← Chapters

လူဝကြီး​၏ဝှက်ဖဲ

Vol. 3 Ch. 34

လူဝကြီး​၏ဝှက်ဖဲ

Vol. 3 Ch. 34

"ဒါ...ဒါကအဆင့်လွန်ထိပ်သီးတစ်ယောက်

ရဲ့အရှိန်အဝါပဲ"

ရွက်ကြွေသိုင်းသင်တန်းကျောင်းမှဆရာများ အံဩပျော်ရွင်သွားကြသည်။သူတို့​၏ကျောင်းအုပ်စစ်ထူယန်မှာအဆင့်လွန်ထိပ်သီးသိုင်းသခင်တစ်ယောက်ဖြစ်သွားခဲ့ပြီမဟုတ်လော။ ထိုအဆင့်လွန်ထိပ်သီးတစ်ယောက်​၏စွမ်းပကားမှာအမှန်တကယ်ပင်အစွမ်းထက်လှသည်။

စစ်ထူယန်​၏သိုင်းပညာမြင့်မားလာမှုကြောင့် ဤနေရာတွင်ရှိနေသောလူများအားလုံးထိပ်လန့်ကုန်ကြပြီး မီးတောင်နီဂိုဏ်း​၏သခင်ကျီတုလျန့်ပင်သူ​၏လူများနှင့်အတူအနောက်သို့ခတ်ခွာခွာဆုတ်ခွာသွားကြသည်။ လူဝကြီးမှာလည်း စစ်ထူယန်အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သွားသောကြောင့်တုန်လှုပ်နေခဲ့သည်။ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှနှစ်ယောက်သည်ပင် စစ်ထူယန်​၏သိုင်းတစ်ကွက်ကြောင့်အလူးအလဲခံလိုက်ရကြီမဟုတ်လား။

"ဆိုတော့က ကျုပ်ရဲ့သိုင်းသင်တန်းကျောင်းမြေနေရာကိုအတင်းအကြပ်လိုချင်တဲ့သဘောလား"

စစ်ထူယန်​၏အသံမှာတည်ငြိမ်လွန်းလှသော်လည်း ဒေါသထွက်နေမှန်းသိသာလှ​၏

တော်ဝင်ရုံးတော်မှအမတ်မင်း​၏သံတမန်ဖြစ်သောလူဝကြီးမှာအလျှော့မပေးချင်သေးပေ။ ရွေတံဆိပ်တော်အမတ်မင်း​၏လက်အောက်တွင်လည်း အဆင့်လွန်ထိပ်သီးများရှိသည်မဟုတ်လော။အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်တည်းနှင့် ရွေတံဆိပ်တော်အမတ်မင်းကိုအပြစ်ပြုရန်မလုံလောက်သေးပေ။ 

ထို့အပြင် စစ်သားထောင်ချီနှင့်ဆိုလျှင် အဆင့်လွန်ထိပ်သီးဖြစ်သော်ငှားလည်း နောက်ဆုံးရေကုန်ရေခမ်းတိုက်ခိုက်ပြီးနောက် မောပန်း၍သေဆုံးသွားကြရမည်ခြည်းသာဖြစ်သည်။အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်မှာ မသေမျိုးမဟုတ်ပေ အစွမ်းထက်လှသောသိုင်းပညာရှင်သာဖြစ်သည်။

"စစ်ထူယန်ခင်ဗျားအဆင့်လွန်ထိပ်သီးတစ်ယောက်ဆိုပေမဲ့ ရွှေတံဆိပ်တော်အမတ်မင်းကိုအပြစ်ပြုမိရင်ရလဒ်မကောင်းနိုင်ဘူး ခင်ဗျားသေချာစဉ်းစားသင့်တယ်"

စစ်ထူယန်ဟက်ပတ်ပတ်ရယ်မောလိုက်ပြီးလူဝကြီးအားအထင်သေးစွာကြည့်၍ပြောလိုက်သည်။

"ရွှေတံဆိပ်တော်အမတ်မင်းကိုကြောက်တဲ့သူတွေထဲမှာကျုပ်မပါဘူး ခင်ဗျားတို့ကြိုက်သလိုသာလုပ်ကျုပ်ကတော့ ဒီနေရာကိုမပေးနိုင်ဘူး"

လူဝကြီး​၏မျက်နှာအမူအရာမှာအလွန်ပျက်ယွင်းသွားပြီး ငွေဖြင့်ညှိကြည့်ရန်ဆုံးဖြတ်လိုက်သည်။ ​ငွေသာများများပေးလျှင်မည်သူကငြင်းမည်နည်း။ ထိုစကားစုမှာ လူဝကြီး​၏အတွင်းစိတ်သက်သက်သာဖြစ်သည်။

"ဒါဆိုဒီလိုလုပ် ကျုပ်ခင်များကိုရွှေတုံးတစ်သန်းပေးမယ် ဒီသိုင်းသင်တန်းကျောင်းရဲ့မြေနေရာကိုကျုပ်ကိုရောင်းပေးပါ"

