← Chapters

ကယ်တင်ခြင်း

Vol. 3 Ch. 28

ကယ်တင်ခြင်း

Vol. 3 Ch. 28

ချိုးဝူယဲ့နှင့်ယွင်ရှင်းမေ တည်းခိုခန်းသို့ပြန်လည်ရောက်ရှိလာပြီးနောက် ချိုးဝူယဲ့ ခုံတွင်ထိုင်ချလိုက်သည်။ထို့နောက်အကြမ်းရည်တစ်အိုးလောက်ဆွဲကာ ခွက်ထဲငဲ့လိုက်​၏။  

"နင်ဘာဆက်လုပ်ဖို့အစီအစဉ်ရှိလဲ"

ယွင်ရှင်းမေ မေးလိုက်ပြီးနောက် ချိုးဝူယဲ့ ငဲ့ထားသော ရေနွေးကြမ်းခွက်ကို ယူလိုက်ပြီးနောက်တစ်ကြိုက်သောက်လိုက်သည်။

"ပုံမှန်လောက်ပါပဲ"

ချိုးဝူယဲ့ "..."

'ဒီမိန်းမအတော်စွာလာပါလားဟ'

သို့သော်ချိုးဝူယဲ့မှာ ခေါင်းသာခါရမ်းလိုက်ပြီး မျက်နှာသေဖြင့်ပြောလိုက်သည်။

"ဘာမှတော့လုပ်စရာမရှိသေးဘူး ဒါပေမဲ့အခုတော့ လွန်ခဲ့တဲ့နှစ် ၁၂၀ လောက်က သေဆုံးသွားတဲ့ ဓားဝိဇ္ဇာရဲ့ဂူဗိမာန်ကိုတစ်ချက်သွားကြည့်ဖို့တော့ စဉ်းစားထားတယ်"

ယွင်ရှင်းမေခေါင်းသာငြိမ့်လိုက်ပြီး စိတ်ဝင်စားပုံမရချေ။ထိုဓားဝိဇ္ဇာဆိုသောလူအသက်ရှိသေးလျှင်ပင် သူမနှင့် သိုင်းပညာဖလှယ်ရန်မထိုက်တန်သေးချေ။ချိုးဝူယဲ့လည်းဤအချက်အားနားလည်ပေသည်။ သူ​၏အရှေ့မှ မိန်းမသည်သာ အစစ်အမှနိမကောင်းဆ်ုးဝါးတစ်ကောင်ဖြစ်သည်။ ထိုမိန်းမမည်သည့်နေရာမှလာမှန်းလည်းမသိချေ။

ချိုးဝူယဲ့ ဤတစ်နေ့သာအတွက် အတွင်းအားကျင့်ရင်းဖြင့်သာကုန်ဆုံးနေတော့သည်။မဟာသိဒ္ဓိကျင့်စဉ်ကြောင့် သူ​၏ အတွင်းအားလေ့ကျင့်မှုနှုန်းမှာ မိုးထိုးလောက်အောင်မြန်ဆန်ပေသည်။ထိုကျင့်စဉ်မှာ ကျင့်လေမြန်လေဖြစ်ပြီး ယခုဆိုလျှင်ချိုးဝူယဲ့သည် သာမန်အတွင်းအားကျင့်ခြင်းထက်အဆပေါင်းဒါဇင်နှင့်ချီအောင်မြန်ဆန်နေခဲ့လေသည်။

........

နောက်တစ်နေ့နံနက်တွင်...

ချိုးဝူယဲ့ ယွင်ရှင်းမေအား တည်းခိုခန်းတွင်ချန်ခဲ့လိုက်ပြီးတစ်ယောက်တည်းရေရက်တက်ရာရာ သီတင်းစုံစမ်းရန် မြို့ထဲသို့ထွက်လာခဲ့လိုက်သည်။ ချိုးဝူယဲ့သည် ဝတ်ဆင်နေကြအတိုင်း အဖြူရောင်ဝတ်စုံကိုသာဝတ်ဆင်ထားသော်လည်း အပေါ်တွက်အနက်ရောင်ဝတ်ရုံနှင့် ဝါးခမောက် ကိုဆောင်းထား​၏။

ချိုးဝူယဲ့လမ်းလျှောက်ရင်းဘေးဘီဝဲယာသို့လျှောက်ကြည့်လိုက်သည်။သူစိတ်ဝင်စားသောအရာမရှိသောကြောင့်အနည်းငယ်စိတ်ပျက်သွားခဲ့သည်။ချိုးဝူယဲ့ရှေ့ဆက်သွားလိုက်ပြီး အနည်းငယ်ပတ်ကြည့်လိုက်သည်။ 

သို့သော် သူစိတ်ဝင်စားသောအရာအားမတွေ့ရသေးပေ။

ထိုအချိန်....

