← Chapters

လက်နက်ပုန်းအရှင်ထန်ရှောင်း

Vol. 3 Ch. 36

လက်နက်ပုန်းအရှင်ထန်ရှောင်း

Vol. 3 Ch. 36

ချိုးဝူယဲ့ ကြွေလွင်နေသော ဇီးပန်းရွက်များ

ရှိသည့်ဇီးပန်းပင်တစ်ခု​၏ အကိုင်းအခတ်တစ်ခုတွင်ထိုင်ရင်းသူ​၏ရှေ့မှစစ်ထူရန်နှင့် ကျီတုလျန့်​၏တိုက်ပွဲကို မြို့ထဲတွင်ဝယ်လာသော အကောင်းဆုံးဝိုင်ကို ဘူးသီးခြောက်ဖြင့်ထည့်၍သောက်ကာ ဇိမ်ဖြင့်ကြည့်နေခဲ့သည်။သူ​၏မျက်နှာပေါ်တွင် မပြောင်းလဲသောမျက်နှာသေကိုဆင်မြန်းထားလျက်ပင်။

စစ်ထူယန် အဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သွားခြင်းမှာ ချိုးဝူယဲ့​၏ပယောဂလည်းမကင်းပေ။ ချိုးဝူယဲ့ မက်မွန်သစ်သားဓားဖြင့် စစ်ထူယဲ့အားဓားသိုင်းတစ်ကွက်ပြခဲ့စဉ်က သစ်ရွက်တစ်ခုပေါ်တွင် စစ်ထူယန်အားဉာဏ်အလင်းပွင့်သွားစေခဲ့သည်။

 ထို့ကြောင့်ပင် ရွက်ကြွေဓားသိုင်း​၏ဟာကွက်များကိုဖာထေးနိုင်သည့် အစွန်းဆုံးသောရွက်ကြွေဓားသိုင်းအဆင့်ကိုနားလည်သွားစေပြီးအဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်သွားစေခဲ့ခြင်းပင်။

ချိုးဝူယဲ့တစ်ခုခုအားခံစားလိုက်ရသည်။ ထို့နောက်ချိုးဝူယဲ့ စစ်ထူယန်ဘက်သို့ခေါင်းလှည့်လိုက်ပြီး ...

"စိတ်ဝင်စားစရာပဲ"

.........................

"စစ်ထူယန် ခင်ဗျား အသက်ရှင်ဖို့အခွင့်အရေးကဆုံးရှုံးသွားပြီ  ရွေတံဆိပ်တော်အမတ်မင်းကသူ့အစီအစဉ်ကိုနှောင့်ယှက်တဲ့ ခင်ဗျားကိုအရှင်ထားမှာမဟုတ်ဘူး တစ်လအတွင်းခင်ဗျားရော ဆွေစဉ်မျိုးဆက်ကိုးဆက်လုံးဒေဒဏ်ချခံရလိမ့်မယ်"

ပုံမှန်ပြန့်ဖြစ်သွားသော လူဝကြီးကရုတ်တရက်ထလာပြီးစစ်ထူယန်ကိုကျိန်ဆဲလိုက်သည်။

စစ်ထူယန် ခေါင်းမော့၍မျက်လုံးပိတ်ထားရာမှ ခဏအကြာတွင်ဖွင့်လိုက်ပြီး သူ့အားဒေါသသကြီး အော်ဟစ်ကြိမ်းမောင်းနေသော လူဝကြီး​၏ဘက်သို့ ဓားတစ်ချက်ဝေ့ရမ်းလိုက်သည်။ ဒီတစ်ကြိမ်ဝေ့ရမ်းလိုက်သောဓားစွမ်းအင်အတွင်းအားလှိုင်းသည်အလွန်ပြင်းထန်ပေသည်။ ထိပ်တန်းသိုင်းသမား ငါးယောက်နှင့်လူဝကြီးမှာ ချက်ချင်းခုခံလိုက်ပြီး အသင့်ပြင်ထားလိုက်​၏ ရှောင်၍လည်းမမှီတော့ချေ။

