ရုတ်တရက်ရောက်ချလာသောယွင်ရှင်းမေ
Vol. 3 Ch. 27
"ဒီပုလွေလေးကျုပ်ကိုရောင်းပါ့လား အဖိုး"
အဖိုးကြီးနံဘေးမှတည်ငြိမ်သောအသံတစ်သံထွက်ပေါ်လာခဲ့သည်။ထိုအသံမှာ ပြာနုရောင်ဝါးပုလွေအား ဆွဲယူလိုက်သောလက်တစ်စုံ၏ပိုင်ရှင်ဖြစ်ပေသည်။ဤလူမှာအခြားသူမဟုတ်ပေ ဝါးခမောက်နှင့် အနက်ရောင်ဝတ်ရုံအားခြုံထားသောချိုးဝူယဲ့ပင်ဖြစ်သည်။
အဖိုးကြီးမှာလက်ထဲကပုလွေရုတ်တရက်ဆွဲယူခံလိုက်ရသောကြောင့်အံဩထိတ်လန့်သွားခဲ့သည်။စိတ်ရှုတ်ထွေးသွားသောကြောင့်စကားပင်ထစ်အအဖြစ်သွား၏။
"ဒါ....ဒါက"
"ခင်ဗျားတရားလွန်သွားပြီ"
အဖိုးကြီး၏စကားမဆုံးသေးခင်မှာတင်မီးတောက်နီဂိုဏ်းသား တစ်ယောက်က ချိုးဝူယဲ့အား ဒေါသ သကြီးဖြင့် ပြောလိုက်သည်။ပြော၍ပင်မဆုံးသေးချေ အခြားမီတောက်နီဂိုဏ်းသားတစ်ယောက်သည်ပြေးလာပြီး ချိုးဝူယဲ့အားထိုးချလိုက်လေသည်။
ချိုးဝူယဲ့သည် ထိုမီးတောက်နီဂိုဏ်းသားကိုပြန်လည်မတိုက်ခိုက်ပဲ လက်မောင်းအား ပုလွေဖြင့်တစ်ချက် ရိုက်ထုပ်၍ တိုက်ခိုက်မှုလမ်းကြောင်းအားပြောင်းပေးလိုက်သည်။
ထိုမီးတောက်နီဂိုဏ်းသားမှာ ကြောင်အသွားသည်။ သူ့တိုက်ခိုက်မှုအားမည်သို့ လမ်းကြောင်းပြောင်းလဲလိုက်သနည်း။သူ၏တိုက်ခိုက်မှုအားပြန်၍ပင်မတိုက်ခိုက်ပဲလမ်းကြောင်းပြောင်းလဲလိုက်သောကြောင့် ထိုဆန်းကြယ်သောသူမှာသာမန်မဟုတ်နိုင်ချေ။
အတွေးများမဆုံးသေးခင်မှာတင် တိုက်ခိုက်လိုက်သောအရှိန်မှာအလွန်ပြင်းသောကြောင့် သစ်ပင်တစ်ပင်နှင့်ဝင်တိုက်မိလိုက်သည်။
"ဘန်း"
သူ၏လက်သည်အလွန်နာကျင်သွားပုံရပြီး ခေါင်းမှာသစ်ပင်ဖြင့်တိုက်မိသောကြောင့် မူးဝေသွားခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက်အမူးပြေသွားခဲ့သည်။ သို့သော် အမူးပြေပြေချင်းမှာတင်သူမြင်လိုက်ရသောမြင်ကွင်မှာ သူ့တစ်ဘဝလုံးမမေ့ဖွယ်နိုင်ရာပင်။ သူ၏မျက်လုံးများသည် အလွန်ပြူးကျယ်နေပြီး မျက်လုံးများပေါက်ထွက်တော့မလိုပင်။