"ဖယ်ဖယ် ကလေးမလေးလမ်းပေါ်ကနေအမြန်ဖယ်လိုက်"

လူများဝိုင်းပြီးသတိပေးအော်ဟစ်သံများကြားလိုက်ရသောအခါ ချိုးဝူယဲ့ ထိုနေရာသို့လည့်ကြည့်မိလိုက်သည်။

အသက် ၈ နှစ်အရွယ်ကလေးမလေးတစ်ယောက်လမ်းမပေါ်တွင်ကလေးတစ်ယောက်အားပွေးပိုက်၍သွားနေခဲ့ပြီး လူအများ အော်ဟစ်သတိပေးသံကြောင့် ကြောက်ပြီးကြက်သေသေနေသည့်ပုံပင်။

ချိုးဝူယဲ့ ကလေးမလေး​၏ အနောက်သို့ကြည့်လိုက်သည်။ အနိရောင်မြင်းရထားလုံးတစ်စင်းသည် အရှိန်ဖြင့်လျင်မြန်စွာ မောင်းလာနေပြီး ကလေးမလေး အားတွေ့သော်လည်းအရှိန်လျှော့မည့်ပုံမရချေ။

ဤမြင်းရထားလုံးမှာ မီးတောက်နီဂိုဏ်းမှ ခေါင်းဆောင်ငယ် စီးသောမြင်းရထားလုံးဖြစ်ပြီး ယခုအလောတကြီးဖြင့် အလျင်အမြန်မောင်းလာနေခဲ့သည်။

"မြန်မြန်ရှောင်လိုက်ကလေးမလေး"

လမ်းဘေးမှ အမျိုးသမီးကြီးတစ်ယောက် အသံကျယ်ကျယ်ဖြင့်လှမ်းအော်လိုက်သည်။

မြင်းရထားသည် ကလေးမလေးအားတိုက်မိပေတော့မည်။ ဤနေရာရှိလူအားလုံးမျက်လုံးမိတ်လိုက်ကြသည်။ ဤသနားစရာကလေးမလေးနှင့် ကလေးငယ်​၏အသက်တော့ သေဆုံးရပေတော့မည်။

မြင်းရထားလုံးဖြတ်သွားပြီးအချိန်အနည်းငယ်ကြာပြီးနောက် လမ်းနားတစ်ဝိုက်ရှိလူများ သက်ပျင်းချကာ မျက်လုံးပြန်ဖွင့်လိုက်ကြသည်။ စိတ်ပျက်စရာသွေးသံရဲရဲမြင်ကွင်းအားမြင်ရပေအုံးမည်။

သို့သော် သူတို့အားလုံး အံ့အားသင့်သွား​၏။ ကလေးငယ်အားပွေးချီထားသော ကလေးမလေးသည်လမ်းလယ်မှပျောက်ခြင်းမလှပျောက်သွားပြီး လမ်းနံဘေးတွင် ထိုကလေးမလေးသည် အကောင်းအတိုင်းရှိနေ​၏။ ဤနေရာရှိလူများအားလုံးမျက်လုံးပွတ်ကာကြည့်မိလိုက်သည်။ သူတို့ပဲ အမြင်တွေမှားနေခြင်းပေလော။ သို့မဟုတ်ကလေးမမှာ မည်သို့လွတ်မြောက်ခဲ့သနည်း။

အခြားမည်သူမှမသိသော်လည်း ချိုးဝူယဲ့သည် လမ်းနံဘေးမှ ဝါးခမောက်အားအောက်သို့ ငိုက်စိုက်စိုက် ပြင်ဆင်ဆောင်းလိုက်ပြီး တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့လေသည်။

ချိုးဝူယဲ့သည် ကလေးမလေးအားတိတ်တဆိတ်ကယ်တင်လိုက်ပြီးမည်သူမှမသိခင်အချိန်အတွင်း လူအများမြင်ကွင်းမှပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် သူသည် အများကိစ္စစိတ်မဝင်စားသော်လည်း ထိုကလေးမလေးမှာ အလွန်ငယ်ရွယ်ပြီး မည်သည့်အပြစ်မှမရှိချေ။ ချိုးဝူယဲ့သည်သူ​၏ရှေ့တွင် အသက်တစ်ချောင်း ဤကဲ့သို့ပျောက်ကွယ်သွားရမည်ကို မမြင်လိုပေ။

လမ်းနံဘေးမှကလေးမလေးသည် အခြားလူများမသိသော်လည်း ချိုးဝူယဲ့ပျောက်ကွယ်သွားသော နေရာသို့ကြည့်ကာ သူမ​၏မျက်လုံးများသည် ကျေးဇူးတင်စွာဖြင့်တောက်ပနေခဲ့လေသည်။ အခြားလူများမည်သည့်အရာများဖြစ်ပျက်သွားမှန်းမသိသော်လည်း ထိုကလေးမသည် သူမကိုကယ်တင်သွားသည့်ဝတ်ရုံနက်နှင့်ပုံရိပ်အားဖျက်ကနဲမြင်လိုက်ာသည်။ သူမအတွက်ကယ်တင်ရှင်မှာ ထိုဝတ်ရုံနက်နှင့်လူဖြစ်သည်ဆိုတာသေချာပေသည်။

ချိုးဝူယဲ့ အခြားနေရာများသို့လျှောက်ကြည့်ရန် မြို့ထဲသို့အရှိန်ဖြင့်ခရီးဆက်လိုက်​၏။

ခြံတစ်ခု​၏ နောက်ဖေးဘက်သို့ရောက်သောအခါရပ်တန့်လိုက်​၏။ ချိုးဝူယဲ့သစ်ကိုင်းတစ်ကိုင်းမှ အောက်မှ လှုပ်ရှားနေသောပုံရိပ်တစ်ခုအားကြည့်လိုက်​၏။ ချိုးဝူယဲ့ဤပုံရိပ်အားအနည်းငယ်စိတ်ဝင်စားနေဟန်ပင်။

....................

ပြီး...

All Chapters