"ရွမ်း....ဝုန်း"

ဓားစွမ်းအင်လှိုင်းများသည် လေပွေကြီးတစ်ခုနှယ်လူဝကြီးတို့ဆီတိုးဝင်သွားခဲ့သည်။

"ဝုန်း..ဝုန်း"

ပြင်းထန်သောဓားစွမ်းအင်လှိုင်းကြီးသည် လးဝကြီးတို့နှင့်ရိုက်ခတ်မိပြီး ၎င်းတို့ကို မီတာပေါင်းဒါဇင်ချီအောင်လွင့်စင်သွားစေခဲ့သည်။

လေပေါ်သို့ရိုက်လွင့်ခံရပြီးနောက်ခဏအကြာတွင် လူဝကြီးနှင့်ထိပ်တန်းသိုင်းသမားငါးယောက်လုံးမြေပြင်ပေါ်သို့ကျွမ်းထိုးမှောက်ခုံပြုတ်ကျသွားခဲ့ကြသည်။

"ဝေါ့"

လူဝကြီးနှင့် ယခင်တည်းက စစ်ထူယန်ကြောင့်ဒဏ်ရာရနေသော ထိပ်တန်းသိုင်းသမားနှစ်ယောက်မှာ သွေးအန်လိုက်ရသည်။

ထို့မျှတင်မကသေးပေ သူတို့​၏ အဝတ်အစားများတွင်ဓားရှရာများပေါ်လာပြီး ၎င်းတို့ခန္ဓာကိုယ်တစ်ခုလုံးကို ဓားဒဏ်ရာပေါင်းများစွာနှင့်ဖြစ်စေခဲ့သည်။ လူဝကြီးနှင့်ထိပ်တန်းသိုင်းသမားတစ်သိုက်တို့ စစ်ထူယန်ကိုကြောက်လန့်သွားကြသည်။ 

သကောင့်သားမှာသာမန်အဆင့်လွန်ထိပ်သီးမဟုတ်ပေ သိုင်းကွက်များကိုအစွန်းဆုံးအထိအသုံးချနိုင်သော မြင့်မားအဆင့်လွန်ထိပ်သီးတစ်ယောက်ဖြစ်လေသည်။

ထိုအချိန်တွင်...

"ဝှစ်"

သေးငယ်သောသစ်ကိုင်းတစ်ခုသည် လေထုကိုခွင်း၍စစ်ထူယန်ဆီသို့သေစေနိုင်လောက်သောအရှိန်ဖြင့်တိုးဝင်လာခဲ့သည်။

စစ်ထူယန်မျက်မှောင်ကြုတ်လိုက်ပြီး သူ​၏ဓားဖြင့် ထိုသစ်ကိုင်း​၏ထိပ်မှနေ၍အလယ်တည့်တည့်အားလေထဲမှာတင်နှစ်ခြမ်းခွဲလိုက်သည်။ နဂိုမူလက သစ်ကိုင်လေးတစ်ခုမှာ နှစ်ခြမ်းခြမ်းခံလိုက်ရသော်လည်းအရှိန်မှာမသေသေးပဲစစ်ထူယန်​၏ နား နားဘေးနှစ်ဖက်တစ်လက်မအကွာမှဖြတ်သန်းသွားခဲ့သည်။

"ဒုတ်"

နှစ်ခြမ်းခွဲခံထားရသောသစ်ကိုင်းနှစ်ခုသည် မြေကြီးထဲတွင်သွားစိုက်နေသည်။စစ်ထူယန်မျက်မှောင်ကြုတ်နေပြီး အော်ပြောလိုက်သသည်။

"ဘယ်သူလဲ"

ပြန်ဖြေသံမကြားရသေးပေ။ စစ်ထူယန်အသင့်အနေအထားပြင်ဆင်ထားလိုက်သည်။ ထိုအချိန်...

