← Chapters

သိုင်းပညာနယ်ပယ်ကို တုန်လှုပ်စေခြင်း

Vol. 1 Ch. 9

သိုင်းပညာနယ်ပယ်ကို တုန်လှုပ်စေခြင်း

Vol. 1 Ch. 9

ကျိုးမိသားစု၏ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းသည် ခါတိုင်းကဲ့သို့ အေးဆေးတည်ငြိမ်သည်။မိသားစု၏ တပည့်များစွာသည် ချွေးများဝှေ့ယမ်းကာ ဆက်တိုက်လေ့ကျင့်နေကြ၏။

ရုတ်တရက် မာန်မာနကြီးသော အသွင်အပြင်သည် လေ့ကျင့်ရေးကွင်း၏ အလယ်ဗဟိုသို့ တည့်တည့် ပြေးသွားကာ လေ့ကျင့်ရေးကွင်း၏ ဗဟိုအနေအထားသို့ မှန်မှန် ဆင်းသက်လာသည်။ ဤပုံရိပ်၏မျက်လုံးများသည် လေ့ကျင့်ရေးကွင်းအောက်တွင် လေ့ကျင့်နေသော မျိုးနွယ်စု၏ တပည့်များကို အေးစက်စွာ ငုံ့ကြည့်နေသည်။

အသစ်ရောက်လာသူမှာ ကျိုးဝမ် မှလွဲ၍ အခြားသူမဟုတ်ပေ။လောလောဆယ်တွင် သူသည် ပျောက်ကွယ်နဂါးအိမ်တော် ဆီသို့ အေးတိအေးစက် စိုက်ကြည့်ရင်း ညာဘက်လက်တွင် တစ်ဝက်သေနေသော ကျိုးဝူ ကို ကိုင်ထားသည်။

ယနေ့နံနက်တွင် ချွန်းအာ သည် သူ၏စာကို ဝေါ်လုံ အိမ်တော်သို့ ယူဆောင်လာပြီး ကျိုးတင်းထျန်းအား ပေးလိုက်သည်။စာထဲတွင် ကျိုးဝမ်က လွှဲပြောင်းပေးအပ်မည့်နေရာသည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်း၌ ဖြစ်မည်ဟု ဆိုထားသည်။ထို့ကြောင့်ကျိုးဝမ် သည် ကျိုးတင်းထျန်း ကိုယ်ခံပညာလေ့ကျင့်ကွင်းတွင် သေချာပေါက် ပေါ်လာလိမ့်မည်ဟု ယုံကြည်ခဲ့သည်။

"သူက ကျိုးဝမ် မလား။ ဒီအမှိုက်က ကိုယ်ခံပညာလေ့ကျင့်ကွင်းမှာ ဘယ်လိုပေါ်လာတာလဲ။"

"အယ်? ကြည့်စမ်း ကျိုးဝမ် က သခင်လေးကျိုးဝူ ကို သယ်နေတယ် မဟုတ်လား? သခင်လေးကျိုးဝူ က ကျိုးဝမ်ရဲ့လက်ထဲမှာ ဘယ်လိုဆုံးသတ်သွားတာလဲ။ ပြီးတော့ သူက ဒဏ်ရာအကြီးကြီးရထားပုံရတယ်။ “

"လူငယ်သခင်လေးကျိုးဝူက နတ်အာရုံနယ်ပယ် တွင် ကျွမ်းကျင်သူဖြစ်ပြီး သူ၏ ချပ်ဝတ်ဝိညာဥ်က အစိမ်းရောင်စတုတ္ထ အဆင့်တွင်ရှိတယ်။ သူဘယ်လိုအဆုံးသတ်ခဲ့တာလဲ။ ကျိုးဝမ် လုပ်တာ ဖြစ်နိုင်လား။ “

