နွေဦးဝင်ရွက်ဟောင်းကြွေခြင်း
Vol. 3 Ch. 35
လူဝကြီးတိုက်ခိုက်မှုကိုရှောင်ရှားလိုက်ပြီးနောက်စစ်ထူယန်သူ၏လက်ကို လက်ဟန်တစ်ခုအသွင်ပြောင်းလဲလိုက်သည်။လူဝကြီး၏တိုက်ခိုက်ရာလမ်းကြောင်းကို သူ၏လက်ဝါးမှအတွင်းအားများဖြင့်ရောထွေးလိုက်ပြီးလူဝကြီး၏တိုက်ခိုက်မှုကိုအဆပေါင်းများစွာမြင့်တင်ပေးလိုက်၏။
လူဝကြီး၏မျက်နှာအမူအရာမှာအလွန်ပျက်ယွင်းသွားခဲ့သည်။ သူတိုက်ခိုက်လိုက်သောအရှိန်ကိုပြန်ထိန်းမရတော့ချေ။လမ်းကြောင်းအတိုင်းမျှောသွားဖို့သာတတ်နိုင်ခဲ့၏။ ကံမကောင်းစွာနှင့်ပင်သူ၏လမ်းကြောင်းရှေ့တွင်သစ်ပင်ကြီးတစ်ပင်ရှိနေပြီး ထိုသစ်ပင်ကြီးနှင့်ဝင်တိုက်မိလိုက်လေသည်။
"ဘုန်း...အုန်း"
ထိုသစ်ပင်မှာကျိုးသွားပြီး သစ်ပင်၏အပေါ်ဘက်မှပင်စည်နှင့်အကိုင်းအခတ်များမှာကျိုးသွားခဲ့သော်လည်းလူဝကြီး၏တိုက်ခိုက်မှုမှာအရှိန်မသေသေးပဲ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။
လူဝကြီး၏ခြေထောက်တစ်ဖက်မှာ မြေကြီးထဲသို့စိုက်ဝင်နေပြီးသူ၏ဒူးဆစ်နှင့်ခြေရိုးများအက်ကွဲသွားခဲ့သည်။
လူဝကြီးမှာစစ်ထူယန်သတိလက်လွတ်ဖြစ်နေသောအချိန်ကိုအခွင့်ကောင်းယူ၍တိုက်ခိုက်ခဲ့သော်လည်းသူ၏တိုက်ခိုက်မှုမှာအရာမထင်ခဲ့ချေ။လူဝကြီးငှားထားသော ထိပ်တန်းသိုင်းသမားများမှာလည်းအံ့အားသငါ့နေခဲ့ကြသည်။ထိုလူဝကြီးမှာထိပ်တန်းသိုင်းသမားတစ်ယောက်ဖြစ်မှန်းသူတို့အမှန်တကယ်ကိုမသိခဲ့ကြပေ။
အချိန်ခဏကြာပြီးနောက် ထိပ်တန်းသိုင်းသမား များသတိပြန်ဝင်လာပြီး လူဝကြီးဆီသို့ပြေးသွားကာ အတွင်းအားဖြင့်ချက်ချင်းကူညီလိုက်ကြသည်။ စစ်ထူယန်မှာရပ်မြဲအတိုင်းသာရပ်နေပြီး လူဝကြီးကိုကြည့်ကာ နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။
"ဟမ့်... ခင်ဗျားတို့တော်ဝင်ရုံးတော်ကိုပဲပြန်သင့်တယ် ဒီမှာနေဖို့အရည်အချင်းမရှိသေးဘူး"
လူဝကြီးမှာစော်ကားခံရသောကြောင့် သူ၏မျက်နှာသည်ဝက်သည်းရောင်သန်းနေခဲ့ပြီး ဒေါသသကြီးအော်ဟစ်ကြိမ်းမောင်းခြင်သော်လည်း သူ၏ခြေထောက်မှဒဏ်ရာသည်နာကျင်လွန်းသဖြင့်အသံတောင်မထွက်နိုင်ခဲ့ချေ။သူတော်ဝင်မြို့တော်သိုပြန်ရောက်လျှင် ထိုသကောင့်သားစစ်ထူယန်အား သတ်ပြစ်ရန် ရွှေတံဆိပ်တော်အမတ်မင်းကိုသေချာပေါက်လျှောက်တင်ရပေမည်။
စစ်ထူယန်ထိုလူဝကြီးတို့အဖွဲ့အားဂရုမစိုက်တော့ပဲ မီးတောက်နှဂိုဏ်းဘက်သို့လှည့်လိုက်၏။ ထို့နောက် မီးတောက်နီဂိုဏ်းသခင်ကို အေးစက်စွာပြောလိုက်သည်။
"မင်းသေချင်နေတာလား ကျီတုလျန့် ငါ့သိုင်းသင်တန်းကျောင်းကိုထိရဲတယ်လား"
ကျိတုလျန့်၏မျက်နှာသည်ထိတ်လန့်နေသည့်အမူအရာသို့ပြောင်းလဲသွားပြီးစကားပြောရန်လုပ်လိုက်သည်။
"မဟုတ်...."