"ဝှစ်..ဝှစ်..ဝှစ်"

အပ်ချောင်းများစွာသည် စစ်ထူယန်ဆီတိုးဝင်လာခဲ့သည်။ စစ်ထူယန် လက်နှစ်ဖက်ဆန့်ထုပ်ကာ အတွင်းအားဖြင့် ထိုအပ်များကိုရပ်တန့်လိုက်သည်။ သို့သော် စစ်ထူယန်မျက်နှာပျက်သွားခဲ့သည်။ အပ်များတွင် ကြီးမားသောစွမ်းအားများပါဝင်နေခဲ့သည်။ စစ်ထူယန်ချက်ခြင်း အတွင်းအားကိုမြင့်မြင့်ထုတ်သုံးလိုက်ပြီး အပ်များကိုတွန်းထုပ်ကာ လေပေါ်သို့နောက်ကျွမ်းတစ်ချက်ပစ်လိုက်ကာ မြေပြင်ပေါ်သို့ဖြည်းညင်းစွာပြန်လည်ဆင်းသက်လိုက်​၏။

စစ်ထူယန်သူ​၏ဘေးပတ်ပတ်လည်သို့သတိထားကာစောင့်ကြည့်နေရသည်။ ယခုလာသောသူ​၏ရန်သူမှာသိုင်းပညာအလွန်မြင့်မားလိမ့်မည်ဟု သူ​၏စိတ်ထဲတွင် ထင့်နေခဲ့သည်။

"ဟား..ဟား..ဟား..ဟား"

ရယ်သံတစ်ခုထွက်ပေါ်လာခဲ့သည်။ စစ်ထူယန်နောက်သို့လှည့်ကြည့်လိုက်သည်။သစ်ပင်များကြားမှလက်နှစ်ဖက်နောက်သို့ပစ်ကာလမ်းလျှောက်လာနေသော သန့်သန့်ပြန့်ပြန့်အဝတ်အစားနှင့်လူတစ်ယောက်အားတွေ့လိုက်ရသည်။

စစ်ထူယန် မျက်နှာပျက်သွားသည်။ဤလူကိုသူသိပေသည်။ တာ့ယွမ်နိုင်ငံတော်​၏နံပတ်တစ် ပြိုင်စံရှားနက်လက်ပုန်းအရှင် ထန်ရှောင်းဖြစ်လေသည်။ ထန်ရှောင်းမှာ ထိပ်တန်းပြိုင်စံရှားသိုင်းသမားအဆင့်တွင်နံပတ် ၁၀ နေရာတွင်ရပ်တည်နေသော ရွှေတံဆိပ်တော်အမတ်မင်း​၏ ကိုယ်ရံတော်ဖြစ်သည်။

ဤထန်ရှောင်းမှာဤနေရာတွင်အဘယ်ကြောင့်ပေါ်လာရသနည်း။ သူ့ကိုအတင်းအကြပ်ဖိအားပေးရန် ရွှေတံဆိပ်တော်အမတ်မင်းက ထန်ရှောင်းကိုလွတ်လိုက်သည်လား မေးခွန်းပေါင်းများစွာသည် စစ်ထူယန်​၏စိတ်ထဲတွင်ပြည့်နှက်သွားခဲ့သည်။

"မဆိုးဘူး မဆိုးဘူး မင်းကကျုပ်ရဲ့ငွေအပ် ၁၂ ချောင်းကိုတောင်ပြန်ပြီးဖယ်ထုတ်နိုင်တယ် မင်းရဲ့ဓားသိုင်းပညာက သောကန်ပြည်နယ်မှာ ထိပ်တန်းပဲ"

ထန်ရှောင်းစစ်ထူယန်ကိုတည့်တည့်ကြည့်ကာရယ်မောရင်းပြောလိုက်လေသည်။ လူဝကြီးနှင့်ထိပ်တန်းသိုင်းသမား ငါးယောက်မှာပျော်ရွှင်သွားပြီး ထန်ရှောင်းကိုအားကိုးရာ အကိုကြီးတစ်ယောက်လိုခေါ်လိုက်ကြသည်။

"ထန်လူကြီးမင်း"

..................

ပြီး...

All Chapters