နတ်ဝိဇ္ဇာတစ်ပါးလား
Vol. 3 Ch. 31
ချိုးဝူယဲ့နှင့်ယွင်ရှင်းမေ ထည်ဝါသောအပြင်အဆင်နှင့် အဝတ်အစားရောင်းချသည့်ဆိုင်တစ်ဆိုင်အားတွေ့လိုက်ရပြီး ဝင်သွားရန်ပြင်လိုက်သည်။ သို့သော် ခြေလေး ငါးလှမ်းလောက်လှမ်းဝင်ပြီးနောက် ချိုးဝူယဲ့၏ ခြေလှမ်းများရပ်တန့်သွားခဲ့သည်။ သူ၏အာရုံသည် ထိုဆိုင်ကြီးတွင်မရှိတော့ချေ။
ဤဆိုင်ကြီး၏တစ်ဖက် တွင် အလွန်သေးငယ်သောဆိုင်လေးတစ်ဆိုင်ရှိပြီး အပြင်အဆင်မှ ပုံပန်းမလှတာကြောင့်မည်သည့်ဖောက်သည်မှ ရှိမနေပေ။သို့သော်ချိုးဝူယဲ့၏အာရုံသည် ထိုဆိုင်လေး၏အတွင်းတွင်ချိတ်ဆွဲထားသောဝတ်စုံလေးတစ်စုံပေါ်တွင်ရောက်ရှိနေပြီး အပြင်ဘက်မှအနည်းငယ်သာ မြင်ရသော်လည်း ဝတ်စုံ၏ ဒီဇိုင်းပုံစံတစ်ချို့ကြောင့်ချိုးဝူယဲ့၏ အာရုံစိုက်မှုအားဖမ်းစားသွားနိုင်ခဲ့သည်။
ချိုးဝူယဲ့ ယွင်ရှင်းမေကိုတားဆီးလိုက်သည်။
ယွင်ရှင်းမေ ဆိုင်ထဲသို့ဝင်ခါနီးရုတ်တရက်တားခံလိုက်ရတာကြောင့် ချိုးဝူယဲ့ကိုစိတ်ရှုပ်သွားဟန်ဖြင့်ကြည့်လိုက်သည်။ ချိုးဝူယဲ့ကြည့်နေသော ဆိုင်လေးဆီသို့သူမလှည့်ကြည့်လိုက်သော်လည်း ချိုးဝူယဲ့မည်သည့်အရာကိုစိတ်ဝင်စားမှန်းမသိသေးချေ။ ဤသေမျိုးလောကတွင်သူမအဖို့အာရုံစိုက်စရာမရှိသလို သေမျိုးအသုံးအဆောင်များကိုအလကားပေးလျှင်တောင်သူမဂရုစိုက်မည်မဟုတ်ပေ။
ချိုးဝူယဲ့နှင့်ယွင်ရှင်းမေသည် ထိုဆိုင်လေးထဲသို့ဝင်သွားလိုက်သည်။ ဆိုင်လေး၏အပြင်အဆင်မှာရိုးရှင်းပြီးပုံမှန်အဝတ်ဆိုင်လို အင်္ကျီများကိုချိတ်ဆွဲထားပြီး ချိတ်စင်တစ်ခုတွင် အထည်သုံးစုံသာနေရာယူထားခဲ့သည်။ တစ်ဆိုင်လုံးပေါင်းမှ ၁၂ စုံသာရှိလေသည်။ချိုးဝူယဲ့တစ်ဆိုင်လုံးကိုခြုံငုံကြည့်လိုက်ပြီးနောက် ချိတ်စင်များအနောက်မှ နောက်မှီထိုင်ခုံနှင့်စားပွဲပေါ်ကိုခြေထောက်ဆန့်ကာတင်ထားသော မုတ်ဆိတ်မွေးထူထူနှင့် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ရှိနေပြီး မျက်လုံးမှိတ်ကာငိုက်နေသည့်ပုံပင်။
သို့သော်ထိုလူမှာအမှန်တကယ်မငိုက်ပဲ မျက်လုံးပိတ်ထားခြင်းသာဖြစ်သည်ကိုချိုးဝူယဲ့တစ်ချက်ကြည့်ရုံဖြင့် အသက်ရှူပုံအာရုံခံလှုပ်ရှားမှုတို့ကိုကြည့်ကာတန်းသိသွား၏။
