စားသောက်ဆိုင်မှသီတင်း
Vol. 3 Ch. 25
ချီုးဝူယဲ့ လက်တလောမှသိုင်းလောကသီတင်းများစုံစမ်းရန် စားသောက်ဆိုင်တစ်ဆိုင် ရှာ၍ယွင်ရှင်းမေနှင့်အတူထိုင်လိုက်၏။ စားသောက်ဆိုင်များသည် သီတင်းများစုံစမ်းရန် အလွယ်ဆုံးနည်းလမ်းပင်မဟုတ်လော။
စားပွဲထိုးလေးတစ်ယောက်သည် ချိုးဝူယဲ့တို့၏ရှေ့သို့ရောက်ရှိလာပြီး ကြိုဆိုလိုက်၏။
"ဧည့်သည်တော်လူကြီးမင်းများကြိုဆိုပါတယ် ဘာစားမလဲခင်ဗျ"
ချိုးဝူယဲ့ သည်ထုံးစံအတိုင်းထိုစားပွဲထိုးအားမကြည့်ဘဲမှာစရာရှိသည်ကိုသာမှာလိုက်၏။
"ဝက်သားပေါက်စီတစ်ပွဲနဲ့ဖက်ထုပ်ပေါင်းတစ်ပွဲချပေးပါ"
"ကောင်းပါပြီခင်ဗျ ခေတ္တစောင့်ပေးပါ မကြာခင်လာချပေးပါ့မယ်"
စားပွ့ထိုးလေးမှ ပြောကြားလိုက်ပြီးနောက်ထွက်သွား၏။ ချိုးဝူယဲ့ဝါးခမောက်ကိုချွတ်ရန် လက်ဖြင့်ကိုင်လိုက်သည်။ သို့သော်အကြောင်းအရာတစ်ခုခုအားပြန်တွေးမိပုံရပြီးလက်အားပြန်ရုပ်သိမ်းလိုက်၏။
ထို့နောက် ချိုးဝူယဲ့သည် ရေနွေးကြမ်းအိုး အားကိုင်လျက် ခွက်ထဲသို့ထည့်လိုက်ပြီး နောက် သူ၏စိတ်သည်အခြားနေရာသို့ရောက်သွားသည့်ဟန်ဖြင့်တစ်နေရာတည်းသို့စိုက်ကြည့်နေပြီးအတွေးနက်သွားပုံရသည်။
"ဘာတွေတွေးနေတာလဲ"
ချိုးဝူယဲ့ အကြမ်းရည်ခွက်အားကိုင်၍ရပ်တန့်သွားသောကြောင့်ယွင်ရှင်းမေ မေးလိုက်၏။
သို့သော် ချိုးဝူယဲ့ကခေါင်းခါရမ်းလိုက်ပြီး..
"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း ရှေ့ဆက်ရမဲ့အကြောင်းအရာကိုတွေးနေတာပါ"
ထို့နောက်ချိုးဝူယဲ့ အကြမ်းရည်အားတစ်ကြိုက်သောက်၍အောက်သို့ချလိုက်၏။ ထိုအချိန်မကြာသေးခင်ကမှပြန်သွားသော စားပွဲထိုးလေးက ဗန်းတစ်ခုနှင့်အတူပြန်ရောက်လာပြီး ချိုးဝူယဲ့မှာထားသော ဟင်းခွက်များအားချပေးလိုက်၏။
"ဧည့်သည်တော်လူကြီးမင်းတို့ဖြည်းဖြည်းသုံးဆောင်ကြပါဦးခင်ဗျ"
စားပွဲထိုးလေးမှ အပြုံးဖြင့်ပြောလိုက်ပြီးနောက်လှည့်ထွက်သွားခဲ့သည်။ ချိုးဝူယဲ့ ဖက်ထုပ်ပေါင်းတစ်ခုအားစားလိုက်ပြီးအရသာခံကြည့်လိုက်သည်။
"မဆိုးဘူးပဲ ဒါပေမဲ့ အိမ်တော်က စားဖိုမှုးထက်တော့နဲနဲညံ့တယ်"
ချိုးဝူယဲ့ပြောနေတုန်းမှာတင် သူတို့၏အကြားအာရုံထဲသို့ စိတ်ညစ်စရာ အကြောင်းအရာများဝင်ရောက်လာခဲ့သည်။
