← Chapters

ရွက်ကြွေဓားသမား  

Vol. 3 Ch. 29

ရွက်ကြွေဓားသမား  

Vol. 3 Ch. 29

စစ်ထူယန်သည် လောဟန်မြို့ရှိ အတော်အတန်နာမည်ကျော်ကြားသော ထိပ်တန်းသိုင်းသမားဖြစ်ပြီးနက်ရှိုင်းသောသိုင်းပညာရပ်များကြောင့်နာမည်ကြီးသောသူဖြစ်သည်။သူသည် လောဟန်မြို့တွင် သိုင်းသင်တန်းကျောင်းလေးတစ်ခုဖွင့်လှစ်ထားပြီး ချစ်ရသောဇနီးဖြင့်အတူတူ ပူပင်ခြင်းကင်းမဲ့သော သိုင်းဆရာတစ်ယောက်​၏ဘဝကိုခံယူထား​၏။

သူ​၏သိုင်းသင်တန်းကျောင်းသည် အနည်းငယ်ကျယ်ဝန်းပြီး မြို့လယ်နှင့်နီးကပ်သဖြင့် အတော်ပင်လူစည်ကားပြီးမြေနေရာမှာမဆိုးလှပေ။

စစ်ထူယန်အား ရွက်ကြွေဓားသိုင်းဖြင့်တွဲ၍သိကြပြီး ရွက်ကြွေဓားသမားဟုခေါ်ဆိုကြလေသည်။ထိပ်တန်းသိုင်းသမားထဲတွင် အဆင့်အတန်းအတော်လေးမြင့်မားသူဖြစ်သည်။သို့သော် သူယခုအတော်လေးခေါင်းခဲနေခဲ့သည်။ သိုင်းသင်တန်းကျောင်း ​၏နောက်ဖေးသူ​၏ခြံဝင်း အနောက်ဘက်တွင် သိုင်းလေ့ကျင့်နေခဲ့ပြီး သူ​၏ဓားသိုင်းကွက်လှုပ်ရှားမှုသည် တစ်ခုခုကြောင့်မပြည့်စုံဟန်ပင်။ 

သိုင်းကွက်များသည်ပိုမှိုလျင်မြန်စွာလှုပ်ရှားလာပြီး သိုင်းကွက်လှုပ်ရှားမှုများသည်တစ်စတစ်စ ဟာကွက်များပိုမိုထင်ပေါ်လာခဲ့သည်။ အကြိမ်ရေအနည်းငယ်ကြာထပ်လေ့ကျင့်ပြီးနောက်စစ်ထူယန်သူ​၏လှုပ်ရှားမှုများအားရပ်တန့်လိုက်​၏။ 

"ဟူး.. ရွက်ကြွေဓားသိုင်းမှာဟာကွက်အကြီးကြီးရှိနေပါလား ဘယ်လိုများဖာထေးရပါ့"

စစ်ထူယန် ကောင်းကင်ထက်သို့မော့ကြည့်လိုက်ပြီး စိတ်ညစ်စွာညည်းတွားလိုက်သည်။

ထို့နောက် သူ​၏ဓားသွားအား လက်နှစ်ချောင်းဖြင့်သပ်ချလိုက်ပြီး ဓားဖျားပေါ်မှ အမှုန်အမွားများကိုသပ်ချလိုက်သည်။

စစ်ထူယန် လက်တစ်ဖက်ဝေ့ရမ်းလိုက်သောအခါသစ်ကိုင်းများထက်မှ သစ်ရွက်များကြွေကျလာပြီး စစ်ထူယဲ့​၏ပတ်ဝန်းကျင်တစ်ဝိုက်တွင်သစ်ရွက်များလေပြေနှင့်အတူဖြည်းညင်းစွာလွင့်မျှောနေခဲ့သည်။

စစ်ထူယဲ့သူ​၏ဓားအားအသင့်ပြင်လိုက်ပြီး စတင်လှုပ်ရှားလိုက်သည်။

"ဝှစ်...ဝှစ်"

သူ​၏လှုပ်ရှားမှုများသည်နှေးကွေးသယောင်နှင့်အလွန်လျင်မြန်ပြီးသစ်ရွက်များကြားကို ပုံရိပ်များစွာဖြတ်သန်းသွားခဲ့သည်။ ပုံရိပ်ယောင်များဖြတ်သန်းသွားသည့်တစ်လျှောက်သစ်ရွက်များသည် နှစ်ခြမ်းပြတ်တောက်သွားပြီမြေပြင်သို့ကျသွားခဲ့သည်။သို့သော် ဓားချက်တိုင်းသည်တိကျမနေခဲ့ပေ။

စစ်ထူယန်သက်ပျင်းချလိုက်သည်။

"ဟင်း.."

"ဓား ကွက်တိုင်းက အားသာချက်တွေလည်းရှိသလို အားနည်းချက်ဟာကွက်တွေကိုလည်းသယ်ဆောင်ထားတယ်"

စစ်ထူယန်တစ်ယောက်တည်းသက်ပျင်းချနေချိန် မည်သည့်အရပ်မှပျံ့နှံ့လာမှန်းမသိသော အသံတစ်သံသည် စစ်ထူယန်​၏ဘေးပတ်ဝန်းကျင်သို့ပျံ့နှံ့သွား​၏။

စစ်ထူယန်ထိတ်လန့်သွားပြီး သူ​၏ဓားအားအသင့်ပြင်ကာ ခန္ဓာကိုယ်ဟန်ချက်ကိုချက်ချင်းထိန်းညိပြီးပြင်ဆင်လိုက်သည်။

"ဘယ်သူလဲ "