"မဖြစ်နိုင်ဘူး! ကျိုးဝမ်က သူ့ရဲ့ချပ်ဝတ်ဝိညာဉ်ကိုတောင် မနှိုးနိုင်ခဲ့သလို ကျင့်ကြံနိုင်ခြင်းလည်း လုံးဝမရှိဘူး။ နတ်အာရုံနယ်ပယ်တွင်ရှိနေတဲ့ သခင်လေးကျိုးဝူကို သူ ဘယ်လိုလုပ်အနိုင်ယူနိုင်မှာလဲ။သခင်လေးကျိုးဝူကို ကျိုးဝမ်က ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ စက်ဆုပ်ဖွယ်နည်းလမ်းတွေသုံးတာ ဖြစ်မယ်ထင်တယ်။ “

ကျိုးဝမ်သည် ကျိုးဝူ၏လက်ကို ကိုင်ထားသည်ကိုမြင်တော့ လေ့ကျင့်ရေးကွင်းရှိ တပည့်များစွာ အံ့သြသွားကြသည်။သို့သော်လည်း ကျိုးဝမ်အား မကောင်းသော ရည်ရွယ်ချက်ဖြင့် ကြည့်နေသော တပည့်များပင် ရှိသေးသည်။

ရုတ်တရက် လေ့ကျင့်ရေးကွင်းအောက်ခြေမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ထို့နောက် အေးစက်သောအမူအရာဖြင့် အရပ်မြင့်မြင့် လူငယ်တစ်ယောက် လေ့ကျင့်ရေးကွင်းပေါ်သို့ ရုတ်တရက် ခုန်ဆင်းလာသည်။လူငယ်သည် ကျိုးဝူကို ဦးစွာကြည့်ပြီးနောက် စိတ်မကြည်လင်သော ကျိုးဝမ် ကိုကြည့်ကာ "ကျိုးဝမ် သခင်လေးကျိုးဝူကို ဒဏ်အပြင်းထန်ရအောင်လုပ်ဖို့ တကယ်အနည်းငယ်သတ္ထိရှိတာပဲ။သခင်လေးကျိုးဝူ ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ဖို့ မင်းလို အမှိုက်တစ်စက ဘယ်လိုစက်ဆုပ်ရွံရှာဖွယ် နည်းလမ်းမျိုး အသုံးပြုခဲ့တာလဲ။ ဒီနေ့ ရှင်းပြချက် မပေးရင် ကိုယ်ခံပညာ လေ့ကျင့်ရေး ကွင်းထဲက ထွက်ဖို့တောင် မစဉ်းစားနဲ့။ “

လူငယ်က ဤသို့ပြောသည်နှင့် တပြိုင်နက် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းမှ တပည့်များစွာတို့သည် ကျိုးဝမ်အား အထင်သေးတဲ့အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့၏ ပါးစပ်ထောင့်များက မလိုတမာစိတ်နဲ့ အပြုံးများပင် ထွက်ပေါ်လာသည်။

ကျိုးလမ့်က ကိုယ်တိုင်ကိုယ်ကျ အရေးယူမယ်လို့ မမျှော်လင့်ထားမိဘူး။ သူက ငါတို့၏ ကိုယ်ခံပညာလေ့ကျင့်မှုနယ်ပယ်မှာ အသန်မာဆုံးတပည့်ပဲ။နည်းပြဆရာက သူ့ကို အရင်က ချီးကျူးဖူးတယ်။"

"ကျိုးဝမ် ဒီတစ်ခါ သေမှာ သေချာတယ်။ကျိုးလမ့် နှင့် သခင်လေးကျိုးဝူ တို့က ဆက်ဆံရေးအချို့ရှိခဲ့တယ်။ဒီတစ်ကြိမ်မှာ သခင်လေးကျိုးဝူ ဒီလိုဖြစ်သွားတာကို မြင်လိုက်ရတော့ သူ့စိတ်ထဲမှာ အရမ်းဒေါသထွက် သွားတာ။ ယခုအချိန်မှာ ကျိုးဝမ်က တတိယသခင်လေးမဟုတ်တော့ဘဲ သာမန်တပည့်တစ်ဦးပဲ။ကျိုးလမ့် က သူ့ကို မတော်တဆ သတ်ခဲ့ရင်တောင် မျိုးနွယ်စုက သူ့ကို အပြစ်မတင်မှာမဟုတ်ဘူး။ “

