ကျုပ်မရောင်းနိုင်ဘူးလို့ပြောပြီးပြီ
Vol. 3 Ch. 33
"ဝုန်း"
"ဘန်း"
သိုင်းကွက်များစွာ ဖလှယ်ပြီးနောက် အချိန်အနည်းငယ်အတွင်းမှာပဲ ကျုံးရီသည်ဆက်တိုက်နောက်ဆုတ်ပေးနေရပြီး သူ၏ဝတ်စုံမှာလည်းအတော်ပင်စုတ်ပြဲ ကာ ဒဏ်ရာများလည်းရနေပြီဖြစ်သည်။
ရွက်ကြွေသိုင်းသင်တန်းကျောင်းမှအဆင့်မြင့်သိုင်းဆရာများမှာကျုံးရီကိုကူညီချင်သော်လည်း မီးတောက်နီဂိုဏ်း၏ရန်မှ ကျောင်းအုပ်ကြီးစစ်ထူယန်၏မိသားစုကိုကာကွယ်ပေးထားရသေးသည်။ သိုင်းဆရာများ၏မျက်လုံးများမှစိတ်ပျက်မှုများအထင်းသားထွက်ပေါ်နေခဲ့သည်။ ၎င်းတို့၏စိတ်ထဲတွင် ကျောင်းအုပကြီးဖြစ်သော ရွက်ကြွေဓားသမားစစ်ထူယန် သည်သီတင်းကိုကြားပြီးမြန်မြန်ပြန်လာဖို့သာမျှော်လင့်နေခဲ့ကြသည်။
ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှတစ်ယောက်သည် ကျုံးရီ၏ ဟာကွက်ကိုတွေ့ရှိသွားပြီး နောက်ကျောကိုခြေထောက်ဖြင့်ကန်ချလိုက်၏။
"ဘန်း.."
ကျုံးရီ ခြေလှမ်းဒါဇင်လောက်လွင့် ထွက်သွားပြီးသွေးတစ်လုပ်အန်လိုက်ရသည်။
"အဟွတ် အဟွတ်"
လူဝကြီးမှာအထင်သေးဟန်ဖြင့်ရယ်မောလိုက်ပြီး အထက်စီးဆန်စွာပြောလိုက်သည်။
"ဟန့်မင်းဟာမင်းထိပ်တန်းသိုင်းသမားမကလို့ဘာကောင်ကြီးဖြစ်နေဖြစ်နေ တော်ဝင်အမတ်မင်းတွေကိုစော်ကားရင် သေဘေးကပြေးမလွတ်နိုင်ဘူး"
ကျုံးရီ လူဝကြီးကို စိုက်ကြည့်လိုက်ပြီး စိတ်ပျက်စွာရယ်မောလိုက်သည်။
"ဟား...ဘာလဲသူရဲကောင်းမဆန်တဲ့လုပ်ရပ်တွေ လူအင်အားတွေနဲ့ အနိုင်ကျင့်သတ်ဖြတ်နေရတာတွေကို ပျော်နေကြတာလား တော်ဝင်အမတ်လို့မခေါ်ထိုက်ဘူး အကြမ်းဖက်သူတွေလို့ပြောရင်ပိုမှန်လိမ့်မယ်"
လူဝကြီး၏မျက်နှာသည်ရှုံ့မဲ့သွားပြီး ထိပ်တန်းသိုင်းသမား ငါးယောက်ကိုအော်ပြောလိုက်သည်။
"သူ့ကိုအရှင်မထားနဲ့ တစ်ခါတည်းသတ်ပြစ်"
ထိပ်တန်းသိုင်းသမားငါးယောက်လည်း မသက်သာစွာသက်ပျင်းချလိုက်ရသည်။ ဤကဲ့သို့နိမ့်ကျပြီးမိစ္ဆာန်သောလုပ်ရပ်အားအမှန်တကယ် မလုပ်ချင်သော်လည်း အလုပ်သည်အလုပ် ဆန္ဒသည်ဆန္ဒဖြစ်သည်သွားရော၍မရပေ။ ထိုလူဝကြီးဆီမှ ရွေတုံး ငါးသောင်းလက်ခံထားပြီးသည်ဆိုကာမှဆက်မလုပ်လျှင်လည်း ရွှေတံဆိတ်တော်အမတ်မင်းကိုအပြစ်လုပ်မိသလိုဖြစ်ပြီး ကို့ဒုက္ခကိုရှာသလိုဖြစ်ပေဦးမည်။ တစ်ခုတည်းသောရွေးချယ်စရာမှာ ဤအလုပ်အားပြီးဆုံးအောင်လုပ်ရန်သာရှိသည်။