ချိုးဝူယဲ့ ထိုဆိုင်ရှင်အားဂရုမစိုက်တော့ပဲ စောစောကသူမြင်ခဲ့သည့်ဝတ်စုံနားကိုတိုးသွားလိုက်ပြီး ကြည့်ရှုလိုက်သည်။ ဝတ်စုံမှာအနက်ရောင်ဖြစ်ပြီး ဒီဇိုင်းမှာအခြားမည်သည့်ဝတ်စုံနှင့်မျှမတူပဲ ချုပ်ထားသည့် အသားမှာ ချောမွတ်နေသည့်ဟန်ဖြင့် အနည်းငယ်မာကျောပျော့ပြောင်းသည့်ပိုးသားဖြင့်ပြုလုပ်ထားပုံရပြီး ချိုးဝူယဲ့ဤဝတ်စုံ၏အရည်အသွေးမျိုးမည်သည့်နေရာမှာမှမမြင်ဖူးပါချေ။
အနောက်ဘက်မှမျက်လုံးမှိတ်ထားသောဆိုင်ရှင်၏မျက်ခွံသည်အနည်းငယ်လှုပ်ရှားသွားပြီး အသံဩဩဖြင့်ပြောလိုက်သည်။
"ကောင်လေးအဲ့တာ တော်ဝင်နက်ဝတ်စုံ ဈေးကမင်းတက်နိုင်မှာမဟုတ်ဘူးတစ်ခြားဟာရွေး"
ချိုးဝူယဲ့ထိုဆိုင်ရှင်ကိုမကြည့်ပဲပြန်ပြောလိုက်၏။
"နတ်ဘုရားတွေရဲ့ဝတ်စုံကလွဲရင် ကျန်တဲ့ကျုပ်မဝယ်နိုင်တဲ့ဝတ်စုံဆိုတာမရှိဘူး ဈေးသာပြော"
ချိုးဝူယဲ့ပြောဆိုနေတုန်းမှာတင် ယွင်ရှင်းမေ သူ၏ဘေးနားသို့ရောက်လာပြီး အနည်းငယ်စိတ်ဝင်စားဟန်ဖြင့်ပြောလိုက်သည်။
"ဒါနှစ်တစ်ရာရေခဲပိုးချည်မျှင်နဲ့ရက်လုပ်ပြီးစင်ကြယ်ခြင်းမန္တန်ကိုထည့်သွင်းချုပ်လုပ်ထားတဲ့ ဝတ်စုံပဲ မဆိုးပါဘူးနင်ကံကောင်းတာပဲ"
ဆိုင်ရှင်၏မျက်လုံးသည်ပွင့်သွားပြီး ခုံပေါ်တွင်ချက်ချင်းထရပ်လိုက်ကာ ယွင်ရှင်းမေကိုအပြည့်အဝစိုက်ကြည့်၍ သတိထားနေသည့်အနေအထားဖြင့်ပြောလိုက်သည်။
"ကောင်မလေးမင်းဘယ်သူလဲ ဒါသာမန်သေမျိုးလူသားတွေသိနိုင်တဲ့အရာမဟုတ်ဘူး မင်းဘယ်ဂိုဏ်းကလူလဲ"
ချိုးဝူယဲ့မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူရွယ်မှာမည်သည့်အရာကိုပြောနေမှန်းနားမလည်ချေ။
ယွင်ရှင်းမေလည်းမျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စက်အသံဖြင့် ထိုသက်လတ်ပိုင်းလူရွယ်ကိုစိုက်ကြည့်ကာပြောလိုက်၏။
"ငါ့အသက်ကနင့်ဘိုးဘေးဘီဘင်တွေထက်တောင်ကြီးသေးတယ် နင်ကဘာမို့လို့လဲ"
ယွင်ရှင်းမေ၏အသံနှင့်အတူပါလာသောကြီးမားသောဖိအားကြီးသည် ထိုလူလတ်ပိုင်းဆိုင်ရှင်အားဖိချလိုက်သည်။
"ဝုန်း"
မုတ်ဆိတ်ထူထူနှင့်လူသည် ကြီးမားသောဖိအားတစ်ရပ်ကိုခံစားလိုက်ရပြီး မြေပြင်ပေါ်သို့လေးဘက်ကုန်းပြုတ်ကျသွားခဲ့သည်။ထိုလူလတ်ပိုင်းမှာ ကြီးမားသောဖိအားကိုခံစားနေရပုံရပြီး ခတ်ခတ်ခဲခဲဖြင့် ခေါင်းမော့ကာတောင်းပန်လိုက်၏။
"စီနီယာနတ်ဝိဇ္ဇာ ကျုပ်တောင်းပန်ပါတယ် စီနီယာနတ်ဝိဇ္ဇာတစ်ပါးမှန်းမသိလို့ကျုပ်အပြုအမူတွေရိုင်းပြမိပါတယ် ခွင့်လွတ်ပေးပါ စီနိယာနတ်ဝိဇ္ဇာ"
ထို့နောက်ထိုသက်လတ်ပိုင်းမှာ ခေါင်းကို မြေကြီးဖြင့်ဦးခိုက်လိုက်၏။