ထိုလူငယ်၏အသွင်အပြင်သည် ရုတ်တရက် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းအောက်ရှိ လူများစွာ၏အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့သည်။ထိုလူငယ်သည် ဤတပည့်များကြားတွင် ကျော်ကြားမှုအချို့ရှိကြောင်း ထင်ရှားသည်။

ကျိုးဝမ် သည် သူ့ရှေ့မှ ကျိုးလမ့် ကို ဂရုမစိုက်ဘဲ ကြည့်လိုက်ရာ သူ့နှုတ်ခမ်းထောင့်များက အေးစက်သော အပြုံးတစ်ခု အရိပ်အယောင် ပေါ်လွင်နေသည်။ကျိုးဝမ်သည် ယခင်က ကျိုးလမ့်အကြောင်းကို ကြားဖူးသည်။ သူသည် ကိုယ်ခံပညာလေ့ကျင့်မှုနယ်ပယ်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သည်။ထိုကဲ့သို့ ငယ်ရွယ်စဉ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ချီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိသွားပုံရသည်။ သူ့ချပ်ဝတ် ဝိညာဉ်အဆင့်က အရမ်းနိမ့်နေလို့သာ မဟုတ်ရင် မျိုးနွယ်စုက သူ့ကို အဓိက တပည့်တွေရဲ့ အဆင့်ထဲကို ခေါ်သွားပြီး သူ့ကို ပြုစုပျိုးထောင်ဖို့ အာရုံစိုက်ခံရပြီးသား ဖြစ်လိမ့်မယ်။

ဂိုဏ်း၏တပည့်များကို ပြင်ပတပည့်နှင့် အဓိက တပည့်ဟူ၍ နှစ်မျိုးခွဲထားသည်။ ပြင်ပတပည့်များသည် အခြေခံအားဖြင့် အထက်တန်းအဆင့်မဟုတ်သော ချပ်ဝတ်ဝိညာဥ်များဖြင့် မွေးဖွားလာကာ သိုင်းပညာလေ့ကျင့်ရေးကွင်းတွင် တာဝန်ပေးအပ်ခြင်းခံရသည်။သူတို့၏ ကျင့်ကြံခြင်းအဆင့်မှာ ထူးချွန်ပါက အနာဂတ်တွင် အမာခံတပည့်ဖြစ်လာရန် အလားအလာရှိသေးသည်။

သူတို့သည် အဓိကတပည့်ဖြစ်လာသောအခါ မျိုးနွယ်စုသည် သူတို့ဘာသာ ကျင့်ကြံရန်အတွက် အတွင်းဝင်းအတွင်း၌ အိမ်တော်တစ်လုံး ခွဲဝေပေးမည်ဖြစ်သည်။ထို့အပြင် ဂိုဏ်းတွင်းရှိ ကျွမ်းကျင်သူအချို့သည် ဤအဓိကတပည့်များအား ညွှန်ပြပေးလေ့ရှိသည်။အဖိုးတန်ဆေးဖက်ဝင်ပစ္စည်းများပင်လျှင် အဓိက တပည့်များအတွက် အသုံးပြုခြင်းကို တွန့်တိုမည်မဟုတ်ပေ။

အဓိကတပည့်များ၏ ဆက်ဆံရေးသည် မျိုးနွယ်စု၏ သခင်ငယ်များထက် များစွာဆိုးရွားခြင်းမရှိပေ။ကျိုးဝမ် သည် သူ၏ချပ်ဝတ်ဝိညာဉ်ကို နိုးထနိုင်ခဲ့ပါက သူပိုင်ဆိုင်သော အမွှေးရနံ့အိမ်တော်ကို မျိုးနွယ်စုမှ သိမ်းယူသွားမည်မဟုတ်ပေ။သူ့အဆင့်အတန်းကိုတောင် နှိမ့်ချတဲ့ အစေခံတစ်ယောက်အဖြစ်သို့ လျော့သွားမည်မဟုတ်ပေ။