သို့သော်စစ်ထူယန်သည်စကားတစ်ခွန်းမှမပြောပဲလူဝကြီးကိုသာမျက်နှာသေဖြင့်ကြည့်နေလိုက်သည်။ဤနေရာရှိလူများအားလုံးတိတ်ဆိတ်နေကြပြီး အားလုံး​၏အာရုံစိုက်မှုမှာလူဝကြီးနှင့်စစ်ထူယန်​၏အပေါ်မှာသာရောက်ရှိနေခဲ့ကြသည်။စစ်ထူယန်မှာတိတ်ဆိတ်နေသောကြောင့် လူဝကြီးစိတ်မသက်မသာဖြစ်လခဲ့သည်။ တစ်ဖက်လူကဈေးနည်းသည်ဟုတင်သောကြောင့်ဖြစ်သည်ဟုစိတ်ထဲတွေးမိကာဈေးထက်မြင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။

"ရွှေတုံးနှစ်သန်းဆိုရင်ကော"

"ကျုပ်မရောင်းဘူးလို့ပြောပြီးပြီ"

"ဝုန်း"

စစ်ထူယန်​၏ဒေါသသကြီးအော်ဟစ်သံနှင့်အတူစစ်ထူယန်​၏ညာလက်ဝှေ့ရမ်းလိုက်သည်နှင့်များပြားလှသောအတွင်းအားများထွက်ပေါ်လာကြီးလူဝကြီးကိုရိုက်ခတ်လိုက်သည်။လူဝကြီးမှာနောက်သို့ခြေလှမ်းပေါင်းဒါဇင်ခန့်ဆုတ်ပြီးမှသာ ခန္ဓာကိုယ်ဟန်ချက်ကိုပြန်လည်ထိန်းညိနိုင်လိုက်သည်။

ဒေါသထွက်လွန်းသဖြင့်လူဝကြီး​၏မျက်နှာမှာ နီရဲကျစ်တောက်နေပြီးဒေါသသကြီးဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ဝေါင်း"

ရွက်ကြွေသိုင်းသင်တန်းကျောင်းတွင်ကျယ်လောင်သောဟိန်းသံတစ်သံပဲ့တင်ထပ်သွား​၏။စစ်ထူယန်အပါအဝင်ဤနေရာရှိလူများအားလုံး ထိုဟိန်းသံကြောင့် နားအူသွားကြပြီး မည်သည့်အသံမှမကြားရတော့ချေ။

"ဝေါ့....အဟွတ်."

အတွင်းအားပြန်လည်ထိန်းညီနေသော ကျုံးရီသည် ထိုဟိန်းသံကြောင့် အတွင်းအားတန်ပြန်ရိုက်ခတ်မှုကိုခံရပြီး သွေးတစ်လုပ်ထပ်အန်လိုက်ရကာအတွင်းအားကိုအသည်းအသန်ပြန်လည်ထိန်းညိလိုက်ရသည်။ဘောများကျောင်းဆရာနှစ်ယောက်သည်ကျုံးရီ​၏နောက်တွင်ချက်ချင်းထိုင်ကာ ၎င်းတို့​၏လက်များဖြင့်ကျုံးရီ​၏ကျောပြင်ကိုကပ်ကာ အတွင်းအားထိန်းညိကူလိုက်ကြသည်။

မထင်မှတ်ပဲထိုလူဝကြီးမှာအဆင့်မြင့်သိုင်းပညာဖြစ်သောကျားဟိန်းသံသိုင်းပညာကိုတတ်မြောက်ထားသောထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်နေခဲ့လေသည်။လူဝကြီးမှာသူ​၏ဝှက်ဖဲအဖြစ် သူ့ကိုယ်ပိုင်သိုင်းပညာကိူကွယ်ဝှက်ထားပြီး စစ်ထူယန်သတိလက်လွတ်ဖြစ်သွားသည့်အခြေအနေကိုအခွင့်ကောင်းယူ၍တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

လူဝကြီးမှာဤအခြေအနေအခွင့်ကောင်းကိုအမိအရအသုံးချလိုက်သည်။ လူဝကြီးမှာစစ်ထူယန်ဆီသို့ကိုယ်ဖော့သိုင်းဖြင့်လျင်မြန်စွာခုန်ကူးသွားလိုက်ပြီးခြေအစုံဖြင့်ကန်လိုက်သည်။

လူဝကြီး​၏ခြေအစုံဖြင့်ကန်ချက်မှာအတွင်းအားများစွာထည့်သွင်းထားသောကြောင့်ထိုကန်ချက်ကိုသာအပြည့်အဝခံလိုက်ရပါက အဆင့်လွန်ထိပ်သီးတစ်ယောက်ပင် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။

စစ်ထူယန်ခဏတာမူးဝေသွားသော်လည်း သူသည်အဆင့်လွန်ထိပ်သီးသိုင်းသမားတစ်ယောက်ဖြစ်သောကြောင့် ဤတိုက်ခိုက်မှုမှာသူ့အတွက်အရာမထင်ပေ။ လူဝကြီး​၏ကန်ချက်ကို စစ်ထူယန် သူ​၏ခန္ဓာကိုယ်အားဘေးသို့စောင်း၍ရှောင်ရှားလိုက်လေသည်။

....................

ပြီး...

All Chapters