ချိုးဝူယဲ့မှာမျက်နှာသေဖြင့် ဘေးမှသူနှင့်လားလားမျှမဆိုင်သည့်အလားရပ်ကြည့်နေပြီးမြေကြီးပေါ်မှဆိုင်ရှင်ကိုပြောလိုက်၏။
"ဒါဆိုကျုပ်ဝယ်လို့ရပြီလား ဈေးညှိရအောင်"
"ဒါ...ဒါက"
ဆိုင်ရှင်မှာခေါင်းကိုမရဲတရဲဖြင့်မောကာကြည့်လိုက်ပြီး ကြိုက်လျှင်အလကားယူသွားဟုပြောဆိုချင်သော်လည်း သူ၏အရှေ့တွင်နတ်ဝိဇ္ဇာတစ်ပါးတည်ရှိနေသောကြောင့်စကားပင်ကောင်းကောင်းမပြောနိုင်ပဲ ထစ်အအဖြစ်နေခဲ့သည်။
"ဈေးကိုပြော"
ယွင်ရှင်းမေအေးစက်စက်ဖြင့်မေးလိုက်၏။သူမ၏အေးစက်စက်အသံများသည် ဆိုင်ရှင်သက်လတ်ပိုင်းအား ကြောက်ရွံ့သွားစေခဲ့ပြီး ထစ်အအဖြင့်မထွက်လာသောအသံကိုပင်တစ်လုံးမှမမှားအောင်ပြောထွက်နိုင်စေခဲ့သည်။
"နတ်ဝိဇ္ဇာအရှင်မ အလိုရှိရင်ယူသွားနိုင်ပါတယ်ခင်ဗျ ဘာမှပေးစရာမလိုပါဘူး ဒီသေးနုတ်တဲ့သေမျိုးလူသားရဲ့ တန်ဖိုးမရှိတဲ့လက်ဆောင်သေးသေးပါခင်ဗျ"
ချိုးဝူယဲ့ သူ၏ဘေးမှယွင်ရှင်းမေကို စိုက်ကြည့်လိုက်ပြီးစိတ်ထဲတွင်အတွေးပေါင်းစုံတွေးမိလိုက်၏။
'ဆိုတော့ဒီမိန်းမက နတ်ဝိဇ္ဇာပေါ့ နတ်ဝိဇ္ဇာဆိုတာဘယ်အဆင့်လဲ အဖိုးကြီးလောင်ပြောတဲ့ သဘာဝလွန်အဆင့်လား ဒါမှမဟုတ်ရင် ဘယ်အဆင့်ဖြစ်နိုင်မလဲ"
ယွင်ရှင်းမေချိုးဝူယဲ့ဘက်သို့လှည့်လိုက်သည့်အချိန်နှစ်ယောက်သားအကြည့်ချင်းဆုံမိလိုက်သည်။ ချိုးဝူယဲ့မျက်နှာသေဖြင့်သာအရှေ့သို့ပြန်လှည့်လိုက်ပြီး အနက်ရောင်ဝတ်စုံအား ဖြုတ်ယူလိုက်သည်။ ထို့နောက်ချိုးဝူယဲ့သည် မြေပြင်ပေါ်တွင်လေးဘက်ထောက်နေဆဲဖြစ်သော ဆိုင်ရှင်အားကြည့်၍မေးလိုက်သည်။
"ဒီလိုအရည်အသွေးနဲ့ မိန်းမဝတ် ဝတ်စုံရှိသေးလား"
ဆိုင်ရှင်မှာ တစ်စက္ကန့်မခြားပဲခေါင်းထပ်ခါထပ်ခါငြိမ့်လိုက်ပြီး..
"ရှိပါတယ်.ရှိပါတယ် အခုပဲကျုပ်သွားယူပေးပါ့မယ်"
ထို့နောက်ဆိုင်ရှင်မှာ လေးဖက်ထောက်နေရာမှကုန်းရုန်းထလိုက်ပြီး အခန်းတစ်ခုဆီသို့ခတ်သုတ်သုတ်ပြေးသွားလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သေတ္တာလေးနှစ်လုံးဖြင့်ပြန်လည်ရောက်ရှိလာခဲ့သည်။
"ဒီမှာပါခင်ဗျ"
ချိုးဝူယဲ့ခေါင်းငြိမ့်လိုက်ပြီး ထိုသေတ္တာနှစ်လုံးအားယူလိုက်သည်။ ထို့နောက်ယွင်ရှင်းမေဘက်သို့လှည့်လိုက်ပြီး..
"ဒီမှာခင်ဗျားအတွက်"
ယွင်ရှင်းမေခေါင်းငြိမ့်လိုက်ပြီး လက်တစ်ချက်ဝေ့ရမ်းလိုက်သောအခါ ချိုးဝူယဲ့လက်ထဲမှ သေတ္တာနှစ်လုံးမှာ မရှိခဲ့သည့်အလားပျောက်ကွယ်သွားခဲ့သည်။
.............................
ပြီး...