ပြီးတော့ သူ့ရှေ့က ကျိုးလမ့် ဟာ ​​မကြာသေးမီနှစ်များအတွင်း မျိုးနွယ်စုရဲ့ အဓိကတပည့်အဖြစ် လက်ခံရရှိဖို့ အလားအလာအရှိဆုံး ပြင်ပတပည့်ဖြစ်သည်။

"စက်ဆုပ်ဖွယ်ကောင်းတယ်ဆိုတာက?ကျိုးဝူ ရဲ့ အင်အားက မလုံလောက်ဘူးဆိုတာ သိသာပါတယ်။ဒီလိုအမှိုက်မျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းလမ်းများကို အသုံးပြုဖို့ လိုအပ်လို့လား။"ကျိုးဝမ် က ကျိုးဝူ ကို ပေါ့ပေါ့တန်တန် ကန်ထုတ်ပြီး ဘာမှမထူးခြားတဲ့ အမူအရာနဲ့ ပြောလိုက်သည်။

"မင်း... ကျိုးဝမ် မင်းရဲ့ သတ္တိတွေက တကယ်ကို ပိုပိုပြီးသတ္ထိရှိလာတာပဲ။မင်းက အရမ်းမာနကြီးတဲ့အတွက် မင်းရဲ့ခွန်အားကို စမ်းကြည့်မယ်၊ မင်းမှာ မာနကြီးဖို့ အခွင့်ရေးရှိလားဆိုတာ သိချင်တယ်။ မင်း ငါ့ဆီက လှုပ်ရှားမှုသုံးခုကို ခံနိုင်ရည်ရှိမယ်ဆိုရင် မင်းရဲ့ကိစ္စတွေမှာ ငါဝင်စွက်ဖက်မှာမဟုတ်ဘူး။ ဘယ်လိုလဲ? “ကျိုးလမ့် က ကျိုးဝမ် ကိုကြည့်ရင်း အေးစက်သောအမူအရာဖြင့် ပြောလိုက်သည်။

"မလိုဘူး။ငါ လှုပ်ရှားမှုတချက်ပဲ လိုတယ်။တချက်လှုပ်ရှားပြီးလို့ မင်းမတ်တပ်ရပ်နိုင်သေးရင် ကျိုးဝူကို ပေးမယ်။ ငါ့အသက်ကိုလည်း မင်းကို ပေးမယ်။ ဘယ်လိုလဲ။"

ကျိုးဝမ် က အဲဒီလိုပြောလိုက်တဲ့အခါ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့သည်။ တပည့်အားလုံးက ကျိုးဝမ်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ကျိုးဝမ်၏ ဦးနှောက်က ရေများ ပြည့်လျှံနေသလားဟု တွေးတောနေမိသည်။သူ့ရှေ့မှာ ရပ်နေသူက ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းမှာ နံပါတ်တစ်ဖြစ်တဲ့ ကျိုးလမ့် ဖြစ်သည်။မကြာသေးမီနှစ်များအတွင်း ကျိုး မိသားစု၏ အဓိကတပည့်တစ်ဦးဖြစ်လာဖို့ အလားအလာအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။

ကျိုးဝမ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကပင် သူ၏ချပ်ဝတ်ဝိညာဉ်ကို နိုးထနိုင်ခြင်းမရှိခဲ့ဘဲ သူ့ခန္ဓာကိုယ်ထဲတွင်လည်း လေ့ကျင့်မှုအနည်းငယ်ပင်မရှိခဲ့ပေ။ သို့သော်လည်း ကျိုးဝမ်က ကိုယ့်သေတွင်းကိုယ်တူးသောအခြေအနေမျိုးကို အဆိုပြုနေဆဲဖြစ်သည်။ဤသို့ဖြင့် တပည့်များစွာသည် ကျိုးဝမ် ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်စေခဲ့သည်။