"အယ်.. မင်းကြားမိလား လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကပေါ်လာတဲ့ ဆန်းကြယ်တဲ့စုံတွဲအကြောင်း "
"သိပ်သိတာပေါ့ကွာ အဲ့စုံတွဲက တကယ်လျှို့ဝှက်ပြီး သိုင်းပညာမြင့်မားလွန်းတယ် သူတို့ရဲ့ သိုင်းတစ်ကွက်က မြို့ထဲက အိမ်တွေနဲ့သစ်ပင်တွေအများကြီးပကိုဖျက်စီးမိလိုက်တယ်တဲ့"
"သိပ်ဟုတ်တာပေါ့ အဲ့တာတင်မကသေးဘူး အဲ့ဒီဖျက်စီးခံလိုက် ရဲ့နေရာတစ်ဝိုက်မှာ အေးစိမ့်နေပြီး ဘုရင်ခံအိမ်တော်က စစ်သားလေးယောက်ပါ အေးခဲပြီးသေနေတာတဲ့ ပြီးတော့ လူမြင်ကွင်းရှေ့မှာတင် သရဲသစ္ဆေလိုရုတ်တရက်ပျောက်ကွယ်သွားတာတဲ့ စဉ်းစားကြည့်ရုံနဲ့တင် အဲ့ဒီစုံတွဲက တော်တော်ကြောက်ဖို့ကောင်းနေပြီ"
အလယ်ဝိုင်းတွင် ဆွေးနွေးနေကြသော လူသုံးယောက်မှ ချိုးဝူယဲ့တို့အကြောင်းတစ်ယောက်တစ်ပေါက်ပြောနေပြီး အချို့ဆိုလျှင် ချိုးဝူယဲ့တို့အား လူပင်မဟုတ်ဟု ပုံကြီးချဲ့ပြောနေကြလေသည်။
ချိုးဝူယဲ့ သူ၏လက်ဖြင့် မျက်နှာအားအုပ်မိလိုက်သည် သူအတော်ပင်စိတ်ညစ်သွားသည်။သကောင့်သားများကသေချာမသိပဲ တီကောင်ကို နဂါးလိုပုံကြီးချဲ့ပြောနေကြသည်မှာ ကာယကံရှင်အဖို့ ကြားရသည်မှာအလွန်ရှက်စရာကောင်းလှသည်။
သတင်းရလိုရငြား စားသောက်ဆိုင်သို့လာခဲ့သော်လည်း ထိုငနဲသားများမှာ ပေါက်တတ်ကရအကြောင်းအရာများကိုသာပြောဆိုနေခဲ့ကြသည်။ ချိုးဝူယဲ့မှာတစ်ဆိုင်လုံးသူနှင့်ယွင်ရှင်းမေအကြောင်းသာပြောနေသဖြင့်ထပြန်ချင်စိတ်ပင်ဖြစ်သွား၏။ သူဘာသာတစ်ယောက်ထဲသိုင်းလောကထဲထွက်လာသည်မှာ အလုပ်များကိုတိတ်တဆိတ်ကွယ်ဝှက်ပြီးလုပ်ရန်မည်သည့်အခတ်အခဲမှမရှိပါချေ။ သို့သော် သူ့ရှေ့မှ မိန်းမ သည်သိုင်းလောကထဲသို့ရောက်လာသည်နှင့်တစ်ပြိုင်နက် သိုင်းလောကတစ်ခုလုံးအားလှိုင်းဂရက်ထသွားစေခဲ့၏။
ချိုးဝူယဲ့ ယွင်ရှင်းမေအားကြည့်လိုက်သည် သူမမှာ မည်သည့်အရာမှမကြားသလိုပင် ဝက်သားပေါက်စီနှင့်ဖက်ထုပ်များအားစားနေခဲ့သည်မှာ ကုန်တောင်ကုန်တော့ပေမည်။ ချိုးဝူယဲ့မှာ နှုတ်ခမ်းမဲ့သွားပြီး ပြောစရာစကားပင်မရှိတော့ချေ။
ချိုးဝူယဲ့စိတ်ညစ်ညစ်ဖြင့်သာခေါင်းခါရမ်းလိုက်ပြီး သူ၏အိပ်ကပ်ထဲမှငွေတစ်စအား ထုပ်ယူ၍ခုံပေါ်တွင်တင်ရန်လုပ်လိုက်သည်။ ထိုစဉ် တိုးငြင်း သောအသံတစ်ခုသည် ချိုးဝူယဲ့၏ နားထဲသို့ရောက်ရှိလာခဲ့သည်၏။
