ရွက်ကြွေသိုင်းသင်တန်းကျောင်း၏အကြီးအကဲကျုံးရီ
Vol. 3 Ch. 32
သက်လတ်ပိုင်းဆိုင်ရှင်မှာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားပြီး သူ၏တစ်ကိုယ်လုံးတောင့်ခဲသွားခဲ့သည်။ သူ့အရှေ့ရှိ နတ်ဝိဇ္ဇာသည် လက်တစ်ချက်ဝေ့ရမ်းရုံဖြင့် အရာဝတ္ထုပစ္စည်းများကို လေထဲတွင်ရုတ်ခြည်း ဖျောက်ပစ်နိုင်၏။ ဤသည်မှာမည်သို့သောစွမ်းပကားနည်း။ သူမြင်ဖူးခဲ့သော ဆံဖြူရှင်နတ်ဝိဇ္ဇာပင်လျှင်ထိုသို့မလုပ်နိုင်ပေ။
ချိုးဝူယဲ့မှာ ထိုကိစ္စအားမအံ့ဩတော့ချေ။ ယခင်နှစ်များကသူခနခနမြင်ဖူးခဲ့ပြီမဟုတ်လား။ချိုးဝူယဲ့ ဆံခါးပေါက်ဆီသို့
လျှောက်သွားလိုက်ပြီးယွင်ရှင်းမေကိုလှည့်၍ပြောလိုက်သည်။
"သွားကြမယ်"
ယွင်ရှင်းမေခေါင်းငြိမ့်လိုက်ပြီး နောက်မှလိုက်သွားလိုက်သည်။အချိန်ခနကြာကြီးနောက် ယွင်ရှင်းမေနှင့်ချိုးဝူယဲ့မရှိတော့မှ သက်လတ်ပိုင်းဆိုင်ရှင်သည် ခေါင်းမော့လိုက်ပြီး ကြောက်ရွံ့မှုများကို ပျောက်ကွယ်သွားအောင်အသက်ပျင်းပျင်းရှူထုတ်လိုက်၏။
သူလောဟန်မြို့တွင် နတ်ဝိဇ္ဇာတစ်ပါးပေါ်လာသည့်အကြောင်းအရင်းအားနားမလည်နိုင်သော်လည်းသူသီတင်းပို့သင့်သည်ဟုထင်၍ရေရွတ်လိုက်သည်။
"အစွမ်းထက်တဲ့နတ်ဝိဇ္ဇာတစ်ပါးက လောဟန်မြို့ထဲပေါ်လာပါလား ကြည့်ရတာတစ်ခုခုဖြစ်တော့မယ်ထင်တယ် ငါလဲမဟာဝိဇ္ဇာအိမ်တော်ကိုသီတင်းပို့သင့်တယ်"
သက်လတ်ပိုင်းဆိုင်ရှင်အတွေးများနေတုန်းမှာပင်..
"ဘုတ်"
သက်လတ်ပိုက်းဆိုင်ရှင်၏ရှေ့တွင်အထုပ်တစ်ထုပ်ပြုတ်ကျလာခဲ့သည်။ဆိုင်ရှင်၏မျက်လုံးသည်တောက်ပသွားပြီး ထိုအထုပ်အားကောက်ယူကာဖွင့်ကြည့်လိုက်သည်။ရွေတုံးများစွာသည်အထုပ်ထဲတွင်ရှိနေပြီး ရွေတုံးတစ်ရာကျော်ပေသည်။ ဆိုင်ရှင်သည်ဝမ်းသာသည့်အမူအရာသို့ပြောင်းသွားပြီး ချိုးဝူယဲ့တို့ထွက်ခွာသွားသည့်နေရာကိုကြည့်၍အကြိမ်ကြိမ်ကျေးဇူးတင်လိုက်၏။
"ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်"
.................
ချိုးဝူယဲ့တည်းခိုခန်းထဲသို့ပြန်ရောက်လာပြီးနောက် သက်ပျင်းတစ်ချက်ချကာ အကြမ်းရည်တစ်ခွက်သောက်လိုက်သည်။ထို့နောက် မချိန်အနည်းငယ်အကြာ အတွင်းအားကျင့်ပြီးနောက် အနားယူလိုက်တော့သည်။
......