"ကျိုးဝမ် မင်းရဲ့ယုံကြည်မှုက ဘယ်က လာတာလဲဆိုတာ ငါ တကယ်မသိဘူး။ မင်း တကယ်သေချင်ရင် မင်းရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်။"

ကျိုးလမ့်က အလွန်ဒေါသထွက်ကာ ရယ်မောလိုက်သည်။သူက သူရဲ့ခြေထောက်တွေကို မြေပြင်ပေါ်မှာ ဆောင့်နင်းလိုက်ပြီး သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးက ကျိုးဝမ်ဆီကို အမြှောက်ဆန်တခုလို ပစ်ဝင်လိုက်သည်။

တစ်ချိန်ထဲမှာ ကျိုးလမ့်ရဲ့ခန္ဓာကိုယ်မှ ကြမ်းကြုတ်တဲ့ကျားသစ်တစ်ကောင် ခုန်ထွက်လာခဲ့သည်။ ဤကျားသစ်က တိုတောင်သောကာလမှာ ထွက်ပေါ်လာပြီး ကျိုးလမ့်ရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်ခဲ့သည်။ထို့နောက် လူတိုင်းဟာ ကျိုးလမ့်ရဲ့ခန္ဓာကိုယ် ရုတ်တရက် ကြီမားလာသည်ကို မြင်တွေ့လိုက်ရသည်။ သူ့ရဲ့လက်တွေမှာပင် ထက်ရှတဲ့ လက်သည်းတွေ ထွက်ပေါ်လာခဲ့သည်။

"စီနီယာကျိုးလမ့်က သူ့ရဲ့ချပ်ဝတ်ဝိညာဥ်ကို ပွဲစကတည်းက ထုတ်သုံးလိုက်တယ်။ဒါကိုကြည့်ခြင်းအားဖြင့် စီနီယာကျိုးလမ့်က တကယ် ဒေါသထွက်နေတာပဲ။သူက ကျိုးဝမ်ကို တစ်ချက်ထဲနဲ့ သတ်ပစ်ချင်နေတယ်။"

ကိုယ်ခံပညာလေ့ကျင့်ကွင်းရဲ့အောက်ဘက်ရှိ တပည့်တစ်ချို့က ဒီမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။သိသိသာသာ ကျိုးလမ့်က သူရဲ့ခွန်အားအပြည့် အသုံးပြုနေသည်ကို တုန်လှုပ်နေခဲ့သည်။

ကျိုးဝမ်ရဲ့မျက်လုံးတွေဟာ ကျဥ်းမြောင်းသွားခဲ့သည်။ဒီကျားသစ်အရိပ်က ကျိုးလမ့်ဘေးနားက ထွက်လာကာ ကျိုးလမ့်ရဲ့ ချပ်ဝတ်ဝိညာဥ် ဆိုတာ သူသိခဲ့သည်။ သူရဲ့ပါးစပ်ထောင့်က အနည်းငယ် တွန့်သွားခဲ့သည်။ကျိုးဝမ်ရဲ့ ကြွက်သားတွေဟာ ရုတ်တရက် တင်းကျပ်လာပြီး သူရဲ့လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။

ကျိုးဝမ်ရဲ့လက်မောင်းမှ ရုတ်တရက် တစ်ကျွတ်ကျွတ်မြည်သံထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကျိုးဝမ်ဟာ သူရဲ့လက်သီးနှစ်ခုနဲ့ ရုတ်တရက် ထိုးနှက်လိုက်သည်။ သူက " ရှေးဟောင်းနဂါးဟိန်းသံလက်သီး ၊ပထမနဂါးဟိန်းသံ"ဟု ကျယ်လောင်စွာ အော်လိုက်သည်။

