← Chapters

အို့...ဒီပုလွေလေးမဆိုးဘူးပဲ

Vol. 3 Ch. 26

အို့...ဒီပုလွေလေးမဆိုးဘူးပဲ

Vol. 3 Ch. 26

ချိုးဝူယဲ့ ဆိုင်ထောင့်ဆုံးခုံမှလူနှစ်ယောက်​၏ စကားများကိုနားထောင်၍ပြီးသောအခါ သူ​၏တူကိုကိုင်၍ ဖက်ထုပ်ပေါင်း ပန်းကန်အားနှိုက်လိုက်သည်။ သို့သော် သူ​၏ တူနှစ်ချောင်းအားစောင့်ကြိုနေသည်မှာ ဗလာဖြစ်နေသော ပန်းကန်တစ်တစ်ချပ်​၏အသံပင်။

"ဟမ်" ချိုးဝူယဲ့ အံ့အားသင့်သွားပြီး ပန်းကန်အားကြည့်မိလိုက်သည်။ချိုးဝူယဲ့​၏ အမူအရာသည်ရပ်တန့်သွားခဲ့ပြီး သူ​၏မျက်နှာသေတွင် စိတ်ရှုပ်နေသည့် အမူအရာပေါ်လာပြီး သူမ မစားထားသလိုဖြင့်သူ့အားစိုက်ကြည့်နေသော ယွင်ရှင်းမေကို ကြည့်လိုက်မိလိုက်သည်။ ချိုးဝူယဲ့သည်အတော်ပင်စိတ်ရှုပ်သွား​၏။ယခုအချိန် သူ​၏ခေါင်းထဲတွင် အခြားအကြောင်းအရာများမတွေးနိုင်တော့ပဲ စကားစုတစ်စုသာထွက်ပေါ်လာခဲ့လေသည်။

'ဒီမိန်းမကဝက်လား'

၎င်းတို့နှစ်ယောက်ကြားမှလေထုသည်တိတ်ဆိတ်သွားပြီး မည်သူမှစကားမပြောကြချေ။ယွင်ရှင်းမေသည် လည်းခတ်တည်တည်ဖြင့်သာထိုင်နေဆဲပင်။

သို့သော်နောက်ဆုံးတွင် ချိုးဝူယဲ့သာစကားအရင်စပြောလိုက်​၏။

"လိုတာလည်းရပြီဆိုတော့ပြန်ကြမယ်လေ"

ယွင်ရှင်းမေခေါင်းငြိမ့်လိုက်ပြီး ထရပ်လိုက်​၏။ ချိုးဝူယဲ့လည်း စားပွဲပေါ်တွင်ငွေတစ်စတင်လိုက်ပြီးထရပ်ကာစားသောက်ဆိုင်အပြင်သို့ထွက်လာလိုက်သည်။ထို့နောက်ချိုးဝူယဲ့ နှင့် ယွင်ရှင်းမေမှာ မြို့ထဲသို့လျှောက်လာလိုက်သည်။ ကြည့်ရသည်မှာ လောဟန့်မြို့သည် အဖြူရောင်သိုင်းသမားများနှင့်အနက်ရောင်သိုင်းသမားများရောနှောနေထိုင်ကြသောမြို့ဖြစ်ပုံရသည်။

လမ်းဘေးတွင်ရန်ဖြစ်နေသောသူများ ၊ လမ်းဘေးဆိုင်များအားပြဿနာရှာနေသော ဂိုဏ်းသားများ နှင့် အခြားလူများအားရိုက်နက်နေသောသူများဖြင့် မြင်ရသည်မှာစိတ်မချမ်းသာဖွယ်ကောင်းပြီးထိုကဲ့သို့မြင်ကွင်းမျိုးမြို့အနှံ့တွင်စုံစိနေအောင်ရှိနေပေသည်။

.......