မှန်ပေ၏ ဤလူဝကြီးနှင့်ထိပ်တန်းသိုင်းသမားငါးယောက်မှာ လမ်းတွင် ချိုးဝူယဲ့နှင့်တွေ့ရှိခဲ့သော သူများဖြစ်ပြီး ရွှေတံဆိတ်တော်အမတ်မင်း၏အမိန့်ဖြင့် လောဟန်မြို့တော်တွင် သိုင်းမျှော်စင်အခွဲဆောက်လုပ်ရန် စစ်ထူယန်ဤသိုင်းကျောင်းကိုအတင်းအကြပ်ဝယ်ယူခိုင်းခြင်းဖြစ်သည်။
ပထမတစ်ခါ ဝယ်ယူရန် စာချုပ်နှင့်သံတမန်တစ်ယောက်ပို့လွတ်ခဲ့သော်လည်း စစ်ထူယန်မှာငြင်းပယ်ခဲ့သောကြောင့် ရွေတံဆိတ်တော်အမတ်ကြီးစိတ်ပျက်သွားပြီး အတင်းမကြပ်ဝယ်ယူရန်လုပ်ဆောင်နေခြင်းပင်။
ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ နှစ်ယောက်သည် တစ်ပြိုင်နက်လှုပ်ရှားလိုက်ပြီးကျုံးရီအား ဘယ်တစ်ဖက်ညာတစ်ဖက် တိုက်ခိုက်လိုက်သည်။ ကျုံးရီသည် အချိန်ဆွဲရန်စကားပြောရန်စရင်း အတွင်းအားကိုပြန်လည်ထိန်းညိနေတုန်းပင်။ ထိုသို့ရုတ်တရက်တိုက်ခိုက်လာသောကြောင့်ကျုံးရီ မျက်နှာပျက်သွားပြီး ရှောင်ရှားရန်လုပ်လိုက်သော်လည်းအချိန်မမှီတော့ချေ။
သို့သော်ရုတ်ခြည်းဆိုသလိုပင် ဓားတစ်ချောင်းသည် လေပေါ်မှပျံဝှဲလာပြီး ကျုံးရီအားတိုက်ခိုက်တော့မည့် ထိပ်တန်းသိုင်းသမားနှစ်ယောက်ကို ရှေ့မတိုးသာသောအခြေအနေသို့ရောက်ရှိသွားစေခဲ့သည်။
ထိုထိပ်တန်းသိုင်းသမားနှစ်ယောက်မှာ သွားရာခြေလှမ်းအားမြေပေါ်ထောက်၍လေပေါ်သို့ခုန်လိုက်ပြီးနောက်သို့ခြေခေါက်လိုက်သည်။ သို့သော် မည်သည့်နေရာမှပေါ်လာမှန်းမသိသော အရိပ်တစ်ခု ၎င်းတို့နှစ်ကြားတွင်ထွက်ပေါ်လာပြီး လက်ဝါးဖြင့်တစ်ယောက်တစ်ချက်စီရိုက်ချခံလိုက်ရသည်။ထိပ်တန်းသိုင်းသမားနှစ်ယောက်မှာလေပေါ်မှာတင်သွေးတစ်လုပ်အန်ချလိုက်ရပြီး လက်ဝါးချက်၏ရိုက်အားကြောင့်နောက်သို့တွန်းကန်ခံလိုက်ရသည်။
ထိုလူရိပ်မှာအခြားလူမဟုတ်ပေ ရွက်ကြွေသိုင်းသင်တန်းကျောင်း၏ကျောင်းအုပ်ဖြစ်သော ရွက်ကြွေဓားသမား စစ်ထူယန်ပင်ဖြစ်သည်။
စစ်ထူယန်သည် ထိုမျှနှင့်ပင်မရပ်တန့်သေးပေ လေထဲတွင် ရှေ့သို့ဆက်သွားနေသော သူ၏ဓားအား ဘေးသို့လှည့်မကြည့်ပဲ ညာလက်ကိုဘေးသို့ဆန့်ထုပ်၍ ဓားရိုးအားကိုင်လိုက်သည်။ အရာအားလုံးမှာ အချိန်ကိုက်စီစဉ်ထားသည့်အလားပင်ဖြစ်၏။
စစ်ထူယန် သူ၏ဓားဖြင့် ထောင့်ဖြတ်ရမ်းချလိုက်သောအခါ ပြင်းထန်သည့် လေလှိုင်းနှယ်ဓားမှအတွင်းအားလှိုင်းတစ်ခုထွက်ပေါ်လာပြီး နောက် ယခုထိလေပေါ်တွင် လွင့်နေဆဲဖြစ်သော ထိပ်တန်းသိုင်းသမားနှစ်ဦးအား ထိမှန်သွားခဲ့သည်။