ကြီးမားပြီး သန့်စင်တဲ့ နဂါးဟိန်းသံဟာ ကျိုးဝမ်ရဲ့ခန္ဓာကိုယ်မှ ဝှီးကနဲ့ ထွက်လာခဲ့သည်။ထို့နောက် ကြီးမားသော နဂါးအရိပ်အရှိန်အဝါတစ်ခုက ကျိုးဝမ်းရဲ့လက်မောင်းကို ရုတ်တရက် ပတ်လိုက်သည်။ ကျိုးဝမ် ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော မူလစွမ်းအင် လှိုင်းလုံးကြီးလည်း ထုတ်လွှတ်သည်။

ကျိုးဝမ်ကို ကြည့်နေရင်း တက်ကြွမှုအပြည့်ရှိနေတဲ့ကျိုးလမ့်၏မျက်နှာရှိ အပြုံးတွေဟာ ရုတ်တရက် အေးခဲသွားခဲ့သည်။ သူရဲ့မျက်လုံးတွေမှာ ကြောက်ရွံ့မှု တစ်စွန်းတစ်စပင် ရှိနေခဲ့သည် ။ သူ့ရှေ့က လူငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပါ၀င်တဲ့ စွမ်းအင်က သူ့ထက် ကျော်လွန်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

"ဒီအမှိုက်မှာ ဘယ်လိုလုပ် ဒီလိုသန်မာတဲ့စွမ်းအားရှိနေရတာလဲ။သူရဲ့ခန္ဓာကိုယ်မှာ ချပ်ဝတ်ဝိညာဥ်တောင် မရှိဘူးမဟုတ်လား။ ဘယ်လို ငရဲတွေဖြစ်နေတာလဲ။"

ကျိုးလမ့်ရဲ့ စိတ်ထဲမှာ အံ့အာသင့်နေစဥ်မှာ ကျိုးဝမ်ရဲ့ လက်သီးက သူရဲ့လက်သည်းဆီကို

ပြင်းထန်စွာ ရိုက်ချိုးလိုက်သည်။ ကျိုးလမ့်သည် သူရဲ့လက်မောင်း၌ နာကျင်မှုသာ ခံစားလိုက်ရသည်။ထို့နောက် သူ့လက်ထဲမှာ ခံစားချက်အားလုံး ဆုံးရှုံးသွားတယ်လို့ ခံစားရသည်။

သနားစရာကောင်းသော အော်သံတစ်ခုနဲ့အတူ ကျိုးလမ့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး နောက်သို့ လွှင့်ထွက်ခဲ့သည်။ကောင်းစွာ မဖွင့်ရသေးသော ရေပိုက်ခေါင်းကဲ့သို့ ပါးစပ်မှ သွေးများ ပြင်းထန်စွာ ထွက်ကျလာခဲ့သည်။

ဘန်းးးး

သစ်ရွက်တစ်ရွက် ခြောက်သွေ့ ညှိုးနွမ်းနေသကဲ့သို့ ကျိုးလမ့်သည် ပါးစပ်ကနေ သွေးအနည်းငယ်ကို အရူးအမူး အော့အန်နေခဲ့သည်။ထို့နောက် မြေပြင်ပေါ်မှာ ပြိုလဲသွားကာ မရပ်မနား တုန်နေခဲ့သည်။

အဲဒီအချိန်မှာ နေရာတစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။ ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းရှိလူတိုင်းသည် မြေပြင်ပေါ်တွင်လဲကျနေသော ကျိုးလမ့် နှင့် ကျိုးဝမ် တို့ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ရှေ့တွင်ရပ်နေသော တပည့်အချို့သည် တံတွေးအနည်းငယ်ကိုပင် ခက်ခက်ခဲခဲ မျိုချနေကြသည်။သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ သတိမမှုစွာ တုန်လှုပ်နေခဲ့သည်။