စကားပင်ဆုံးအောင်မပြောရသေးချေ။စစ်ထူယန်မှာ ကျီတုလျန့်ဆီသို့တစ်ဟုန်ထိုးပြေးထင်လာခဲ့သည်။ ကျီတုလျန့်အလွန်ထိတ်လန့်သွားပြီး သတိအပြည့်ထားကာသူ့တွင်ရှိသမျှ အတွင်းအား သိုင်းပညာများဖြင့်ပြန်လည်တိုက်ခိုက်လိုက်သည်။
ကျီတုလျန့်မှာလည်း အဆင့်လွန်ထိပ်သီးသိုင်းသမားဖြစ်ရန်ခြေတစ်လှမ်းသာလိုသော ပညာရှင်တစ်ယောက်ဖြစ်တာကြောင့် အဆင့်လွန်ထိပ်သီးဖြစ်နေသော စစ်ထူယန်ကိုအလွန်အမင်းမကြောက်ချေ။အချိန်အနည်းငယ်ဆွဲ၍ထွက်ပြေးနိုင်မည်ဟုယုံကြည်ချက်ရှိလေသည်။
သို့သော်အထင်နှင့်အမြင်မှာကြီးစွာလွဲမှားသွားခဲ့လေသည်။ စစ်ထူယန်နှင့်စတင်တိုက်ခိုက်ကတည်းကသူဘာမှလုပ်ချိန်ပင်မရချေ။ တိုက်ခိုက်မှုအားလုံးကိုစစ်ထူယန်ကပဲဦးဆောင်သွားပြီး သိုင်းကွက်ဖလှယ်ရာတွင်လည်း တိုက်ခိုက်သည့်နေရာ တိုက်ခိုက်မှုအရှိန် စသည့်အရာများကို စစ်ထူယန်ကပဲဦးဆောင်သွားပြီး ကျီတုလျန့်မှာထွက်ပြေးရန်ပင်မပြောနှင့် ဒဏ်ရာမရရှိအောင်ပင်သူ့ကိုသူ အသည်းအသန်ကွာကွယ်နေရသည်။
သိုင်းကွက်ဆယ်ကွက်ဖလှယ်အပြီးတွင် ကျီတုလျန့်၏ ခန္ဓာကိုယ်မှအဝတ်အစားများသည်စုတ်ပျက်သတ် နေခဲ့ပြီဖြစ်သည်။ကျီတုလျန့်၏လက်ဝါးတစ်ချက်နှင့် စစ်ထူယန်၏လက်ဝါးတစ်ချက် ထိပ်တိုက်ရိုက်ခတ်မိကြပြီးနှစ်ယောက်လုံး အကွာအဝေးတစ်ခုခွာလိုက်ကြသည်။
ကျီတုလျန့်၏လက်သည် စစ်ထူယန်၏လက်ဝါးကြောင့်တုန်ရီနေခဲ့သည်။
သူ၏ခန္ဓာကိုယ်အနှံ့ဒဏ်ရာများရရှိထားသော်လည်းကြီးကြီးမားမားမဟုတ်ချေ။
စစ်ထူယန်သူ၏ဓားကိုဓားအိမ်ထဲမှဆွဲထုတ်လိုက်သည်။
"ရွမ်း"
မီးတောက်နီဂိုဏ်းသခင်ကျီတုလျန့်လည်းသူ၏ ဓားမကြီးကို ပခုံးပေါ်ထမ်းလိုက်ပြီး စစ်ထူယန်ကို အလေးအနက်အာရုံစိုက်ထားလိုက်သည်။စစ်ထူယန်နှင့်တိုက်ကွက်တစ်ခါလောက်မပြိုင်တိုက်နိုင်ပါကသူချက်ချင်းရှုံးနိမ့်သွားနိုင်သောကြောင့်အလေးအနက်ထားမှရတော့ပေမည်။
အချိန်အနည်းငယ်အကြာနှစ်ယောက်သားမလှုပ်ရှာဒသေးပေ။ သို့သော်ထိုအချိန်မှာပဲစစ်ထူယန်၏မှိတ်ထားသောမျက်လုံးပွင့်လာပြီး စတင်လှုပ်ရှားလိုက်သည်။
"ရွက်"