ဝါးခမောက်နှင့်ဝတ်ရုံနက်ခြုံထားသောလူနောက်ထပ်တစ်ယောက်ထပ်ရောက်လာခဲ့သည်။ ထိုလူမှာလက်တစ်ဖက်မြောက်လိုက်ပြီး နောက်မီးတောက်နီဂိုဏ်းမှသူ့မိတ်ဆွေများအား မီတာပေါင်းဒါဇင်နှင့်ချီအောင်လွင့်ထွက်သွားစေခဲ့သည်။မြေကြီးအောက်သို့ပြန်ကျလာသောအချိန်တွင်သူတို့နှစ်ယောက်လုံးမှာ သေနေပြီးရေခဲတုံးဖြစ်နေခဲ့လေသည်။
ထိုအရာမှာ မည်ကဲ့သို့ထူးဆန်းသည့်မြင်ကွင်းနည်း။ သူ့ဘဝတစ်လျှောက်တွင် လူတစ်ယောက်အားရေခဲတုံးဖြစ်သွားအောင်ပြုလုပ်နိုင်သောသိုင်းပညာဟူ၍မကြားဖူးခဲ့ပါချေ။ထို့နောက် သူ၏ခေါင်းပေါ်သို့တစ်ခုခုပြုတ်ကျလာပြီး သတိလစ်သွားခဲ့လေသည်။
..................
ယွင်ရှင်းမေမှာ ရုတ်တရက်ရောက်ချလာပြီး တစ်ချက်တည်းနှင့် ထိုဂိုဏ်းသားနှစ်ယောက်အားသတ်ပစ်လိုက်လေသည်။ ချိုးဝူယဲ့ တားချိန်ပင်မရလိုက်ချေ။ လူ ၄ ယောက်ကြားထဲမှလေထုသည်တိတ်ဆိတ်သွားခဲ့သည်။
အဖိုးကြီး"......."
မြေကြီးပေါ်မှမထရသေးသောလူငယ်လေး
"....."
ချိုးဝူယဲ့ "..."
ယွင်ရှင်းမေသူမ မဟုတ်သကဲ့သို့ခတ်တည်တည်ဖြင့်သာ တောင့်တောင့်ကြီးမတ်တတ်ရပ်နေခဲ့သည်။ သူမ၏ဘေးတွင်လည်း အဖြူရောင်အရှိန်အဝါများရစ်သိုင်းနေဆဲပင်။ ထို့နောက်သူမ ချိုးဝူယဲ့အားကြည့်လိုက်ပြီး...
"ဘာဖြစ်လို့လဲ တစ်ခုခုမှားနေလို့လား"
ချိုးဝူယဲ့ ပြောစရာစကားပင်ပျောက်သွားခဲ့သည်။
'တစ်ခုခုမှားနေလို့လား သေချာတာပေါ့ ခင်ဗျား ကရုတ်တရက်ရောက်ချလာပြီးဘာမပြောညာမပြောနဲ့သတ်ပစ်လိုက်တာလေ ဘာမှားနေလဲလာမေးနေသေးတယ်ပေါ့'
ချိုးဝူယဲ့၏စိတ်ထဲတွင်ကူရာမဲ့ဖြစ်သွားပြီးခေါင်းခါရမ်းလိုက်ရသည်။
"ဘာမှမဖြစ်ပါဘူး ခင်ဗျားရောက်လာတော့ နဲနဲထူးဆန်းသွားရုံပါ ဘာလို့လိုက်လာတာလဲ ဒီကိစ္စလောက်ကတော့ ကျုပ်တစ်ယောက်တည်းဖြေရှင်းနိုင်ပါတယ်"
ယွင်ရှင်းမေ အခြားတစ်ဖက်သို့မျက်နှာလွဲလိုက်ပြီးစိတ်ထဲတွင်အကြောင်းပြချက်ပေးရန်စဉ်းစားလိုက်သည်။
'ဟွန့်...ဒီအရှင်မက နင့်အစားသူတို့ကိုသတ်ပေးတာကို နင်ကဂုဏ်တောင်ယူရအုံးမယ်'