"ရောင်ရင်းစန်း ရဲ့သီတင်းကသေချာလို့လားဗျာ အမှန်ဆိုဒီကိစ္စသီတင်းကြီးနော် ဂိုဏ်းကြီးတွေက သူတို့ဘာသာကွယ်ဝှက်ပြီးလုပ်မဲ့ကိစ္စတွေ"
ချိုးဝူယဲ့ ၏လှုပ်ရှားမှုများရပ်တန့်သွားပြီး ဆိုင်ထောင့်တွင်တိုးတိုးတိတ်တိတ်ပြောနေသော လူနှစ်ယောက်ထံသို့ ချိုးဝူယဲ့၏ အာရုံများကိုအပြည့်စိုက်ထားလိုက်၏။ ချိုးဝူယဲ့ ၏အာရုံခံအင်္ဂါများသည် ဝိဉာဉ်ခွဲထွက်ခြင်းကျင့်စဉ်ကြောင့် သာမန်လူများထက်အဆပေါင်းများစွာသာနေခဲ့သည်။ ထို့ကြောင့်ချိုးဝူယဲ့သည် တစ်ဆိုင်လုံးရှိအသံများအားလုံးကိုကြားရခြင်းဖြစ်ပြီး ဤအချက်ကပင်သူ့အတွက်သီတင်းစုံစမ်းရန် ပိုမိုလွယ်ကူစေခဲ့သည်။
ဆိုင်ထောင့်တွင်ထိုင်နေသော လူနှစ်ယောက်ထဲမှ ဘယ်ဘက်တစ်ယောက်က သေရည်တစ်ခွက်အားမော့ချလိုက်ပြီး..
"သိပ်သေချာတာပေါ့ဗျာ ဒီလိုကိစ္စကြီးကိုကျုပ်ကလိမ်ပါ့မလားဗျ တကယ့်ကို လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀ ကျော်လောက်က ဓားဝိဇ္ဇာကြီးရဲ့ ဂူဗိမာန်ကို ရှာတွေ့ခဲ့တာ ဒီကိစ္စ ပုံမှန်ဆိုဂိုဏ်းကြီးတွေကဒီကိစ္စကိုဝှက်ထားပြီးသူတို့ဘာသာ ရှာဖွေကြလိမ့်မယ် "
"ဒါပေမဲ့ ဝါးပြာတောင်တန်းဂိုဏ်းကြီးက စီနီယာတပည့်တစ်ယောက်ဖြစ်တဲ့ကျုပ်ရဲ့ဝမ်းကွဲအကိုက ကျုပ်ကိုဒီကိစ္စပြောပြပြီး ကျုပ်ကိုခေါ်သွားပေးမယ်တဲ့ ဒီကိစ္စတကယ်ကိုအမှန်ပဲ"
"ရောင်ရင်းစန်းက အကိုဝမ်းကွဲနဲ့သွားပြီဆိုပါရဲ့ ဒါဆိုရင်ကျုပ်ကတစ်ယောက်ထဲသွားရမှာပေါ့"
ညာဖက်မှလူကပြောလိုက်သည်။
"ဒီကိစ္စစိတ်မပူပါနဲ့ ရောင်ရင်းတန် ကျုပ်က ဒီကိစ္စကိုခင်ဗျားကိုတောင်ပြောပြမှတော့ ခင်ဗျားအတွက်လည်းကျုပ်ကအစီအစဉ်ရှိထားလို့ပေါ့ဗျာ"
ဘယ်ဘက်မှ လူက သေရည်ခွက်အားအသာအယာပင်ချကာပြောလိုက်၏။
"ဒါဆို ကျုပ်ကဘာလုပ်ရမှာလဲရောင်ရင်းစန်း"
ညာဘက်တွင်ထိုင်နေသောလူမှ စိတ်လှုပ်ရှားနေသောအသံဖြင့်ပြောလိုက်၏။ညာဘက်ထိုင်ခုံမှလူက ရယ်ရယ်ပြုံးပြုံးဖြင့်သာပြောလိုက်သည်။
"စိတ်မပူနဲ့ရောင်ရင်း မနက်ဖြန်ညနေပိုင်းနေဝင်ချိန်မှာ ယာလော့တောင်ခြေကိုသာရောက်အောင်လာ ကျုပ်ခင်ဗျားကို အယောင်ဆောင်ဖို့အတွက် ရှင်းလင်းရေး အဖွဲ့ထဲကလူတစ်ယောက်အနေနဲ့ထည့်ပေးဖို့ ကျုပ်အကိုဝမ်းကွဲကိုပြောပေးမယ် ၊ ဒါဆို ခင်ဗျားရဲ့ပြဿနာလည်းပြေလည်သွားလိမ့်မယ်"
......................
ပြီး...