ကိုယ်ခံပညာလေ့ကျင့်ကွင်းထဲက နံပါတ်တစ်ဖြစ်တဲ့ကျိုးလမ့်ဟာ ကျိုးဝမ့်ရဲ့ လှုပ်ရှားမှု တချက်ထဲဖြင့် အမှန်တကယ် ရှုံးသွားခဲ့သည်။ သို့သော်လည်း ကျိုးလမ့်ရဲ့ အခြေအနေကို ကြည့်ခြင်းအားဖြင့် သိသိသာသာ မကောင်းနိုင်ဘူး။

"ငါ ကျိုးဝမ်က အသုံးမကျတဲ့လူမဟုတ်ကြောင်း သက်သေပဲ။တကယ် အသုံးမကျတဲ့သူက မင်းပဲ ကျိုးလမ့်။ အခု မင်း ထွက်သွားနိုင်ပြီ။ မင်းလို အသုံးမကျတဲ့လူကို ဒီကမ္ဘာမှာ ထားတာက ဆန်ကုန်ပြီး မြေလေးတာပဲ အဖက်တင်တယ်။ “

ကျိုးဝမ် ၏ မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက် ပေါ်လာသည်။ ထို့နောက် သူရဲ့ပုံရိပ်သည် ဖျတ်ကနဲ့ပျောက်သွားပြီး ကျိုးလမ့်ဆီသို့ တကယ် ပျံသန်းသွားခဲ့သည်။သူ့ရဲ့ညာဘက်လက်သီးမှာ ​ကြောက်လန့်ဖွယ် ယွမ်စွမ်းအားသည် စုရုံးခဲ့သည်။ အားပျော့သော နဂါးဟိန်းသံကို ကြားရသည်။လူသတ်လိုတဲ့ အရှိန်အဝါနဲ့ ပြည့်နေသည်။

ကျိုးဝမ် သည် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းရှိလူတိုင်းကို ခြိမ်းခြောက်ရမည်ဆိုတာ သိထားသည်။ ခြိမ်းခြောက်ရန် အကောင်းဆုံးနည်းလမ်းမှာ သဘာဝအတိုင်း ရက်စက်ခြင်းပင်ဖြစ်သည်။ သွေးထွက်သံယို သင်ခန်းစာတစ်ခုကသာ လူတိုင်းကို လုံး၀ ခြိမ်းခြောက်နိုင်သည်။

"ကျိုးဝမ်! လူယုတ်မာ၊ မင်းက ငါ့တပည့်ကို ဒုက္ခပေးဝံ့တာဘဲ။ မင်းအသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်!"

အနီးနားမှ ဒေါသတကြီး အသံထွက်လာသည်။ ထို့နောက် ကျိုးဝမ်သည် သူ့ရဲ့နောက်မှ ဝှီးကနဲ့မြည်သံနဲ့အတူ လေပြင်းတိုက်ခိုက်မှုကိုသာ ခံစားလိုက်ရသည်။သူက မျက်မှောင်ကြုတ်ပြီး ချက်ချင်း ဘေးဘက်ကို ရှောင်ထွက်သွားသည်။သူအပေါ်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်သော အရွယ်တင်တဲ့ပုံရိပ်ကြောင့် ကျိုးဝမ် မျက်လုံး အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူက သက်လတ်ပိုင်းအရွယ်လူဖြစ်သည်။ သူ့မျက်နှာက မုတ်ဆိတ်မွေးအပြည့်နဲ့ ဖုံးထားခဲ့သည်။ ကျိုးဝမ် သည်ပင် ဤပုံရိပ်၏ မေးစေ့ လောက်သာ ရောက်သည်။

"ဆရာက နောက်ဆုံးတော့ ဒီကိုရောက်လာပြီ။ ဒီတစ်ခါတော့ စီနီယာကျိုးလမ့် ကယ်နိုင်ပြီ!"

ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းရှိ တပည့်များအားလုံးသည် ဤအရပ်ရှည်သောရုပ်သွင်ပြင်ကို မြင်လိုက်သောအခါတွင် သူတို့၏မျက်နှာပေါ်ရှိ မူလစိတ်အမူအရာမှာ ချက်ချင်းပင် ပြေလျော့သွားသည်။

ကျိုးဝမ်ရဲ့စွမ်းဆောင်မှုက အားကောင်းလွန်းသည် ။ အသက်ရှုတောင်မဝနိုင်အောင် ဖိနှိမ့်ခဲ့သည်။ သူတို့၏ အသန်မာဆုံး တပည့် ကျိုးလမ့် ပင်လျှင် ကျိုးဝမ်ကို တစ်ချက်တည်း ရှုံးနိမ့်ခဲ့သည်။

ကျိုးဝမ် ၏ အကြည့်သည် စူးစူးရဲရဲနှင့် ပေါ်လာသည် ။မျိုးနွယ်စုမှ စီစဉ်ပေးသော ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းရှိ နည်းပြဆရာများသည် အလွန်အားမ​ကောင်းကြပေ။ဒါပေမယ့် သူတို့ သိပ်မသန်မာဘူးဆိုရင်တောင် သူ့ရှေ့က နည်းပြက အတွင်အင်္ဂါကြံ့ခိုင်ခြင်းနယ်ပယ် အဆင့်ကို ရောက်နေပြီ။ နယ်ပယ်အရဆိုလျှင် သူသည် ကျိုးဝမ် ထက် အဆင့်အနည်းငယ်သာလွန်သည်။

နည်းပြဆရာသည် စစ်ဆေးရန် ကျိုးလမ့် ဘက်သို့ ရောက်လာသည်။ ထို့နောက် မလှမ်းမကမ်းမှ ကျိုးဝမ် ကို လှမ်းကြည့်ရင်း သူ့မျက်လုံးများက မီးတောက်သွားသည်။ သူက “လူယုတ်မာ၊ မင်းတကယ်ပဲ ကျိုးလမ့် ရဲ့ ဒန်တျန် ကို ဖျတ်ဆီးပစ်တာလား။ မင်းလို လူယုတ်မာတစ်ယောက် ဒီလောက်ရက်စက်ဖို့ ငါမမျှော်လင့်ထားဘူး။ပျော့ညံ့သူကို အနိုင်ကျင့်လို့ အပြစ်မတင်နဲ့။ “

ကျိုးလမ့်၏ ဒန်တျန် သည် ပျက်ဆီးသွားပြီဖြစ်ကြောင်း နည်းပြဆရာက တွေ့ရှိပြီးနောက်တွင် သူ၏မျက်နှာတွင် ဒေါသများ ပိုမိုပြင်းထန်လာသည်။ကျိုးလမ့် သည် ကိုယ်ခံပညာလေ့ကျင့်မှုနယ်ပယ်တွင် အထူးချွန်ဆုံးတပည့်ဖြစ်သည်ကို သိထားရမည်ဖြစ်သည်။

သူသည် အဓိကတပည့်ဖြစ်ရန် အခွင့်အလမ်းအမြင့်မားဆုံးသော ပြင်ပဂိုဏ်းဝင်တပည့်လည်းဖြစ်သည်။

ကျိုးလမ့်သည် အဓိကတပည့်ဖြစ်လာပါက နည်းပြဆရာ၏ ဆုလာဘ်များသည် သဘာဝအားဖြင့် များစွာကြီးမားပေလိမ့်မည်။ တကယ်တော့ မျိုးနွယ်စုထဲမှာ သူ့ရဲ့အပြုမူမှုက ပိုကောင်းလိမ့်မယ်။ယခုမူ ကျိုးလမ့်သည် ကျိုးဝမ် ၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ အရာအားလုံး ပျက်စီးပစ်ခဲ့သည်။ နည်းပြက သဘာဝအတိုင်း ဒေါသတကြီး ဖြစ်နေသည်။ သူက ကျိုးဝမ် ကို အရေခွံခွာပြီး အရွတ်တွေကို ဆွဲထုတ်ဖို့ မစောင့်နိုင်တော့ဘူး။

All Chapters