေးလိုက်​၏။

"သွား...သွားလို့ရပါပြီသူရဲကောင်းခင်ဗျ"

အနီရောင်ဝတ်စုံနှင့်ဂိုဏ်းသားတစ်ယောက်သည် အသံတုန်တုန်ယင်ယင်ဖြင့်ပြန်ဖြေလိုက်​၏။ ထိုငွေစသူတို့အားမထိသွားခဲ့သည်ကိုပင် ကံကောင်းသည်ဟုမှတ်ယူရပေမည်။ မဟုတ်လျှင် သူတို့ခေါင်းအား ဖောက်ထွက်သွားနိုင်​၏။

ချိုးဝူယဲ့ ယွင်ရှင်းမေ​၏လက်အား ဆွဲယူလိုက်ပြီး မြို့ထဲသို့ဝင်သွားလိုက်လေသည်။

ယွင်ရှင်းမေ ချိုးဝူယဲ့ဘက်သို့လှည့်လိုက်ပြီး...

"ဒီအကျင့်ပျက်ဂိုဏ်းသားတွေကို တစ်ခါထဲသတ်လိုက်လဲရနေတာကို ဘာလို့အလုပ်ရှုပ်ခံနေတာလဲ"

ချိုးဝူယဲ့ခေတ္တနှုတ်ဆိတ်သွားပြီးနောက်...

"ပြဿနာတိုင်းကို တိုက်ခိုက်အနိုင်ယူပြီးဖြေရှင်းတာကအဖြေမဟုတ်ဘူးလေ အချို့အရာတွေအတွက်ကောင်းပေမဲ့ တိုက်ခိုက်အနိုင်ယူပြီးဖြေရှင်းတာက တစ်ချို့အချိန်မှာ ဒုက္ခကိုအလျင်အမြန်ပဲ ဖိတ်ခေါ်မိစေနိုင်တယ်"

ယွင်ရှင်းမေခေါင်းငြိမ့်လိုက်ပြီး ဆက်မပြောတော့ချေ။ချိုးဝူယဲ့​၏ နည်းလမ်းသည် သူမအဖို့အားမရသော်လည်း ပြဿနာတက်မည့်အရေးကိစ္စ အားရှောင်ရှားနိုင်ပေသည်။

ထို့နောက်သူတို့နှစ်ယောက်မြို့ထဲသို့လမ်စလျှောက်သွားလိုက်​၏။

...........................

 ပြီး...

All Chapters