နောက်တစ်နေ့နံနက်ခင်းတွင်..
ချိုးဝူယဲ့သူ၏ဝတ်စုံအသစ်ကိုဝတ်ဆင်ထားကာဝါးခမောက်နှင့်အနက်ရောက်ဝတ်ရုံကိုခြုံ၍မြို့ထဲရှိကြုံရာဆိုင်တွင်နံနက်စာဝင်စားနေပြီး အဖြူအနက်သိုင်းသမားတို့၏ သီတင်းများကို နားထောင်နေခဲ့သည်။ ထို့နောက်ချိုးဝူယဲ့ ငွေတစ်စကိုစားပွဲပေါ်တွင်တင်လိုက်ပြီး မြို့နားတစ်ဝိုက်ဆီသို့ထွက်ခွာလာခဲ့သည်။
...............
"မီးတောက်နီဂိုဏ်းရဲ့သခင်ကျီတုလျန့် မင်းက ရွက်ကြွေသိုင်းသင်တန်းကျောင်းနဲ့ မီးတောက်နီဂိုဏ်းရဲ့တိုက်ပွဲကိုစချင်နေတာလား"
မြို့အလယ်ကျသော သိုင်းသင်တန်းကျောင်းလေးတစ်ခုတွင် ယခုအခါအဖွဲ့နှစ်ဖွဲ့သည်ပြဿနာတက်နေသည့်ဟန်ရှိပြီး တိုက်ခိုက်တော့မည့်ပုံပင်။
အသက်၆၂ နှစ်ရှိပြီဖြစ်သော မီးတောက်နီဂိုဏ်း၏သခင် ကျီတုလျန့်သည်ဟက်ပက်ပက်ရယ်မောလိုက်ပြီးသရော်သည့်လေသံဖြင့်သူ၏ရှေ့မှ တည်ကြည်သည့်သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကိုပြောလိုက်၏။
"ဟားဟားဟား ရွက်ကြွေသိုင်းသင်တန်းကျောင်းရဲ့ကျော်ကြားလှတဲ့အကြီးအကဲ ကျုံးရီပါလား ..."
"ပုံမှန်အတိုင်းဆိုရင်တော့ငါတို့ဂိုဏ်းကမင့်တို့ရွက်ကြွေသိုင်းသင်တန်းကျောင်းကို အကြောင်းမဲ့သက်သက်ဘယ်တိုက်ခိုက်ရဲပါ့မလဲ"
"ဒါပေမဲ့အခုအခြေအနေကမတူတော့ဘူးနော် တော်ဝင်ရုံးတော်က ရွှေတံဆိတ်တော်အမတ်ကြီးကမင့်တို့ရဲ့သိုင်းကျောင်းမြေနေရာကိုရွှေတုံးနှစ်သိန်းနဲ့ဝယ်ချင်နေတယ် လိမ်လိမ်မာမာနဲ့ရွှေတုံး ၂သိန်းယူပြီးထွက်သွားတာက ပညာရှိတဲ့လုပ်ရက်ပဲ"
ရွက်ကြွေသိုင်းသင်တန်းကျောင်းဘက်မှ အဆင့်မြင့်သိုင်းသမားများဖြစ်သည့် ဆရာငါးယောက်နှင့်အကြီးအကဲကျုံးရီတို့၏မျက်နှာသာ်ပျက်သွားခဲ့ပြီး မီးတောက်နီဂိုဏ်း၏သခင် ကျီတုလျန့်၏နံဘေးမှ ခတ်ဝဝနှင့်လူကြီးကိုကြည့်၍ပြောလိုက်သည်။
"ကျုပ်တို့မရောင်းနိုင်ပါဘူးလို့အစတည်းကပြောခဲ့တယ်လေ ဘာလဲအနုနည်းနဲ့မရတော့အကြမ်းနည်းသုံးချင်နေတာလား တော်ဝင်ရုံးတော်ကအမတ်တွေကစိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်တွေကိုတောင်လုပ်နေကြပြီလား"
ထိုလူဝကြီး၏မျပ်နှာသည်ရှုံ့တွသွားပြီးဒေါသသကြီးဖြင့်အော်ပြောလိုက်သည်။