စစ်ထူယန်၏ဓားချက်သည် ကျီတုလျန့်ဆီသို့တစ်ဟုန်ထိုးရောက်ရှိသွားခဲ့သည်။ ကျီတုလျန့်သူ၏ဓားမကြီးဖြင့်ထိုဓားချက်အားကာပြီး ဓားမကြီးဖြင့်ရမ်းကာခုတ်လိုက်သည်။ စစ်ထူယန် သူ၏ဓားမကြီးကို ရှောင်ရှားလိုက်ပြီး ထိုဓားမကြီး၏ထိပ်ဖျားကိုနင်းကာ ကိုယ်ဖော့သိုင်းဖြင့် လေပေါ်သို့ခုန်တက်လိုက်လေသည်။
"အခွင့်ကောင်းရောက်လာပြီ"
ကျီတုလျန့်၏မျက်လုံးတောက်ပသွားပြီး သူ၏အတွင်းအားများအကုန်လုံးကို ဓားကွက်တွင်ထည့်သွင်း၍ လေပေါ်သို့အနည်းငယ်ခုန်တက်လိုင်ကာ စစ်ထူယန်ဆီသို့ အလွန်ထက်ရှပြင်းထန်သော ဓားစွမ်းအင်အတွင်းအားလှိုင်းလုံးကြီးတစ်ခုကိုထုပ်လွတ်လိုက်သည်။
သို့သော်ထိုအချိန်တွင် စစ်ထူယန်မှာတစ်စုံတစ်ခုကိုရေရွတ်လိုက်လေသည်။
"နွေဦးဝင်ရွက်ဟောင်းကြွေခြင်း"
ထို့နောက်စစ်ထူယန်၏ပုံရိပ်မှာ မှုန်ဝါးနေသောပုံရိပ်တစ်ခုအသွင်ပြောင်းလဲသွားပြီး ကျီတုလျန့်မသိလိုက်ခင်မှာတင် သူ၏အောက်မှမြေကြီးပေါ်သို့စစ်ထူယန်ရောက်ရှိနေပြီး သူ၏ဓားအား ဓားအိမ်အတွင်းသို့ထည့်သွင်းလိုက်လေသည်။
ထိုအချိန်မှာပဲ လေပေါ်မှမှုန်ဝါးနေသော စစ်ထူယန်၏ပုံရိပ်နှာ အရိပ်တစ်ခုနှယ် လျင်မြန်စွာလှုပ်ရှားသွားပြီး ကျီတုလျန့်၏ခန္ဓာကိုယ်ပေါ်သို့သုံးလေးခေါက်ဖြတ်သန်းသွားကာ မြေပြင်ပေါ်မှ စစ်ထူယန်၏ခန္ဓာကိုယ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။
ကျီတုလျန့်သူ၏ အဝတ်စများပြဲသွားသည့်အသံကိုကြားလိုက်ရသည်။ သူငုံ့၍ကြည့်လိုက်သည်။သူ၏ လက်မောင်း ပေါင်နှင့် ရင်ဘတ်နားတွင် အနည်းငယ်ကြီးမားသော ဓား
ရာကြီးများရှိနေပြီး သွေးများစွာထွက်နေခဲ့သည်။ ထို့နောက်သူမခံစားနိုင်လောက်သည့် နာကျင်မှုများဆောင့်တက်လာပြီး နာကျင်လွန်းသောကြောင့် သတိလစ်ကာ လေပေါ်မှပြုတ်ကျသွားခဲ့သည်။
"ဘုတ်"
အမှန်မှာ ကျီတုလျန့်ကိုဖြတ်သန်းသွားသောအရိပ်များသည် စစ်ထူယန်၏လျင်မြန်သောဓားချက်များကြောင့်နောက်တွင်ကျန်ခဲ့သောပုံရိပ်ယောင်များသာဖြစ်ပြီး ကျီတုလျန့် ဘာတစ်ခုမှမလုပ်လိုက်ရပဲရှုံးနိမ့်သွားခဲ့လေပြီ။
..................
ပြီး...