လမ်းကြားလေးတစ်ခုတွင် အနီရောင် ဂိုဏ်းသားဝတ်စုံများဖြင့်လူများက အသက် ၁၅နှစ် ၁၆ နှစ်အရွယ်လူငယ်လေးအားထိုးကြိတ်ကာ ကန်ကျောက်နေကြသည်။

ဘေးနားတွင်အဖိုးကြီးတစ်ယောက်နှင့် ရှိုက်ကြီးတငင်ငိုနေသော ၆ နှစ်အရွယ်ကလေးတစ်ယောက်သာရှိခေသည်။

ဘေးနားမှအဖိုးကြီးက ထိုအနီရောင်ဝတ်စုံဖြင့်ဂိုဏ်းသားများအားတောင်းပန်ကာ လက်အားဆွဲ၍တားနေသော်လည်း ထိုဂိုဏ်းသားများမှာ အဖိုးကြီးအားတွန်းထုပ်လိုက်ပြီး မြေကြီးပေါ်မှလူငယ်လေးအားဆက်၍ကန်ကျောက် ထိုးနက်နေခဲ့ကြသည်။

"ကောင်လေး မင်းမနေ့က ဆိုင်ကနေ ဈေးနည်းနည်းနဲ့ သွားတဲ့ပုလွေအခုပေးစမ်း"

"ကျုပ်ဆီမှာမရှိတော့ဘူး ရောင်းစားလိုက်ပြီ"

မြေကြီးပေါ်တွင်လှဲကျနေသောကောင်လေးကအံကြိတ်လိုက်ပြီးငြင်းဆန်လိုက်လေသည်။

"ကောင်လေး မင်းအသက်ထက် ပုလွေကအရေးမကြီးဘူးနော် အခုနေငါတို့ကိုအသာတကြည်ပေးလိုက်ရင် မင်းကို ခြေလက်ချိုးရုံလောက်နဲ့ခွင့်လွတ်ပေးလို့ရတယ် အေးအဲ့ဒီလိုမှမဟုတ်ရင်တော့..."

အနီရောင်ဝတ်စုံနှင့်ဂိုဏ်းသားတစ်ယောက်ကခြိမ်းခြောက်လိုက်သည်။ မြေကြီးပေါ်တွင်လှဲကျနေသောလူငယ်လေး​၏မျက်နှာသည်ဖြူဖျော့သွားပြီး ဘေးမှအဖိုးကြီး​၏မျက်နှာသည်တော့အလွန်ထိပ်လန့်သွား​၏။

"မလုပ်ပါနဲ့..မလုပ်ကြပါနဲ့လူငယ်သခင်လေးတို့ ပေးပါ့မယ်...ကျုပ်ပေးပါ့မယ် ကျုပ်ယုပေူမယ်နော် မြေးလေးကိုတော့ ဘာမှမလုပ်ကြပါနဲ့ တောင်းပန်ပါတယ်"

အဖိုးကြီးကဖြူဖျော့စွာပြောလိုက်ပြီး လက်များတုန်ယင်နေခဲ့သည်။ သူ့မြေးလေးအားအသက်အန္တရာယ်ပြုမှာကိုစိုးရိပ်နေပြီး ထိုဓားပြများကိုလည်း အလွန်မုန်းတီးသွား​၏။ သူတို့လိုသာမန်လူတန်းစားများအား ဂိုဏ်းဟုနာမည်ခံယူထားသော ထိုဓားပြများသည်အမြဲတမ်း ဖိနှိပ်အနိုင်ကျင့်လေ့ရှိပြီး လိုချင်သည့်အရာများအား ဖိအားပေးကာယူလေ့ရှိသည်။ ဤမြို့တွင် အခြေချမိခြင်းသည် သူ့ဘဝ​၏ အကြီးမားဆုံးသောနောင်တဖြစ်သည်။

"ဒါဆိုလည်းသွားယူလေ ဘာလုပ်နေတာလဲ" 

အနီရောင်ဝတ်စုံဝတ်ဂိုဏ်းသားများထဲမှတစ်ယောက်က နှာမှုတ်ကာပြောလိုက်ပြီး မြေကြီးပေါ်မှလူငယ်လေးအားတစ်ချက်ပိတ်ကန်လိုက်​၏။ 

အဖိုးကြီးသည် ၎င်းတို့အိမ်ထဲသို့အလျှင်အမြန်ပြေးဝင်သွားပြီး ထိုဓားပြများအလိုရှိသောပုလွေအားသွားယူလိုက်သည်။

မြေကြီးပေါ်တွင်လှဲကျနေသောကောင်လေးက အနီရောင်ဂိုဏ်းဝတ်စုံံဖြင့် သူ့အားကန်ကျောက်နေသော လူ ၃ ယောက်အား နာကျည်းစွာကြည့်လိုက်ပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့်ဟစ်ကြွေးလိုက်သည်။