"တော်ဝင်ရုံးတော်ကအမတ်တွေကို မထီမဲ့မြင်စော်ကားရဲတယ်လား သူ့ကိုဖမ်းလိုက်စမ်း"
ထိုလူဝကြီးနောက်မှ လူငါးယောက် ထွက်ပေါ်လာပြီး ရွက်ကြွေသိုင်းသင်တန်းကျောင်း၏အကြီးအကဲကျုံးရီနှင့်အခြားအဆင့်မြင့်သိုင်းဆရာများ၏ရှေ့တည့်တည့်တွင်ရပ်လိုက်ပြီး ထိပ်တန်းသိုင်းသမားများ၏ အရှိန်အဝါများကိုသိမြင်စေလိုက်သည်။
ကျုံးရီ၏နှင့်အခြားသိုင်းဆရာများ၏မျက်နှာသည်ပြောင်းလဲသွားပြီး တိုက်ခိုက်ရန်အသင့်အနေအထားဖြင့်ပြင်ဆင်ထားလိုက်၏။
ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ အရှေ့ဆုံးမှလူသည် ကျုံးရီကိုလက်ဝါးဖြင့်အ
င်တိုက်ခိုက်လိုက်သည်။ ကျုံးရီသည်ထိုတိုက်ခိုင်မှုကိုရှောင်ရှားရန်စိတ်ကူးမရှိပဲ အတွင်းအားလက်ဝါးဖြင့်တန်ပြန်၍တိုက်ခိုက်လိုက်သည်။
"ဘန်း"
အတွင်းအား စွမ်းအင်လှိုင်းအနည်းငယ်သည်ပတ်ပတ်လည်အနားတစ်ဝိုက်သို့ပျံ့နှံ့သွားပြီး လူတိုင်း၏ ဝတ်ရုံနှင့် ဆံပင်များကို လွင့်လူးသွားစေခဲ့သည်။
"ဘုတ်"
ခတ်ဝဝနှင့်လူ၏ဘက်မှ ထိပ်တန်းသိုင်းသမားသည် ခြေလှမ်း အနည်းငယ်နောက်ဆုတ်လိုက်ရပြီး နောက်တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန်အသင့်အနေအထားပြင်ဆင်ထားလိုက်၏။ ကျုံးရီသည်ခြေတစ်လှမ်းမှနောက်သို့မဆုတ်ရပဲ မူလရပ်နေသည့်နေရာအတိုင်းပင်။ကြည့်ရသည်မှာ လူဝကြီး၏ ထိပ်တန်းသိုင်းသမားသည် ကျုံးရီအားမည်သို့မှယှဉ်နိုင်မည့်ပုံမရချေ။
အဆင့်အတူတူထိပ်တန်းသိုင်းသမားဟုသာဆိုသော်လည်း အတွင်းအားလေ့ကျင့်ခြင်းနှစ်များကွာခြားပါသေးသည်။ကျုံးရီသည်နောက် ၃ နှစ်၄ နှစ်အတွင်းအဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်ဖြစ်တော့မည့်ထိပ်တန်းသိုင်းသမားများထဲမှထိပ်တန်းတစ်ယောက်ဖြစ်သည်။ သာမန်ထိပ်တန်းသိုင်းသမားတစ်ယောက်တည်းနှင့် ကျုံးရီအားတိုက်ခိုက်ရန်မှာမဖြစ်နိုင်သည့်အရာပင်။
လူဝကြီးဘက်မှထိပ်တန်းသိုင်းသမားငါးယောက်သည်ခေါင်းငြိမ့်လိုက်ပြီး အတူတူလှုပ်ရှားလိုက်၏။ ကျုံးရီ၏ မျက်နှာအမူအရာသည်ပြောင်းလဲသွားပြီး သူ၏အတွင်းအားများကိုအစွမ်းကုန်ထုပ်ကာစတင်လှုပ်ရှားလိုက်၏။
..........................
ပြီး...