သူ​၏အနောက်ဘက်သစ်ပင်တစ်ပင်​၏အကိုင်းအခတ်တစ်ခုမှအသံထွက်ပေါ်လာခဲ့သည်။

"စိတ်မပူပါနဲ့ ကျုပ်ကဖြတ်သွားဖြတ်လာရင်း လေထဲကနေလျင်မြန်တဲ့ဓားတိုးဝေ့သံကြားလို့လာကြည့်တာပါ"

စစ်ထူယန်နောက်သို့လှည့်လိုက်ပြီး သစ်ကိုင်းထက်သို့မော့ကြည့်လိုက်သည် လျှို့ဝှက်ဆန်းကြယ်ပြီးအနက်ရောင်ဝတ်စုံ​နှင့်ဝါးခမောက်ကိုဆောင်းထားသောလူတစ်ယောက်သည်သူ​၏အမြင်အာရုံထဲတွင်ထွက်ပေါ်လာခဲ့သည်။ စစ်ထူယန်​၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး ထိတ်လန့်အံ့ဩသွားခဲ့သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူမှာချိုးဝူယဲ့ပင်ဖြစ်သည်။မြို့ထဲတွင်လျှောက်ပတ်သွားနေချိန် လေဝှေ့သံများကြောင့်လာကြည့်ခြင်းဖြစ်ပြီးစစ်ထူယန်အားအမှတ်မထင်တွေ့လိုက်ရသည်။ ချိုးဝူယဲ့သည် မြက်တစ်ပင်လိုသေးငယ်သော သစ်ကိုင်းလေးတစ်ခတ်မှ သစ်ရွက် တစ်ရွက်ကို နင်း၍မတ်တတ်ရပ်နေခဲ့ပြီး သူ​၏ဝတ်ရုံနှင့်ဝါးခမောက်အောက်မှဆံနွယ်များသည်လည်းတိုက်ခတ်လောသောလေပြေလေးများကြောင့် လေနှင့် အတူယိမ်းနွဲ့နေကြနေသည်မှာ အထွတ်အထိပ်တွင်ရပ်တည်နေသော သူရဲကောင်းတစ်ယောက်အလားပင်။

စစ်ထူယန် မှင်သက်သွားပြီး ထိတ်လန့်သွားခဲ့သည်။ ယခုလိုလုပ်ဆောင်နိုင်ရင်ဤလူ​၏အတွင်းအားသည်မည်မျှမြင့်မားလိမ့်မည်နည်းသူနားမလည်နိုင်တော့ချေ။အနည်းဆုံးတော့လျှို့ဝှက်ဆန်းကြယ်သောဤလူကိုရန်မစသင့်မှန်းတော့သိသည်။စစ်ထူယန်ခံစားချက်အားအလျင်အမြန်ထိန်းညိကာ လက်တီးစု၍ပြောလိုက်သည်။

"ကျုပ်က စစ်ထူယန်က ဒီကရောင့်ရင်းကဘယ်သူလဲမသိဘူး"

ချိုးဝူယဲ့ မြေပြင်ပေါ်သို့ကြွေကျလာသောသစ်ရွက်နှင့်အတူဖြည်းညင်းစွာဆင်းလာပြီး လက်တီးစု၍ပြန်ပြောလိုက်သည်။

"ကျုပ်နာမည်က ဝူယဲ့ သာမန်ခရီးသွားတစ်ယောက်ပါ"

"ရောင်ရင်းဝူယဲ့ဘာလို့များကျုပ်ရဲ့ဓားသိုင်းမှာဟာကွက်ရှိတယ်လို့ပြောရတာလဲ"

စစ်ထူယန်လက်တီးစု၍မေးလိုက်သည်။သူ​၏ဓားသိုင်းမှဟာကွက်သည် မဆိုစလောက်လေးသာဖြစ်ပြီးလေ့ကျင့်နေသည့်သူကိုယ်တိုင်မှလွဲ၍အခြားလူများသိနိုင်စရာအကြောင်းမရှိပေ။သူ​၏ရှေ့မှဆန်းကြယ်သောလူ​၏ပညာအတိမ်အနက်အားသိလိုပေသည်။ 

ချိုးဝူယဲ့မျက်နှာသေဖြင့်သာသူ​၏ ခါးတွင်ချိတ်ထားသော မက်မွန်သားဖြင့်ပြုလုပ်ထားသည့်သစ်သားဓားလေးကိုထုပ်လိုက်ပြီး ဓားတစ်ချက်ဝေ့လိုက်သည်။

"ဝုန်း"

ချိုးဝူယဲ့​၏ပတ်ဝန်းကျင်တစ်ဝိုက်တွင်စွမ်းအင်လှိုင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

စွမ်းအင်လှိုင်းများသည်ဘေးပတ်ပတ်လည်ရှိသစ်ပင်များအားရိုက်ခတ်မိသွားပြီး သစ်ကိုင်းများအားလှုပ်ခါစေကာ မြောက်များလှစွာသောသစ်ရွက်များကိုကြွေကျစေခဲ့သည်။

ထို့နောက်ချိုးဝူယဲ့ သူ​၏သစ်သားဓားလေးအား လေပေါ်သို့မတင်လိုက်ပြီး ဓားသွားကို လက်နှစ်ချောင်းဖြင့် အပေါ်ဘက်သို့ပွတ်သပ်လိုက်လိုက်သည်။သူ​၏ဓားမှ မျက်လုံးဖြင့်မမြင်နိုင်သောအရှိန်အဝါတစ်မျိုးပျံ့နှံ့လာခဲ့သည်။

..................

ပြီး...

All Chapters