သို့သော်လည်းထိုသို့မပြောထွက်လိုက်ချေ။
"ငါ...ငါနင့်နောက်လိုက်လာတာမဟုတ်ဘူး တည်းခိုခန်းမှာတစ်ယောက်ထဲပျင်းလာလို့အပြင်ထွက်ပြီးခနလမ်းလျှောက်ရင်း မတော်တဆတွေ့လိုက်ရလို့လာခဲ့တာ"
ချိုးဝူယဲ့သူ၏လက်ဖြင့် မျက်နှာအုပ်မိလိုက်ပြန်သည်။ ဤမိန်းမသည်သတ်ဖြတ်ရန်သာသိပြီး လိမ်လည်လှည့်ဖြားရာတွင်လည်း မတော်ပေ။
"ထားပါ... ဒါနဲ့အဖိုးဒီပုလွေလေးကျုပ်ကိုရောင်းပါလား"
ချိုးဝူယဲ့အဖိုးကြီးဘက်သို့ကြည့်ကာ တူညီသည့်စကားအားထပ်ပြောလိုက်လေသည်။ အဖိုးကြီးသည် ခုနကဖြစ်ပျက်သွားသောအရာများကြောင့်တုန်လှုပ်နေပြီး ယခုထိစကားပင်မပြောနိုင်သေးချေ။ အဖိုးကြီးက ယခုမှမြေကြီးပေါ်တွင်လှဲကျနေရာမှထလာသော လူငယ်လေးအားတစ်ချက်ကြည့်လိုက်သည်။
"ရောင်းမယ် ကျွန်တော်ရောင်းမယ်"
လူငယ်လေးမှာစိတ်လှုပ်ရှားစွာ ချိုးဝူယဲ့အနားပြေးလာရင်းပြောလိုက်သည်။ချိုးဝူယဲ့ထိုလူငယ်လေးအားစိုက်ကြည့်လိုက်ပြီး....
"ကောင်းပီလေ ဘယ်လောက်ပေးရမလဲ"
"ငွေဆယ်စမဟုတ်ဘူး မဟုတ်ဘူး ငွေငါးစ..မဟုတ်သေးဘူးငွေ.."
ချိုးဝူယဲ့ အိပ်ကပ်ထဲမှရွှေတုံးတစ်တုံးထုပ်ယူလိုက်ပြီးနောက် ထိုလူငယ်လေးဆီသို့ပစ်ပေးလိုက်သည်။
"ဒီလောက်ဆိုလုံလောက်ပြီ မို့လား"
ထိုလူငယ်လေး၏မျက်လုံးသည်လင်းလတ်သွားပြီးနောက် ရွှေတုံးအားကိုင်ထားသောလက်များတုန်ရီလာခဲ့သည်။
"လုံလောက်ပါတယ် .. လုံလောက်တာထက်တောင်ပိုပါသေးတယ်"
"ကောင်းပြီ"
ထို့နောက်ချိုးဝူယဲ့သည် ယွင်ရှင်းမေအား သွားရန်အချက်ပြလိုက်သည်။ ထို့နောက် ချိုးဝူယဲ့နှင့်ယွင်ရှင်းမေ၏ပုံရိပ်သည် မှုန်ဝါးကာပျောက်ကွယ်သွားခဲ့သည်။
အဖိုးကြီးနှင့်လူငယ်လေးသည် ရေခဲတုံးဖြစ်နေသော မီးတောက်နီ ဂိုဏ်းသားနှစ်ယောက်အားကြည့်လိုက်ပြီး နောက်ချိုးဝူယဲ့နှင့်ယွင်ရှင်းမေပျောက်ကွယ်သွားသောအရပ်အားကြည့်ကာ.....
"သူတို့ကဘယ်သူတွေလဲ တန်ခိုးရှင်တွေလိုပဲသိပ်သန်မာလွန်းတယ်"
...................
ပြီး...