" ခင်ဗျားတို့တစ်ယောက်ချင်းစီရဲ့မျက်နှာတွေကိုကျုပ်မှတ်ထားမယ် တစ်နေ့ ခင်ဗျားတို့အားလုံးကိုကျုပ်လက်စားချေမယ် ဒီကြိုးစားမှုဟာကျုပ်မသေမချင်းရပ်တန့်သွားမှာမဟုတ်ဘူး"

"ဟားဟားဟား"

အနီရောင်ဝတ်စုံနှင့်လူ ၃ ယောက်လုံးပြိုင်တူခွက်ထိုးခွက်လန်ရယ်ချလိုက်သည်။ ဤသည်မှာသူတို့အတွက် မည်သို့သောအဓိပ္ပာယ်မရှိသည့်စကားပင်နည်း။ သူတို့ထဲမှတစ်ယောက်က ရယ်မောရင်းပြောလိုက်သည်။

"မင်းကလား ... ကောင်စုတ်လေး မင်းတစ်ဘဝလုံးကြိုးစားရင်တောင် ငါတို့ကိုလက်စားချေနိုင်မှာမဟုတ်ဘူး မေ့လိုက်တော့ ဟားဟားဟား"

နောက်တစ်ယောက်မှထပ်ဖြည့်ပြောလိုက်​၏။

"ဟား..ငါတို့ကမီးတောက်နီဂိုဏ်းကမို့လို့လေ ဒါနဲ့ကောင်လေး မင်းကမကြာခင်ဘဲ ဒုက္ခိတတစ်ယောက်ဖြစ်တော့မှာကို လက်စားချေမယ်လို့ပြောနေသေးတာ အဓိပ္ပာယ်မမဲ့လွန်းပေဘူးလား"

"ဟား ဟား ဟား ဟား"

အနီရောင်ဂိုဏ်းဝတ်စုံနှင့်လူ၃ ယောက်လုံးရယ်မောလိုက်ပြီး ထိုကောင်လေးအား လူရွှင်တော်တစ်ယောက်နယ်ကြည့်နေ့ကြသည်။

ထိုကောင်လေးမှာ အံကြိတ်ရင်းလက်တီးကိုသာတင်းနေအောင်ဆုတ်ထားမိတော့သည်။

မကြာခင်မှာပဲ အဖိုးကြီးမှာ စိမ်းပြာရောင်ဝါးပုလွေတစ်ချောင်းအားကိုင်၍ အပြင်သို့ ပြေးထွက်လာခဲ့လေသည်။ မီးတောက်နီဂိုဏ်းသား ၃ ယောက်​၏မျက်လုံးများသည်လင်းလတ်သွားပြီး စိတ်မရှည်စွာအော်ပြောလိုက်သည်။

"ဒီကိုမြန်မြန်ယူလာပြီး လာပေးစမ်း"

အဖိုးကြီးမှာ ပြေးလာပြီးနောက်အရှေ့ဆုံးမှမီးတောက်နီဂိုဏ်းသားအား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

"ဒီမှာပါ လူငယ်သခင်လေးတို့အလိုရှိတဲ့အရာပါ ကျုပ်မြေးလေးကိုမြန်မြန်လွတ်ပေးလို့ရမလား"

ရှေ့ဆုံးမှမီးတောက်နီဂိုဏ်းသားမှာ စိတ်လှုပ်ရှားသွားပြီးလှမ်းယူရန်ပြင်လိုက်သည်။ သို့သော်မည်သည့်နေရာမှ ထွက်လာမှန်းမသိသောလက်တစ်ဖက်သည် အဖိုးကြီးထံမှပုလွေအားဆွဲယူသွားပြီးနောက် အံ့အားသင့်သောအသံတစ်သံထွက်ပေါ်လာခဲ့လေသည်။

"အို့.. ဒီပုလွေလေးမဆိုးဘူးပဲ"

မီးတောက်နီဂိုဏ်းသားများ​၏အမူရာသည်တောင့်ခဲသွားပြီးနောက် ဒေါသထွက်စွာအော်ပြောလိုက်သည်။

"မင်းဘယ်သူလဲ သေချင်နေတာလား"

..........................

ပြီး...

All Chapters