ထိုဓားစွမ်းအင်လှိုင်းကြောင့် ထိပ်တန်းသိုင်းသမားနှစ်ဦးမီတာများစွာလွင့်ထွက်သွားပြီး မြေပြင်သို့မှောက်လျက်သားကျဆင်းသွားခဲ့သည်။
"ဘုတ်"
ထိုထိပ်တန်းသိုင်းသမားနှစ်ယောက် ချိနဲစွာကုန်းရုန်းထလိုက်ပြီး သွေးများပွက်ပွက်အန်နေခဲ့ကြသည်။
"ညီ၅ နဲ့ညီ၄ အဆင်ပြေရဲ့လား"
ကျုံးရီနှင့်အနည်းငယ်ကွာဝေးသောနေရာတွင်ရပ်နေသော ထိပ်တန်းသိုင်းများများထဲမှ အကြီးဆုံးဖြစ်ပုံရသော ထိပ်တန်းသိုင်းသမားက ဒဏ်ရာရထားသောသူ၏ညီအကိုနှစ်ယောက်ဆီပြေးသွားလိုက်သည်။
စစ်ထူယန်သည်လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး တစ်ဖက်ကဓားကိုကိုင်ကာလေထဲမှဆင်းလာသည့်ပုံမှာ အထွတ်အထိပ်သိုင်းသခင်တစ်ယောက်နှယ် ခန့်ညားနေတော့သည်။
"ကျောင်းအုပ်ကြီး"
"ကျောင်းအုပ်ကြီးရောက်လာပြီ"
ရွက်ကြွေသိုင်းသင်တန်းကျောင်းမှ စစ်ထူယန်၏မိသားစုများနှင့် ဆရာများအားလုံးပျော်ရွင်သွားကြသည်။
စစ်ထူယန်ကျုံးရီဘက်သို့လှည့်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။ ကျုံးရီလည်းပြန်လည်ခေါင်းငြိမ့်ပြလိုက်ပြီး နောက်သို့ဆုတ်ကာ အတွင်းအားများပြန်လည်ထိန်းညိရန်ထိုင်ချလိုက်သည်။
စစ်ထူယန် လူဝကြီးဆီသို့ကြောက်စရာကောင်းသောအကြည့်တစ်ချက်ပေးလိုက်သည်။လဝကြီးလည်းအလွန်ကြောက်လန့်သွားပြီး သူငှားထားသောထိပ်တန်းသိုင်းသမားများကိုလှမ်းခေါ်လိုက်သည်။စစ်ထူယန်သည်အလွန်ဒေါသထွက်နေပြီး ရှေ့သို့ခြေတစ်လှမ်းခြင်းလျှောက်လာကာ စကားကိုတစ်လုံးဖြင်းပြောလိုက်၏။
"ကျုပ်မရောင်းဘူးလို့ပြောပြီးပြီ"
"ခင်ဗျားတို့ဘာလို့ဒီလောက်ကမ်းတက်ရတာလဲ"
"ဝုန်း"
ပြောပြီးသည်နှင့် စစ်ထူယန်ခြေတစ်ချက်ဆောင့်ချလိုက်ကာ အဆင့်လွနိထိပ်သီးတစ်ယောက်၏သိုင်းပညာအရှိန်အဝါများကိုထုပ်ဖော်လိုက်သည်။ သူ၏ဆံနွယ်များသည်လေနထဲတွင်လူးလွင့်နေပြီး သူ၏ဝတ်စုံမှာလည်းလေထဲတွင်တစ်ဖြတ်ဖြတ်ခတ်နေခဲ့သည်။ သူ၏ခြေဆောင့်အားအလွန်မြင်းထန်သောကြောင့် အောက်မှမြေကြီးကိုပင်ခြေထောက်ကနှစ်ဝင်သွားပြီး အက်ကြောင်းများထသွားစေခဲ့သည်။
လူဝကြီးနှင့်ထိပ်တန်းသိုင်းသမားတစ်သိုက်တင်မကသေး မီးတောက်နီဂိုဏ်း၏သခင် ကျီတုလျန့်နှင့် ဂိုဏ်းသားအားလုံးထိပ်ထိပ်ပျာပျာဖြစ်သွားကြသည်။
"ဒါ...ဒါ...ဒါက"
...........................
ပြီး...